လောကခရီးသွား

တနေ့သောအခါ လူတယာက်သည် ခရီးသွားရန်အတွက် ကားဂိတ်ကို ရောက်လာသည်။ သူက ကားလက်မှတ် ဖြတ်သည့်နေရာကို သွားပြီး လက်မှတ် ဖြတ်သည်။ လက်မှတ်ရုံမှ ကောင်မလေးက "ဘယ်အတန်းက လိုချင်ပါသလဲရှင်" ဟု မေးလေသည်။

"အမျိုးအစား ခွဲထားသလား သမီး"

"ဟုတ်ကဲ့ရှင့်၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ဆိုပြီး သုံးမျိုး ခွဲထား ပါတယ်ရှင့်"

"ဈေးတွေ ကရောကွယ်"

"ပထမတန်းက တသောင်း၊ ဒုတိယတန်းက ငါးထောင်၊ တတိယတန်းက နှစ်ထောင်"

"ကောင်းပြီကွယ်၊ ဦးကို ပထမတန်းက ပေးပါ။ ရော့ တသောင်း"

ခရီးသည်ကြီးက ပထမတန်းလက်မှတ် ယူပြီး ကားရှိရာကို လျှောက်လာသည်။ သူကကားပေါ်ကို ကြည့်လိုက်ရာတွင် ကားပေါ်ရှိ ထိုင်ခုံများရော၊ နေရာတွေကပါ အားလုံး အတူတူ ဖြစ်နေသည်။ ထို့ကြောင့် သူက ဒရိုင်ဘာကို မေးလိုက်သည်။

"ဒီမှာမောင်ရင်၊ ဦးက ပထမတန်း လက်မှတ် ဝယ်ထားတယ်၊ ဘယ်နေရာမှာ ထိုင်ရမလဲကွယ်"

"ကြိုက်တဲ့နေရာ ထိုင်ပါခင်ဗျာ"

"အလို၊ ပထမတန်း လက်မှတ်က ဈေးကြီးသကွယ်၊ အဲဒါ တန်းတူပဲ ထိုင်ရမှာလား"

"ကားပေါ်မှာတော့ တခရီးတည်းကို အတူတူ သွားတွေပဲဗျာ၊ ကြိုက်တဲ့နေရာ ထိုင်နိုင်ပါတယ်"

"ဒါဆို ဒုတိယတန်း ကရောကွယ်"

"ကြိုက်တဲ့နေရာ ထိုင်ပဲ"

"တတိယတန်း ကရော"

"သူလည်း ကြိုက်တဲ့နေရာ ထိုင်နိုင်ပါတယ်"

ခရီးသည်ကြီးက စိတ်မကျေမနပ်ဖြင့် တနေရာတွင် ထိုင်နေလိုက်သည်။ ခရီးသည်တွေ တယောက်ပြီး တယောက် တက်လာကြသည်။ သူတို့က ဘာမျှ မေးမနေ။ ထိုင်ချင်သည့် နေရာတွင် ထိုင်နေကြသည်။ ကားထွက်ပြီ။

၂ နာရီခန့် ကားမောင်းအပြီးတွင် ကားဘီးက ပေါက်သည်။ ထိုအချိန်တွင် ဒရိုင်ဘာက..

"တတိယတန်း ခရီးသည်များ ခင်ဗျား၊ ခရီးဆက်ထွက်နိုင်ရန် အတွက် ကားဘီးပေါက်ကို လာပြီး ဖြုတ်ကြပါ ခင်ဗျာ"

တတိယတန်း ခရီးသည်များ အောက်ကို ဆင်းသွားကြသည်။ နေပူထဲတွင် သူတို့ ကားဘီးကို ချွေးပြန်ကာ ဖြုတ်နေကြရသည်။ ထို့နောက် ဒရိုင်ဘာက အော်ပြန်သည်။

"ဒုတိယတန်း ခရီးသည်များ ခင်ဗျား၊ ကားဘီးကို ပြန်တပ်ဆင်ရန် အတွက် ကားအောက်ကို ဆင်းပြီး တတိယတန်း ခရီးသည်များကို အကြံဉာဏ်များ ပေးကြပါ ခင်ဗျား"

ဒုတိယတန်း ခရီးသည်များ ဆင်းသွားကာ တတိယတန်း ခရီးသည်များကို ကားဘီးအပို ပြန်တပ်ရန် အတွက် နေပူထဲတွင်ပင် လမ်းညွှန် နေရရှာသည်။ ထိုအချိန်တွင် ပထမတန်း လက်မှတ်ကို ဝယ်ထားသည့် ခရီးသည်တဦးသာ ကားပေါ်တွင် ကျန်ခဲ့သည်။ သူက ဒရိုင်ဘာကို အော်မေးလိုက်သည်။

"ဒီမှာ မောင်ရင်၊ ဦးက ပထမတန်းလက်မှတ် ဝယ်ထားတယ်၊ ဦးကရော ဘာလုပ်ရမှာလဲကွယ်"

