ခြင်းကြားနှင့် ရေခပ်

တနေ့မှာ မြေးအဘိုးနှစ်ယောက် မြစ်ကမ်းဘေးမှာ ထိုင်ပြီး စကားပြောနေ ကြတယ်။ မြေးဖြစ်သူက အဘိုးကို မေးတယ်။ "ဘိုးဘိုး၊ ဘိုးဘိုး နေ့တိုင်း စာဖတ်တာ ဘယ်လောက် မှတ်မိသလဲ။ မေ့သွားမယ့် တူတူ ဘာလို့ စာဖတ်ရတာလဲ"

အဘိုးက မြေးကို ပြုံးပြပြီး ပြောတယ်။ "ဟိုးနားက မီးသွေးထည့်တဲ့ ခြင်းကြား သွားယူခဲ့ ငါ့မြေး"

မြေးက နားမလည်စွာနဲ့ ညစ်ပတ် မည်းညစ်နေတဲ့ ခြင်းကြားကို သွားယူခဲ့တယ်။ "ကဲ၊ အဲဒီ ခြင်းကြားနဲ့ မြစ်ထဲက ရေကို ခပ်ခဲ့" လို့ အဘိုးပြောတော့ မြေးက ပိုဇဝေဇဝါ ဖြစ်သွားပေမယ့် အဘိုးပြောသလို ခြင်းကြားနဲ့ ရေသွားခပ်ပါတယ်။ ခြင်းက ရေထည့်မရဘူး ဆိုတာ ကြည့်တာနဲ့ သိသာနေပါတယ်။

မြေးက ခြင်းကို ရေထဲ နစ်လိုက်တယ် မ လိုက်တယ်။ ရေတစက်မှ ပါမလာခဲ့ဘူး။ အဘိုးသူ့ကို ဘာလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်ရတယ်။ အဘိုးက ထပ်ခပ်စမ်းပါဦးလို့ ပြောလို့ သူလည်း ထပ်တလဲလဲ ခြင်းနဲ့ ရေခပ်ကြည့်နေ လိုက်တယ်။ ဒါပေမယ့် ရေတစက်မှ မရခဲ့ဘူး။

အဲဒီအချိန်ကျမှ အဘိုးက "အဲဒီခြင်းကို ကြည့်ကြည့် ငါ့မြေး၊ နဂိုက ခြင်းနဲ့ တူရဲ့လား" လို့ မေးတယ်။ နဂိုက ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကြောမှုကြောင့် သန့်ရှင်းနေတာကို မြေးဖြစ်သူက တွေ့လိုက်တယ်။

အဘိုးက ဆက်ပြောပါတယ် "စာဖတ်တယ် ဆိုတာ ခြင်းကြားနဲ့ ရေခပ်နေသလို ပါပဲ။ ရေတွေက ခြင်းအကြားထဲ စီးဆင်းသွားပြီး အပြင်ပန်းကြည့်ရတာ ဘာမှမရလိုက်ဘူး ဆိုပေမယ့် မသိမသာနဲ့ ခြင်းကို သူဆေးကြောပေး သွားပါတယ်။

စာဖတ်တယ် ဆိုတာလည်း ဒီခြင်းကြားလိုပဲ လူတွေရဲ့ စိတ်ဝိညာဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကြောပေးတာနဲ့ အတူတူပါပဲ"

ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလဒ် ဖြစ်တယ်။ စာအုပ်တအုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေ ရလိုက်တယ်၊ စိတ်ဓာတ်တွေ တိုးမြင့်လာတယ် ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် စာအုပ်တအုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲ ကနေ အသိတခုခုတော့ ရတတ်တယ်။ အဲဒီ အသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလဲနေစေပါတယ်။

တရုတ်စာရေးဆရာ တဦးက ပြောတယ်။ "စာအုပ်ပေကောင်းတွေ ကျွန်တော်တခါဖတ်တိုင်း သူတို့က ကျွန်တော့်ကို ဆွဲခေါ်သွားတတ်တယ်။ ကျွန်တော် ပြန်ရောက်လာတဲ့အခါ ကျွန်တော်နဲ့အတူ သူတို့အမြဲ ရှိနေတော့တယ်" တဲ့။

စာတအုပ် ဖတ်ပြီးတိုင်း စိတ်ဝိညာဉ်ကို တခါ ဆေးကြောတတ်တယ်။ ဖတ်ပြီးသမျှ စာတွေ မေ့ကုန်တယ်လို့ ကျွန်မတို့ ထင်တတ်ကြတယ်။ တကယ်တော့ သူဟာ ကျွန်မတို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြင်ပြောင်းလဲ နေစေခဲ့ပါတယ်။

99snay

Zawgyi

ျခင္းၾကားႏွင့္ ေရခပ္

တေန႔မွာ ေျမးအဘိုးႏွစ္ေယာက္ ျမစ္ကမ္းေဘးမွာ ထိုင္ၿပီး စကားေျပာေန ၾကတယ္။ ေျမးျဖစ္သူက အဘိုးကို ေမးတယ္။ "ဘိုးဘိုး၊ ဘိုးဘိုး ေန႔တိုင္း စာဖတ္တာ ဘယ္ေလာက္ မွတ္မိသလဲ။ ေမ့သြားမယ့္ တူတူ ဘာလို႔ စာဖတ္ရတာလဲ"

