တခါတုန်းက လူတယောက်ဟာ သူ့ရဲ့မြို့ကို ပြန်လာလာချင်းမှာပဲ သူ့ရဲ့အိမ် မီးလောင်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့အိမ်က တမြို့လုံးမှာရှိသမျှ အိမ်တွေထဲမှာ အလှဆုံး အိမ်တလုံးပါ။ သူ့အိမ်ကို သူ သိပ်ချစ်တာပေါ့။ ဈေးနှစ်ဆ ပေးပြီး ဝယ်ကြတာတောင် မရောင်းခဲ့ဘူး။

ဒီလောက် တန်ဖိုးထားရတဲ့အိမ် အခုတော့ သူ့မျက်စိရှေ့ တည့်တည့်မှာ မီးလောင်နေပြီ။ လူတွေ ထောင်ချီ ရှိနေလည်း ဘာမှ လုပ်ပေးလို့ မရဘူး။ မီးက ပြန့်သွားခဲ့ပြီ ဆိုတော့ ကြိုးစားပြီး ငြိမ်းရင်တောင်မှ ဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး။ သူအရမ်း ဝမ်းနည်းသွားပါတယ်။

အဲ့အချိန်မှာ သူ့ရဲ့ သားဖြစ်သူက ပြေးလာပြီး တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။ "စိတ်မညစ်နေပါနဲ့ အဖေရာ၊ သားမနေ့ကပဲ ဒီအိမ်ကို အရမ်းတန်တဲ့ ဈေးနဲ့ ရောင်းလိုက်ပြီ။ အဖေ့ကို မစောင့်ပဲ ရောင်းလိုက်တဲ့ အတွက်တော့ သားကိုခွင့်လွှတ်ပါ"

အဖေက အံ့သြတကြီးနဲ့ "အမလေး၊ ကျေးဇူးတင်လိုက်တာ သားရာ၊ ဒါဆို ဒီအိမ်က ငါတို့အိမ် မဟုတ်တော့ဘူးပေါ့" လို့ ပြန်ပြောလိုက်ပါတယ်။ စိတ်သက်သာရာ ရသွားပြီး နောက်မှာ တခြား ရပ်ကြည့်နေကြတဲ့ လူထောင်ချီလိုပဲ မီးလောင်တာကို အေးအေးဆေးဆေး ရပ်ကြည့်နေတော့တယ်။

အဲဒီ့နောက်မှာတော့ ဒုတိယသားက ပြေးလာပြန်တယ်။ "အဖေ ဘာလုပ်နေတာလဲ၊ အိမ်က မီးထဲ ပါနေတာကို အဖေမို့ ရပ်ကြည့်နေသေးတယ်နော်" လို့ ပြောလိုက်တော့ အဖေက ပြန်ပြောလိုက်ပြန်တယ်။ "မင်းမသိဘူးလား၊ မင်းအကိုက ဒီအိမ်ကို ရောင်းလိုက်ပြီလေ"

အဲဒီ့အခါ ဒုတိယသားက ထပ်ပြောပြန်ရော "ကျွန်တော်တို့ စရံငွေပဲ ရသေးတာလေ၊ အပြည့် မရသေးဘူး၊ အဖေရ။ အခု မီးလောင်သွားတော့ ဘယ်လိုလုပ် ဝယ်တော့မှာလဲ"

ထိုအခါမှာတော့ ခုနက ရပ်သွားခဲ့တဲ့ မျက်ရည်တွေဟာ ဖခင်ဖြစ်သူရဲ့ မျက်ဝန်းကနေ ပြန်စီးကျလာ ပါတော့တယ်။ စိတ်ထဲမှာလည်း အရမ်း ပူလောင်သောက များနေတာပေါ့။ ထိုအချိန်မှာ သုံးယောက်မြောက်သားက ရောက်လာပြန်တယ်။

"အဲဒီ့အိမ် ဝယ်မယ့်လူကြီးဆီက အခုတင် ပြန်လာတာ အဖေ၊ သူကပြောတယ် အိမ်မီးလောင်တာ ဖြစ်စေ၊ မီးမလောင်တာ ဖြစ်စေ၊ စရံငွေပေးပြီးသွားတဲ့ အတွက် သူပိုင်သွားပါပြီ။ ဒါကြောင့် ကျန်တဲ့ငွေကိုလည်း ဆက်ဆက် ပေးပါမယ်။ အိမ်မီးလောင်မယ် ဆိုတာ ခင်ဗျားရော၊ ကျွန်တော်ရော သိခဲ့ကြတာမှ မဟုတ်တာပဲ တဲ့"

