ပုရွက်ဆိတ်နှင့် မြွေ

တခါက မြွေကြီးတကောင်ဟာ တောလမ်းလေး အတိုင်း ဖြတ်လာတယ်။ အဲ့ဒီအချိန်မှာ သစ်ပင်ပေါ်က ပုရွက်ဆိတ် တကောင်ဟာ သူ့ခေါင်းပေါ် ပြုတ်ကျလာတယ်။

ဒါနဲ့ မြွေဟာ အလွန်ပဲ ဒေါသထွက်ပြီး ပုရွက်ဆိတ်ကို နည်းမျိုးစုံနဲ့ ခါချတယ်။ သူဘယ်လို ကြိုးစား ကြိုးစား ပုရွက်ဆိတ်က ကျမလာဘူး။

အဲ့ဒီအချိန်မှာ လှည်းလေး တစီးဟာ တောလမ်းလေး အတိုင်း မောင်းလာတာကို မြွေကြီးက တွေ့ပြီး ပုရွတ်ဆိတ်ကို လှည်းဘီးနဲ့ ကြိတ်သတ်ဖို့ အကြံရသွားတယ်။

ဒါနဲ့ပဲ သူ့ခေါင်းကို လှည်းလမ်းလေးပေါ် တင်ပြီး လှည်းအလာကို စောင့်နေတယ်။ နောက်ဆုံးမှာ လှည်းဟာ မြွေကြီးရဲ့ခေါင်းကို ကြိတ်ပြီး မြွေကြီး ခေါင်းပြား သွားသတဲ့။ ပုရွက်ဆိတ်ကတော့ တောထဲပြေးဝင် ပျောက်ကွယ် သွားပါတော့တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။ တခါတရံမှာ ကိုယ်က သူတပါး အကျိုးစီးပွားကို ပျက်ဆီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရင်း ကိုယ်ကိုယ်တိုင် အကျိုးစီပွား ပျက်စီးသွားရတယ်။

ငါလုပ်ရင် သူများရသွားမှာ စိုးလို့ ဘာမှမလုပ်ရင်း ကိုယ်တိုင် အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးသွားရတယ်။ သူများ အကျိုးစီးပွားကို မလိုလားရင်း ကိုယ့်အကျိုးစီးပွားတွေ နှောင့်နှေးသွားကြတယ်။

လောကမှာ စိတ်ဓာတ်မှန်မှန်နဲ့ တကယ် ကြိုးစားမယ်ဆိုရင် အပေါ်တွေ ဘေးတွေ အောက်တွေ နောက်တွေ ကြည့်နေစရာ မလိုပါဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို ပစ္စုပ္ပန် တည့်တည့်ကနေပြီး လုပ်ဆောင်တတ်မယ် ဆိုရင် စိတ်ချမ်းသာစရာတွေနဲ့ နေ့စဉ် ပျော်ရွှင်နေမှာပါ။

မနေ့က ငါနဲ့ ဒီနေ့ငါ၊ မနေ့က ငါ့စိတ်ထားနဲ့ ဒီနေ့ ငါ့စိတ်ထားကို ပိုကောင်းအောင်ပဲ ကြိုးစားဖို့ လိုပါတယ်။ ကိုယ်က နောက်လိုက် ဖြစ်နေချိန်မှာ ရှေ့ကခေါင်းဆောင် သွားတဲ့နောက်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ရုံပဲ။ ကိုယ်က ခေါင်းဆောင် ဖြစ်ရင်လည်း ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်း လျှောက်ရပါမယ်။

ကိုယ်လုပ်လို့ ဘယ်သူကောင်းစားတာ မကောင်းစားတာကို မရှုစိတ် ဖြစ်နေမယ့်အစား ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေ ဘယ်လို တိုးတက်သွားတယ် ဆိုတာကို မုဒိတာ ပွားတတ်မယ် ဆိုရင် ကိုယ့်အကျိုးအတွက် လုပ်ဆောင်ရင်း နေ့တိုင်း အချိန်တိုင်း ကုသိုလ် ရနေမှာပါ။

Crd

Zawgyi

ပု႐ြက္ဆိတ္ႏွင့္ ေႁမြ

တခါက ေႁမြႀကီးတေကာင္ဟာ ေတာလမ္းေလး အတိုင္း ျဖတ္လာတယ္။ အဲ့ဒီအခ်ိန္မွာ သစ္ပင္ေပၚက ပု႐ြက္ဆိတ္ တေကာင္ဟာ သူ႔ေခါင္းေပၚ ျပဳတ္က်လာတယ္။ ဒါနဲ႔ ေႁမြဟာ အလြန္ပဲ ေဒါသထြက္ၿပီး ပု႐ြက္ဆိတ္ကို နည္းမ်ိဳးစုံနဲ႔ ခါခ်တယ္။

