တခါတုန်းက ရှင်ဘုရင်တပါးဟာ ပန်းခြံထဲ ခြေစင်္ကြာ ဖြန့်နေတုန်း လှပတဲ့ မြွေလေးတကောင် စည်းရိုးနားက ဆူးခက်တွေ ကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင် လိုက်တယ်။

နောက်တနေ့မှာတော့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တဦးကို တွေ့လိုက်တယ်။ "အသင်ဟာ ဘယ်သူလဲ၊ ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော် ဝင်ရောက်လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်၊ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုးရဲ့ သမီးလေး အရှင့်ပန်းခြံထဲက ပန်းများကို ရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင် ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့ အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း ကျွန်ုပ်နန်းတော်မှာ အဖိုးတန် ပစ္စည်းတွေ အများအပြား ရှိပါတယ်။ ဘာမှ လိုလေသေး မရှိဘူး ဆိုပေမဲ့ သတ္တဝါတို့ရဲ့ ဘာသာစကားကို တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက် တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့က စပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကို စားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ် စားပြီး ၇ ရက် အတွင်း သူတို့စကားကို အရှင် နားလည်လာ ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင် လျှို့ဝှက်ထားရမယ်။ တယောက်ယောက်က သိသွားရင် အစွမ်း ပြယ်သွားလိမ့်မယ်" လို့ ဆိုပြီး နဂါးမင်း ပျောက်ကွယ်သွားတယ်။

ဘုရင်ကြီးကလည်း နဂါးမင်း ပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ၇ ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော် ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကို ကြားလိုက်တယ်။ ပိုးဖလံတကောင်က "တော် ဟိုကြမ်းပြင်မှာ ကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ ပြောတော့ နောက်ပိုးဖလံ တကောင်က "စားချင်ရင် ကိုယ်တိုင် သွားကောက်ပါလား"လို့ ပြောတယ်။

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ် ဆို ခုတော့ ထမင်းတစေ့ သွားကောက်ဖို့တောင် တော် မလုပ်နိုင်တော့ဘူးလား"

"အစားပဲ ရှိပြီ အလှုပ်မရှိလို့ ဝနေတာပေါ့။ ဝိတ်လျှော့ပါ ဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်း သွားကောက်ခိုင်းတာ သေခိုင်းတာနဲ့ အတူတူပဲ။ ဘာလဲ မင်း နောက်မီး လင်းနေလို့ ငါ့ကို သေကြောင်း ကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကို ကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့် ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှ မဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်း သောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။ "ဘေးဖယ် ရှင်မရေ" "ဒီလောက် ညဉ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား" "ဟာ ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှ မပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော် ကျေးဇူးကန်းရဲ့၊ ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာ မဟုတ်ဘူး။ မင်း ပူညံပူညံ လုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့ ဖယ်စမ်းပါ" "မဖယ်နိုင်ဘူး ရှင်ရေ၊ အစကတော့ ကျွန်မကို မခွဲမခွါဘဲ တသက်လုံး ချစ်မယ်ဆို။ အခုယူတာ တလတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်၊ ဒီတလ အမြီးပြတ်တာ သုံးခါ ရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကို ကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့က စပြီး ဘုရင်ဟာ ရုတ်တရက် ထ ထ ရယ်နေတတ်တယ်။ ကြုံရဖန် များလာတော့ မိဖုရားက "ဘုရင်ကြီး တခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီး ရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံး စီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း၊ ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တနေရာမှာ ဆိတ်ခြံကို တွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ" "လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ ပိုးခိုင်းရတာလဲ" "ရှင်မပိုးရင် ကျွန်မကိုယ် ကျွန်မ သတ်သေလိုက်မှာနော်" "ရော်၊ ဘယ်နှယ့် အဲဒီလို တုံး အ တဲ့ အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ်ကို သတ်သေမယ် ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျောခဲ့တယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ လက်နက်ကောင်း တမျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား၊ မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား ဟား မင်း အရမ်း တုံး အ တာပဲ။ ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ် ဆိုတာ ကမ္ဘာပေါ်မှာ ရှိသမျှ အပြုအမှုထဲက ရယ်စရာ အကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တဝါတွေထဲမှာ လူတွေက လွဲရင် ဘယ်သတ္တဝါကမှ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တဝါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ် အသက်ရှင်တယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်တာကို တခြားလူက ကြားခံပြီး လာသေပေးလို့ မရဘူး။ လူတွေလို ကိုယ့်ကိုယ်ကို အဆုံး စီရင်ချင်သလား၊ ကိုယ့်ကိုယ်ကို ဆိတ်ပီသအောင် ကျင့်ကြံမလား၊ ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖိုရဲ့ ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့အရှင်သခင် ဘုရင်လို့သာ ပြောတယ်။ ငါ့ရဲ့ အသိဉာဏ်က ဆိတ်တကောင်ရဲ့ အသိဉာဏ်လောက်တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က "နှမတော်နဲ့ အတူနေချိန် မောင်တော် အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလည်း သတိရတယ်။ အပန်းဖြေချိန်မှာလည်း သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့ နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတလုံး လိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေ ပြန့်လွှင့်ကုန်တယ်" ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကို ကြားတော့ မိဖုရားက ဝမ်းသာပီတိ ဖြစ်ရတယ်။

ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။ "လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတု ယူထားစမ်းပါ"

"ရှင်လည်း ကျွန်မကို အဲဒီလို စကားမျိုး ပြောရင် ရှင့်ကို ကျွန်မ ရန်မရှာတော့ဘူး"

ဘုရင်ကြီး ရယ်လိုက်မိ ပြန်တယ်။

99Sanay

Zawgyi

ဘုရင္ႀကီးႏွင့္ တိရစာၦန္စကား

တခါတုန္းက ရွင္ဘုရင္တပါးဟာ ပန္းၿခံထဲ ေျခစၾကၤာ ျဖန႔္ေနတုန္း လွပတဲ့ ေႁမြေလးတေကာင္ စည္း႐ိုးနားက ဆူးခက္ေတြ ၾကားမွာ ၿငိေနတာကို ေတြ႕လိုက္တယ္။ ေႁမြငယ္ကို ဘုရင္က ကယ္တင္ လိုက္တယ္။

ေနာက္တေန႔မွာေတာ့ ဘုရင္ႀကီး ပန္းၿခံထဲ လွည့္လည္ေနတုန္း အတ္အစား သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားတဲ့ ပုဂၢိဳလ္တဦးကို ေတြ႕လိုက္တယ္။ "အသင္ဟာ ဘယ္သူလဲ၊ ဘယ္နည္းနဲ႔ နန္းေတာ္ထဲ က်ဴးေက်ာ္ ဝင္ေရာက္လာသလဲ"

"မထိတ္လန႔္ပါနဲ႔ အရွင္၊ ကြၽန္ေတာ္မ်ိဳးက နဂါးမင္းပါ။ ေက်းဇူးဆပ္ဖို႔အတြက္ ေရာက္ရွိလာျခင္း ျဖစ္ပါတယ္"

"ဘာေက်းဇူးမ်ားလဲ"

"မေန႔က ကြၽန္ေတာ့္မ်ိဳးရဲ႕ သမီးေလး အရွင့္ပန္းၿခံထဲက ပန္းမ်ားကို ရႈစားရင္း စည္း႐ိုးမွာ ၿငိေနခဲ့တယ္။ အရွင္ ကယ္တင္ခဲ့လို႔ သမီးေတာ္ေလး ေနေလာင္ျခင္းမွာ လႊတ္ကင္းခဲ့ရတဲ့ အတြက္ ေက်းဇူးဆပ္ခ်င္ပါတယ္။ အရွင္လိုရာ ေျပာပါ။ ကြၽန္ေတာ္မ်ိဳး ကူညီဖို႔အသင့္ပါ"

"အင္း ကြၽႏ္ုပ္နန္းေတာ္မွာ အဖိုးတန္ ပစၥည္းေတြ အမ်ားအျပား ရွိပါတယ္။ ဘာမွ လိုေလေသး မရွိဘူး ဆိုေပမဲ့ သတၱဝါတို႔ရဲ႕ ဘာသာစကားကို တတ္ခ်င္တယ္။ အကြၽႏ္ုပ္က ေက်းငွက္ တိရိစာၦန္ေတြကို ခ်စ္ခင္ႏွစ္သက္တယ္။ ဒါေပမဲ့ သူတို႔ ဘာေတြေျပာေနမွန္း နားမလည္ခဲ့ဘူး"

