တန်ဖိုးရှိသော ရတနာ

ဟိုးရှေးရှေးတုန်းက သူဌေးကြီးတယောက် ရှိတယ်။ အဲ့ဒီ့သူဌေးကြီးမှာ ရင်သွေးဆိုလို့ အမြဲပျင်းရိနေတဲ့ သားတယောက်ပဲ ရှိသတဲ့။ အဖေ့ပိုက်ဆံ ထိုင်ဖြုန်းဖို့က လွဲရင် ဘာမှ မလုပ်တတ်ဘူး။ ပညာကိုလည်း ကောင်းကောင်း မသင်ဘူးတဲ့။

သူဌေးကြီးက သူသေသွားရင် သားလုပ်သူက ရှိသမျှ အကုန် ရောင်းစားပြီး ဆင်းရဲသား ဖြစ်သွားမှာ စိုးရိမ်တာပေါ့။ သူ့သားကို ကြိုးစားပြီး ပြုပြင်ပေမယ့်လည်း မရဘူးတဲ့ကွယ်။ သားတယောက်ပဲ ရှိတာမို့ စိတ်ပူနေတာပေါ့။ နောက်ဆုံးတော့ သူ အကြံရသွားတယ်။ အပ်ချုပ်ဆိုင် ကိုသွား အနွေးထည် တထည် ချုပ်ခိုင်းတယ်။ ပြီးတော့ အဲဒါကိုပဲ နေ့တိုင်း ဝတ်သတဲ့။

တနေ့တော့ သူ့သားကို ခေါ်ပြီး "ငါသေလို့ ရှိရင် ငါ့မှာ ရှိသမျှ မင်းအမွေရမှာပဲ။ အဲဒီအမွေတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်မယ် ငါမျှော်လင့်တယ်။ တကယ်လို့သာ အဲဒါတွေ အကုန်လုံး မင်းရောင်းစားပစ်မယ် ဆိုရင် ငါ ခုဝတ်နေကျ အနွေးထည်လေးတော့ ချန်ထားပြီး အမြဲ ဝတ်ပါကွာ။ အဲဒါဆို ငါကျေနပ်ပါပြီ" လို့ ပြောသတဲ့။

သားဖြစ်သူကလည်း ဒီလောက် လွယ်တာလေးပဲ ဆိုပြီး ဟုတ်ပါပြီ လို့ ကတိပေးတာပေါ့။ များမကြာမီမှာ သူဌေးကြီးသေသွားတော့ သူ့သားက ပိုက်ဆံတွေ အကုန်ဖြုန်း ရှိသမျှ ရောင်းစား နောက်ဆုံး အကုန်ကုန်ပြီး လမ်းပေါ် ရောက်သွားတာပေါ့။

သူ့ကို ဘယ်သူမှလည်း အပေါင်းအသင်း မလုပ်ကြတော့ ဘူးတဲ့။ နဂိုကလည်း ဘာပညာမှ မတတ်ဘူး ဆိုတော့ သူတောင်းစားလို ဖြစ်သွားတာပေါ့။ ဒါပေမယ့် သူ့အဖေကို ပေးခဲ့တဲ့ ကတိအတိုင်း အနွေးထည်ကိုတော့ ဝတ်ထားတာပဲ။ အဲလိုနဲ့ နှစ်ပေါင်းများစွာ သူလျှောက်သွားနေတာပေါ့။

တရက်တော့ မြေကြီးပေါ် သူလှဲနေရင်း နောက်ကျောဘက်က ခိုးလိုးခုလု နေသလို ခံစားရသတဲ့။ ထကြည့်တော့ မြေကြီးက ပြောင်ရှင်းလို့။ အဲဒါနဲ့ အနွေးထည်ကို သေချာ လိုက်ကိုင်ကြည့်တော့ ချုပ်ရိုးကြောင်းတွေ ကြားမှာ မာတဲ့ အရာလေး တခု စမ်းကြည့်မိတယ်။

သူလည်း စိတ်ဝင်စားသွားပြီး ဓါးနဲ့ ဖြတ်ကြည့်တော့ တန်ဖိုးကြီးတဲ့ ရတနာလေး ထွက်လာသတဲ့။ သူ့အဖေက အမျှော်အမြင် ရှိစွာနဲ့ ထားခဲ့တာပေါ့။ အဲဒီ ရတနာကို သွားရောင်းလိုက်တော့ သူလည်း ပိုက်ဆံတွေ ပြန်ချမ်းသာ လာတာပေါ့။

