ဝေလငါးလေးတွေက အရမ်းကို ချစ်စရာ ကောင်းပါတယ်။ မကြာသေးခင်က အမျိုးသမီးတစ်ယောက်ရဲ့ ဖုန်းဟာ သမုဒ္ဒရာထဲကို ပြုတ်ကျသွားပါတယ်။ အဲဒီအခါ Beluga ဝေလငါး တစ်ကောင်လေးက ဖုန်းကို အမျိုးသမီးထံကို ပြန်ပေးခဲ့ပါတယ်။

ဝေလငါးကို Hammerfest, Norway မှာ တွေ့ခဲ့တာပါ။ Mansika နဲ့ သူငယ်ချင်းတွေက ဝေလငါးကို ကြည့်ဖို့ သင်္ဘောကုန်းပတ်ပေါ်ကို ဆင်းလာခဲ့ကြပါတယ်။ အဲဒီကနေ ဖုန်းက သမုဒ္ဒရာထဲကို ပြုတ်ကျသွားခဲ့တာပါ။

ဖုန်းက ရေထဲကျသွားတော့ ပြန်မရတော့ဘူး ထင်ပေမယ့် ဝေလငါးလေးက ဖုန်းကို ပါးစပ်နဲ့ ကိုက်ပြီး လာပေးပါတယ်။ ဝေလငါးလေးက ဖုန်းကို ကိုက်ပြီးလာပေးတာ မြင်ရတဲ့သူတိုင်းက အံ့ဩနေကြပါတယ်။

Mansika က ဖုန်းပြန်ရလို့ အရမ်းကို ပျော်နေပါတယ်။ ဒါပေမယ့် ဖုန်းက ပြင်ဖို့အတွက်တော့ အရမ်းကို ရေဝင်သွားပါတယ်။ လူအများကတော့ ဝေလငါးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကို သဘောကျ နေကြပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

သမုဒ္ဒရာထဲ မတော်တဆ ပြုတ်ကျသွားတဲ့ဖုန်းကို ပါးစပ်နဲ့ကိုက်ပြီး လာပေးတဲ့ ဝေလငါးလေး (ရုပ်သံ)





Zombie (lovemedia)