သူဘယ္လို ႀကိဳးစား ႀကိဳးစား ပု႐ြက္ဆိတ္က က်မလာဘူး။ အဲ့ဒီအခ်ိန္မွာ လွည္းေလး တစီးဟာ ေတာလမ္းေလး အတိုင္း ေမာင္းလာတာကို ေႁမြႀကီးက ေတြ႕ၿပီး ပု႐ြတ္ဆိတ္ကို လွည္းဘီးနဲ႔ ႀကိတ္သတ္ဖို႔ အႀကံရသြားတယ္။

ဒါနဲ႔ပဲ သူ႔ေခါင္းကို လွည္းလမ္းေလးေပၚ တင္ၿပီး လွည္းအလာကို ေစာင့္ေနတယ္။ ေနာက္ဆုံးမွာ လွည္းဟာ ေႁမြႀကီးရဲ႕ေခါင္းကို ႀကိတ္ၿပီး ေႁမြႀကီး ေခါင္းျပား သြားသတဲ့။ ပု႐ြက္ဆိတ္ကေတာ့ ေတာထဲေျပးဝင္ ေပ်ာက္ကြယ္ သြားပါေတာ့တယ္။

ဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကို သင္ခန္းစာေတြ အမ်ားႀကီး ေပးသြားပါတယ္။ တခါတရံမွာ ကိုယ္က သူတပါး အက်ိဳးစီးပြားကို ပ်က္ဆီးေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ရင္း ကိုယ္ကိုယ္တိုင္ အက်ိဳးစီပြား ပ်က္စီးသြားရတယ္။

ငါလုပ္ရင္ သူမ်ားရသြားမွာ စိုးလို႔ ဘာမွမလုပ္ရင္း ကိုယ္တိုင္ အခြင့္အလမ္းေကာင္းေတြ ဆုံးရႈံးသြားရတယ္။ သူမ်ား အက်ိဳးစီးပြားကို မလိုလားရင္း ကိုယ့္အက်ိဳးစီးပြားေတြ ေႏွာင့္ေႏွးသြားၾကတယ္။

ေလာကမွာ စိတ္ဓာတ္မွန္မွန္နဲ႔ တကယ္ ႀကိဳးစားမယ္ဆိုရင္ အေပၚေတြ ေဘးေတြ ေအာက္ေတြ ေနာက္ေတြ ၾကည့္ေနစရာ မလိုပါဘူး။ ကိုယ္လုပ္သင့္ လုပ္ထိုက္တာ လုပ္ေဆာင္သင့္ လုပ္ေဆာင္ထိုက္တာကို ပစၥဳပၸန္ တည့္တည့္ကေနၿပီး လုပ္ေဆာင္တတ္မယ္ ဆိုရင္ စိတ္ခ်မ္းသာစရာေတြနဲ႔ ေန႔စဥ္ ေပ်ာ္႐ႊင္ေနမွာပါ။

မေန႔က ငါနဲ႔ ဒီေန႔ငါ၊ မေန႔က ငါ့စိတ္ထားနဲ႔ ဒီေန႔ ငါ့စိတ္ထားကို ပိုေကာင္းေအာင္ပဲ ႀကိဳးစားဖို႔ လိုပါတယ္။ ကိုယ္က ေနာက္လိုက္ ျဖစ္ေနခ်ိန္မွာ ေရွ႕ကေခါင္းေဆာင္ သြားတဲ့ေနာက္ကို ေျဖာင့္ေျဖာင့္တန္းတန္း လိုက္႐ုံပဲ။ ကိုယ္က ေခါင္းေဆာင္ ျဖစ္ရင္လည္း ေရွ႕ကေန ေျဖာင့္ေျဖာင့္တန္းတန္း ေလွ်ာက္ရပါမယ္။

ကိုယ္လုပ္လို႔ ဘယ္သူေကာင္းစားတာ မေကာင္းစားတာကို မရႈစိတ္ ျဖစ္ေနမယ့္အစား ကိုယ့္လုပ္ရပ္ေၾကာင့္ ကိုယ့္ပတ္ဝန္းက်င္က လူေတြ ဘယ္လို တိုးတက္သြားတယ္ ဆိုတာကို မုဒိတာ ပြားတတ္မယ္ ဆိုရင္ ကိုယ့္အက်ိဳးအတြက္ လုပ္ေဆာင္ရင္း ေန႔တိုင္း အခ်ိန္တိုင္း ကုသိုလ္ ရေနမွာပါ။

Crd

Post a Comment

0 Comments