ကြောင်လေးတွေက ကြွက်ခုတ်တဲ့ နေရာမှာတော့ အရမ်းကို တော်ပါတယ်။ ကြွက်ပေါတဲ့ အိမ်တွေမှာ ကြောင်မွေးထားရင် ကြွက်တွေ ထွက်မလာရဲ ကြတော့ပါဘူး။

ဒီချစ်စရာကောင်းတဲ့ ကြောင်လေးကိုတော့ အမေရိကန်နိုင်ငံ၊ Tulsa မြို့က GuRuStu လို့ခေါ်တဲ့ marketing agency ပိုင်ရှင်က မွေးထားတာပါ။ ရုံးမှာ ကြွက်တွေ အရမ်းပေါလို့ ကြွက်မရှိတော့အောင် ကြောင်မွေးထားတာပါ။

အဲဒီလိုနဲ့ ကြောင်လေးက ရုံးကို ရောက်လာပါတယ်။ သူက ပြူတင်းပေါက်ဘေးမှာ ထိုင်ရတာကို သဘောကျပါတယ်။ ပြီးရင် လမ်းသွားလမ်းလာတွေကို ထိုင်ကြည့်တတ်ပါတယ်။ ကြောင်လေးက လမ်းသွားလမ်းလာ လူတွေကို ထိုင်ကြည့်တာက ပုံမှန် ဘာမှမထူးဆန်းတဲ့ ကိစ္စတစ်ခုပါပဲ။

ဒါပေမယ့် ထူးဆန်းတာကတော့ ရုံးကလူတွေက တံခါးနားက ကြမ်းပြင်မှာ ပိုက်ဆံတွေ တွေ့တွေ့လာရတာပါ။ ပိုက်ဆံတွေက ဘယ်နေရာက ရောက်လာလဲ ဆိုတာကို ရုံးကလူတွေ မသိကြပါဘူး။ ဒါပေမယ့် တံခါးနားက ကြမ်းပြင်ပေါ်မှာတော့ ပိုက်ဆံတွေ ရောက်ရောက်လာတာ နေ့တိုင်းပါပဲ။

နောက်ပိုင်းမှာတော့ သူတို့ အဖြေကို ရှာတွေ့သွားကြပါတယ်။ ကုမ္ပဏီက entertainment ရပ်ကွက်မှာ ရှိတာကြောင့် လူအများစုက ရုံးခန်းတံခါးကနေ ဖြတ်လျှောက်သွားကြပါတယ်။ ပြီးတော့ ကြောင်လေးကို ချစ်တာကြောင့် ပိုက်ဆံကို တံခါးကြားကနေ ထည့်သွားကြပါတယ်။

ပိုက်ဆံတွေက တံခါးကြားကနေ ကျလာရင် ကြောင်လေးက မြန်မြန်ပဲ ပြေးကောက်လိုက်ပါတယ်။ အဲဒီလိုနည်းနဲ့ ပိုက်ဆံတွေက ရောက်ရောက်လာပါတယ်။

ကြောင်လေးက ဉာဏ်ကောင်းတာကြောင့် တဖြည်းဖြည်းနဲ့ နာမည်ကြီးလာပါတယ်။ တချို့လူတွေကလည်း ကြောင်လေးနဲ့ လာလာဆော့ကြပါတယ်။

ငွေတွေက တဖြည်းဖြည်းနဲ့ များလာတာကြောင့် ရုံးကလူတွေက ငွေတွေကို စုပြီး လှူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုံးတစ်ဝိုက်မှာ အိမ်ခြေရာမဲ့တွေ များပြီး ကြောင်လေးကလည်း တစ်ချိန်က လေလွင့်ကြောင်လေး ဖြစ်ခဲ့တာကြောင့် သူရတဲ့ငွေတွေကို အိမ်ခြေရာမဲ့တွေဆီ လှူပေးလိုက်ကြပါတယ်။

ကြောင်လေးနာမည်က CASHnip Kitty လို့ခေါ်ပြီး သူ့ဆီငွေတွေ လာပေးတဲ့သူတွေလည်း တဖြည်းဖြည်း များလာပါတယ်။ သူက ကြောင်လေးတစ်ကောင်ဖြစ်ပေမယ့် အလှူအတန်းတွေ လုပ်နိုင်တဲ့ ကြောင်လေးတစ်ကောင် ဖြစ်သွားပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

ႂကြက္မရွိေတာ့ေအာင္ ေၾကာင္ေမြးထားေပမယ့္ ပိုက္ဆံေတြပဲ ယူယူလာတဲ့ေၾကာင္ေလး

ေၾကာင္ေလးေတြက ႂကြက္ခုတ္တဲ့ ေနရာမွာေတာ့ အရမ္းကို ေတာ္ပါတယ္။ ႂကြက္ေပါတဲ့ အိမ္ေတြမွာ ေၾကာင္ေမြးထားရင္ ႂကြက္ေတြ ထြက္မလာရဲ ၾကေတာ့ပါဘူး။

