ယုံကြည်မှု

ကျွန်တော် လစာ တလကို တသိန်းရတဲ့ အချိန်တုန်းကပေါ့။ ကျွန်တော့်သူဌေးက ကျွန်တော့်ကို သူကိုင်ထားတဲ့ ဖုန်းလေး ပေးကိုင်တယ်။ ဖုန်းက အဲ့ဒီအချိန်တုန်းက ၆ သိန်း ဝန်းကျင်လောက် ရှိတယ်။ ပြီးတော့ သူက ကျွန်တော့်ကို မေးတယ်။

"တကယ်လို့များ ဒီဖုန်းဟာ မင်းလက်ထဲက ကျကွဲသွားမယ် ဆိုရင် မင်းလျော်နိုင်လား" တဲ့။ ကျွန်တော် ပြန်ဖြေတယ် "ကျနော် မလျော်နိုင်ပါဘူး။ ကျွန်တော့်လစာ အကုန်လုံး မိသားစုကို ပြန်ထောက်ပံ့ ရလို့ ကျွန်တော် မလျော်နိုင်ပါဘူး"

သူက ကျွန်တော့်ကို ပြောတယ် "မှတ်ထား၊ တန်ဘိုးကြီးတဲ့ ပစ္စည်းတခုကို လူတယောက်က မင်းကို ယုံကြည်ရလို့ အပ်လိုက်ပြီဆိုရင် အဲ့ဒီယုံကြည်မှုကို တန်ဖိုးထားပါ။ မင်းလက်ထဲ ရောက်နေတဲ့ ဒီဖုန်းကို ဘယ်တော့မှ ကျမကွဲအောင် ထိန်းသိမ်းပြီးတော့ မင်းကိုင်ပါ

အဲဒီလိုပဲ ငါမင်းကို ယုံကြည်လို့ အပ်ထားတဲ့ သိန်း ၂၀၀ နီးပါး ပေးရတဲ့ ကားကိုလည်း မင်းပိုင်တဲ့ ကားလို ဂရုစိုက်ပြီး မောင်းပါ။ မင်းရတဲ့ လစာ တသိန်း၊ မင်းကို အပ်ထားတာ သိန်းရာချီတန်တဲ့ ပစ္စည်း၊ တန်ဘိုးကြီးတဲ့ ပစ္စည်းကို ယုံကြည်ရလို့ အပ်ထားတာ ဖြစ်တယ်။

မင်းမလျော်နိုင်ရင် ထိန်းသိမ်းရမှာ မင်းတာဝန် ဖြစ်တယ်။ စည်းကမ်းရှိရမှာ မင်းတာဝန် ဖြစ်တယ်။ တကယ်လို့ မင်းလျော်နိုင်တဲ့ အချိန်ရောက်လာလို့ မင်းလျော်ပေးတယ် ဆိုရင်လည်း ငါတို့ ယုံကြည်မှုတွေ ပျက်သွားမှာ ဖြစ်သလို၊ မင်းဟာလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်တဲ့လူ ဖြစ်သွားမယ်။

မင်းမှတ်ထားပါ၊ လောကကြီးမှာ လူတွေရဲ့ ယုံကြည်မှုကို ရပြီဆိုရင် မင်းဘဝမှာ ငွေ မလိုတော့ဘူး။ သူတို့ ပိုက်ဆံနဲ့ မင်း အလုပ် လုပ်လို့ ရပြီ။ ဒီတော့ ခုလိုပဲ ယုံကြည်ထိုက်သူ ဖြစ်အောင် မင်းအမြဲတစေ ကြိုးစားပါ" တဲ့။

အဲ့ဒီစကား သေသည့်တိုင် ကျွန်တော် မှတ်ထားတယ်။ အဲ့ဒီအတိုင်း ကျွန်တော် ကြိုးစားတယ်။ ဒီစကားလေးတွေကို လူငယ်လေးတွေအတွက် မျှဝေပေးခြင်း ဖြစ်ပါတယ်။

ကိုယ်ဟာ ကုမ္ပဏီတခုမှာ ယာဉ်မောင်းအလုပ် လုပ်နေတယ်ဆိုရင် အဲ့ဒီကားကို မတိုက်အောင် မောင်းရမှာ ကိုယ့်တာဝန် ဖြစ်တယ်။ ဘယ်သူမှားမှား ကိုယ်က ရှောင်ပါ။

လောကမှာ ကိုယ် မလျော်နိုင်တဲ့ ပစ္စည်းကို ကိုယ့်ကို ယုံကြည်လို့ အပ်ထားတယ် ဆိုရင် အဲ့ဒီ ယုံကြည်မှုကို ဘာအကြောင်းကြောင့်နဲ့မှ မပျက်ဆီးပါစေနဲ့။ အနာဂတ်မှာ အောင်မြင်ချင်ရင် ယုံကြည်ထိုက်သူ ဖြစ်အောင် ကြိုးစားကြပါ လို့ မှာကြားပါရစေ။

MHM


Zawgyi

ယုံၾကည္မႈ

ကြၽန္ေတာ္ လစာ တလကို တသိန္းရတဲ့ အခ်ိန္တုန္းကေပါ့။ ကြၽန္ေတာ့္သူေဌးက ကြၽန္ေတာ့္ကို သူကိုင္ထားတဲ့ ဖုန္းေလး ေပးကိုင္တယ္။ ဖုန္းက အဲ့ဒီအခ်ိန္တုန္းက ၆ သိန္း ဝန္းက်င္ေလာက္ ရွိတယ္။ ၿပီးေတာ့ သူက ကြၽန္ေတာ့္ကို ေမးတယ္။

