ဂြိုလ်သားတွေကို ရှာတွေ့တဲ့အခါ ကူညီပေးဖို့ ဘုန်းကြီးတစ်ပါး ငှားထားတဲ့ နာဆာ

နာဆာမှာ ဂြိုဟ်သားသက်ရှိတွေကို တွေ့တဲ့အခါ လူသားတွေ လုပ်သင့်တဲ့ အရာတွေအတွက် ဘုန်းကြီးတစ်ပါးက အကြံပေး အကူညီပေးနေပါတယ်။ တခြားဂြိုဟ်တွေမှာ သက်ရှိတွေ ရှာတွေ့နိုင်တဲ့ အလားအလာက တကယ်ဖြစ်လာနိုင်တယ်လို့ ဗြိတိန်လူမျိုး ဘုန်းကြီးလည်းဖြစ်၊ ထာဝရဘုရားသခင် ဘာသာရေး ယုံကြည်သူလည်းဖြစ်တဲ့ Dr Andrew Davison က ပြောပါတယ်။

သိက္ခာတော်ရ ဆရာတော်ဖြစ်တဲ့ Dr Andrew Davison က Cambridge တက္ကသိုလ်မှာ ဘာသာရေး စူးစမ်းလေ့လာသူတစ်ယောက် ဖြစ်ပါတယ်။ သူက ဇီဝဓါတုဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရထားပါတယ်။ သူက အခု နာဆာနဲ့ အတူတူ အလုပ်တွဲလုပ်နေပါပြီ။

Dr Andrew Davison က ကိုးကွယ်မှုဘာသာ ၂၄ ခုကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပါ။ တခြားဂြိုဟ်တွေမှာ သက်ရှိတွေကို တွေ့ရှိခဲ့ရင် လူသားတွေက ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာကို New Jersey က Princeton တက္ကသိုလ်မှာ လေ့လာမှုတွေ လုပ်နေပါတယ်။

စကြာဝဠာထဲမှာ တခြားသက်ရှိတွေ ရှိနေလား၊ ကမ္ဘာ့အပြင်မှာ သက်ရှိတွေ တွေ့တဲ့အခါ ကိုးကွယ်မှု ဘာသာတရားတွေရဲ့ မူရင်းသီအိုရီတွေ ပြောင်းလဲသွားမလား၊ ဂြိုလ်သားသက်ရှိတွေကို ရှာတွေ့မှုက ကမ္ဘာကြီးတစ်ခုလုံးက ကိုးကွယ်ယုံကြည်မှုတွေကို ဘယ်လိုသက်ရောက်မှု ရှိစေမလဲဆိုတဲ့ မေးခွန်းတွေကို Dr Andrew က သူ့စာအုပ်ဖြစ်တဲ့ အာကာသဇီဝဗေဒနဲ့ ခရစ်ယာန်အယူဝါဒစာအုပ်မှာ ရေးသားထားပါတယ်။

တခြားဂြိုလ်က သက်ရှိအသစ်တွေကို ရှာတွေ့တဲ့အခါ ကမ္ဘာပေါ်က ယုံကြည်ကိုးကွယ်မှု ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို ဆုံးဖြတ်ဖို့ နာဆာက ဘာသာရေးလေ့လာသူ ၂၄ ယောက်ရဲ့ အကူအညီကို ရယူနေပါတယ်။

ဂြိုလ်သားသက်ရှိတွေကို ရှာတွေ့တာက ခရစ်ယာန်၊ ဂျူး၊ အစ္စလာမ်ဘာသာ ကိုးကွယ်မှုတွေကို ဘာမှ ပြဿနာဖြစ်စေမှာ မဟုတ်ဘူးလို့ ဘာသာအသီးသီးက ဆရာတော်တွေ၊ ဘုန်းကြီးတွေက ပြောပါတယ်။

စကြာဝဠာထဲမှာ ကမ္ဘာဂြိုလ် တစ်ခုတည်းမှာပဲ သက်ရှိတွေနေနိုင်တာဟာ မယုံကြည်နိုင်လောက်တဲ့ အရာဖြစ်တယ်လို့ နာဆာရဲ့ အာကာသဇီဝပညာသိပ္ပံရဲ့ဥက္ကဌ Carl Pilcher က ပြောပါတယ်။

နဂါးငွေ့တန်းထဲမှာ ကြယ်ပေါင်း ဘီလီယံ ၁၀၀ကျော်ရှိပြီး စကြဝဠာထဲမှာ နဂါးငွေ့တန်းပေါင်း ဘီလီယံ ၁၀၀ ကျော် ရှိပါတယ်။

