အကောက်ကြံသူ

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး ရှိတယ်။ သူ့မှာ သားတော်နှစ်ပါး ရှိတယ်။ သားတော်အကြီးက အေးဆေး တည်ငြိမ်တယ်။ သားတော်အငယ်က သွက်လက် ဖျတ်လတ်တယ်။ ဒါပေမယ့် နန်းတွင်း ဓလေ့ထုံးစံအတိုင်း သားတော်ကြီးကို အိမ်ရှေ့စံ အရာမှာ ထားရတာပေါ့ကွယ်။

ဘုရင်ကြီး အသည်းအသန် နာမကျန်း ဖြစ်နေချိန်မှာ သားတော်ကြီးဟာ သူပုန်တွေ ထကြွ သောင်းကျန်းတဲ့ တောနယ်ကို သွားရောက်တိုက်ခိုက် နှိမ်နင်းနေရတယ်။ သားတော်ကြီး ပြန်မရောက်ခင်မှာပဲ ဘုရင်ကြီးက နတ်ရွာစံသွားတာပေါ့။ ဒါကို အခွင့်ကောင်းယူပြီး သားတော်ငယ်ဟာ ဘုရင်ကြီးရဲ့ နေရာကို ယူလိုက်တယ်။

သားတော်ကြီးဖြစ်တဲ့ နောင်တော် အိမ်ရှေ့စံကိုလည်း တွေ့ရာနေရာမှာ ဖမ်းဆီးခေါ်ဆောင်ဖို့ အမိန့်ထုတ် လိုက်တယ်။ ဒီသတင်းကို ကြားတဲ့ နောင်တော် အိမ်ရှေ့စံကလည်း ရှောင်တိမ်း ပုန်းအောင်းနေရတယ်။

ဒါပေမယ့် ညီတော်ဘုရင်ဟာ မကျေနပ်သေး၊ တချိန်ချိန်မှာ အန္တရာယ်ပေးလာမည် ဆိုး၍ သက်တော်ရှည် ပညာရှိအမတ်ကြီးကို နောင်တော်နဲ့ သွားရောက် ဆွေးနွေးဖို့ စီစဉ်လိုက်တယ်။

အဲဒီ ပညာရှိအမတ် လက်ထဲကိုလည်း နောင်တော်အတွက် သဝဏ်လွှာ တစောင်ထည့်ဖို့ ရေးသား စီကုံးစေတယ်။ စာထဲမှာ ပါတာကတော့ "ဖခမည်းတော်နတ်ရွာစံပြီး အခွင့်ရေး ယူလိုသူတွေ ထီးနန်းလုမည် ဆိုးသောကြောင့် ယာယီအားဖြင့် ညီတော်က ထီးနန်းကို သိမ်းဆည်းထားခဲ့ပါတယ်။

နောင်တော် ပြန်ရောက်ရောက်ချင်း ထီးနန်းကို ပြန်လွှဲအပ်မှာ ဖြစ်တဲ့အတွက် အထင်လွဲပြီး မရှောင်တိမ်းပါနဲ့။ နောင်တော် သဝဏ်လွှာကို ရလျှင် ရွှေနန်းတော်ကြီးကို အမြန်လိုက်ခဲ့ပါ။ နောင်တော် ရောက်ရောက်ချင်း ထီးနန်းကို လွဲအပ်ပါမယ်" လို့ ရေးထားတယ်။

သက်တော်ရှည်အမတ်ကြီးဟာ ခရီးဝေးကို ပင်ပန်းခက်ခဲစွာ လိုက်လာတယ် ကြားတော့ နောင်တော်မင်းသားကြီးဟာ ပုန်းအောင်းရာကထွက်ပြီး အမတ်ကြီးနဲ့ တွေ့ဆုံတယ်။ အမတ်ကြီးက ညီတော် ပေးလိုက်တဲ့ သဝဏ်လွှာကို ထုတ်ပြီး သူ့နဲ့လိုက်ဖို့၊ ဘုရင့်ကို သူ အာမခံကြောင်းပြောပြတယ်။

ရွှေနန်းတော် ရောက်ရောက်ချင်း ညီတော်ဟာ လှိုက်လှဲစွာ ကြိုဆိုတယ်။ အခမ်းအနားနဲ့ နောင်တော်ကြီးကို ထီးနန်းတင်တယ်။ အဲဒီညမှာ နောင်တော် ပွဲတော်တည်တဲ့ စားသောက်ဖွယ်ရာတွေ ထဲမှာ အဆိပ်ခတ်ပြီး လုပ်ကြံလိုက်တယ်။

