တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူတူ ထွက်လာခဲ့ ကြပါတယ်။ လမ်းခရီး တဝက် တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။
သောက်စရာ ရေကလည်း ကုန်နေပြီ ဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာ ရှိတဲ့ ရေအိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက ညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန် ရှိရာကို သွားကြတာပေါ့။
အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင် ဒရယ်တွေ ရေသောက် ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာတွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေလည်း စိတ်ပျက် လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ ကြတယ်။
ပညာရှိအဖိုးအိုက ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ် ဆိတ်ဆိတ်နေတယ်။ နောက် တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်း ပြန်သတဲ့။
ဒီတခါတော့ ရေကန်ဟာ အနည်တွေ ထိုင်ပြီး အပေါ်က ရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။ ဝမ်းသာအားရနဲ့ တပည့်တွေ အားလုံး ရေခပ်ပြီး ပြန်လာကြတာပေါ့။ ဒီတော့ အဖိုးအိုက မေးတယ်။
"ရေတွေ အားလုံး ကြည်လင်သွားအောင် တပည့်တို့ ဘာလုပ်လိုက် ကြသလဲ"
"ဘာမှမလုပ်ပါဘူး" လို့ တပည့်တွေ အားလုံးက ဝိုင်းဖြေကြတယ်။
အဲဒီထဲကမှ တပည့်တယောက် ကတော့ "အချိန် စောင့်လိုက်ရ ပါတယ်" လို့ ဖြေတယ်။
အဖိုးအိုက ပြုံးပြီး ပြောတယ်။ "ဟုတ်တယ်၊ ရေကန်ထဲက ရေတွေ အားလုံး ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တခုကို စောင့်ရပါတယ်။
အဲဒီလိုပဲ တစုံတယောက်က သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီ ဆိုရင် ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။
အချိန်ကာလ တခု လွန်မြောက်ပြီးတဲ့ အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင်လာ ပါလိမ့်မယ်" လို့ အဘိုးအိုက တပည့်တွေကို ပြောဆို ဆုံးမလိုက်ပါတယ်။
Ashin Marnita
Zawgyi
အခ်ိန္ေလး ခဏ ေစာင့္လိုက္ပါ
တခါတုန္းက ပညာရွိ အဖိုးအိုတဦးနဲ႔ သူ႔တပည့္ေတြဟာ ခရီးတခုကို အတူတူ ထြက္လာခဲ့ ၾကပါတယ္။ လမ္းခရီး တဝက္ ေတာနက္ထဲ ေရာက္တဲ့အခါ သူတို႔အားလုံး ခဏနားၾကတယ္။
ေသာက္စရာ ေရကလည္း ကုန္ေနၿပီ ျဖစ္တဲ့အတြက္ မလွမ္းမကမ္းမွာ ရွိတဲ့ ေရအိုင္ထဲကေန ေရသြားခပ္ဖို႔ အဖိုးအိုက ၫႊန္လိုက္တယ္။ ဒီေတာ့ တပည့္ေတြလည္း ေရကန္ ရွိရာကို သြားၾကတာေပါ့။
အဲဒီအခါမွာ ေရကန္မွာ မၾကာေသးခင္ကမွ သမင္ ဒရယ္ေတြ ေရေသာက္ ဆင္းလာၾကတဲ့ အတြက္ ေရေတြေနာက္ၿပီး အနည္ေတြ ထေနတာေတြ႕လိုက္ရတယ္။ ဒီေတာ့ တပည့္ေတြလည္း စိတ္ပ်က္ လက္ပ်က္နဲ႔ အဖိုးအိုဆီ ျပန္လာခဲ့ ၾကတယ္။
ပညာရွိအဖိုးအိုက ဘာမွမေျပာပဲ ဒီအတိုင္းပဲ တိတ္တိတ္ ဆိတ္ဆိတ္ေနတယ္။ ေနာက္ တနာရီေလာက္ ၾကာတဲ့အခါ တပည့္ေတြကို ေရသြားခပ္ခိုင္း ျပန္သတဲ့။
ဒီတခါေတာ့ ေရကန္ဟာ အနည္ေတြ ထိုင္ၿပီး အေပၚက ေရေတြ ၾကည္လင္ေနတာကို ေတြ႕လိုက္ရတယ္။ ဝမ္းသာအားရနဲ႔ တပည့္ေတြ အားလုံး ေရခပ္ၿပီး ျပန္လာၾကတာေပါ့။ ဒီေတာ့ အဖိုးအိုက ေမးတယ္။
"ေရေတြ အားလုံး ၾကည္လင္သြားေအာင္ တပည့္တို႔ ဘာလုပ္လိုက္ ၾကသလဲ"
"ဘာမွမလုပ္ပါဘူး" လို႔ တပည့္ေတြ အားလုံးက ဝိုင္းေျဖၾကတယ္။
အဲဒီထဲကမွ တပည့္တေယာက္ ကေတာ့ "အခ်ိန္ ေစာင့္လိုက္ရ ပါတယ္" လို႔ ေျဖတယ္။
အဖိုးအိုက ၿပဳံးၿပီး ေျပာတယ္။ "ဟုတ္တယ္၊ ေရကန္ထဲက ေရေတြ အားလုံး ၾကည္လင္ဖို႔ ဘာမွမလုပ္ပဲ အခ်ိန္တခုကို ေစာင့္ရပါတယ္။
အဲဒီလိုပဲ တစုံတေယာက္က သင္တို႔ကို ေဒါသထြက္ေအာင္ နာက်င္ေအာင္ ျပဳလုပ္လို႔ သင္တို႔ စိတ္ေတြ ေနာက္က်ိေနၿပီ ဆိုရင္ ဘာမွမလုပ္ပဲ ဒီအတိုင္းပဲ ထားလိုက္ပါ။
အခ်ိန္ကာလ တခု လြန္ေျမာက္ၿပီးတဲ့ အခါ ေဒါသေတြ အမုန္းတရားေတြ မရွိေတာ့ပဲ စိတ္ဟာ ျပန္လည္ ၾကည္လင္လာ ပါလိမ့္မယ္" လို႔ အဘိုးအိုက တပည့္ေတြကို ေျပာဆို ဆုံးမလိုက္ပါတယ္။
Ashin Marnita
0 Comments