အဘိုးက ေျမးကို ၿပဳံးျပၿပီး ေျပာတယ္။ "ဟိုးနားက မီးေသြးထည့္တဲ့ ျခင္းၾကား သြားယူခဲ့ ငါ့ေျမး"

ေျမးက နားမလည္စြာနဲ႔ ညစ္ပတ္ မည္းညစ္ေနတဲ့ ျခင္းၾကားကို သြားယူခဲ့တယ္။ "ကဲ၊ အဲဒီ ျခင္းၾကားနဲ႔ ျမစ္ထဲက ေရကို ခပ္ခဲ့" လို႔ အဘိုးေျပာေတာ့ ေျမးက ပိုဇေဝဇဝါ ျဖစ္သြားေပမယ့္ အဘိုးေျပာသလို ျခင္းၾကားနဲ႔ ေရသြားခပ္ပါတယ္။ ျခင္းက ေရထည့္မရဘူး ဆိုတာ ၾကည့္တာနဲ႔ သိသာေနပါတယ္။

ေျမးက ျခင္းကို ေရထဲ နစ္လိုက္တယ္ မ လိုက္တယ္။ ေရတစက္မွ ပါမလာခဲ့ဘူး။ အဘိုးသူ႔ကို ဘာလုပ္ခိုင္းမွန္း သူနားမလည္ ျဖစ္ရတယ္။ အဘိုးက ထပ္ခပ္စမ္းပါဦးလို႔ ေျပာလို႔ သူလည္း ထပ္တလဲလဲ ျခင္းနဲ႔ ေရခပ္ၾကည့္ေန လိုက္တယ္။ ဒါေပမယ့္ ေရတစက္မွ မရခဲ့ဘူး။

အဲဒီအခ်ိန္က်မွ အဘိုးက "အဲဒီျခင္းကို ၾကည့္ၾကည့္ ငါ့ေျမး၊ နဂိုက ျခင္းနဲ႔ တူရဲ႕လား" လို႔ ေမးတယ္။ နဂိုက ညစ္ပတ္ေနတဲ့ ျခင္းဟာ ေရၾကည္ရဲ႕ ေဆးေၾကာမႈေၾကာင့္ သန႔္ရွင္းေနတာကို ေျမးျဖစ္သူက ေတြ႕လိုက္တယ္။

အဘိုးက ဆက္ေျပာပါတယ္ "စာဖတ္တယ္ ဆိုတာ ျခင္းၾကားနဲ႔ ေရခပ္ေနသလို ပါပဲ။ ေရေတြက ျခင္းအၾကားထဲ စီးဆင္းသြားၿပီး အျပင္ပန္းၾကည့္ရတာ ဘာမွမရလိုက္ဘူး ဆိုေပမယ့္ မသိမသာနဲ႔ ျခင္းကို သူေဆးေၾကာေပး သြားပါတယ္။ စာဖတ္တယ္ ဆိုတာလည္း ဒီျခင္းၾကားလိုပဲ လူေတြရဲ႕ စိတ္ဝိညာဥ္ကို သန႔္ရွင္းၾကည္လင္ေအာင္ ေဆးေၾကာေပးတာနဲ႔ အတူတူပါပဲ"

ဒါဟာ စာဖတ္ျခင္းရဲ႕ အက်ိဳးရလဒ္ ျဖစ္တယ္။ စာအုပ္တအုပ္ ဖတ္ၿပီးၿပီးခ်င္း အသိဉာဏ္ပညာေတြ ရလိုက္တယ္၊ စိတ္ဓာတ္ေတြ တိုးျမင့္လာတယ္ ဆိုတာမ်ိဳးက မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ စာအုပ္တအုပ္ ဖတ္ၿပီးတိုင္း မသိစိတ္ထဲ ကေန အသိတခုခုေတာ့ ရတတ္တယ္။ အဲဒီ အသိစိတ္က ကိုယ့္ကို မသိမသာ ေျပာင္းလဲေနေစပါတယ္။

တ႐ုတ္စာေရးဆရာ တဦးက ေျပာတယ္။ "စာအုပ္ေပေကာင္းေတြ ကြၽန္ေတာ္တခါဖတ္တိုင္း သူတို႔က ကြၽန္ေတာ့္ကို ဆြဲေခၚသြားတတ္တယ္။ ကြၽန္ေတာ္ ျပန္ေရာက္လာတဲ့အခါ ကြၽန္ေတာ္နဲ႔အတူ သူတို႔အၿမဲ ရွိေနေတာ့တယ္" တဲ့။

စာတအုပ္ ဖတ္ၿပီးတိုင္း စိတ္ဝိညာဥ္ကို တခါ ေဆးေၾကာတတ္တယ္။ ဖတ္ၿပီးသမွ် စာေတြ ေမ့ကုန္တယ္လို႔ ကြၽန္မတို႔ ထင္တတ္ၾကတယ္။ တကယ္ေတာ့ သူဟာ ကြၽန္မတို႔ရဲ႕ အသိဉာဏ္ထဲမွာ ကိန္းေအာင္းေနၿပီး ဘဝကို ျပဳျပင္ေျပာင္းလဲ ေနေစခဲ့ပါတယ္။

99snay

Post a Comment

0 Comments