ဒါပေမယ့် သူသင်ခန်းစာ ရသွားပြီ။ အရင်ကလို မသုံးဖြုန်းတော့ ဘူးတဲ့။ အရောင်းအဝယ် ပညာ ပြန်လေ့လာပြီး လုပ်ငန်းတွေ လုပ်လိုက်တာ သူဌေးကြီးဘဝ ရောက်သွားတာပေါ့။ တမလွန်က သူ့အဖေကိုလည်း ကျေးဇူးတင် မဆုံးဘူးပေါ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ရေ လူတွေဟာ မွေးလာကတည်းက အောင်မြင်အောင် ထူးခွှန်အောင် လုပ်နိုင်တဲ့၊ အများအကျိုးဆောင်နိုင်တဲ့ အရည်အချင်းတွေ စိတ်ကောင်း နှလုံးကောင်းတွေ လူတိုင်းရဲ့ နှလုံးသားမှာ ပါလာပြီးသားပါကွဲ့။

ဒါပေမယ့် ပုံပြင်ထဲက သူဌေးသားလိုပဲ မေ့မေ့လျော့လျော့နဲ့ ပေါ့ပေါ့ဆဆ နေနေကြတာ များတယ်။ ဒီပုံပြင်လေးကို ဖတ်မိ နားထောင်မိပြီး ရင်ထဲ တန်ဖိုးရှိတဲ့ ရတနာကို ဖော်ထုတ် အသုံးပြုနိုင်ကြပါစေ။

Crd

Zawgyi

တန္ဖိုးရွိေသာ ရတနာ

ဟိုးေရွးေရွးတုန္းက သူေဌးႀကီးတေယာက္ ရွိတယ္။ အဲ့ဒီ့သူေဌးႀကီးမွာ ရင္ေသြးဆိုလို႔ အၿမဲပ်င္းရိေနတဲ့ သားတေယာက္ပဲ ရွိသတဲ့။ အေဖ့ပိုက္ဆံ ထိုင္ျဖဳန္းဖို႔က လြဲရင္ ဘာမွ မလုပ္တတ္ဘူး။ ပညာကိုလည္း ေကာင္းေကာင္း မသင္ဘူးတဲ့။

သူေဌးႀကီးက သူေသသြားရင္ သားလုပ္သူက ရွိသမွ် အကုန္ ေရာင္းစားၿပီး ဆင္းရဲသား ျဖစ္သြားမွာ စိုးရိမ္တာေပါ့။ သူ႔သားကို ႀကိဳးစားၿပီး ျပဳျပင္ေပမယ့္လည္း မရဘူးတဲ့ကြယ္။ သားတေယာက္ပဲ ရွိတာမို႔ စိတ္ပူေနတာေပါ့။ ေနာက္ဆုံးေတာ့ သူ အႀကံရသြားတယ္။ အပ္ခ်ဳပ္ဆိုင္ ကိုသြား အေႏြးထည္ တထည္ ခ်ဳပ္ခိုင္းတယ္။ ၿပီးေတာ့ အဲဒါကိုပဲ ေန႔တိုင္း ဝတ္သတဲ့။

တေန႔ေတာ့ သူ႔သားကို ေခၚၿပီး "ငါေသလို႔ ရွိရင္ ငါ့မွာ ရွိသမွ် မင္းအေမြရမွာပဲ။ အဲဒီအေမြေတြကို ေကာင္းေကာင္း ထိန္းသိမ္းႏိုင္မယ္ ငါေမွ်ာ္လင့္တယ္။ တကယ္လို႔သာ အဲဒါေတြ အကုန္လုံး မင္းေရာင္းစားပစ္မယ္ ဆိုရင္ ငါ ခုဝတ္ေနက် အေႏြးထည္ေလးေတာ့ ခ်န္ထားၿပီး အၿမဲ ဝတ္ပါကြာ။ အဲဒါဆို ငါေက်နပ္ပါၿပီ" လို႔ ေျပာသတဲ့။