Zombie (lovemedia)

for zawgyi

ၿဂိဳလ္သားေတြကို ရွာေတြ႕တဲ့အခါ ကူညီေပးဖို႔ ဘုန္းႀကီးတစ္ပါး ငွားထားတဲ့ နာဆာ

နာဆာမွာ ၿဂိဳဟ္သားသက္ရွိေတြကို ေတြ႕တဲ့အခါ လူသားေတြ လုပ္သင့္တဲ့ အရာေတြအတြက္ ဘုန္းႀကီးတစ္ပါးက အႀကံေပး အကူညီေပးေနပါတယ္။ တျခားၿဂိဳဟ္ေတြမွာ သက္ရွိေတြ ရွာေတြ႕ႏိုင္တဲ့ အလားအလာက တကယ္ျဖစ္လာႏိုင္တယ္လို႔ ၿဗိတိန္လူမ်ိဳး ဘုန္းႀကီးလည္းျဖစ္၊ ထာဝရဘုရားသခင္ ဘာသာေရး ယုံၾကည္သူလည္းျဖစ္တဲ့ Dr Andrew Davison က ေျပာပါတယ္။

သိကၡာေတာ္ရ ဆရာေတာ္ျဖစ္တဲ့ Dr Andrew Davison က Cambridge တကၠသိုလ္မွာ ဘာသာေရး စူးစမ္းေလ့လာသူတစ္ေယာက္ ျဖစ္ပါတယ္။ သူက ဇီဝဓါတုေဗဒ ဘာသာရပ္နဲ႔ ဘြဲ႕ရထားပါတယ္။ သူက အခု နာဆာနဲ႔ အတူတူ အလုပ္တြဲလုပ္ေနပါၿပီ။

Dr Andrew Davison က ကိုးကြယ္မႈဘာသာ ၂၄ ခုကို ကြၽမ္းက်င္တဲ့ ပညာရွင္တစ္ေယာက္ပါ။ တျခားၿဂိဳဟ္ေတြမွာ သက္ရွိေတြကို ေတြ႕ရွိခဲ့ရင္ လူသားေတြက ဘယ္လိုတုံ႔ျပန္ရမလဲ ဆိုတာကို New Jersey က Princeton တကၠသိုလ္မွာ ေလ့လာမႈေတြ လုပ္ေနပါတယ္။

စၾကာဝဠာထဲမွာ တျခားသက္ရွိေတြ ရွိေနလား၊ ကမာၻ႔အျပင္မွာ သက္ရွိေတြ ေတြ႕တဲ့အခါ ကိုးကြယ္မႈ ဘာသာတရားေတြရဲ႕ မူရင္းသီအိုရီေတြ ေျပာင္းလဲသြားမလား၊ ၿဂိဳလ္သားသက္ရွိေတြကို ရွာေတြ႕မႈက ကမာၻႀကီးတစ္ခုလုံးက ကိုးကြယ္ယုံၾကည္မႈေတြကို ဘယ္လိုသက္ေရာက္မႈ ရွိေစမလဲဆိုတဲ့ ေမးခြန္းေတြကို Dr Andrew က သူ႔စာအုပ္ျဖစ္တဲ့ အာကာသဇီဝေဗဒနဲ႔ ခရစ္ယာန္အယူဝါဒစာအုပ္မွာ ေရးသားထားပါတယ္။

တျခားၿဂိဳလ္က သက္ရွိအသစ္ေတြကို ရွာေတြ႕တဲ့အခါ ကမာၻေပၚက ယုံၾကည္ကိုးကြယ္မႈ ဘယ္လိုေျပာင္းလဲသြားမလဲ ဆိုတာကို ဆုံးျဖတ္ဖို႔ နာဆာက ဘာသာေရးေလ့လာသူ ၂၄ ေယာက္ရဲ႕ အကူအညီကို ရယူေနပါတယ္။

ၿဂိဳလ္သားသက္ရွိေတြကို ရွာေတြ႕တာက ခရစ္ယာန္၊ ဂ်ဴး၊ အစၥလာမ္ဘာသာ ကိုးကြယ္မႈေတြကို ဘာမွ ျပႆနာျဖစ္ေစမွာ မဟုတ္ဘူးလို႔ ဘာသာအသီးသီးက ဆရာေတာ္ေတြ၊ ဘုန္းႀကီးေတြက ေျပာပါတယ္။

စၾကာဝဠာထဲမွာ ကမာၻၿဂိဳလ္ တစ္ခုတည္းမွာပဲ သက္ရွိေတြေနႏိုင္တာဟာ မယုံၾကည္ႏိုင္ေလာက္တဲ့ အရာျဖစ္တယ္လို႔ နာဆာရဲ႕ အာကာသဇီဝပညာသိပၸံရဲ႕ဥကၠဌ Carl Pilcher က ေျပာပါတယ္။

နဂါးေငြ႕တန္းထဲမွာ ၾကယ္ေပါင္း ဘီလီယံ ၁၀၀ေက်ာ္ရွိၿပီး စၾကဝဠာထဲမွာ နဂါးေငြ႕တန္းေပါင္း ဘီလီယံ ၁၀၀ ေက်ာ္ ရွိပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments