ဗိုက်ဆာနေတဲ့ လေလွင့်ခွေးလေးတွေကို ကယ်တင်ဖို့ နည်းလမ်းကောင်းတွေ့ခဲ့တဲ့ အမျိုးသား

လေလွင့်ခွေးတွေ တစ်နေ့တခြား များပြားလာတဲ့ နိုင်ငံတွေထဲမှာ ဘိုလီဗီးယားနိုင်ငံကလည်း တစ်နိုင်ငံ အပါအဝင်ပဲဖြစ်ပါတယ်။ ဘိုလီဗီးယားနိုင်ငံရဲ့ လမ်းတွေပေါ်မှာ လေလွင့်ခွေးတွေက ၂ သန်းနီးပါး ရှိပါတယ်။ လေလွင့်ခွေး တစ်ဝက်လောက်က စွန့်ပစ်ခံရတဲ့ ခွေးတွေပါပဲ။ လေလွင့်ခွေးပမာဏက အရမ်းကို များနေပေမယ့် ခွေးတွေကို သနားကြင်နာတတ်သူတွေကတော့ ရှိနေပါသေးတယ်။

ဘိုလီဗီးယားနိုင်ငံ၊ La Paz က Fernando လို့ခေါ်တဲ့ လူတစ်ယောက်က ခွေးလေးတွေကို သနားကြင်နာတတ်သူပါ။ သူက ရာနဲ့ချီတဲ့ လေလွင့်ခွေးလေးတွေ ဆာလောင်မှုကနေ လွတ်မြောက်စေမယ်ပ နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။

Fernando က လွန်ခဲ့တဲ့ ၄ နှစ်က လေလွင့်ခွေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။ လေလွင့်ခွေးနဲ့ တွေ့ဆုံမှုက Fernando ရဲ့ဘဝကို ပြောင်းလဲလိုက်ပြီး စွန့်ပစ်ခံရတဲ့ ခွေးလေးတွေရဲ့ဘဝကို အာရုံစိုက်မိစေခဲ့ပါတယ်။

Fernando က အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ ယောဂသင်တန်းကနေ Fernando ထွက်လာတဲ့အခါ ဗိုက်ဆာနေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့ပြီး ဆန်းဝှစ်ချ်တစ်ဖဲ့ကို ခွေးလေးကို ကျွေးလိုက်ပါတယ်။

အဲဒီခွေးလေးက Fernando ရဲ့ လက်ကို လျက်ပြီး လည်ပင်းကိုလည်း နှုတ်သီးနဲ့ ပွတ်သပ်လိုက်ပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း ခွေးလေးဖော်ပြတဲ့ ပုံစံက Fernando ကို စိတ်ထိခိုက် ခံစားရစေပါတယ်။ နောက်နေ့မှာလည်း Fernando က အဲဒီလေလွင့်ခွေးလေးကို အစာထပ်ကျွေးပါတယ်။

မထင်မှတ်ထားတဲ့ တွေ့ဆုံမှု အောင်မြင်တဲ့ စီးပွားရေးသမားရဲ့ဘဝကို လုံးဝပြောင်းလဲသွားစေပါတယ်။ Fernando က အလုပ်ကနေ ထွက်လိုက်ပြီး လိုအပ်နေတဲ့ တိရစ္ဆာန်လေးတွေကို လိုက်လံကူညီပါတော့တယ်။

အခုဆိုရင် Fernando က မနက်ကနေ ညအထိ La Paz မြို့ရဲ့ လမ်းပေါ်က ခွေးကောင်ရေ ရာပေါင်းများစွာကို အစာလိုက်ကျွေးပါတယ်။ Fernando က ခွေးလေးတွေအတွက် အစာတွေ လိုက်ချထားပေးပါတယ်။ အစာတွေ ချထားပေးတဲ့ နေရာကို တစ်နေ့နှစ်ခေါက်လာပြီး ခွေးလေးတွေ အစာဝရဲ့လား ဆိုတာ လာကြည့်တတ်ပါတယ်။

Fernando က ခွေးလေးတွေအတွက် အစာတွေကို ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ fast-food ဆိုင်ခွဲတွေကနေ သွားယူပါတယ်။ နေ့စဉ်အစာတွေက ပုံးကြီးနဲ့ ၁၅ ပုံးခန့်ရပါတယ်။ အစာတွေထဲမှာ ကြက်သားတွေ၊ အရိုးတွေ၊ အစားအစာအကျန်တွေ ပါဝင်ပါတယ်။ အဲဒီ အစားအစာတွေကို သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ ဘီစကစ်နဲ့ ရောပြီး လေလွင့်ခွေးလေးတွေကို လိုက်ကျွေးပါတယ်။