သားျဖစ္သူကလည္း ဒီေလာက္ လြယ္တာေလးပဲ ဆိုၿပီး ဟုတ္ပါၿပီ လို႔ ကတိေပးတာေပါ့။ မ်ားမၾကာမီမွာ သူေဌးႀကီးေသသြားေတာ့ သူ႔သားက ပိုက္ဆံေတြ အကုန္ျဖဳန္း ရွိသမွ် ေရာင္းစား ေနာက္ဆုံး အကုန္ကုန္ၿပီး လမ္းေပၚ ေရာက္သြားတာေပါ့။

သူ႔ကို ဘယ္သူမွလည္း အေပါင္းအသင္း မလုပ္ၾကေတာ့ ဘူးတဲ့။ နဂိုကလည္း ဘာပညာမွ မတတ္ဘူး ဆိုေတာ့ သူေတာင္းစားလို ျဖစ္သြားတာေပါ့။ ဒါေပမယ့္ သူ႔အေဖကို ေပးခဲ့တဲ့ ကတိအတိုင္း အေႏြးထည္ကိုေတာ့ ဝတ္ထားတာပဲ။ အဲလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ သူေလွ်ာက္သြားေနတာေပါ့။

တရက္ေတာ့ ေျမႀကီးေပၚ သူလွဲေနရင္း ေနာက္ေက်ာဘက္က ခိုးလိုးခုလု ေနသလို ခံစားရသတဲ့။ ထၾကည့္ေတာ့ ေျမႀကီးက ေျပာင္ရွင္းလို႔။ အဲဒါနဲ႔ အေႏြးထည္ကို ေသခ်ာ လိုက္ကိုင္ၾကည့္ေတာ့ ခ်ဳပ္႐ိုးေၾကာင္းေတြ ၾကားမွာ မာတဲ့ အရာေလး တခု စမ္းၾကည့္မိတယ္။ သူလည္း စိတ္ဝင္စားသြားၿပီး ဓါးနဲ႔ ျဖတ္ၾကည့္ေတာ့ တန္ဖိုးႀကီးတဲ့ ရတနာေလး ထြက္လာသတဲ့။ သူ႔အေဖက အေမွ်ာ္အျမင္ ရွိစြာနဲ႔ ထားခဲ့တာေပါ့။

အဲဒီ ရတနာကို သြားေရာင္းလိုက္ေတာ့ သူလည္း ပိုက္ဆံေတြ ျပန္ခ်မ္းသာ လာတာေပါ့။ ဒါေပမယ့္ သူသင္ခန္းစာ ရသြားၿပီ။ အရင္ကလို မသုံးျဖဳန္းေတာ့ ဘူးတဲ့။ အေရာင္းအဝယ္ ပညာ ျပန္ေလ့လာၿပီး လုပ္ငန္းေတြ လုပ္လိုက္တာ သူေဌးႀကီးဘဝ ေရာက္သြားတာေပါ့။ တမလြန္က သူ႔အေဖကိုလည္း ေက်းဇူးတင္ မဆုံးဘူးေပါ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ ကေလးတို႔ေရ လူေတြဟာ ေမြးလာကတည္းက ေအာင္ျမင္ေအာင္ ထူးခႊန္ေအာင္ လုပ္ႏိုင္တဲ့၊ အမ်ားအက်ိဳးေဆာင္ႏိုင္တဲ့ အရည္အခ်င္းေတြ စိတ္ေကာင္း ႏွလုံးေကာင္းေတြ လူတိုင္းရဲ႕ ႏွလုံးသားမွာ ပါလာၿပီးသားပါကြဲ႕။

ဒါေပမယ့္ ပုံျပင္ထဲက သူေဌးသားလိုပဲ ေမ့ေမ့ေလ်ာ့ေလ်ာ့နဲ႔ ေပါ့ေပါ့ဆဆ ေနေနၾကတာ မ်ားတယ္။ ဒီပုံျပင္ေလးကို ဖတ္မိ နားေထာင္မိၿပီး ရင္ထဲ တန္ဖိုးရွိတဲ့ ရတနာကို ေဖာ္ထုတ္ အသုံးျပဳႏိုင္ၾကပါေစ။

Crd

Post a Comment

0 Comments