တန်ဖိုး

တခါတုန်းက အလွန် နာမည်ကြီးသည့် ဆရာတော်ကြီး တပါးရှိသည်။ ဆရာတော်ကြီး၏ ဂုဏ်သတင်းကြောင့် လာရောက် ဖူးမြင်ကြသူများသည်။ ရောက်လာသည့် ဒကာ၊ ဒကာမတိုင်း ကိုလည်း ဆရာတော်ကြီးသည် အချိန်ပေးပြီး တွေ့ဆုံကာ ဆုံးမများ ပြောကြားပေးလေ့ ရှိသည်။

တနေ့တွင် ဘုရင်တပါးက ဆရာတော်ကြီးကို လာရောက် ဖူးမြင်သည်။ ထိုဘုရင်သည် စစ်ပွဲက အပြန် မာန်တက်ကာ ဘုန်းကြီးကျောင်းကို ဝင်လာခြင်း ဖြစ်သည်။ နောက်တကြိမ် စစ်အောင်နိုင်စေကြောင်း ဆုတောင်းစကားများ ကြားချင် သောကြောင့်လည်း ဖြစ်နိုင်သည်။

စစ်ဘုရင်က ဆရာတော် နေထိုင်သည့် အခန်းရှေ့ကို ရောက်လာသည့်အခါ ဖိနပ်ကို ချွတ်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်ရာ အသံထွက်သွားသည်။ တိတ်ဆိတ်နေသည့် ကျောင်းတော်အတွင်း အသံက အတော်လေး ကျယ်သွားသည်။ ထို့နောက် ဘုရင်က တံခါးကို တွန်းဖွင့်ပြီး ဆွဲပိတ်လိုက်ရာ ကြမ်းတမ်း လှသောကြောင့် အသံလည်း ကျယ်လောင် သွားပြန်သည်။

ဘုရင်က အခန်းထဲကို ဝင်ရန် ခြေလှမ်း ပြင်လိုက်သည်။ ဆရာတော်ကြီးက အေးဆေးတည်ငြိမ်စွာဖြင့် "ဒကာ ရပ်နေပါ၊ ဝင်မလာပါနဲ့" ဟု ပြောလိုက်သည်။

"အဘယ်ကြောင့်နည်း"

"အပြင်ကို ပြန်ထွက်ပါ ဒကာ၊ ပထမဆုံး သင်ချွတ်ကာ လွှင့်ပစ်ခဲ့သော ဖိနပ်ကို တောင်းပန်ပါ။ ဒုတိယ သင် ကြမ်းတမ်းစွာ ဆောင့်ပိတ် ခဲ့သော တံခါးကို တောင်းပန်ပါ"

"အဘယ်ကြောင့်နည်း ဆရာတော်၊ ဆရာတော်ကို ဖူးတွေ့ချင်လို့ လာပါတယ်။ မာနကြီးတယ်လို့ ပြောသံတွေ ကြားရတာ ခုမှ ယုံတော့တယ်"

ဆရာတော်က အေးဆေးသော လေသံဖြင့် "ပြန်ထွက်သွားပါ ဒကာ၊ ငါပြောသည့် အတိုင်း သင်မလုပ်နိုင်လျှင် ပြန်သွားပါ။ ငါ့ကိုလာပြီး တွေ့စရာ မလိုပါ"

"တပည့်တော်ဟာ ဒီနိုင်ငံကို အုပ်စိုးနေတဲ့ ပြည့်ရှင်ဘုရင်ပါ ဆရာတော်။ အဘယ်ကြောင့် နှင်ထုတ်ရသလဲ။ အဘယ်ကြောင့် ဖိနပ်နဲ့ တံခါးကို တောင်းပန်ခိုင်းရ သလဲ"

"ငါ၏ ကျောင်းတော်ထဲတွင် ဆရာနှင့်ဒကာ နှစ်မျိုးသာ ရှိသည်။ ငါပြောသည့် အတိုင်း မလိုက်နာနိုင်လျှင် သင် ငါ့ကိုလာပြီး စကားပြောစရာ မလိုပြီ"

