နှစ်သစ်မှာ သင့်အနာဂတ် ဘယ်လိုပြောင်းလဲသွားမလဲ သိနိုင်ဖို့ ပုံတစ်ပုံရွေးလိုက်ပါ

အရောင်တွေမှာလည်း စွမ်းအင်တွေ ရှိပါတယ်။ အရောင်တွေကလည်း စိတ်ခံစားချက်တွေနဲ့ ဆက်နွယ်နေတတ်ပါတယ်။ အဲဒါကြောင့် နှစ်သစ်မှာ သင့်အတွက် ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲ ဆိုတာ သိဖို့ စိတ်အေးအေးထားပြီး ပုံတစ်ပုံကို ရွေးလိုက်ပါ။


၁။ ဝက်သစ်ခြပင်

သင်က အမြဲ အကောင်းမြင် တတ်သူပါ။ သင့်ဘဝက စွန့်စားစရာတွေနဲ့ ပြည့်နေပါတယ်။ နှစ်သစ်မှာတော့ သင့်အတွက် အောင်မြင်မှုတွေက စောင့်နေပါတယ်။ ပြီးတော့ surprise အကြီးကြီးတစ်ခုနဲ့လည်း ကြုံရဦးမှာပါ။

၂။ ထင်းရှူးပင်

သင်က အတွေးတွေကို လွတ်လွတ်လပ်လပ် ထားသူပါ။ နှစ်သစ်မှာတော့ အရင်က ကြိုးစားထားသမျှတွေ အရာထင် လာနိုင်ပါပြီ။ ဒါပေမယ့် စိတ်ရှည်ဖို့တော့ လိုပါတယ်။

၃။ မေပယ်ပင်

သင်က ဆတ်ဆတ်ထိ မခံတဲ့သူပါ။ အချိန်ကိုလည်း အရမ်း တန်ဖိုးထားပါတယ်။ နှစ်သစ်မှာ သင့်အပေါ် အရမ်းကို ကြင်နာပေးမယ့်၊ ချစ်ပေးမယ့် လူတစ်ယောက်ရောက်လာတော့မှာပါ။ သင့်ဘဝက သူနဲ့တွေ့ရင် ပိုပြီးတောက်ပ လာတော့မှာပါ။

၄။ ဆောင်းရွက်ကြွေပင်

သင်က လက်တွေ့ကျကျ လုပ်ဆောင်တတ်ပြီး မျှမျှတတ တွေးခေါ်တတ်ပါတယ်။ နှစ်သစ်ကို ရောက်တဲ့အခါ သင့်အပေါ် နားလည်ပေးမယ့်သူတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။

၅။ ပန်းအိပင်

သင်က ကံကောင်းမှုကို မစောင့်ဘဲ အလုပ်နဲ့ သက်သေပြတတ်သူပါ။ အလုပ်လုပ်ရင် နေ့ရွှေ့ညရွှေ့ မလုပ်တတ်ပါဘူး။ နှစ်သစ်မှာတော့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ရာထူးတိုးတာ၊ ငွေပိုစုမိလာတာ၊ အလုပ်အသစ် ရတာတို့ ကြုံရမှာပါ။

၆။ မက်မန်းသီးပင်

သင်က စိတ်အေးနားအေး နေတတ်သူပါ။ သင့်အနီးအနားလူတွေကို ပျော်အောင်လုပ်ပေးတတ်ပေမယ့် တစ်ယောက်တည်းနေရတာကို ပိုကြိုက်ပါတယ်။ နှစ်သစ်ကူးပြီးမကြာခင်မှာဘဲ မထင်မှတ်ထားတဲ့နေရာမှာ သင့်ရဲ့နံရိုးပိုင်ရှင်ကို ရှာတွေ့မှာပါ။

၇။ Linden

သင်က အရာရာကို စေ့စေ့စပ်စပ် လုပ်တတ်ပါတယ်။ အမြော်အမြင်ရှိရှိ လုပ်တတ်လို့ တချို့လူတွေက သင့်ကို နားမလည်နိုင် ကြပါဘူး။ နှစ်သစ်မှာတော့ ကျန်းမာရေးကို သေချာဂရုစိုက် သင့်ပါတယ်။

၈။ သစ်အယ်ပင်

တချို့လူတွေကတော့ သင့်ကို စိတ်ကူးယဉ်ဆန်သူလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် သင်ဘယ်လောက် လက်တွေ့ကြလဲ ဆိုတာ သင်ကိုယ်တိုင် အသိဆုံးပါပဲ။ နှစ်သစ်ကူးမှာတော့ သင်နဲ့ စိတ်တူကိုယ်တူ ဖြစ်မယ့် vip တစ်ယောက် သင့်ဘဝထဲကို ဝင်လာပါလိမ့်မယ်။

၉။ မိုးမခပင်

သင်က ပွင့်ပွင့်လင်းလင်း နေတတ်သူပါ။ စိတ်ဝင်စားတဲ့ အလုပ်ဆိုရင် နေ့မအားညမနား လုပ်တတ်ပါတယ်။ နှစ်သစ်မှာတော့ အရင်က စီစဉ်ထားတဲ့ အလုပ်တွေ၊ စိတ်ကူးတွေ ဖြစ်လာတော့မှာပါ။

Zombie (Lovemedia)

for zawgyi



၁။ဝက်သစ်ခြပင်


၂။ ထင်းရှူးပင်


၃။ မေပယ်ပင်


၎။ ဆောင်းရွက်ကြွေပင်


၅။ ပန်းအိပင်


၆။ မက်မန်းသီးပင်


၇။ Linden


၈။ သစ်အယ်ပင်


၉။ မိုးမခပင်


Zombie (Lovemedia)

Post a Comment

0 Comments