နောက်ဆိုရင်တော့ ခွေးလေးတွေကို အစာလိုက်ကျွေးဖို့ လူငှားနိုင်မယ်လို့ Fernando က မျှော်လင့်နေပါတယ်။ Fernando ကို ကျေးဇူးတင်နေတဲ့ ခွေးလေးတွေရဲ့ ပုံတွေကို သူ့ရဲ့ facebook account မှာ တင်ထားပါတယ်။ Fernando က တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွေမှာလည်း တစ်ပတ်ကို ၅ ကြိမ်၊ ၆ ကြိမ်ခန့် လုပ်အားပေးပါသေးတယ်။

" ဘိုလီဗီးယားက ရုပ်သံလိုင်းတွေ၊ သတင်းစာတွေက ကျွန်တော့်ကို အင်တာဗျူးတာ အကြိမ်ပေါင်း ၁၃၀၀ ရှိပြီ။ ကျွန်တော်က နိုင်ငံရေးသမားလည်း မဟုတ်သလို ထင်ပေါ်ကျော်ကြားသူ တစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်တော်လုပ်သမျှကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်တယ်" လို့ Fernando က ပြောပါတယ်။ "မွေးစားပါ၊ မဝယ်ပါနဲ့ " ဆိုတာက သူ့ရဲ့ ဆောင်ပုဒ်ပါပဲ။

Fernando က ကောင်းမှုတွေ လုပ်တဲ့အခါ ကြီးကျယ်ခမ်းနားစရာ မလိုကြောင်း၊ ငွေအများကြီးရှိမှ လုပ်နိုင်တာ မဟုတ်ကြောင်း သက်သေပြလိုက်တာပါပဲ။ကမ္ဘာပေါ်က ဗိုက်ဆာနေတဲ့ တိရစ္ဆာန်လေးတွေအတွက် သူ့ရဲ့နည်းလမ်းက အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။

Zombie (lovemedia)

for zawgyi

ဗိုက္ဆာေနတဲ့ ေလလြင့္ေခြးေလးေတြကို ကယ္တင္ဖို႔ နည္းလမ္းေကာင္းေတြ႕ခဲ့တဲ့ အမ်ိဳးသား

ေလလြင့္ေခြးေတြ တစ္ေန႔တျခား မ်ားျပားလာတဲ့ ႏိုင္ငံေတြထဲမွာ ဘိုလီဗီးယားႏိုင္ငံကလည္း တစ္ႏိုင္ငံ အပါအဝင္ပဲျဖစ္ပါတယ္။ ဘိုလီဗီးယားႏိုင္ငံရဲ႕ လမ္းေတြေပၚမွာ ေလလြင့္ေခြးေတြက ၂ သန္းနီးပါး ရွိပါတယ္။ ေလလြင့္ေခြး တစ္ဝက္ေလာက္က စြန႔္ပစ္ခံရတဲ့ ေခြးေတြပါပဲ။ ေလလြင့္ေခြးပမာဏက အရမ္းကို မ်ားေနေပမယ့္ ေခြးေတြကို သနားၾကင္နာတတ္သူေတြကေတာ့ ရွိေနပါေသးတယ္။

ဘိုလီဗီးယားႏိုင္ငံ၊ La Paz က Fernando လို႔ေခၚတဲ့ လူတစ္ေယာက္က ေခြးေလးေတြကို သနားၾကင္နာတတ္သူပါ။ သူက ရာနဲ႔ခ်ီတဲ့ ေလလြင့္ေခြးေလးေတြ ဆာေလာင္မႈကေန လြတ္ေျမာက္ေစမယ္ပ နည္းလမ္းကို ရွာေတြ႕ခဲ့ပါတယ္။

Fernando က လြန္ခဲ့တဲ့ ၄ ႏွစ္က ေလလြင့္ေခြးတစ္ေကာင္ကို ေတြ႕ခဲ့ပါတယ္။ ေလလြင့္ေခြးနဲ႔ ေတြ႕ဆုံမႈက Fernando ရဲ႕ဘဝကို ေျပာင္းလဲလိုက္ၿပီး စြန႔္ပစ္ခံရတဲ့ေခြးေလးေတြရဲ႕ဘဝကို အာ႐ုံစိုက္မိေစခဲ့ပါတယ္။

Fernando က ေအာင္ျမင္တဲ့ စီးပြားေရးသမားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ တစ္ေန႔မွာ ေယာဂသင္တန္းကေန Fernando ထြက္လာတဲ့အခါ ဗိုက္ဆာေနတဲ့ ေခြးေလးတစ္ေကာင္ကို ေတြ႕ၿပီး ဆန္းဝွစ္ခ်္တစ္ဖဲ့ကို ေခြးေလးကို ေကြၽးလိုက္ပါတယ္။