ဘုရင်က မာန် နည်းနည်း ကျသွားသည်။ အဝေးမှ ဆရာတော်ကို ဦးချလိုက်ပြီး "တပည့်တော်က အဘယ်ကြောင့် ဖိနပ်ကို တောင်းပန်ရမည်နည်း"

"ဖိနပ်သည် သင့်ကို တောက်လျှောက် အကာအကွယ် ပေးခဲ့သည့် ပစ္စည်းတခု ဖြစ်သည်။ သင့်ခြေဖဝါးကို မနာရန် စောင့်ရှောက် ကာကွယ်ပေးသည့် အရာအပေါ် သင်က ကျေးဇူးမတင် မလေးစားလျှင် သင်သည် မည်သည့်အရာကိုမျှ ကျေးဇူးတင်၊ လေးစားနိုင်မည့်သူ မဟုတ်မှန်း ပေါ်လွင်နေသည်"

"တပည့်တော် အဘယ်ကြောင့် တံခါးကို တောင်းပန်ရမည်နည်း"

"သင်က အေးချမ်းစွာ သူ့တာဝန်သူ ထမ်းဆောင်နေသော တံခါးကိုပင် ပြင်းထန် ကြမ်းတမ်းစွာ ပြုမူ ဆက်ဆံသည် ဆိုလျှင်၊ ထိုတံခါးအတွင်း နေထိုင်သူအပေါင်း ကိုလည်း မည်သို့မျှ အေးချမ်း၊ ငြိမ်းချမ်းစွာ ပြုမူဆက်ဆံမည့်သူ မဟုတ်ကြောင်း ပေါ်လွင်နေသည်။ သင့်စိတ်အတိုင်း သင် ပြုမူနေခြင်းမှာ ပေါ်လွင်လွန်း လှသည်။ ငါက ဒေါသ တရား၊ မာန်မာနတရား လက်ကိုင် စွဲလာသူများကို လက်ခံ တွေ့ဆုံလေ့ မရှိ"

"တပည့်တော် ဖိနပ်နှင့် တံခါးကို တောင်းပန်ပါမည်"

"လူတယောက်သည် သူ့စိတ်ထဲတွင် ရှိသည့်အတိုင်း ပြင်ပကို ထုတ်ဖော် ပြတတ်သည်။ သင့်အပြုအမူက သင့်ကို ဤအခန်းထဲ ဝင်ရန်၊ မဝင်ရန် အဆုံးအဖြတ် ဖြစ်စေပါလိမ့်မည်"

ဘုရင်က အပြင်ကို ပြန်ထွက်သည်။ သူလွှင့်ပစ်ခဲ့သော ဖိနပ်ကို ပြန်ကောက်သည်။ "ဪ ဤဖိနပ်ကား ငါ့ကို စစ်မြေပြင်တွင် ဆူးငြောင့် ခလုတ်များ ရန်က ကင်းဝေးစေ ခဲ့သည်။ ဖိနပ်လေး တောင်းပန်ပါတယ်" ဟု ပြောကာ ပွတ်သပ်ပြီး စနစ်တကျ ပြန်ချထားလိုက်သည်။

ထို့နောက် ဘုရင်သည် တံခါးကို ပြန်ပိတ်လိုက်သည်။ "ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ" ဟု တောင်းပန်လိုက်ကာ တံခါးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်သည်။ ထိုခဏလေးတွင် သူ့စိတ်ထဲ၌ ကြည်နူးမှု ပီတိများ ဖြစ်သွားသည်။

"ဆရာတော်ဘုရား တပည့်တော် ဦးတင်ပါတယ်၊ တပည့်တော်ကို တရားများ ပြတော်မူပါ"

"ဒကာ၊ သင် တရား ရသွားပါပြီ" ဆရာတော်က ပြောကာ မတ်တတ်ရပ်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။

ဘုရင်ကြီးက လက်အုပ်ကို ချီပြီး မျက်စိ မှိတ်ထားလိုက်သည်။ သူ့ရင်ထဲတွင် ကြည်နူးငြိမ်းချမ်းမှု တခုကို ခံစားလိုက်ရသည်။ သူ့ဘဝတွင် မည်သည့် အခါကမျှ မခံစားဖူးသော ကြည်နူးပီတိဖြစ်သည်။ "တပည့်တော် ဘာကို တန်ဖိုးထားရမည် ဆိုတာ သိသွားပါပြီဘုရား" ဟု ပြောကာ တလှမ်းချင်း ပြန်ထွက်ခဲ့သည်။

စစ်ဘုရင် ခြေလှမ်းများကား ကျောင်းထဲကို ဝင်လာစဉ်နှင့် ကျောင်းထဲက ပြန်ထွက်စဉ် ကွာခြား လွန်းလှသည်။ သူရောက်နေသည်မှာ မည်သည့်နေရာ။ မည်သည့်အရာတွေကို ကောင်းစွာ တန်ဖိုးထားရမည် ဆိုသည်ကို သူ ကောင်းစွာ သိမြင်သွားသည်။

Tin Nyunt

Zawgyi

တန္ဖိုး

တခါတုန္းက အလြန္ နာမည္ႀကီးသည့္ ဆရာေတာ္ႀကီး တပါးရွိသည္။ ဆရာေတာ္ႀကီး၏ ဂုဏ္သတင္းေၾကာင့္ လာေရာက္ ဖူးျမင္ၾကသူမ်ားသည္။ ေရာက္လာသည့္ ဒကာ၊ ဒကာမတိုင္း ကိုလည္း ဆရာေတာ္ႀကီးသည္ အခ်ိန္ေပးၿပီး ေတြ႕ဆုံကာ ဆုံးမမ်ား ေျပာၾကားေပးေလ့ ရွိသည္။

တေန႔တြင္ ဘုရင္တပါးက ဆရာေတာ္ႀကီးကို လာေရာက္ ဖူးျမင္သည္။ ထိုဘုရင္သည္ စစ္ပြဲက အျပန္ မာန္တက္ကာ ဘုန္းႀကီးေက်ာင္းကို ဝင္လာျခင္း ျဖစ္သည္။ ေနာက္တႀကိမ္ စစ္ေအာင္ႏိုင္ေစေၾကာင္း ဆုေတာင္းစကားမ်ား ၾကားခ်င္ ေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။

စစ္ဘုရင္က ဆရာေတာ္ ေနထိုင္သည့္ အခန္းေရွ႕ကို ေရာက္လာသည့္အခါ ဖိနပ္ကို ခြၽတ္ၿပီး ၾကမ္းျပင္ေပၚ ပစ္ခ်လိုက္ရာ အသံထြက္သြားသည္။ တိတ္ဆိတ္ေနသည့္ ေက်ာင္းေတာ္အတြင္း အသံက အေတာ္ေလး က်ယ္သြားသည္။ ထို႔ေနာက္ ဘုရင္က တံခါးကို တြန္းဖြင့္ၿပီး ဆြဲပိတ္လိုက္ရာ ၾကမ္းတမ္း လွေသာေၾကာင့္ အသံလည္း က်ယ္ေလာင္ သြားျပန္သည္။

ဘုရင္က အခန္းထဲကို ဝင္ရန္ ေျခလွမ္း ျပင္လိုက္သည္။ ဆရာေတာ္ႀကီးက ေအးေဆးတည္ၿငိမ္စြာျဖင့္ "ဒကာ ရပ္ေနပါ၊ ဝင္မလာပါနဲ႔" ဟု ေျပာလိုက္သည္။

"အဘယ္ေၾကာင့္နည္း"

"အျပင္ကို ျပန္ထြက္ပါ ဒကာ၊ ပထမဆုံး သင္ခြၽတ္ကာ လႊင့္ပစ္ခဲ့ေသာ ဖိနပ္ကို ေတာင္းပန္ပါ။ ဒုတိယ သင္ ၾကမ္းတမ္းစြာ ေဆာင့္ပိတ္ ခဲ့ေသာ တံခါးကို ေတာင္းပန္ပါ"

"အဘယ္ေၾကာင့္နည္း ဆရာေတာ္၊ ဆရာေတာ္ကို ဖူးေတြ႕ခ်င္လို႔ လာပါတယ္။ မာနႀကီးတယ္လို႔ ေျပာသံေတြ ၾကားရတာ ခုမွ ယုံေတာ့တယ္"

ဆရာေတာ္က ေအးေဆးေသာ ေလသံျဖင့္ "ျပန္ထြက္သြားပါ ဒကာ၊ ငါေျပာသည့္ အတိုင္း သင္မလုပ္ႏိုင္လွ်င္ ျပန္သြားပါ။ ငါ့ကိုလာၿပီး ေတြ႕စရာ မလိုပါ"

"တပည့္ေတာ္ဟာ ဒီႏိုင္ငံကို အုပ္စိုးေနတဲ့ ျပည့္ရွင္ဘုရင္ပါ ဆရာေတာ္။ အဘယ္ေၾကာင့္ ႏွင္ထုတ္ရသလဲ။ အဘယ္ေၾကာင့္ ဖိနပ္နဲ႔ တံခါးကို ေတာင္းပန္ခိုင္းရ သလဲ"

"ငါ၏ ေက်ာင္းေတာ္ထဲတြင္ ဆရာႏွင့္ဒကာ ႏွစ္မ်ိဳးသာ ရွိသည္။ ငါေျပာသည့္ အတိုင္း မလိုက္နာႏိုင္လွ်င္ သင္ ငါ့ကိုလာၿပီး စကားေျပာစရာ မလိုၿပီ"

ဘုရင္က မာန္ နည္းနည္း က်သြားသည္။ အေဝးမွ ဆရာေတာ္ကို ဦးခ်လိုက္ၿပီး "တပည့္ေတာ္က အဘယ္ေၾကာင့္ ဖိနပ္ကို ေတာင္းပန္ရမည္နည္း"

"ဖိနပ္သည္ သင့္ကို ေတာက္ေလွ်ာက္ အကာအကြယ္ ေပးခဲ့သည့္ ပစၥည္းတခု ျဖစ္သည္။ သင့္ေျခဖဝါးကို မနာရန္ ေစာင့္ေရွာက္ ကာကြယ္ေပးသည့္ အရာအေပၚ သင္က ေက်းဇူးမတင္ မေလးစားလွ်င္ သင္သည္ မည္သည့္အရာကိုမွ် ေက်းဇူးတင္၊ ေလးစားႏိုင္မည့္သူ မဟုတ္မွန္း ေပၚလြင္ေနသည္"

"တပည့္ေတာ္ အဘယ္ေၾကာင့္ တံခါးကို ေတာင္းပန္ရမည္နည္း"

"သင္က ေအးခ်မ္းစြာ သူ႔တာဝန္သူ ထမ္းေဆာင္ေနေသာ တံခါးကိုပင္ ျပင္းထန္ ၾကမ္းတမ္းစြာ ျပဳမူ ဆက္ဆံသည္ ဆိုလွ်င္၊ ထိုတံခါးအတြင္း ေနထိုင္သူအေပါင္း ကိုလည္း မည္သို႔မွ် ေအးခ်မ္း၊ ၿငိမ္းခ်မ္းစြာ ျပဳမူဆက္ဆံမည့္သူ မဟုတ္ေၾကာင္း ေပၚလြင္ေနသည္။ သင့္စိတ္အတိုင္း သင္ ျပဳမူေနျခင္းမွာ ေပၚလြင္လြန္း လွသည္။ ငါက ေဒါသ တရား၊ မာန္မာနတရား လက္ကိုင္ စြဲလာသူမ်ားကို လက္ခံ ေတြ႕ဆုံေလ့ မရွိ"