ဒါကို အမတ်ကြီး သိရတဲ့အခါမှာ ညီတော်ကို အပြစ်တင်တာပေါ့။ ဒါပေမယ့် ညီတော်က ဘာပြန်ပြောသလဲ ဆိုတော့ "ကျုပ်ကတိအတိုင်း နောင်တော်ကို ထီးနန်း တင်ပြီးပြီပဲ၊ ထီးနန်း တင်ပြီးမှ လုပ်ကြံတာဟာ အမတ်ကြီးရဲ့ ပယောဂ ကင်းပါတယ်"

ညီတော် ဘုရင်အဖြစ်ကို ရောက်ရှိပြီးတာနဲ့ တပြိုင်နက် ပညာရှိ အမတ်ကြီးနဲ့ တကွ သစ္စာရှိတဲ့ လူတွေဟာ အလျှိုလျို နန်းတွင်းက စွန့်ခွာသွားကြတယ်။ ညီတော်ဘုရင်ဟာလည်း သစ္စာမရှိတဲ့ နန်းတော်စောင့်တွေက လုပ်ကြံခြင်းခံရလို့ နတ်ရွာစံခဲ့ရ ပါတယ်။

သူတပါးကို အကောက်ကြံတဲ့သူဟာ မကြာတော့တဲ့ တချိန်မှာ သူကိုယ်တိုင်လည်း ပြန်ခံစားရဦးမှာပါ။

နှင်းနှင်းအေး၏ လေးလေးပြောသော ပုံပြင်များ စာအုပ်မှ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

phoomyatchal

Zawgyi

အေကာက္ၾကံသူ

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ ဘုရင္ႀကီးတပါး ရွိတယ္။ သူ႔မွာ သားေတာ္ႏွစ္ပါး ရွိတယ္။ သားေတာ္အႀကီးက ေအးေဆး တည္ၿငိမ္တယ္။ သားေတာ္အငယ္က သြက္လက္ ဖ်တ္လတ္တယ္။ ဒါေပမယ့္ နန္းတြင္း ဓေလ့ထုံးစံအတိုင္း သားေတာ္ႀကီးကို အိမ္ေရွ႕စံ အရာမွာ ထားရတာေပါ့ကြယ္။

ဘုရင္ႀကီး အသည္းအသန္ နာမက်န္း ျဖစ္ေနခ်ိန္မွာ သားေတာ္ႀကီးဟာ သူပုန္ေတြ ထႂကြ ေသာင္းက်န္းတဲ့ ေတာနယ္ကို သြားေရာက္တိုက္ခိုက္ ႏွိမ္နင္းေနရတယ္။ သားေတာ္ႀကီး ျပန္မေရာက္ခင္မွာပဲ ဘုရင္ႀကီးက နတ္႐ြာစံသြားတာေပါ့။ ဒါကို အခြင့္ေကာင္းယူၿပီး သားေတာ္ငယ္ဟာ ဘုရင္ႀကီးရဲ႕ ေနရာကို ယူလိုက္တယ္။

သားေတာ္ႀကီးျဖစ္တဲ့ ေနာင္ေတာ္ အိမ္ေရွ႕စံကိုလည္း ေတြ႕ရာေနရာမွာ ဖမ္းဆီးေခၚေဆာင္ဖို႔ အမိန႔္ထုတ္ လိုက္တယ္။ ဒီသတင္းကို ၾကားတဲ့ ေနာင္ေတာ္ အိမ္ေရွ႕စံကလည္း ေရွာင္တိမ္း ပုန္းေအာင္းေနရတယ္။ ဒါေပမယ့္ ညီေတာ္ဘုရင္ဟာ မေက်နပ္ေသး၊ တခ်ိန္ခ်ိန္မွာ အႏၲရာယ္ေပးလာမည္ ဆိုး၍ သက္ေတာ္ရွည္ ပညာရွိအမတ္ႀကီးကို ေနာင္ေတာ္နဲ႔ သြားေရာက္ ေဆြးေႏြးဖို႔ စီစဥ္လိုက္တယ္။

