ကောင်လေးနှင့် ပန်းသီးပင်

တခါတုန်းက ကလေးတယောက် ဟာ ပန်းသီးပင်အောက်မှာ သွားသွားဆော့ပါတယ်။ သစ်ပင်ပေါ် တက်လိုက်၊ လေတိုက်တိုင်း ကျတဲ့ သစ်ရွက်တွေ လိုက်ကောက် ရင်း ပန်းသီးပင်နဲ့ ဆော့ရတာ ပျော်ပါတယ်။ ပန်းသီးပင် ကလည်း ပျော်ပါတယ်။

ဒီလိုနဲ့ အသက် ၁၀ နှစ် အရွယ် ကို ရောက်တော့ သူ မပျော်တော့ပါဘူး။ သစ်ပင်က ဘာလို့ မပျော်လည်း မမေးတော့ ကလေးက အရုပ် ကလေးတွေနဲ့ ဆော့ချင်တယ်လို့ ပြောပါတယ်။

ဒီတော့ သစ်ပင်က သူ့ကိုယ်ပေါ်က ပန်းသီးများကို ခူးပြီး ရောင်းပါ။ ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပါလို့ လမ်းညွန်ပါတယ်။ ကလေးလေးဟာ အားရဝမ်းသာစွာနဲ့ပဲ အသီးတွေ ခူးပြီး ရောင်းပါတယ်။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပြီး သစ်ပင်ဆီ ကိုတောင် ပြန်မလာတော့ ပါဘူး။

နောက် ၁၀ နှစ်ကျော်ကြာ အသက် ၂၀ ကျော်ကို ရောက်လာတော့ ကောင်လေးဟာ သစ်ပင်ဆီ တခေါက် ပြန်ရောက်လာ ပါတယ်။ ထုံးစံအတိုင်း မှိုင်တွေတွေနဲ့ ထိုင်နေပြီး စိတ်ညစ်နေ ရှာပါတယ်။

သစ်ပင်က သူနဲ့ဆော့ဖို့ ခေါ်ပေမယ့် လူငယ်ဟာ ဆော့ရမယ့် အရွယ်မဟုတ်ကြောင်း ပြန်ပြောတော့ ဘာမှ မပြောတော့ပါဘူး။ သို့ပေမယ့် စိတ်ညစ်ရတဲ့ အကြောင်းကို မေးကြည့်တော့ "ကျွန်တော် အလုပ်မရှိဘူး။ အလုပ်လုပ်မှ လူတင့်တည်မှာ" လို့ ဖြေပါတယ်။

ဒီတော့ သစ်ပင်က သူ့အကိုင်းအခတ် များကို ပုံမှန် ချိုးခတ်လို့ ထင်းလုပ် ရောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ သစ်ကိုင်း အခက်အလက်များကို ရောင်းလို့ ဝင်ငွေ အသင့်တင့် ရှိတဲ့ အလုပ်လေး တခု ဖြစ်လာပါတယ်။ ပြီးတော့ နှစ်အတော်ကြာ သူပြန်မလာတော့ပါဘူး။ သစ်ရောင်းရင်း အခြားအလုပ်တွေပါ အဆင်ပြေသွားပြီမို့ ဖြစ်တယ်လို့ ပန်းသီးပင်က သိနေပါတယ်။

ဒီလိုနဲ့ နောက် အနှစ် ၃၀ ကျော်လည်း ကြာတော့ အသက် ၅၀ ကျော် အရွယ် လူအို တဦး ရောက်လာပါတယ်။ သစ်ပင်ကတော့ သူ့ကို မှတ်မိနေတုန်းပါပဲ။ အတူဆော့ဖို့တော့ မခေါ်တော့ပါဘူး။ ဘာလို့ငိုင်နေလဲ လို့သာ မေးလိုက် ပါတယ်။

