ဆောင်းရာသီဟာ နေ့တာတိုပေမယ့် အားလပ်ရက်တွေ များတာကြောင့် ပိုပျော်စရာ ကောင်းပါတယ်။ ဆောင်းရာသီမှာ ဗိုက်ကလည်း ခဏခဏ ဆာတတ်ပါတယ်။ အဲဒါကြောင့် တခြားရာသီတွေနဲ့ မတူဘဲ ဆောင်းရာသီရောက်ရင် ဗိုက်ဆာရတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ရာသီဥတုအေးခြင်း

ရာသီဥတု အေးလာတဲ့အခါ ခန္ဓာကိုယ်ထဲက အပူချိန်တွေက ကျဆင်းလာပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ် ကိုင်တိုင်က ကယ်လိုရီတွေ များများသုံးပြီး နွေးထွေးအောင် လုပ်ပါတယ်။ အဲဒီအချိန်မှာ ကာဗွန်ဟိုက်ဒရိတ်များတဲ့၊ အဆီများတဲ့ အစားအစာ တစ်ခုခုကို ခဏခဏ စားချင်လာပါတယ်။ ကာဗွန်ဟိုက်ဒရိတ်များတဲ့၊ အဆီများတဲ့ အစားအစာတွေက သင့်ခန္ဓာကိုယ်ကို သဘာဝအတိုင်း နွေးထွေးအောင် လုပ်ပေးပါတယ်။ ကျန်းမာရေးနဲ့ပိုပြီး သင့်တော်အောင် ကာဗွန်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေ နေရာမှာ ပရိုတိန်းနဲ့ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို အစားထိုးပြီး စားလို့ရပါတယ်။

၂။ အိမ်ထဲတွင် အနေများခြင်း

ရာသီဥတုအေးတဲ့အခါ အိမ်ထဲမှာ အနေများတာကြောင့် လှုပ်လှုပ်ရှားရှား သိပ်မလုပ်ဖြစ်တော့ပါဘူး။ ဒါ့အပြင် မုန့်တွေလည်း ပိုစားလာမိပါတယ်။ ရာသီဥတုအေးတဲ့အခါ ခန္ဓာကိုယ်နွေးပြီး ကိုယ်အလေးချိန် ထိန်းပြီးသားဖြစ်အောင် ကတာ၊ အိမ်အလုပ်လုပ်တာ၊ ဖြည်းဖြည်းလေး ပြေးတာတွေကို လုပ်လို့ရပါတယ်။

၃။ ရေဓါတ်ခန်းခြောက်ခြင်း

ဆောင်းရာသီမှာ လေအေးတွေကို ရှူရှိုက်ရလို့ ရေဓါတ်ပိုမို ခန်းခြောက်ပါတယ်။ အနွေးထည်တွေ များများဝတ်ပြီး ချွေးတွေလည်း ထွက်တာကြောင့် ရေဓါတ်က ပိုမိုလိုအပ်ပါတယ်။ ရေဆာလာတဲ့အခါ ဗိုက်ဆာလာသလို ခံစားရတာကြောင့် အစားကို ပိုစားဖြစ်သွားတာပါ။ ဆောင်းရာသီမှာ ရေဓါတ်ပြည့်နေအောင် သခွားသီး၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ပန်းသီးတို့ကို များများစားပေး သင့်ပါတယ်။

၄။ စိတ်မရွှင်ပျခြင်း

ရာသီဥတုနဲ့ စိတ်ခံစားချက်ကလည်း အမြဲလိုလို ဆက်စပ်နေတတ်ပါတယ်။ ရာသီဥတုအေးတဲ့အခါ ဘယ်အရာကို လွမ်းလို့ လွမ်းမှန်းမသိ ခံစားရလေ့ ရှိကြပါတယ်။ အစားအစာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျစေလို့ လူတွေက စိတ်ညစ်ရင် ပိုစားကြတာပါ။ ဆောင်းရာသီမှာ စိတ်ကိုလည်း ရွှင်ပျလာအောင်၊ ကျန်းမာရေးနဲ့လည်း ကိုက်ညီအောင် အဆီများတဲ့ငါး၊ ချောကလက်အနက်၊ ငှက်ပျောသီး၊ ဘယ်ရီသီးများ၊ အစေ့အဆံ၊ ပဲတွေကို များများစားပေး သင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

ေဆာင္းရာသီမွာ ဗိုက္ပိုဆာပီး အစားမ်ားမ်ား စားျဖစ္ရျခင္းရဲ႔ အေၾကာင္းအရင္း (၄) ခ်က္

ေဆာင္းရာသီဟာ ေန႔တာတိုေပမယ့္ အားလပ္ရက္ေတြ မ်ားတာေၾကာင့္ ပိုေပ်ာ္စရာ ေကာင္းပါတယ္။ ေဆာင္းရာသီမွာ ဗိုက္ကလည္း ခဏခဏ ဆာတတ္ပါတယ္။ အဲဒါေၾကာင့္ တျခားရာသီေတြနဲ႔ မတူဘဲ ေဆာင္းရာသီေရာက္ရင္ ဗိုက္ဆာရတဲ့ အေၾကာင္းအရင္းေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ရာသီဥတုေအးျခင္း