အဲဒီ့နောက်မှာတော့ သူတို့ အားလုံးဟာ အိမ်ကြီးမီးလောင်တာကို မစိုးရိမ်တော့ဘဲ မတ်တပ်ရပ်လျက် ကြည့်နေကြပါတော့တယ်။ လူတွေရဲ့သဘာဝက ရှင်းပြဖို့ အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။ အခု ဒီပုံပြင်မှာဆိုရင် အိမ်ပိုင်ရှင်ဟာ သူ့အိမ်ကို သိပ်ချစ်ပေမယ့် သူမပိုင်ဆိုင်တော့ဘူးဆိုတာ သိလိုက်ရချိန်မှာ မီးလောင်နေတာကို မပူပန်တော့ပါဘူး။

လှပနေတုန်းက အဆုံးရှုံး မခံချင်ပေမယ့်၊ မလှပတော့တဲ့ အချိန်မှာ အမြတ်ငွေရဖို့က ပိုအရေးကြီးလာ ပါတော့တယ်။ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဟာ သူ့သားတွေ သယ်ဆောင်လာတဲ့ စကားတွေအပေါ် လိုက်ပြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။

အရေးကြီးဆုံး ကတော့ အိမ်ပိုင်ရှင်ရဲ့ ခံစားချက် ပြောင်းလဲသွားတာကို နားလည်ဖို့ ပါပဲ။ အရှုံးနဲ့ အမြတ်ပေါ် မူတည်ပြီး အိမ်အပေါ် ထားတဲ့ သူ့ရဲ့စိတ် ပြောင်းလဲသွားပုံ ကိုပေါ့။

ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း ဒီလိုမျိုး အရှုံးနဲ့အမြတ်ကို ဦးစားပေး ဆက်ဆံတာမျိုး ဖြစ်နေမလား။ စဉ်းစားကြည့်ရအောင်ပါ။

crd

Zawgyi

အရႈံးနဲ႔ အျမတ္

တခါတုန္းက လူတေယာက္ဟာ သူ႔ရဲ႕ၿမိဳ႕ကို ျပန္လာလာခ်င္းမွာပဲ သူ႔ရဲ႕အိမ္ မီးေလာင္ေနတာကို ေတြ႕လိုက္ရပါတယ္။ သူ႔ရဲ႕အိမ္က တၿမိဳ႕လုံးမွာရွိသမွ် အိမ္ေတြထဲမွာ အလွဆုံး အိမ္တလုံးပါ။ သူ႔အိမ္ကို သူ သိပ္ခ်စ္တာေပါ့။ ေဈးႏွစ္ဆ ေပးၿပီး ဝယ္ၾကတာေတာင္ မေရာင္းခဲ့ဘူး။

ဒီေလာက္ တန္ဖိုးထားရတဲ့အိမ္ အခုေတာ့ သူ႔မ်က္စိေရွ႕ တည့္တည့္မွာ မီးေလာင္ေနၿပီ။ လူေတြ ေထာင္ခ်ီ ရွိေနလည္း ဘာမွ လုပ္ေပးလို႔ မရဘူး။ မီးက ျပန႔္သြားခဲ့ၿပီ ဆိုေတာ့ ႀကိဳးစားၿပီး ၿငိမ္းရင္ေတာင္မွ ဘာမွ က်န္ေတာ့မွာ မဟုတ္ပါဘူး။ သူအရမ္း ဝမ္းနည္းသြားပါတယ္။

အဲ့အခ်ိန္မွာ သူ႔ရဲ႕ သားျဖစ္သူက ေျပးလာၿပီး တိုးတိုးေလး ကပ္ေျပာလိုက္ပါတယ္။ "စိတ္မညစ္ေနပါနဲ႔ အေဖရာ၊ သားမေန႔ကပဲ ဒီအိမ္ကို အရမ္းတန္တဲ့ ေဈးနဲ႔ ေရာင္းလိုက္ၿပီ။ အေဖ့ကို မေစာင့္ပဲ ေရာင္းလိုက္တဲ့ အတြက္ေတာ့ သားကိုခြင့္လႊတ္ပါ"

အေဖက အံ့ၾသတႀကီးနဲ႔ "အမေလး၊ ေက်းဇူးတင္လိုက္တာ သားရာ၊ ဒါဆို ဒီအိမ္က ငါတို႔အိမ္ မဟုတ္ေတာ့ဘူးေပါ့" လို႔ ျပန္ေျပာလိုက္ပါတယ္။ စိတ္သက္သာရာ ရသြားၿပီး ေနာက္မွာ တျခား ရပ္ၾကည့္ေနၾကတဲ့ လူေထာင္ခ်ီလိုပဲ မီးေလာင္တာကို ေအးေအးေဆးေဆး ရပ္ၾကည့္ေနေတာ့တယ္။