"ကျွန်တော် အသက်ကြီးပြီး အေးအေးဆေးဆေး ခရီးတခု သွားချင်တယ်" လို့ဖြေတော့ သစ်ပင်က သူ့အပင်ကို ခုတ်လို့ လှေတစင်း ဖန်တီး ကာ မြစ်ခရီး သွားနိုင်ကြောင်း ပြောပါတယ်။ ဒါနဲ့ လူအိုဟာ သစ်ပင်ကို ခုတ်လို့ လှေလုပ်ပြီး ရေလမ်းခရီး နှင်ပါတယ်။

ခရီးက ပြန်ရောက်လာတော့ လူအိုလည်း ပင်ပန်းနေပါပြီ။ သစ်ပင်ရိပ်အောက်မှာ ပြန်လာလှဲနေ ပါတယ်။ သစ်ပင်က "ပန်းသီးတွေ မရှိတော့ဘူး။ အကိုင်းအခက်လည်း မရှိတော့ဘူး။ အမြစ်တခုပဲ ရှိတော့တယ်။ လိုအပ်ရင် မင်းနှုတ်ပြီး လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်ပါတယ်" လို့ဆိုတဲ့ အခါ လူအိုက "မလိုပါဘူးဗျား။ ကျနော်ဒီအမြစ်ကို မှီပြီး တရေးလောက် အိပ် ပါရစေ" လို့ပဲ ပြောပြီး အိပ်ပျော်သွားပါတယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ပုံပြင်ထဲက ပန်းသီးပင်ဟာ လက်တွေ့ဘဝမှာ မိဘ ဖြစ်ပြီး အဖိုးအိုကတော့ သားသမီး ဖြစ်ပါတယ်။ မိဘအနေနဲ့ အရိပ်အောက်ကို ရောက်ရှိလာတဲ့ သားသမီး တွေကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးပါတယ်။

တချို့ သော သားသမီးများကတော့ ကိုယ်ကျိုးအတွက် မိဘဆီမှ ရနိုင်သမျှ အသုံးချပြီး ဘာမှ ကြီးကြီးမားမား ပြန်လည် မပေးဆပ်သွားပါဘူး။ သို့ပေမယ့် သားသမီး အဆင်ပြေသွားတာကို ကြည့်ရင်း ရတဲ့ ပီတိဟာ မိဘတွေ အတွက် အကျေနပ် ဆုံး အရာ တခု ဖြစ်ရပါတယ်။

မိဘများကလည်း ပေးနိုင်သမျှ အဆုံးဆုံးထိ ပေးနိုင်တဲ့ အချိန်အထိ ပေးဆပ်ပါတယ်။ မိဘကျေးဇူး ဆပ်ဖို့ မေ့နေတဲ့ သားသမီးများ ဖြစ်နေသည့်တိုင် မိဘရင်ခွင်မှာ တရေး အိပ်ဖို့ ပြန်ရောက်လာတဲ့ သားသမီးတိုင်းကို မိဘများကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။

မိဘတွေ မရှိတော့မှ နောင်တ မရဖို့နဲ့ မိဘ နှစ်ပါး သက်ရှိထင်ရှား ရှိနေစဉ် ကျေးဇူး ဆပ်နိုင်ကြဖို့ ဒီပုံပြင်လေးက ရည်ရွယ်ပါတယ်။

Crd

Pink

Zawgyi

ေကာင္ေလးႏွင့္ ပန္းသီးပင္

တခါတုန္းက ကေလးတေယာက္ ဟာ ပန္းသီးပင္ေအာက္မွာ သြားသြားေဆာ့ပါတယ္။ သစ္ပင္ေပၚ တက္လိုက္၊ ေလတိုက္တိုင္း က်တဲ့ သစ္႐ြက္ေတြ လိုက္ေကာက္ ရင္း ပန္းသီးပင္နဲ႔ ေဆာ့ရတာ ေပ်ာ္ပါတယ္။ ပန္းသီးပင္ ကလည္း ေပ်ာ္ပါတယ္။

