အကိုကြီးကို မနှိုးရဲဘူး

တခါတုန်းက သူဌေးတယောက်မှာ ဒရိုင်ဘာ တယောက်ရှိတယ်။ ဒရိုင်ဘာက သူဌေးထက် အသက် ၅ နှစ်လောက် ကြီးတယ်။ သူဌေးက ဒရိုင်ဘာကို စကားပြောလည်း မင်းနဲ့ ငါပဲ ပြောတယ်။ ဒရိုင်ဘာ ကတော့ သူ့အလုပ်ရှင် ဆိုတော့ ရိုရိုသေသေ ဆက်ဆံတာပေါ့။

သူဌေးဟာ ပြောစရာ ရှိရင်လည်းပြော၊ ဆဲစရာ ရှိရင်လည်း ဆဲတယ်။ သဘောတော့ ကောင်းပါတယ်၊ ဒါပေမယ့် အထက်စီးလည်း ဆန်တယ်။ ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံ တွေက ရင့်သီးပါတယ်။ ဟိုကတော့ သည်းခံရှာပါတယ်၊ အလုပ်ရှင် မဟုတ်လား။

ဒီလိုနဲ့ တနေ့ သူဌေးဟာ အရမ်းဒေါသတွေ ဖြစ်နေတယ်။ ဒရိုင်ဘာက ဘာမပြော ညာမပြောနဲ့ ရုံးမလာလို့တဲ့။ ဒါနဲ့ ဘာများဖြစ်တာလဲ ဆိုပြီး အိမ်လိုက် သွားကြတယ်။ တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့။

ဒရိုင်ဘာအိမ်ကို ရောက်သွားတော့ သူ့အမေလို့ ထင်ရတဲ့ အန်တီကြီးတယောက် ထွက်လာတယ်။ မေးလိုက်တယ် ဒရိုင်ဘာ ရှိလားပေါ့။ "ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ်" ဆိုပြီး ပြောတယ်။ နောက်တော့ အနားကို ရောက်လာတဲ့ ကောင်မလေးတယောက်ကို အန်တီကြီးက လှမ်းပြောလိုက်တယ် "ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင်က အိမ်အထိ လိုက်လာတယ်" ပေါ့။

အဲ့ဒီမှာ ကောင်မလေး ပြောလိုက်တဲ့ စကားက "ကိုကြီးအိပ်နေတာ မနှိုးရဲဘူး" တဲ့။ သူဌေး တချက် တွေဝေသွားတယ်။ စက္ကန့်ပိုင်းလောက်ပေါ့။ နောက်တော့ ကောင်မလေး ကို ပြောလိုက်တယ်။ "မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ" တဲ့။ ပြီးတော့ ပြန်လှည့်လာခဲ့ လိုက်ကြတယ်။

အပြန်လမ်းမှာ သူဌေး စဉ်းစားခန်းတွေ ဖွဲ့နေမိတယ် ငါ သူ့အပေါ် လေးစားမှု ရှိရမယ်လေ။ သူက ဘယ်လို ဒရိုင်ဘာပဲ ဖြစ်ဖြစ်၊ ငါဘယ်လိုပဲ ဆဲဆဲ ဆိုဆို၊ အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင် မှာတော့ သူဟာ မိသားစုရဲ့ အားကိုးရာ၊ လေးစားရာ၊ ရိုသေရာ လူသားတယောက်ပဲ မဟုတ်လား။

သူ့ပတ်ဝန်းကျင်၊ သု့မိသားစု မှာတော့ သူက တော်တော့ကို အရှိန်အဝါ ကြီးပုံရတယ်၊ ငါက ဒါကို ထည့်မတွက်ဘဲ ခါတိုင်းလို သွားဆက်ဆံလိုက်ရင် သူ့အားကိုးနေတဲ့ သူ့မိသားစု ဘယ်လို ခံစားသွားရမလဲ၊ သူကိုယ်တိုင်ကရော စသည်ပေါ့ အတွေးတွေနဲ့ ပြန်လာခဲ့လိုက်တယ်။

လူတယောက်ဟာ တနေရာရာမှာ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ဘယ်ဘဝပဲ ရောက်နေ ရောက်နေ၊ အောက်ခြေသိမ်းပဲ ဖြစ်ဖြစ်၊ အနှိမ်ခံပဲ ဖြစ်ဖြစ်၊ ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်ချင်တဲ့သူပဲ ဖြစ်ဖြစ်၊ အဲ့ဒီလူဟာ တခြားသော တနေရာရာ မှာတော့ အရှင်သခင်တပါး၊ မှီခိုအားကိုးရာ တဖြစ်နဲ့ ရိုသေ လေးစားစရာပြယုဂ် တခုခုတော့ ဖြစ်နေတတ်ပါတယ်။