"ဦးက ပထမတန်း လက်မှတ် ဝယ်ထားတော့ ဘာမှ လုပ်ဖို့ မလိုပါဘူး ခင်ဗျာ။ သက်သောင့် သက်သာနဲ့ ပြီးတဲ့အထိ ထိုင်စောင့်နေရုံပါပဲ"

ထိုအခါမှ ခရီးသည်ကြီးက ဤဒေသ၏ အတန်းအစား ခွဲခြားထားမှုကို သဘောပေါက်သွားသည်။ ဤဒေသတွင် ခရီးသွားလျှင် ကိုယ့်ဘာသာကိုယ် သတ်မှတ် သွားရသည်။

တတိယတန်းစား တွေက ကားပျက်လျှင် ချွေးထွက် ခံရမည့်သူများ ဖြစ်သည်။

ဒုတိယတန်းစား တွေက ကားပျက်လျှင် အကြံပေးကာ လမ်းညွှန်ရမည့် သူများ ဖြစ်သည်။

ပထမတန်းစားတွေက ထိုင်ကြည့်နေရုံသာ ဖြစ်သည်။

သင်သည် မည်သည့် အတန်းစားနည်း။ ပထမတန်းသည် ထိပ်ဆုံးက ဖြစ်သည်။ အရိပ်ထဲတွင် နေရသည်။ အခွင့်ထူးခံတွေ ဖြစ်သည်။ ဒုတိယတန်းသည် နေပူတော့ခံရမည်။ သို့သော် ပင်ပန်းစွာ မလုပ်ရ။ အကြံပေးရန်သာ လိုသည်။ တတိယတန်းသည် အပင်ပန်းဆုံး ဖြစ်သည်။ ချွေးပြိုက်ပြိုက် ကျအောင် လုပ်ရမည်။

လောကကြီးက အတန်းအစား ခွဲထားသည်။ လောကခရီးသွားများ ထဲတွင် ၃ စား သာ ရှိသည်။ သင်သည် မည်သည့် အတန်းက စီးမည်နည်း။

CRD တင်ညွန့်

Zawgyi

ေလာကခရီးသြား

တေန႔ေသာအခါ လူတယာက္သည္ ခရီးသြားရန္အတြက္ ကားဂိတ္ကို ေရာက္လာသည္။ သူက ကားလက္မွတ္ ျဖတ္သည့္ေနရာကို သြားၿပီး လက္မွတ္ ျဖတ္သည္။ လက္မွတ္႐ုံမွ ေကာင္မေလးက "ဘယ္အတန္းက လိုခ်င္ပါသလဲရွင္" ဟု ေမးေလသည္။

"အမ်ိဳးအစား ခြဲထားသလား သမီး"

"ဟုတ္ကဲ့ရွင့္၊ ပထမတန္း၊ ဒုတိယတန္း၊ တတိယတန္း ဆိုၿပီး သုံးမ်ိဳး ခြဲထား ပါတယ္ရွင့္"

"ေဈးေတြ ကေရာကြယ္"

"ပထမတန္းက တေသာင္း၊ ဒုတိယတန္းက ငါးေထာင္၊ တတိယတန္းက ႏွစ္ေထာင္"

"ေကာင္းၿပီကြယ္၊ ဦးကို ပထမတန္းက ေပးပါ။ ေရာ့ တေသာင္း"

ခရီးသည္ႀကီးက ပထမတန္းလက္မွတ္ ယူၿပီး ကားရွိရာကို ေလွ်ာက္လာသည္။ သူကကားေပၚကို ၾကည့္လိုက္ရာတြင္ ကားေပၚရွိ ထိုင္ခုံမ်ားေရာ၊ ေနရာေတြကပါ အားလုံး အတူတူ ျဖစ္ေနသည္။ ထို႔ေၾကာင့္ သူက ဒ႐ိုင္ဘာကို ေမးလိုက္သည္။

"ဒီမွာေမာင္ရင္၊ ဦးက ပထမတန္း လက္မွတ္ ဝယ္ထားတယ္၊ ဘယ္ေနရာမွာ ထိုင္ရမလဲကြယ္"

"ႀကိဳက္တဲ့ေနရာ ထိုင္ပါခင္ဗ်ာ"

"အလို၊ ပထမတန္း လက္မွတ္က ေဈးႀကီးသကြယ္၊ အဲဒါ တန္းတူပဲ ထိုင္ရမွာလား"

"ကားေပၚမွာေတာ့ တခရီးတည္းကို အတူတူ သြားေတြပဲဗ်ာ၊ ႀကိဳက္တဲ့ေနရာ ထိုင္ႏိုင္ပါတယ္"

"ဒါဆို ဒုတိယတန္း ကေရာကြယ္"

"ႀကိဳက္တဲ့ေနရာ ထိုင္ပဲ"

"တတိယတန္း ကေရာ"

"သူလည္း ႀကိဳက္တဲ့ေနရာ ထိုင္ႏိုင္ပါတယ္"

ခရီးသည္ႀကီးက စိတ္မေက်မနပ္ျဖင့္ တေနရာတြင္ ထိုင္ေနလိုက္သည္။ ခရီးသည္ေတြ တေယာက္ၿပီး တေယာက္ တက္လာၾကသည္။ သူတို႔က ဘာမွ် ေမးမေန။ ထိုင္ခ်င္သည့္ ေနရာတြင္ ထိုင္ေနၾကသည္။ ကားထြက္ၿပီ။

၂ နာရီခန႔္ ကားေမာင္းအၿပီးတြင္ ကားဘီးက ေပါက္သည္။ ထိုအခ်ိန္တြင္ ဒ႐ိုင္ဘာက

"တတိယတန္း ခရီးသည္မ်ား ခင္ဗ်ား၊ ခရီးဆက္ထြက္ႏိုင္ရန္ အတြက္ ကားဘီးေပါက္ကို လာၿပီး ျဖဳတ္ၾကပါ ခင္ဗ်ာ"

တတိယတန္း ခရီးသည္မ်ား ေအာက္ကို ဆင္းသြားၾကသည္။ ေနပူထဲတြင္ သူတို႔ ကားဘီးကို ေခြၽးျပန္ကာ ျဖဳတ္ေနၾကရသည္။ ထို႔ေနာက္ ဒ႐ိုင္ဘာက ေအာ္ျပန္သည္။

"ဒုတိယတန္း ခရီးသည္မ်ား ခင္ဗ်ား၊ ကားဘီးကို ျပန္တပ္ဆင္ရန္ အတြက္ ကားေအာက္ကို ဆင္းၿပီး တတိယတန္း ခရီးသည္မ်ားကို အႀကံဉာဏ္မ်ား ေပးၾကပါ ခင္ဗ်ား"

ဒုတိယတန္း ခရီးသည္မ်ား ဆင္းသြားကာ တတိယတန္း ခရီးသည္မ်ားကို ကားဘီးအပို ျပန္တပ္ရန္ အတြက္ ေနပူထဲတြင္ပင္ လမ္းၫႊန္ ေနရရွာသည္။ ထိုအခ်ိန္တြင္ ပထမတန္း လက္မွတ္ကို ဝယ္ထားသည့္ ခရီးသည္တဦးသာ ကားေပၚတြင္ က်န္ခဲ့သည္။ သူက ဒ႐ိုင္ဘာကို ေအာ္ေမးလိုက္သည္။

"ဒီမွာ ေမာင္ရင္၊ ဦးက ပထမတန္းလက္မွတ္ ဝယ္ထားတယ္၊ ဦးကေရာ ဘာလုပ္ရမွာလဲကြယ္"

"ဦးက ပထမတန္း လက္မွတ္ ဝယ္ထားေတာ့ ဘာမွ လုပ္ဖို႔ မလိုပါဘူး ခင္ဗ်ာ။ သက္ေသာင့္ သက္သာနဲ႔ ၿပီးတဲ့အထိ ထိုင္ေစာင့္ေန႐ုံပါပဲ"

ထိုအခါမွ ခရီးသည္ႀကီးက ဤေဒသ၏ အတန္းအစား ခြဲျခားထားမႈကို သေဘာေပါက္သြားသည္။ ဤေဒသတြင္ ခရီးသြားလွ်င္ ကိုယ့္ဘာသာကိုယ္ သတ္မွတ္ သြားရသည္။

တတိယတန္းစား ေတြက ကားပ်က္လွ်င္ ေခြၽးထြက္ ခံရမည့္သူမ်ား ျဖစ္သည္။

ဒုတိယတန္းစား ေတြက ကားပ်က္လွ်င္ အႀကံေပးကာ လမ္းၫႊန္ရမည့္ သူမ်ား ျဖစ္သည္။

ပထမတန္းစားေတြက ထိုင္ၾကည့္ေန႐ုံသာ ျဖစ္သည္။

သင္သည္ မည္သည့္ အတန္းစားနည္း။ ပထမတန္းသည္ ထိပ္ဆုံးက ျဖစ္သည္။ အရိပ္ထဲတြင္ ေနရသည္။ အခြင့္ထူးခံေတြ ျဖစ္သည္။ ဒုတိယတန္းသည္ ေနပူေတာ့ခံရမည္။ သို႔ေသာ္ ပင္ပန္းစြာ မလုပ္ရ။ အႀကံေပးရန္သာ လိုသည္။ တတိယတန္းသည္ အပင္ပန္းဆုံး ျဖစ္သည္။ ေခြၽးၿပိဳက္ၿပိဳက္ က်ေအာင္ လုပ္ရမည္။

ေလာကႀကီးက အတန္းအစား ခြဲထားသည္။ ေလာကခရီးသြားမ်ား ထဲတြင္ ၃ စား သာ ရွိသည္။ သင္သည္ မည္သည့္ အတန္းက စီးမည္နည္း။

CRD တင္ၫြန႔္

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရသ သုတ ပေးတဲ့စာ။ ကွန်ဂရက်ကျူလေးရှင်း။ အတန်းအစားစုံက ခရီးသည်များ ခရီးဆုံးကို တပြိုင်နက်တည်းဆိုက်ရောက်ကြလေသည်။

    ReplyDelete