"တပည့္ေတာ္ ဖိနပ္ႏွင့္ တံခါးကို ေတာင္းပန္ပါမည္"

"လူတေယာက္သည္ သူ႔စိတ္ထဲတြင္ ရွိသည့္အတိုင္း ျပင္ပကို ထုတ္ေဖာ္ ျပတတ္သည္။ သင့္အျပဳအမူက သင့္ကို ဤအခန္းထဲ ဝင္ရန္၊ မဝင္ရန္ အဆုံးအျဖတ္ ျဖစ္ေစပါလိမ့္မည္"

ဘုရင္က အျပင္ကို ျပန္ထြက္သည္။ သူလႊင့္ပစ္ခဲ့ေသာ ဖိနပ္ကို ျပန္ေကာက္သည္။ "ဪ ဤဖိနပ္ကား ငါ့ကို စစ္ေျမျပင္တြင္ ဆူးေျငာင့္ ခလုတ္မ်ား ရန္က ကင္းေဝးေစ ခဲ့သည္။ ဖိနပ္ေလး ေတာင္းပန္ပါတယ္" ဟု ေျပာကာ ပြတ္သပ္ၿပီး စနစ္တက် ျပန္ခ်ထားလိုက္သည္။

ထို႔ေနာက္ ဘုရင္သည္ တံခါးကို ျပန္ပိတ္လိုက္သည္။ "ေက်းဇူးျပဳၿပီး ဝင္ခြင့္ျပဳပါ" ဟု ေတာင္းပန္လိုက္ကာ တံခါးကို ျဖည္းျဖည္းခ်င္း ဆြဲဖြင့္လိုက္သည္။ ထိုခဏေလးတြင္ သူ႔စိတ္ထဲ၌ ၾကည္ႏူးမႈ ပီတိမ်ား ျဖစ္သြားသည္။

"ဆရာေတာ္ဘုရား တပည့္ေတာ္ ဦးတင္ပါတယ္၊ တပည့္ေတာ္ကို တရားမ်ား ျပေတာ္မူပါ"

"ဒကာ၊ သင္ တရား ရသြားပါၿပီ" ဆရာေတာ္က ေျပာကာ မတ္တတ္ရပ္ၿပီး အခန္းထဲ ျပန္ဝင္သြားသည္။

ဘုရင္ႀကီးက လက္အုပ္ကို ခ်ီၿပီး မ်က္စိ မွိတ္ထားလိုက္သည္။ သူ႔ရင္ထဲတြင္ ၾကည္ႏူးၿငိမ္းခ်မ္းမႈ တခုကို ခံစားလိုက္ရသည္။ သူ႔ဘဝတြင္ မည္သည့္ အခါကမွ် မခံစားဖူးေသာ ၾကည္ႏူးပီတိျဖစ္သည္။ "တပည့္ေတာ္ ဘာကို တန္ဖိုးထားရမည္ ဆိုတာ သိသြားပါၿပီဘုရား" ဟု ေျပာကာ တလွမ္းခ်င္း ျပန္ထြက္ခဲ့သည္။

စစ္ဘုရင္ ေျခလွမ္းမ်ားကား ေက်ာင္းထဲကို ဝင္လာစဥ္ႏွင့္ ေက်ာင္းထဲက ျပန္ထြက္စဥ္ ကြာျခား လြန္းလွသည္။ သူေရာက္ေနသည္မွာ မည္သည့္ေနရာ။ မည္သည့္အရာေတြကို ေကာင္းစြာ တန္ဖိုးထားရမည္ ဆိုသည္ကို သူ ေကာင္းစြာ သိျမင္သြားသည္။

Tin Nyunt

Post a Comment

0 Comments