ဖြတ်သွားသူတိုင်း နှာခေါင်းပိတ် ဖြတ်လေ့ရှိတဲ့ အမှိုက်ပုံမှာ အလုပ် လုပ်နေရတဲ့ စည်ပင်က ဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲ ထည့်မလဲ၊ ဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ။ သို့သော် သူ့ဇနီးနဲ့ သားသမီးတွေ အတွက်တော့ သူဟာ အရှင်သခင် တယောက်ပဲလေ။ တလောကလုံးက သူ့အပေါ် ဘယ်လိုပဲ သဘောထားထား သူ့အပေါ် မင်းသားတပါးလို ဆက်ဆံတဲ့သူ ဆိုတာတော့ ရှိနေတာ ပါပဲ။

တလောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊ ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊ ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါ့ပတ်ဝန်းကျင်၊ ငါ့မိသားစုလေးမှာ ငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံထိုက်တဲ့ လူသားတယောက် ဖြစ်နေရင် ရပြီ ဆိုတာမျိုး။ ဆိုလိုတာက လူတယောက်ကို ဘယ်တော့မှ အထင်မသေးပါနဲ့၊ မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့ သူ့အတွက် ကမ္ဘာဆိုတာ ဒီတနေရာတည်းမှာပဲ ရှိနေတာ မဟုတ်လို့ပါ။

crd

Zawgyi

အကိုႀကီးကို မႏႈိးရဲဘူး

တခါတုန္းက သူေဌးတေယာက္မွာ ဒ႐ိုင္ဘာ တေယာက္ရွိတယ္။ ဒ႐ိုင္ဘာက သူေဌးထက္ အသက္ ၅ ႏွစ္ေလာက္ ႀကီးတယ္။ သူေဌးက ဒ႐ိုင္ဘာကို စကားေျပာလည္း မင္းနဲ႔ ငါပဲ ေျပာတယ္။ ဒ႐ိုင္ဘာ ကေတာ့ သူ႔အလုပ္ရွင္ ဆိုေတာ့ ႐ို႐ိုေသေသ ဆက္ဆံတာေပါ့။

သူေဌးဟာ ေျပာစရာ ရွိရင္လည္းေျပာ၊ ဆဲစရာ ရွိရင္လည္း ဆဲတယ္။ သေဘာေတာ့ ေကာင္းပါတယ္၊ ဒါေပမယ့္ အထက္စီးလည္း ဆန္တယ္။ ဒ႐ိုင္ဘာအေပၚ သူေျပာပုံဆိုပုံ ေတြက ရင့္သီးပါတယ္။ ဟိုကေတာ့ သည္းခံရွာပါတယ္၊ အလုပ္ရွင္ မဟုတ္လား။

ဒီလိုနဲ႔ တေန႔ သူေဌးဟာ အရမ္းေဒါသေတြ ျဖစ္ေနတယ္။ ဒ႐ိုင္ဘာက ဘာမေျပာ ညာမေျပာနဲ႔ ႐ုံးမလာလို႔တဲ့။ ဒါနဲ႔ ဘာမ်ားျဖစ္တာလဲ ဆိုၿပီး အိမ္လိုက္ သြားၾကတယ္။ ေတြ႕လို႔ကေတာ့ ဆဲဆိုၿပီး ေဟာက္ထည့္လိုက္မယ္ေပါ့။

ဒ႐ိုင္ဘာအိမ္ကို ေရာက္သြားေတာ့ သူ႔အေမလို႔ ထင္ရတဲ့ အန္တီႀကီးတေယာက္ ထြက္လာတယ္။ ေမးလိုက္တယ္ ဒ႐ိုင္ဘာ ရွိလားေပါ့။ "ရွိပါတယ္၊ ဖ်ားၿပီး အိပ္ေနတယ္" ဆိုၿပီး ေျပာတယ္။ ေနာက္ေတာ့ အနားကို ေရာက္လာတဲ့ ေကာင္မေလးတေယာက္ကို အန္တီႀကီးက လွမ္းေျပာလိုက္တယ္ "ဟဲ့ သြားႏႈိးလိုက္စမ္းေပါ့၊ ဒီမွာ သူ႔အလုပ္ရွင္က အိမ္အထိ လိုက္လာတယ္" ေပါ့။

အဲ့ဒီမွာ ေကာင္မေလး ေျပာလိုက္တဲ့ စကားက "ကိုႀကီးအိပ္ေနတာ မႏႈိးရဲဘူး" တဲ့။ သူေဌး တခ်က္ ေတြေဝသြားတယ္။ စကၠန႔္ပိုင္းေလာက္ေပါ့။ ေနာက္ေတာ့ ေကာင္မေလး ကို ေျပာလိုက္တယ္။ "မႏႈိးရဲရင္ သြားမႏႈိးနဲ႔ေတာ့၊ ထားလိုက္ပါ သူအိပ္ပါေစ" တဲ့။ ၿပီးေတာ့ ျပန္လွည့္လာခဲ့ လိုက္ၾကတယ္။