"ဒါ မခက္ခဲပါဘူး အရွင္။ သူတို႔ရဲ႕ စကားကို နားလည္ခ်င္ရင္ ဒီေန႔က စၿပီး သူတို႔ရဲ႕အသားကို မစားပါနဲ႔။ သူ႔အသားကို စားၿပီး သူ႔စကားကို နားလည္တာမ်ိဳးက မျဖစ္ႏိုင္ဘူး။ သက္သတ္လြတ္ စားၿပီး ၇ ရက္ အတြင္း သူတို႔စကားကို အရွင္ နားလည္လာ ပါလိမ့္မယ္။ ဒါေပမဲ့ ဒီကိစၥကို အရွင္ လွ်ိဳ႕ဝွက္ထားရမယ္။ တေယာက္ေယာက္က သိသြားရင္ အစြမ္း ျပယ္သြားလိမ့္မယ္" လို႔ ဆိုၿပီး နဂါးမင္း ေပ်ာက္ကြယ္သြားတယ္။

ဘုရင္ႀကီးကလည္း နဂါးမင္း ေျပာတဲ့အတိုင္း လိုက္နာခဲ့တယ္။ ၇ ရက္ေရာက္ေတာ့ ဘုရင္ႀကီး စားပြဲေတာ္ ခံေနတုန္း ပိုးဖလံႏွစ္ေကာင္ရဲ႕ အသံကို ၾကားလိုက္တယ္။ ပိုးဖလံတေကာင္က "ေတာ္ ဟိုၾကမ္းျပင္မွာ က်ေနတဲ့ ထမင္းေစ့ကို သြားေကာက္ပါလား" လို႔ ေျပာေတာ့ ေနာက္ပိုးဖလံ တေကာင္က "စားခ်င္ရင္ ကိုယ္တိုင္ သြားေကာက္ပါလား"လို႔ ေျပာတယ္။

"က်ဳပ္မပ်ံႏိုင္လို႔ ေတာ့္ကို ေကာက္ခိုင္းတာေပါ့။ အစကေတာ့ ခ်စ္ပါတယ္ ဆို ခုေတာ့ ထမင္းတေစ့ သြားေကာက္ဖို႔ေတာင္ ေတာ္ မလုပ္ႏိုင္ေတာ့ဘူးလား"

"အစားပဲ ရွိၿပီ အလႈပ္မရွိလို႔ ဝေနတာေပါ့။ ဝိတ္ေလွ်ာ့ပါ ဆိုေတာ့ မေလွ်ာ့ဘူး။ ဘုရင္နဲ႔ မိဖုရားေရွ႕မွာ က်ဳပ္ကို ထမင္း သြားေကာက္ခိုင္းတာ ေသခိုင္းတာနဲ႔ အတူတူပဲ။ ဘာလဲ မင္း ေနာက္မီး လင္းေနလို႔ ငါ့ကို ေသေၾကာင္း ႀကံတာလား"

ပိုးဖလံႏွစ္ေကာင္ အခ်ီအခ်ေျပာေနတဲ့ စကားကို ၾကားေတာ့ ဘုရင္ႀကီးက မေအာင့္ႏိုင္ဘဲ ရယ္မိေတာ့တယ္။ ႐ုတ္တရက္ ထရယ္တဲ့ ဘုရင္ကို မိဖုရားက ဘာေၾကာင့္ ရယ္တာလဲ ေမးေတာ့ ဘုရင္က ဘာမွ မဟုတ္ေၾကာင္း လက္ကာျပတယ္။

ထမင္းစားၿပီး မိဖုရားနဲ႔ ေရေႏြးၾကမ္း ေသာက္ေနတုန္း အိမ္ေခါင္မိုးေပၚက အိမ္ေျမာင္ႏွစ္ေကာင္ရဲ႕ စကားေျပာသံကို ဘုရင္က ၾကားလိုက္မိျပန္တယ္။ "ေဘးဖယ္ ရွင္မေရ" "ဒီေလာက္ ညဥ့္နက္ေနၿပီ ရွင္ဘယ္သြားမလို႔လဲ။ ေဘးအိမ္က မုဆိုးမဆီ သြားမလို႔လား" "ဟာ ဒီမိန္းမ ငါဘယ္ႏွစ္ခါ ေျပာရမလဲ။ ေဘးအိမ္ကနဲ႔ ငါ ဘာမွ မပတ္သက္ဘူး။ လူတကာကို မစြပ္စြဲနဲ႔"

"ေအာ္ ေက်းဇူးကန္းရဲ႕၊ ရွင္က သူ႔ကို ကာဆီးကာဆီး လုပ္တာလား။ ေန႔တိုင္းပဲ အဲဒီမိန္းမေၾကာင့္ က်ဳပ္တို႔ စကားမ်ားရတယ္။ မပတ္သက္ရင္ ဘာျဖစ္လို႔ ခဏခဏ သြားေနရတာလဲ"