ဒီလိုနဲ႔ အသက္ ၁၀ ႏွစ္ အ႐ြယ္ ကို ေရာက္ေတာ့ သူ မေပ်ာ္ေတာ့ပါဘူး။ သစ္ပင္က ဘာလို႔ မေပ်ာ္လည္း မေမးေတာ့ ကေလးက အ႐ုပ္ ကေလးေတြနဲ႔ ေဆာ့ခ်င္တယ္လို႔ ေျပာပါတယ္။

ဒီေတာ့ သစ္ပင္က သူ႔ကိုယ္ေပၚက ပန္းသီးမ်ားကို ခူးၿပီး ေရာင္းပါ။ ရတဲ့ ပိုက္ဆံနဲ႔ အ႐ုပ္ဝယ္ပါလို႔ လမ္းၫြန္ပါတယ္။ ကေလးေလးဟာ အားရဝမ္းသာစြာနဲ႔ပဲ အသီးေတြ ခူးၿပီး ေရာင္းပါတယ္။ ေရာင္းလို႔ရတဲ့ ပိုက္ဆံနဲ႔ အ႐ုပ္ဝယ္ၿပီး သစ္ပင္ဆီ ကိုေတာင္ ျပန္မလာေတာ့ ပါဘူး။

ေနာက္ ၁၀ ႏွစ္ေက်ာ္ၾကာ အသက္ ၂၀ ေက်ာ္ကို ေရာက္လာေတာ့ ေကာင္ေလးဟာ သစ္ပင္ဆီ တေခါက္ ျပန္ေရာက္လာ ပါတယ္။ ထုံးစံအတိုင္း မႈိင္ေတြေတြနဲ႔ ထိုင္ေနၿပီး စိတ္ညစ္ေန ရွာပါတယ္။

သစ္ပင္က သူနဲ႔ေဆာ့ဖို႔ ေခၚေပမယ့္ လူငယ္ဟာ ေဆာ့ရမယ့္ အ႐ြယ္မဟုတ္ေၾကာင္း ျပန္ေျပာေတာ့ ဘာမွ မေျပာေတာ့ပါဘူး။ သို႔ေပမယ့္ စိတ္ညစ္ရတဲ့ အေၾကာင္းကို ေမးၾကည့္ေတာ့ "ကြၽန္ေတာ္ အလုပ္မရွိဘူး။ အလုပ္လုပ္မွ လူတင့္တည္မွာ" လို႔ ေျဖပါတယ္။

ဒီေတာ့ သစ္ပင္က သူ႔အကိုင္းအခတ္ မ်ားကို ပုံမွန္ ခ်ိဳးခတ္လို႔ ထင္းလုပ္ ေရာင္းဖို႔ တိုက္တြန္းပါတယ္။ ဒါနဲ႔ပဲ လူငယ္ေလးဟာ သစ္ကိုင္း အခက္အလက္မ်ားကို ေရာင္းလို႔ ဝင္ေငြ အသင့္တင့္ ရွိတဲ့ အလုပ္ေလး တခု ျဖစ္လာပါတယ္။ ၿပီးေတာ့ ႏွစ္အေတာ္ၾကာ သူျပန္မလာေတာ့ပါဘူး။ သစ္ေရာင္းရင္း အျခားအလုပ္ေတြပါ အဆင္ေျပသြားၿပီမို႔ ျဖစ္တယ္လို႔ ပန္းသီးပင္က သိေနပါတယ္။

ဒီလိုနဲ႔ ေနာက္ အႏွစ္ ၃၀ ေက်ာ္လည္း ၾကာေတာ့ အသက္ ၅၀ ေက်ာ္ အ႐ြယ္ လူအို တဦး ေရာက္လာပါတယ္။ သစ္ပင္ကေတာ့ သူ႔ကို မွတ္မိေနတုန္းပါပဲ။ အတူေဆာ့ဖို႔ေတာ့ မေခၚေတာ့ပါဘူး။ ဘာလို႔ငိုင္ေနလဲ လို႔သာ ေမးလိုက္ ပါတယ္။