အျပန္လမ္းမွာ သူေဌး စဥ္းစားခန္းေတြ ဖြဲ႕ေနမိတယ္ ငါ သူ႔အေပၚ ေလးစားမႈ ရွိရမယ္ေလ။ သူက ဘယ္လို ဒ႐ိုင္ဘာပဲ ျဖစ္ျဖစ္၊ ငါဘယ္လိုပဲ ဆဲဆဲ ဆိုဆို၊ အႏိုင္က်င့္က်င့္ သူ႔ပတ္ဝန္းက်င္ မွာေတာ့ သူဟာ မိသားစုရဲ႕ အားကိုးရာ၊ ေလးစားရာ၊ ႐ိုေသရာ လူသားတေယာက္ပဲ မဟုတ္လား။

သူ႔ပတ္ဝန္းက်င္၊ သု႔မိသားစု မွာေတာ့ သူက ေတာ္ေတာ့ကို အရွိန္အဝါ ႀကီးပုံရတယ္၊ ငါက ဒါကို ထည့္မတြက္ဘဲ ခါတိုင္းလို သြားဆက္ဆံလိုက္ရင္ သူ႔အားကိုးေနတဲ့ သူ႔မိသားစု ဘယ္လို ခံစားသြားရမလဲ၊ သူကိုယ္တိုင္ကေရာ စသည္ေပါ့ အေတြးေတြနဲ႔ ျပန္လာခဲ့လိုက္တယ္။

လူတေယာက္ဟာ တေနရာရာမွာ ဘယ္လိုပဲ ျဖစ္ေန ျဖစ္ေန၊ ဘယ္ဘဝပဲ ေရာက္ေန ေရာက္ေန၊ ေအာက္ေျခသိမ္းပဲ ျဖစ္ျဖစ္၊ အႏွိမ္ခံပဲ ျဖစ္ျဖစ္၊ ဘယ္သူမွ ေဆးေဖာ္ေၾကာဖက္ မလုပ္ခ်င္တဲ့သူပဲ ျဖစ္ျဖစ္၊ အဲ့ဒီလူဟာ တျခားေသာ တေနရာရာ မွာေတာ့ အရွင္သခင္တပါး၊ မွီခိုအားကိုးရာ တျဖစ္နဲ႔ ႐ိုေသ ေလးစားစရာျပယုဂ္ တခုခုေတာ့ ျဖစ္ေနတတ္ပါတယ္။

ျဖတ္သြားသူတိုင္း ႏွာေခါင္းပိတ္ ျဖတ္ေလ့ရွိတဲ့ အမႈိက္ပုံမွာ အလုပ္ လုပ္ေနရတဲ့ စည္ပင္က ဝန္ထမ္းေလးကို ဘယ္သူက ေခါင္းထဲ ထည့္မလဲ၊ ဘယ္သူက အဖက္လုပ္ၿပီး စိတ္ပူေပးမလဲ။ သို႔ေသာ္ သူ႔ဇနီးနဲ႔ သားသမီးေတြ အတြက္ေတာ့ သူဟာ အရွင္သခင္ တေယာက္ပဲေလ။ တေလာကလုံးက သူ႔အေပၚ ဘယ္လိုပဲ သေဘာထားထား သူ႔အေပၚ မင္းသားတပါးလို ဆက္ဆံတဲ့သူ ဆိုတာေတာ့ ရွိေနတာ ပါပဲ။

တေလာကလုံးက ကိုယ့္အေပၚ ဘယ္လိုႏွိမ္ႏွိမ္၊ ဘယ္လိုဆက္ဆံ ဆက္ဆံ အေရးမႀကီးပါဘူး။ အေရးႀကီးတာက ငါခ်စ္ရတဲ့သူေတြ၊ ငါ့ကိုခ်စ္တဲ့သူေတြနဲ႔ ငါ့ပတ္ဝန္းက်င္၊ ငါ့မိသားစုေလးမွာ ငါဟာ တန္ဖိုးရွိတဲ့၊ ေလးစားခံထိုက္တဲ့ လူသားတေယာက္ ျဖစ္ေနရင္ ရၿပီ ဆိုတာမ်ိဳး။ ဆိုလိုတာက လူတေယာက္ကို ဘယ္ေတာ့မွ အထင္မေသးပါနဲ႔၊ မႏွိမ့္ခ်ပါနဲ႔၊ မေစာ္ကားပါနဲ႔ သူ႔အတြက္ ကမာၻဆိုတာ ဒီတေနရာတည္းမွာပဲ ရွိေနတာ မဟုတ္လို႔ပါ။

crd

Post a Comment

0 Comments