အဲဒီ ပညာရွိအမတ္ လက္ထဲကိုလည္း ေနာင္ေတာ္အတြက္ သဝဏ္လႊာ တေစာင္ထည့္ဖို႔ ေရးသား စီကုံးေစတယ္။ စာထဲမွာ ပါတာကေတာ့ "ဖခမည္းေတာ္နတ္႐ြာစံၿပီး အခြင့္ေရး ယူလိုသူေတြ ထီးနန္းလုမည္ ဆိုးေသာေၾကာင့္ ယာယီအားျဖင့္ ညီေတာ္က ထီးနန္းကို သိမ္းဆည္းထားခဲ့ပါတယ္။

ေနာင္ေတာ္ ျပန္ေရာက္ေရာက္ခ်င္း ထီးနန္းကို ျပန္လႊဲအပ္မွာ ျဖစ္တဲ့အတြက္ အထင္လြဲၿပီး မေရွာင္တိမ္းပါနဲ႔။ ေနာင္ေတာ္ သဝဏ္လႊာကို ရလွ်င္ ေ႐ႊနန္းေတာ္ႀကီးကို အျမန္လိုက္ခဲ့ပါ။ ေနာင္ေတာ္ ေရာက္ေရာက္ခ်င္း ထီးနန္းကို လြဲအပ္ပါမယ္" လို႔ ေရးထားတယ္။

သက္ေတာ္ရွည္အမတ္ႀကီးဟာ ခရီးေဝးကို ပင္ပန္းခက္ခဲစြာ လိုက္လာတယ္ ၾကားေတာ့ ေနာင္ေတာ္မင္းသားႀကီးဟာ ပုန္းေအာင္းရာကထြက္ၿပီး အမတ္ႀကီးနဲ႔ ေတြ႕ဆုံတယ္။ အမတ္ႀကီးက ညီေတာ္ ေပးလိုက္တဲ့ သဝဏ္လႊာကို ထုတ္ၿပီး သူ႔နဲ႔လိုက္ဖို႔၊ ဘုရင့္ကို သူ အာမခံေၾကာင္းေျပာျပတယ္။

ေ႐ႊနန္းေတာ္ ေရာက္ေရာက္ခ်င္း ညီေတာ္ဟာ လႈိက္လွဲစြာ ႀကိဳဆိုတယ္။ အခမ္းအနားနဲ႔ ေနာင္ေတာ္ႀကီးကို ထီးနန္းတင္တယ္။ အဲဒီညမွာ ေနာင္ေတာ္ ပြဲေတာ္တည္တဲ့ စားေသာက္ဖြယ္ရာေတြ ထဲမွာ အဆိပ္ခတ္ၿပီး လုပ္ႀကံလိုက္တယ္။

ဒါကို အမတ္ႀကီး သိရတဲ့အခါမွာ ညီေတာ္ကို အျပစ္တင္တာေပါ့။ ဒါေပမယ့္ ညီေတာ္က ဘာျပန္ေျပာသလဲ ဆိုေတာ့ "က်ဳပ္ကတိအတိုင္း ေနာင္ေတာ္ကို ထီးနန္း တင္ၿပီးၿပီပဲ၊ ထီးနန္း တင္ၿပီးမွ လုပ္ႀကံတာဟာ အမတ္ႀကီးရဲ႕ ပေယာဂ ကင္းပါတယ္"

ညီေတာ္ ဘုရင္အျဖစ္ကို ေရာက္ရွိၿပီးတာနဲ႔ တၿပိဳင္နက္ ပညာရွိ အမတ္ႀကီးနဲ႔ တကြ သစၥာရွိတဲ့ လူေတြဟာ အလွ်ိဳလ်ိဳ နန္းတြင္းက စြန႔္ခြာသြားၾကတယ္။ ညီေတာ္ဘုရင္ဟာလည္း သစၥာမရွိတဲ့ နန္းေတာ္ေစာင့္ေတြက လုပ္ႀကံျခင္းခံရလို႔ နတ္႐ြာစံခဲ့ရ ပါတယ္။

သူတပါးကို အေကာက္ႀကံတဲ့သူဟာ မၾကာေတာ့တဲ့ တခ်ိန္မွာ သူကိုယ္တိုင္လည္း ျပန္ခံစားရဦးမွာပါ။

ႏွင္းႏွင္းေအး၏ ေလးေလးေျပာေသာ ပုံျပင္မ်ား စာအုပ္မွ ျပန္လည္ေဖာ္ျပျခင္း ျဖစ္ပါသည္။

phoomyatchal

Post a Comment

0 Comments