ကြောင်နှစ်ကောင်နှင့် မျောက်

တခါတုန်းက ကြောင်နှစ်ကောင်ဟာ ဗိုက် အလွန်စာနေ ကြတာမို့ စားစရာ လိုက်ရှာနေကြတယ်။ အတန်ကြာတော့မှ အိမ်တအိမ်ရဲ့ကြောင်အိမ်တံခါး ပွင့်နေတာကို သူတို့တွေ့သွားတာမို့ ကြောင်အိမ်ထဲ ဝင်ပြီး ဒိန်ခဲတတုံး ခိုးလာခဲ့ကြတယ်။

သူတို့ဟာ ဒိန်ခဲကို ချီပြီး စိတ်ချလက်ချ စားလို့ရမယ့် တနေရာကို ပြေးထွက်သွား ကြတယ်။ "ကဲ ဒါကို မင်းနဲ့ငါ တယောက် တဝက်စီ ခွဲဝေယူကြစို့" လို့ တကောင်က ဆိုတယ်။ နောက်တော့ သူတို့ဒိန်ခဲကို တဝက်စီ ခွဲလိုက်တယ်။

ဒါပေမယ့် ဒိန်ခဲက တပိုင်းကြီး တပိုင်းသေး ဖြစ်နေသလို နှစ်ကောင်စလုံး ကလည်း ကြီးတဲ့အပိုင်းကို လိုချင်ကြတယ်။ နှစ်ကောင်လုံး တစ်ကောင်မှ အလျော့ မပေးလေတော့ စကားများကြ ပါလေရော။

နောက်ဆုံးမှာတော့ "ငါတို့ ပြသနာကို စဉ်းစား ဆုံးဖြတ်ပေးဖို့ ဟိုးနားက မျေက်ကို အကူအညီတောင်းမယ်" လို့ ကြောင်တကောင်က ပြောတယ်။ ဒီတော့ သူတို့နှစ်ကောင် မျောက်ဆီသွားပြီး အကူအညီ ပေးနိုင်မလားလို့ မေးမြန်ကြတယ်။

မျောက်က "လုပ်ပေးရမှာပေါ့ကွာ။ ငါ့ကို မင်းတို့ရဲ့ ဒိန်ခဲ နှစ်ပိုင်းပြ။ အေး ဟုတ်တယ်။ တပိုင်းက ပိုပြီးကြီးနေတယ်ကွ၊ ငါတို့မှာ ချိန်ခွင် ကောင်းကောင်း ရှိတယ်။ ချိန်ကြည့်ကြစို့" လို့ ဆိုတယ်။

မျောက်က ချိန်ခွင်ကို ကိုင်ပြီး ထိုင်ချလိုက်တယ်။ ဒိန်ခဲနှစ်ပိုင်းကို ချိန်ခွင်ပေါ် တင်ပြီးတဲ့ အခါမှာတော့ "ငါထင်တဲ့အတိုင်းဘဲ။ တပိုင်းက ကျန်တပိုင်းထက် ပိုကြီးနေတယ်။ အလေးချိန် မျှသွားအောင်တော့ ငါလုပ်နိုင်ပါသေးတယ်လို့ မျောက်က ဆိုပြီး ခပ်ကြီးကြီး အပိုင်းကနေ တကိုက်စာ ကိုက်စားပစ် လိုက်တယ်။ ဒါမှ နှစ်ပိုင်း မျှသွားမှာပေါ့" လို့ ဆိုပြီး ကိုက်ပြီးသွားတဲ့ အပိုင်းကို ချိန်ခွင်ပေါ် တင်လိုက်တယ်။

ဒီတော့ အရင် ရှိနေတဲ့အပိုင်းက နောက်တင်လိုက်တဲ့ အပိုင်းထက် ပိုပြီး လေးသွားပြန်ပါရော။ "ဟ လုပ်ကြပါဦး၊ ထူးဆန်တယ်ဟေ့၊ အခုတော့ ဟိုတပိုင်းက ပိုကြီးသွားပြန်ပြီလို့ မျောက်က ဆိုတယ်။ ပြီးတော့ ကြီးတဲ့အပိုင်းကို ယူပြီး တကိုက် ကိုက်ပြန်တယ်။

ဒီတော့ သနားစရာ ကြောင်နှစ်ကောင်ခင်ဗျာ "တော်ပါတော့၊ တော်ပါတော့။ အခုကျန်တဲ့ အပိုင်းတွေဘဲ ကျွန်တော်တို့ကို ပြန်ပေးပါ။ ဘယ်အပိုင်းကြီးကြီး၊ ဘယ်အပိုင်းငယ်ငယ် ကျွန်တော်တို့ စိတ်မဆိုးတော့ပါဘူး" လို့ ဆိုကြတယ်။ မျောက်ကလည်း ခပ်ထန်ထန်နဲ့ဘဲ။

"မရဘူး၊ ဒီကိစ္စကို စီရင်ပေးဖို့ မင်းတို့ ငါ့ကို အပ်ထားတာ မဟုတ်လား၊ ငါကတော့ ညီမျှအောင် ဆက်လုပ်ပေးရမှာဘဲ" လို့ ဆိုတယ်။ မျောက်က ဟိုတပိုင်းကို ကိုက်လိုက်၊ ဒီတပိုင်းကို ကိုက်လိုက်နဲ့ဘဲ ဆက်ချိန်နေတော့ ကြောင်နှစ်ကောင်ခင်ဗျာ သူတို့ဝေစုတွေ အတော် သေးသွားတာကို မြင်နေကြရတယ်။

"ကျွန်တောတို့ အငြင်းပွားမှုနှင့် ပက်သတ်ပြီး ခင်ဗျား ဒုက္ခ ဆက်မခံပါနဲ့တော့ဗျာ။ ကျန်နေတဲ့ ဒိန်ခဲစလေးကိုပဲ ကျွန်တော်တို့ကို ပြန်ပေးပါ" လို့ သူတို့နှစ်ကောင် တောင်းပန်ကြတယ်။

မျောက်ကလည်း "ကောင်းပြီလေ၊ မင်းတို့က တောင်းပန်နေမှကိုးကွ။ မင်းတို့ အငြင်းပွားမှုကို ဖြေရှင်းဖို့ ကြိုးရတဲ့ ငါ့ရဲ့ ဒုက္ခအတွက် မင်းတို့ ငါ့ကို ဘာပေးကြမှာလဲ။ မင်းတို့မှာ ပေးစရာ ဘာမှမရှိဘူး ဆိုတာ ငါတွေ့နေရတော့ ငါ့ရဲ့ လုပ်အားခ အတွက် နောက်ဆုံး ကျန်ရှိနေတဲ့ ဒိန်ခဲလေးကိုပဲ ငါယူရမယ် ထင်တယ်" လို့ ဆိုတယ်။

မျောက်က ဒိန်ခဲလက်ကျန်ကို သူ့ပါးစပ်ထဲ ထည့်ပြီး ပလုပ်ပလောင်း စားပစ်လိုက်တယ်။ အကြံပိုင်တဲ့ မျောက်ဟာ ရိုရိုကျိုးကျိုးနဲ့ ကြောင်နှစ်ကောင်ကို ဦးညွတ်ပြီး နှုတ်ဆက် ထွက်ခွာသွားလေသည်။

တခါတလေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ ပြသနာ သေးသေးလေးတွေကို အကျယ်မချဲ့ဘဲ ဖြေရှင်းတတ်ဖို့ လိုပါတယ်။ လူတကိုယ် အပူတမျိုး ဆိုသလို လူတိုင်း လူတိုင်းမှာ ပြသနာ အခက်အခဲတွေဆိုတာ ရှိပါတယ်။ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ကြပါ။ အလောတကြီး ဆုံးဖြတ်ချက် ချတာတွေက အမှားများဖို့ ပိုသေချာပါတယ်။

Crd Origin

phoomyatchal

Zawgyi

ေၾကာင္ႏွစ္ေကာင္ႏွင့္ေမ်ာက္

တခါတုန္းက ေၾကာင္ႏွစ္ေကာင္ဟာ ဗိုက္ အလြန္စာေန ၾကတာမို႔ စားစရာ လိုက္ရွာေနၾကတယ္။ အတန္ၾကာေတာ့မွ အိမ္တအိမ္ရဲ႕ေၾကာင္အိမ္တံခါး ပြင့္ေနတာကို သူတို႔ေတြ႕သြားတာမို႔ ေၾကာင္အိမ္ထဲ ဝင္ၿပီး ဒိန္ခဲတတုံး ခိုးလာခဲ့ၾကတယ္။

သူတို႔ဟာ ဒိန္ခဲကို ခ်ီၿပီး စိတ္ခ်လက္ခ် စားလို႔ရမယ့္ တေနရာကို ေျပးထြက္သြား ၾကတယ္။ "ကဲ ဒါကို မင္းနဲ႔ငါ တေယာက္ တဝက္စီ ခြဲေဝယူၾကစို႔" လို႔ တေကာင္က ဆိုတယ္။ ေနာက္ေတာ့ သူတို႔ဒိန္ခဲကို တဝက္စီ ခြဲလိုက္တယ္။

ဒါေပမယ့္ ဒိန္ခဲက တပိုင္းႀကီး တပိုင္းေသး ျဖစ္ေနသလို ႏွစ္ေကာင္စလုံး ကလည္း ႀကီးတဲ့အပိုင္းကို လိုခ်င္ၾကတယ္။ ႏွစ္ေကာင္လုံး တစ္ေကာင္မွ အေလ်ာ့ မေပးေလေတာ့ စကားမ်ားၾက ပါေလေရာ။

ေနာက္ဆုံးမွာေတာ့ "ငါတို႔ ျပသနာကို စဥ္းစား ဆုံးျဖတ္ေပးဖို႔ ဟိုးနားက ေမ်က္ကို အကူအညီေတာင္းမယ္" လို႔ ေၾကာင္တေကာင္က ေျပာတယ္။ ဒီေတာ့ သူတို႔ႏွစ္ေကာင္ ေမ်ာက္ဆီသြားၿပီး အကူအညီ ေပးႏိုင္မလားလို႔ ေမးျမန္ၾကတယ္။

ေမ်ာက္က "လုပ္ေပးရမွာေပါ့ကြာ။ ငါ့ကို မင္းတို႔ရဲ႕ ဒိန္ခဲ ႏွစ္ပိုင္းျပ။ ေအး ဟုတ္တယ္။ တပိုင္းက ပိုၿပီးႀကီးေနတယ္ကြ၊ ငါတို႔မွာ ခ်ိန္ခြင္ ေကာင္းေကာင္း ရွိတယ္။ ခ်ိန္ၾကည့္ၾကစို႔" လို႔ ဆိုတယ္။

ေမ်ာက္က ခ်ိန္ခြင္ကို ကိုင္ၿပီး ထိုင္ခ်လိုက္တယ္။ ဒိန္ခဲႏွစ္ပိုင္းကို ခ်ိန္ခြင္ေပၚ တင္ၿပီးတဲ့ အခါမွာေတာ့ "ငါထင္တဲ့အတိုင္းဘဲ။ တပိုင္းက က်န္တပိုင္းထက္ ပိုႀကီးေနတယ္။ အေလးခ်ိန္ မွ်သြားေအာင္ေတာ့ ငါလုပ္ႏိုင္ပါေသးတယ္လို႔ ေမ်ာက္က ဆိုၿပီး ခပ္ႀကီးႀကီး အပိုင္းကေန တကိုက္စာ ကိုက္စားပစ္ လိုက္တယ္။ ဒါမွ ႏွစ္ပိုင္း မွ်သြားမွာေပါ့" လို႔ ဆိုၿပီး ကိုက္ၿပီးသြားတဲ့ အပိုင္းကို ခ်ိန္ခြင္ေပၚ တင္လိုက္တယ္။

ဒီေတာ့ အရင္ ရွိေနတဲ့အပိုင္းက ေနာက္တင္လိုက္တဲ့ အပိုင္းထက္ ပိုၿပီး ေလးသြားျပန္ပါေရာ။ "ဟ လုပ္ၾကပါဦး၊ ထူးဆန္တယ္ေဟ့၊ အခုေတာ့ ဟိုတပိုင္းက ပိုႀကီးသြားျပန္ၿပီလို႔ ေမ်ာက္က ဆိုတယ္။ ၿပီးေတာ့ ႀကီးတဲ့အပိုင္းကို ယူၿပီး တကိုက္ ကိုက္ျပန္တယ္။

ဒီေတာ့ သနားစရာ ေၾကာင္ႏွစ္ေကာင္ခင္ဗ်ာ "ေတာ္ပါေတာ့၊ ေတာ္ပါေတာ့။ အခုက်န္တဲ့ အပိုင္းေတြဘဲ ကြၽန္ေတာ္တို႔ကို ျပန္ေပးပါ။ ဘယ္အပိုင္းႀကီးႀကီး၊ ဘယ္အပိုင္းငယ္ငယ္ ကြၽန္ေတာ္တို႔ စိတ္မဆိုးေတာ့ပါဘူး" လို႔ ဆိုၾကတယ္။ ေမ်ာက္ကလည္း ခပ္ထန္ထန္နဲ႔ဘဲ။

"မရဘူး၊ ဒီကိစၥကို စီရင္ေပးဖို႔ မင္းတို႔ ငါ့ကို အပ္ထားတာ မဟုတ္လား၊ ငါကေတာ့ ညီမွ်ေအာင္ ဆက္လုပ္ေပးရမွာဘဲ" လို႔ ဆိုတယ္။ ေမ်ာက္က ဟိုတပိုင္းကို ကိုက္လိုက္၊ ဒီတပိုင္းကို ကိုက္လိုက္နဲ႔ဘဲ ဆက္ခ်ိန္ေနေတာ့ ေၾကာင္ႏွစ္ေကာင္ခင္ဗ်ာ သူတို႔ေဝစုေတြ အေတာ္ ေသးသြားတာကို ျမင္ေနၾကရတယ္။

"ကြၽန္ေတာတို႔ အျငင္းပြားမႈႏွင့္ ပက္သတ္ၿပီး ခင္ဗ်ား ဒုကၡ ဆက္မခံပါနဲ႔ေတာ့ဗ်ာ။ က်န္ေနတဲ့ ဒိန္ခဲစေလးကိုပဲ ကြၽန္ေတာ္တို႔ကို ျပန္ေပးပါ" လို႔ သူတို႔ႏွစ္ေကာင္ ေတာင္းပန္ၾကတယ္။

ေမ်ာက္ကလည္း "ေကာင္းၿပီေလ၊ မင္းတို႔က ေတာင္းပန္ေနမွကိုးကြ။ မင္းတို႔ အျငင္းပြားမႈကို ေျဖရွင္းဖို႔ ႀကိဳးရတဲ့ ငါ့ရဲ႕ ဒုကၡအတြက္ မင္းတို႔ ငါ့ကို ဘာေပးၾကမွာလဲ။ မင္းတို႔မွာ ေပးစရာ ဘာမွမရွိဘူး ဆိုတာ ငါေတြ႕ေနရေတာ့ ငါ့ရဲ႕ လုပ္အားခ အတြက္ ေနာက္ဆုံး က်န္ရွိေနတဲ့ ဒိန္ခဲေလးကိုပဲ ငါယူရမယ္ ထင္တယ္" လို႔ ဆိုတယ္။

ေမ်ာက္က ဒိန္ခဲလက္က်န္ကို သူ႔ပါးစပ္ထဲ ထည့္ၿပီး ပလုပ္ပေလာင္း စားပစ္လိုက္တယ္။ အႀကံပိုင္တဲ့ ေမ်ာက္ဟာ ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ေၾကာင္ႏွစ္ေကာင္ကို ဦးၫြတ္ၿပီး ႏႈတ္ဆက္ ထြက္ခြာသြားေလသည္။

တခါတေလ ကြၽန္မတို႔ ပတ္ဝန္းက်င္မွာ ႀကဳံေတြ႕ေနရတဲ့ ျပသနာ ေသးေသးေလးေတြကို အက်ယ္မခ်ဲ႕ဘဲ ေျဖရွင္းတတ္ဖို႔ လိုပါတယ္။ လူတကိုယ္ အပူတမ်ိဳး ဆိုသလို လူတိုင္း လူတိုင္းမွာ ျပသနာ အခက္အခဲေတြဆိုတာ ရွိပါတယ္။ ေခါင္းေအးေအးထားၿပီး ဆုံးျဖတ္ၾကပါ။ အေလာတႀကီး ဆုံးျဖတ္ခ်က္ ခ်တာေတြက အမွားမ်ားဖို႔ ပိုေသခ်ာပါတယ္။

Crd Origin

phoomyatchal

Post a Comment

0 Comments