ဒီခ်စ္စရာေကာင္းတဲ့ ေၾကာင္ေလးကိုေတာ့ အေမရိကန္ႏိုင္ငံ၊ Tulsa ၿမိဳ႕က GuRuStu လို႔ေခၚတဲ့ marketing agency ပိုင္ရွင္က ေမြးထားတာပါ။ ႐ုံးမွာ ႂကြက္ေတြ အရမ္းေပါလို႔ ႂကြက္မရွိေတာ့ေအာင္ ေၾကာင္ေမြးထားတာပါ။

အဲဒီလိုနဲ႔ ေၾကာင္ေလးက ႐ုံးကို ေရာက္လာပါတယ္။ သူက ျပဴတင္းေပါက္ေဘးမွာ ထိုင္ရတာကို သေဘာက်ပါတယ္။ ၿပီးရင္ လမ္းသြားလမ္းလာေတြကို ထိုင္ၾကည့္တတ္ပါတယ္။ ေၾကာင္ေလးက လမ္းသြားလမ္းလာ လူေတြကို ထိုင္ၾကည့္တာက ပုံမွန္ ဘာမွမထူးဆန္းတဲ့ ကိစၥတစ္ခုပါပဲ။

ဒါေပမယ့္ ထူးဆန္းတာကေတာ့ ႐ုံးကလူေတြက တံခါးနားက ၾကမ္းျပင္မွာ ပိုက္ဆံေတြ ေတြ႕ေတြ႕လာရတာပါ။ ပိုက္ဆံေတြက ဘယ္ေနရာက ေရာက္လာလဲ ဆိုတာကို ႐ုံးကလူေတြ မသိၾကပါဘူး။ ဒါေပမယ့္ တံခါးနားက ၾကမ္းျပင္ေပၚမွာေတာ့ ပိုက္ဆံေတြ ေရာက္ေရာက္လာတာ ေန႔တိုင္းပါပဲ။

ေနာက္ပိုင္းမွာေတာ့ သူတို႔ အေျဖကို ရွာေတြ႕သြားၾကပါတယ္။ ကုမၸဏီက entertainment ရပ္ကြက္မွာ ရွိတာေၾကာင့္ လူအမ်ားစုက ႐ုံးခန္းတံခါးကေန ျဖတ္ေလွ်ာက္သြားၾကပါတယ္။ ၿပီးေတာ့ ေၾကာင္ေလးကို ခ်စ္တာေၾကာင့္ ပိုက္ဆံကို တံခါးၾကားကေန ထည့္သြားၾကပါတယ္။

ပိုက္ဆံေတြက တံခါးၾကားကေန က်လာရင္ ေၾကာင္ေလးက ျမန္ျမန္ပဲ ေျပးေကာက္လိုက္ပါတယ္။ အဲဒီလိုနည္းနဲ႔ ပိုက္ဆံေတြက ေရာက္ေရာက္လာပါတယ္။

ေၾကာင္ေလးက ဉာဏ္ေကာင္းတာေၾကာင့္ တျဖည္းျဖည္းနဲ႔ နာမည္ႀကီးလာပါတယ္။ တခ်ိဳ႕လူေတြကလည္း ေၾကာင္ေလးနဲ႔ လာလာေဆာ့ၾကပါတယ္။

ေငြေတြက တျဖည္းျဖည္းနဲ႔ မ်ားလာတာေၾကာင့္ ႐ုံးကလူေတြက ေငြေတြကို စုၿပီး လႉေပးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ႐ုံးတစ္ဝိုက္မွာ အိမ္ေျခရာမဲ့ေတြ မ်ားၿပီး ေၾကာင္ေလးကလည္း တစ္ခ်ိန္က ေလလြင့္ေၾကာင္ေလး ျဖစ္ခဲ့တာေၾကာင့္ သူရတဲ့ေငြေတြကို အိမ္ေျခရာမဲ့ေတြဆီ လႉေပးလိုက္ၾကပါတယ္။

ေၾကာင္ေလးနာမည္က CASHnip Kitty လို႔ေခၚၿပီး သူ႔ဆီေငြေတြ လာေပးတဲ့သူေတြလည္း တျဖည္းျဖည္း မ်ားလာပါတယ္။ သူက ေၾကာင္ေလးတစ္ေကာင္ျဖစ္ေပမယ့္ အလႉအတန္းေတြ လုပ္ႏိုင္တဲ့ ေၾကာင္ေလးတစ္ေကာင္ ျဖစ္သြားပါတယ္။

Zombie (lovemedia)