"ငါ ေဘးအိမ္ကို သြားတာ မဟုတ္ဘူး။ မင္း ပူညံပူညံ လုပ္လြန္းလို႔ နားေအးပါးေအး အျပင္ထြက္ေရွာင္မလို႔ ဖယ္စမ္းပါ" "မဖယ္ႏိုင္ဘူး ရွင္ေရ၊ အစကေတာ့ ကြၽန္မကို မခြဲမခြါဘဲ တသက္လုံး ခ်စ္မယ္ဆို။ အခုယူတာ တလေတာင္ မရွိေသးဘူး။ ရွင္က က်ဳပ္ကို ခြါခ်င္ၿပီလား"

အိမ္ေျမာင္ႏွစ္ေကာင္ လုံးရင္းဆန္ရင္း ေခါင္မိုးေပၚက ျပဳတ္က်လာၿပီး အၿမီးေတြ ျပတ္ကုန္တယ္။ "ေတာက္၊ ဒီတလ အၿမီးျပတ္တာ သုံးခါ ရွိၿပီကြ" ေဒါနဲ႔ေမာနဲ႔ ေျပာလိုက္တဲ့ အသံကို ၾကားေတာ့ ဘုရင္ႀကီးက မေအာင့္ႏိုင္ဘဲ ရယ္မိျပန္တယ္။ မိဖုရားက ေမးေတာ့ ဘုရင္က ဘာမွမဟုတ္ေၾကာင္း လက္ကာျပျပန္တယ္။

အဲဒီေန႔က စၿပီး ဘုရင္ဟာ ႐ုတ္တရက္ ထ ထ ရယ္ေနတတ္တယ္။ ႀကဳံရဖန္ မ်ားလာေတာ့ မိဖုရားက "ဘုရင္ႀကီး တခုခုကို လွ်ိဳ႕ဝွက္ထားပုံရတယ္။ ငါ့အသက္နဲ႔ မၿခိမ္းေျခာက္ခဲ့ရင္ သူေျပာျပမွာ မဟုတ္ဘူး" ဆိုၿပီး ဘုရင္ႀကီး ရယ္တဲ့ အေၾကာင္းရင္းကို မေျပာျပရင္ ကိုယ့္ကိုအဆုံး စီရင္မယ္လို႔ မိဖုရားက ၿခိမ္းေျခာက္ေတာ့တယ္။

ဘုရင္ႀကီးက လွ်ိဳ႕ဝွက္ခ်က္ကို မေျပာျပခ်င္ေတာ့ "ခဏေနအုန္း၊ က်ဳပ္အျပင္ထြက္ၿပီး စိတ္အပန္း ေျဖလိုက္အုန္းမယ္။ ျပန္လာရင္ ေျပာျပမယ္" ဆိုၿပီး ထြက္ခဲ့တယ္။ နန္းေတာ္ရဲ႕ တေနရာမွာ ဆိတ္ၿခံကို ေတြ႕ေတာ့ ဆိတ္ႏွစ္ေကာင္ စကားေျပာေနတာကို ဘုရင္ႀကီးက ၾကားမိတယ္။

"ကြၽန္မမွာ ကိုယ္ေလးလက္ဝန္နဲ႔ ကြၽန္မကို ခ်ီပိုးစမ္းပါ" "လမ္းေလွ်ာက္ေနရက္ အေကာင္းႀကီးကေန က်ဳပ္ကို ဘာလို႔ ပိုးခိုင္းရတာလဲ" "ရွင္မပိုးရင္ ကြၽန္မကိုယ္ ကြၽန္မ သတ္ေသလိုက္မွာေနာ္" "ေရာ္၊ ဘယ္ႏွယ့္ အဲဒီလို တုံး အ တဲ့ အေတြးရွိရတာလဲ ရွင္မရယ္။ အဲဒီစကား ဘယ္က သင္ခဲ့တာလဲ ေျပာစမ္း"

"ခုနက ဘုရင္နဲ႔ မိဖုရား ေျပာေနတာကို ၾကားလိုက္လို႔ပါ။ မိဖုရားက ကိုယ့္ကိုယ္ကို သတ္ေသမယ္ ဆိုၿပီး ေတာင္းဆိုတာကို ဘုရင္က ခ်က္ခ်င္းပဲ လိုက္ေလ်ာခဲ့တယ္။ ကိုယ့္ကိုယ္ကို သတ္ေသတယ္ဆိုတာ လက္နက္ေကာင္း တမ်ိဳးပဲ။ ဒါေၾကာင့္ ရွင္ ကြၽန္မကို အရင္ကလို ခ်စ္ေသးလား၊ မခ်စ္ဘူးလားလို႔ စမ္းၾကည့္တာ"