ရာသီဥတု ေအးလာတဲ့အခါ ခႏၶာကိုယ္ထဲက အပူခ်ိန္ေတြက က်ဆင္းလာပါတယ္။ အဲဒါေၾကာင့္ ခႏၶာကိုယ္ ကိုင္တိုင္က ကယ္လိုရီေတြ မ်ားမ်ားသုံးၿပီး ေႏြးေထြးေအာင္ လုပ္ပါတယ္။ အဲဒီအခ်ိန္မွာ ကာဗြန္ဟိုက္ဒရိတ္မ်ားတဲ့၊ အဆီမ်ားတဲ့ အစားအစာ တစ္ခုခုကို ခဏခဏ စားခ်င္လာပါတယ္။ ကာဗြန္ဟိုက္ဒရိတ္မ်ားတဲ့၊ အဆီမ်ားတဲ့ အစားအစာေတြက သင့္ခႏၶာကိုယ္ကို သဘာဝအတိုင္း ေႏြးေထြးေအာင္ လုပ္ေပးပါတယ္။ က်န္းမာေရးနဲ႔ပိုၿပီး သင့္ေတာ္ေအာင္ ကာဗြန္ဟိုက္ဒရိတ္မ်ားတဲ့ အစားအစာေတြ ေနရာမွာ ပ႐ိုတိန္းနဲ႔ အမွ်င္ဓါတ္မ်ားတဲ့ အစားအစာေတြကို အစားထိုးၿပီး စားလို႔ရပါတယ္။

၂။ အိမ္ထဲတြင္ အေနမ်ားျခင္း

ရာသီဥတုေအးတဲ့အခါ အိမ္ထဲမွာ အေနမ်ားတာေၾကာင့္ လႈပ္လႈပ္ရွားရွား သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ ဒါ့အျပင္ မုန႔္ေတြလည္း ပိုစားလာမိပါတယ္။ ရာသီဥတုေအးတဲ့အခါ ခႏၶာကိုယ္ေႏြးၿပီး ကိုယ္အေလးခ်ိန္ ထိန္းၿပီးသားျဖစ္ေအာင္ ကတာ၊ အိမ္အလုပ္လုပ္တာ၊ ျဖည္းျဖည္းေလး ေျပးတာေတြကို လုပ္လို႔ရပါတယ္။

၃။ ေရဓါတ္ခန္းေျခာက္ျခင္း

ေဆာင္းရာသီမွာ ေလေအးေတြကို ရႉရႈိက္ရလို႔ ေရဓါတ္ပိုမို ခန္းေျခာက္ပါတယ္။ အေႏြးထည္ေတြ မ်ားမ်ားဝတ္ၿပီး ေခြၽးေတြလည္း ထြက္တာေၾကာင့္ ေရဓါတ္က ပိုမိုလိုအပ္ပါတယ္။ ေရဆာလာတဲ့အခါ ဗိုက္ဆာလာသလို ခံစားရတာေၾကာင့္ အစားကို ပိုစားျဖစ္သြားတာပါ။ ေဆာင္းရာသီမွာ ေရဓါတ္ျပည့္ေနေအာင္ သခြားသီး၊ ဆလတ္႐ြက္၊ ခရမ္းခ်ဥ္သီး၊ ပန္းသီးတို႔ကို မ်ားမ်ားစားေပး သင့္ပါတယ္။

၄။ စိတ္မ႐ႊင္ပ်ျခင္း

ရာသီဥတုနဲ႔ စိတ္ခံစားခ်က္ကလည္း အၿမဲလိုလို ဆက္စပ္ေနတတ္ပါတယ္။ ရာသီဥတုေအးတဲ့အခါ ဘယ္အရာကို လြမ္းလို႔ လြမ္းမွန္းမသိ ခံစားရေလ့ ရွိၾကပါတယ္။ အစားအစာေတြက စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစလို႔ လူေတြက စိတ္ညစ္ရင္ ပိုစားၾကတာပါ။ ေဆာင္းရာသီမွာ စိတ္ကိုလည္း ႐ႊင္ပ်လာေအာင္၊ က်န္းမာေရးနဲ႔လည္း ကိုက္ညီေအာင္ အဆီမ်ားတဲ့ငါး၊ ေခ်ာကလက္အနက္၊ ငွက္ေပ်ာသီး၊ ဘယ္ရီသီးမ်ား၊ အေစ့အဆံ၊ ပဲေတြကို မ်ားမ်ားစားေပး သင့္ပါတယ္။

Zombie (Lovemedia)