အဲဒီ့ေနာက္မွာေတာ့ ဒုတိယသားက ေျပးလာျပန္တယ္။ "အေဖ ဘာလုပ္ေနတာလဲ၊ အိမ္က မီးထဲ ပါေနတာကို အေဖမို႔ ရပ္ၾကည့္ေနေသးတယ္ေနာ္" လို႔ ေျပာလိုက္ေတာ့ အေဖက ျပန္ေျပာလိုက္ျပန္တယ္။ "မင္းမသိဘူးလား၊ မင္းအကိုက ဒီအိမ္ကို ေရာင္းလိုက္ၿပီေလ"

အဲဒီ့အခါ ဒုတိယသားက ထပ္ေျပာျပန္ေရာ "ကြၽန္ေတာ္တို႔ စရံေငြပဲ ရေသးတာေလ၊ အျပည့္ မရေသးဘူး၊ အေဖရ။ အခု မီးေလာင္သြားေတာ့ ဘယ္လိုလုပ္ ဝယ္ေတာ့မွာလဲ"

ထိုအခါမွာေတာ့ ခုနက ရပ္သြားခဲ့တဲ့ မ်က္ရည္ေတြဟာ ဖခင္ျဖစ္သူရဲ႕ မ်က္ဝန္းကေန ျပန္စီးက်လာ ပါေတာ့တယ္။ စိတ္ထဲမွာလည္း အရမ္း ပူေလာင္ေသာက မ်ားေနတာေပါ့။ ထိုအခ်ိန္မွာ သုံးေယာက္ေျမာက္သားက ေရာက္လာျပန္တယ္။

"အဲဒီ့အိမ္ ဝယ္မယ့္လူႀကီးဆီက အခုတင္ ျပန္လာတာ အေဖ၊ သူကေျပာတယ္ အိမ္မီးေလာင္တာ ျဖစ္ေစ၊ မီးမေလာင္တာ ျဖစ္ေစ၊ စရံေငြေပးၿပီးသြားတဲ့ အတြက္ သူပိုင္သြားပါၿပီ။ ဒါေၾကာင့္ က်န္တဲ့ေငြကိုလည္း ဆက္ဆက္ ေပးပါမယ္။ အိမ္မီးေလာင္မယ္ ဆိုတာ ခင္ဗ်ားေရာ၊ ကြၽန္ေတာ္ေရာ သိခဲ့ၾကတာမွ မဟုတ္တာပဲ တဲ့"

အဲဒီ့ေနာက္မွာေတာ့ သူတို႔ အားလုံးဟာ အိမ္ႀကီးမီးေလာင္တာကို မစိုးရိမ္ေတာ့ဘဲ မတ္တပ္ရပ္လ်က္ ၾကည့္ေနၾကပါေတာ့တယ္။ လူေတြရဲ႕သဘာဝက ရွင္းျပဖို႔ အရမ္းကို ရႈပ္ေထြးလြန္းပါတယ္။ အခု ဒီပုံျပင္မွာဆိုရင္ အိမ္ပိုင္ရွင္ဟာ သူ႔အိမ္ကို သိပ္ခ်စ္ေပမယ့္ သူမပိုင္ဆိုင္ေတာ့ဘူးဆိုတာ သိလိုက္ရခ်ိန္မွာ မီးေလာင္ေနတာကို မပူပန္ေတာ့ပါဘူး။

လွပေနတုန္းက အဆုံးရႈံး မခံခ်င္ေပမယ့္၊ မလွပေတာ့တဲ့ အခ်ိန္မွာ အျမတ္ေငြရဖို႔က ပိုအေရးႀကီးလာ ပါေတာ့တယ္။ ေပ်ာ္႐ႊင္မႈနဲ႔ ဝမ္းနည္းမႈဟာ သူ႔သားေတြ သယ္ေဆာင္လာတဲ့ စကားေတြအေပၚ လိုက္ၿပီး ေျပာင္းလဲသြားတာကို ေတြ႕ရပါတယ္။

အေရးႀကီးဆုံး ကေတာ့ အိမ္ပိုင္ရွင္ရဲ႕ ခံစားခ်က္ ေျပာင္းလဲသြားတာကို နားလည္ဖို႔ ပါပဲ။ အရႈံးနဲ႔ အျမတ္ေပၚ မူတည္ၿပီး အိမ္အေပၚ ထားတဲ့ သူ႔ရဲ႕စိတ္ ေျပာင္းလဲသြားပုံ ကိုေပါ့။

ကြၽန္ေတာ္တို႔ရဲ႕ လူမႈဆက္ဆံေရး နယ္ပယ္မွာလည္း ဒီလိုမ်ိဳး အရႈံးနဲ႔အျမတ္ကို ဦးစားေပး ဆက္ဆံတာမ်ိဳး ျဖစ္ေနမလား။ စဥ္းစားၾကည့္ရေအာင္ပါ။

crd