"ဟား ဟား မင္း အရမ္း တုံး အ တာပဲ။ ကိုယ့္ကိုယ္ကို အဆုံးစီရင္တယ္ ဆိုတာ ကမာၻေပၚမွာ ရွိသမွ် အျပဳအမႈထဲက ရယ္စရာ အေကာင္းဆုံးနဲ႔ အတုံးဆုံး။ သတၱဝါေတြထဲမွာ လူေတြက လြဲရင္ ဘယ္သတၱဝါကမွ ကိုယ့္ကိုယ္ကို အဆုံးစီရင္တဲ့လမ္း မေ႐ြးဘူး။ သတၱဝါတိုင္းက ကိုယ့္အသက္ကို ကိုယ္ခ်စ္တယ္။ ကိုယ့္အသိနဲ႔ ကိုယ္ အသက္ရွင္တယ္။

ကိုယ့္ကိုယ္ကို အဆုံးစီရင္တာကို တျခားလူက ၾကားခံၿပီး လာေသေပးလို႔ မရဘူး။ လူေတြလို ကိုယ့္ကိုယ္ကို အဆုံး စီရင္ခ်င္သလား၊ ကိုယ့္ကိုယ္ကို ဆိတ္ပီသေအာင္ က်င့္ႀကံမလား၊ ႀကိဳက္ရာလမ္းကို ေ႐ြးေပးေတာ့"

ဆိတ္ဖိုရဲ႕ ေျပာစကားကို နားေထာင္ၿပီး ဆိတ္မ ၿငိမ္ကုတ္သြားတယ္။ ဘုရင္က သူတို႔ေျပာတဲ့ စကားကိုနားေထာင္ၿပီး "ငါဟာ တိုင္းျပည္ရဲ႕အရွင္သခင္ ဘုရင္လို႔သာ ေျပာတယ္။ ငါ့ရဲ႕ အသိဉာဏ္က ဆိတ္တေကာင္ရဲ႕ အသိဉာဏ္ေလာက္ေတာင္ မရွိပါလား" လို႔ ေတြးမိၿပီး မိဖုရားကို ေျပာျပဖို႔ နန္းေတာ္ထဲ ျပန္ခဲ့တယ္။

မိဖုရားကိုေတြ႕ေတာ့ ဘုရင္က "ႏွမေတာ္နဲ႔ အတူေနခ်ိန္ ေမာင္ေတာ္ အၿမဲရယ္ျဖစ္တာက ဟိုးအရင္က ႏွမေတာ္နဲ႔အတူ ေပ်ာ္ပါးခဲ့တဲ့ အခ်ိန္ေတြကို ျပန္ေအာက္ေမ့ သတိရမိလို႔ပါ။ စားေသာက္ေနခ်ိန္မွာလည္း သတိရတယ္။ အပန္းေျဖခ်ိန္မွာလည္း သတိရတယ္။ အစဥ္အၿမဲ သတိရေနလို႔ပါပဲ ႏွမေတာ္"

"ဒါဆိုရင္ ဘာျဖစ္လို႔ အစကတည္းက မေျပာတာလဲ"

"စိတ္ထဲမွာ ထားၿပီး တေျမ့ေျမ့နဲ႔ ေအာက္ေမ့ ေနရတာက ပိုခ်ိဳၿမိန္တယ္ေလ ႏွမေတာ္။ အေမႊးရနံ႔ေတြ ထည့္ထားတဲ့ ပုလင္းတလုံး လိုေပါ့။ အဖုံးဖြင့္လိုက္ရင္ ရနံ႔ေတြ ျပန႔္လႊင့္ကုန္တယ္" ဘုရင္ရဲ႕ နားဝင္ခ်ိဳတဲ့ စကားကို ၾကားေတာ့ မိဖုရားက ဝမ္းသာပီတိ ျဖစ္ရတယ္။

ဘုရင္က ႐ုတ္တရက္ ပိုးဖလံႏွစ္ေကာင္ရဲ႕ စကားကို ၾကားလိုက္မိတယ္။ "လူေတြရဲ႕ စကားခ်ိဳခ်ိဳ ေျပာတတ္တဲ့ အက်င့္ကို အတု ယူထားစမ္းပါ"

"ရွင္လည္း ကြၽန္မကို အဲဒီလို စကားမ်ိဳး ေျပာရင္ ရွင့္ကို ကြၽန္မ ရန္မရွာေတာ့ဘူး"

ဘုရင္ႀကီး ရယ္လိုက္မိ ျပန္တယ္။

99Sanay