"ကြၽန္ေတာ္ အသက္ႀကီးၿပီး ေအးေအးေဆးေဆး ခရီးတခု သြားခ်င္တယ္" လို႔ေျဖေတာ့ သစ္ပင္က သူ႔အပင္ကို ခုတ္လို႔ ေလွတစင္း ဖန္တီး ကာ ျမစ္ခရီး သြားႏိုင္ေၾကာင္း ေျပာပါတယ္။ ဒါနဲ႔ လူအိုဟာ သစ္ပင္ကို ခုတ္လို႔ ေလွလုပ္ၿပီး ေရလမ္းခရီး ႏွင္ပါတယ္။

ခရီးက ျပန္ေရာက္လာေတာ့ လူအိုလည္း ပင္ပန္းေနပါၿပီ။ သစ္ပင္ရိပ္ေအာက္မွာ ျပန္လာလွဲေန ပါတယ္။ သစ္ပင္က "ပန္းသီးေတြ မရွိေတာ့ဘူး။ အကိုင္းအခက္လည္း မရွိေတာ့ဘူး။ အျမစ္တခုပဲ ရွိေတာ့တယ္။ လိုအပ္ရင္ မင္းႏႈတ္ၿပီး လိုအပ္တဲ့ ေနရာမွာ အသုံးခ်ႏိုင္ပါတယ္" လို႔ဆိုတဲ့ အခါ လူအိုက "မလိုပါဘူးဗ်ား။ က်ေနာ္ဒီအျမစ္ကို မွီၿပီး တေရးေလာက္ အိပ္ ပါရေစ" လို႔ပဲ ေျပာၿပီး အိပ္ေပ်ာ္သြားပါတယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ပုံျပင္ထဲက ပန္းသီးပင္ဟာ လက္ေတြ႕ဘဝမွာ မိဘ ျဖစ္ၿပီး အဖိုးအိုကေတာ့ သားသမီး ျဖစ္ပါတယ္။ မိဘအေနနဲ႔ အရိပ္ေအာက္ကို ေရာက္ရွိလာတဲ့ သားသမီး ေတြကို အေကာင္းဆုံး ျပဳစုပ်ိဳးေထာင္ေပးပါတယ္။

တခ်ိဳ႕ ေသာ သားသမီးမ်ားကေတာ့ ကိုယ္က်ိဳးအတြက္ မိဘဆီမွ ရႏိုင္သမွ် အသုံးခ်ၿပီး ဘာမွ ႀကီးႀကီးမားမား ျပန္လည္ မေပးဆပ္သြားပါဘူး။ သို႔ေပမယ့္ သားသမီး အဆင္ေျပသြားတာကို ၾကည့္ရင္း ရတဲ့ ပီတိဟာ မိဘေတြ အတြက္ အေက်နပ္ ဆုံး အရာ တခု ျဖစ္ရပါတယ္။

မိဘမ်ားကလည္း ေပးႏိုင္သမွ် အဆုံးဆုံးထိ ေပးႏိုင္တဲ့ အခ်ိန္အထိ ေပးဆပ္ပါတယ္။ မိဘေက်းဇူး ဆပ္ဖို႔ ေမ့ေနတဲ့ သားသမီးမ်ား ျဖစ္ေနသည့္တိုင္ မိဘရင္ခြင္မွာ တေရး အိပ္ဖို႔ ျပန္ေရာက္လာတဲ့ သားသမီးတိုင္းကို မိဘမ်ားကေတာ့ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုေနပါတယ္။

မိဘေတြ မရွိေတာ့မွ ေနာင္တ မရဖို႔နဲ႔ မိဘ ႏွစ္ပါး သက္ရွိထင္ရွား ရွိေနစဥ္ ေက်းဇူး ဆပ္ႏိုင္ၾကဖို႔ ဒီပုံျပင္ေလးက ရည္႐ြယ္ပါတယ္။

Crd

Pink

Post a Comment

0 Comments