"တကယ္လို႔မ်ား ဒီဖုန္းဟာ မင္းလက္ထဲက က်ကြဲသြားမယ္ ဆိုရင္ မင္းေလ်ာ္ႏိုင္လား" တဲ့။ ကြၽန္ေတာ္ ျပန္ေျဖတယ္ "က်ေနာ္ မေလ်ာ္ႏိုင္ပါဘူး။ ကြၽန္ေတာ့္လစာ အကုန္လုံး မိသားစုကို ျပန္ေထာက္ပံ့ ရလို႔ ကြၽန္ေတာ္ မေလ်ာ္ႏိုင္ပါဘူး"

သူက ကြၽန္ေတာ့္ကို ေျပာတယ္ "မွတ္ထား၊ တန္ဘိုးႀကီးတဲ့ ပစၥည္းတခုကို လူတေယာက္က မင္းကို ယုံၾကည္ရလို႔ အပ္လိုက္ၿပီဆိုရင္ အဲ့ဒီယုံၾကည္မႈကို တန္ဖိုးထားပါ။ မင္းလက္ထဲ ေရာက္ေနတဲ့ ဒီဖုန္းကို ဘယ္ေတာ့မွ က်မကြဲေအာင္ ထိန္းသိမ္းၿပီးေတာ့ မင္းကိုင္ပါ

အဲဒီလိုပဲ ငါမင္းကို ယုံၾကည္လို႔ အပ္ထားတဲ့ သိန္း၂၀၀ နီးပါး ေပးရတဲ့ ကားကိုလည္း မင္းပိုင္တဲ့ ကားလို ဂ႐ုစိုက္ၿပီး ေမာင္းပါ။ မင္းရတဲ့ လစာ တသိန္း၊ မင္းကို အပ္ထားတာ သိန္းရာခ်ီတန္တဲ့ ပစၥည္း၊ တန္ဘိုးႀကီးတဲ့ ပစၥည္းကို ယုံၾကည္ရလို႔ အပ္ထားတာ ျဖစ္တယ္။

မင္းမေလ်ာ္ႏိုင္ရင္ ထိန္းသိမ္းရမွာ မင္းတာဝန္ ျဖစ္တယ္။ စည္းကမ္းရွိရမွာ မင္းတာဝန္ ျဖစ္တယ္။ တကယ္လို႔ မင္းေလ်ာ္ႏိုင္တဲ့ အခ်ိန္ေရာက္လာလို႔ မင္းေလ်ာ္ေပးတယ္ ဆိုရင္လည္း ငါတို႔ ယုံၾကည္မႈေတြ ပ်က္သြားမွာ ျဖစ္သလို၊ မင္းဟာလည္း ယုံၾကည္မႈကို အလြဲသုံးစား လုပ္တဲ့လူ ျဖစ္သြားမယ္။

မင္းမွတ္ထားပါ၊ ေလာကႀကီးမွာ လူေတြရဲ႕ ယုံၾကည္မႈကို ရၿပီဆိုရင္ မင္းဘဝမွာ ေငြ မလိုေတာ့ဘူး။ သူတို႔ ပိုက္ဆံနဲ႔ မင္း အလုပ္ လုပ္လို႔ ရၿပီ။ ဒီေတာ့ ခုလိုပဲ ယုံၾကည္ထိုက္သူ ျဖစ္ေအာင္ မင္းအၿမဲတေစ ႀကိဳးစားပါ" တဲ့။ အဲ့ဒီစကား ေသသည့္တိုင္ ကြၽန္ေတာ္ မွတ္ထားတယ္။ အဲ့ဒီအတိုင္း ကြၽန္ေတာ္ ႀကိဳးစားတယ္။

ဒီစကားေလးေတြကို လူငယ္ေလးေတြအတြက္ မွ်ေဝေပးျခင္း ျဖစ္ပါတယ္။ ကိုယ္ဟာ ကုမၸဏီတခုမွာ ယာဥ္ေမာင္းအလုပ္ လုပ္ေနတယ္ဆိုရင္ အဲ့ဒီကားကို မတိုက္ေအာင္ ေမာင္းရမွာ ကိုယ့္တာဝန္ ျဖစ္တယ္။ ဘယ္သူမွားမွား ကိုယ္က ေရွာင္ပါ။

ေလာကမွာ ကိုယ္ မေလ်ာ္ႏိုင္တဲ့ ပစၥည္းကို ကိုယ့္ကို ယုံၾကည္လို႔ အပ္ထားတယ္ ဆိုရင္ အဲ့ဒီ ယုံၾကည္မႈကို ဘာအေၾကာင္းေၾကာင့္နဲ႔မွ မပ်က္ဆီးပါေစနဲ႔။ အနာဂတ္မွာ ေအာင္ျမင္ခ်င္ရင္ ယုံၾကည္ထိုက္သူ ျဖစ္ေအာင္ ႀကိဳးစားၾကပါ လို႔ မွာၾကားပါရေစ။

MHM

Post a Comment

0 Comments