အဲဒီေခြးေလးက Fernando ရဲ႕ လက္ကို လ်က္ၿပီး လည္ပင္းကိုလည္း ႏႈတ္သီးနဲ႔ ပြတ္သပ္လိုက္ပါတယ္။ ေက်းဇူးတင္တဲ့အေၾကာင္း ေခြးေလးေဖာ္ျပတဲ့ ပုံစံက Fernando ကို စိတ္ထိခိုက္ ခံစားရေစပါတယ္။ ေနာက္ေန႔မွာလည္း Fernando က အဲဒီေလလြင့္ေခြးေလးကို အစာထပ္ေကြၽးပါတယ္။ မထင္မွတ္ထားတဲ့ ေတြ႕ဆုံမႈ ေအာင္ျမင္တဲ့ စီးပြားေရးသမားရဲ႕ဘဝကို လုံးဝေျပာင္းလဲသြားေစပါတယ္။ Fernando က အလုပ္ကေန ထြက္လိုက္ၿပီး လိုအပ္ေနတဲ့ တိရစာၦန္ေလးေတြကို လိုက္လံကူညီပါေတာ့တယ္။

အခုဆိုရင္ Fernando က မနက္ကေန ညအထိ La Paz ၿမိဳ႕ရဲ႕ လမ္းေပၚက ေခြးေကာင္ေရ ရာေပါင္းမ်ားစြာကို အစာလိုက္ေကြၽးပါတယ္။ Fernando က ေခြးေလးေတြအတြက္ အစာေတြ လိုက္ခ်ထားေပးပါတယ္။ အစာေတြ ခ်ထားေပးတဲ့ ေနရာကို တစ္ေန႔ႏွစ္ေခါက္လာၿပီး ေခြးေလးေတြ အစာဝရဲ႕လား ဆိုတာ လာၾကည့္တတ္ပါတယ္။

Fernando က ေခြးေလးေတြအတြက္ အစာေတြကို ေကာ္ဖီဆိုင္၊ စားေသာက္ဆိုင္၊ fast-food ဆိုင္ခြဲေတြကေန သြားယူပါတယ္။ ေန႔စဥ္အစာေတြက ပုံးႀကီးနဲ႔ ၁၅ ပုံးခန႔္ရပါတယ္။ အစာေတြထဲမွာ ၾကက္သားေတြ၊ အ႐ိုးေတြ၊ အစားအစာအက်န္ေတြ ပါဝင္ပါတယ္။ အဲဒီ အစားအစာေတြကို သူ႔ရဲ႕ကိုယ္ပိုင္ေငြနဲ႔ ဝယ္ထားတဲ့ ဘီစကစ္နဲ႔ ေရာၿပီး ေလလြင့္ေခြးေလးေတြကို လိုက္ေကြၽးပါတယ္။

ေနာက္ဆိုရင္ေတာ့ ေခြးေလးေတြကို အစာလိုက္ေကြၽးဖို႔ လူငွားႏိုင္မယ္လို႔ Fernando က ေမွ်ာ္လင့္ေနပါတယ္။ Fernando ကို ေက်းဇူးတင္ေနတဲ့ ေခြးေလးေတြရဲ႕ ပုံေတြကို သူ႔ရဲ႕ facebook account မွာ တင္ထားပါတယ္။ Fernando က တိရစာၦန္ေစာင့္ေရွာက္ေရး ေဂဟာေတြမွာလည္း တစ္ပတ္ကို ၅ ႀကိမ္၊ ၆ ႀကိမ္ခန႔္ လုပ္အားေပးပါေသးတယ္။

" ဘိုလီဗီးယားက ႐ုပ္သံလိုင္းေတြ၊ သတင္းစာေတြက ကြၽန္ေတာ့္ကို အင္တာဗ်ဴးတာ အႀကိမ္ေပါင္း ၁၃၀၀ ရွိၿပီ။ ကြၽန္ေတာ္က ႏိုင္ငံေရးသမားလည္း မဟုတ္သလို ထင္ေပၚေက်ာ္ၾကားသူ တစ္ေယာက္လည္း မဟုတ္ဘူး။ ကြၽန္ေတာ္လုပ္သမွ်ကို ပြင့္လင္းျမင္သာမႈရွိရွိ လုပ္တယ္" လို႔ Fernando က ေျပာပါတယ္။ "ေမြးစားပါ၊ မဝယ္ပါနဲ႔ " ဆိုတာက သူ႔ရဲ႕ ေဆာင္ပုဒ္ပါပဲ။

Fernando က ေကာင္းမႈေတြ လုပ္တဲ့အခါ ႀကီးက်ယ္ခမ္းနားစရာ မလိုေၾကာင္း၊ ေငြအမ်ားႀကီးရွိမွ လုပ္ႏိုင္တာ မဟုတ္ေၾကာင္း သက္ေသျပလိုက္တာပါပဲ။ကမာၻေပၚက ဗိုက္ဆာေနတဲ့ တိရစာၦန္ေလးေတြအတြက္ သူ႔ရဲ႕နည္းလမ္းက အ႐ိုးရွင္းဆုံးနဲ႔ အလြယ္ကူဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments