လိပ်ပျော်ပွဲစား

ဟိုးရှေးရှေးတုန်းက လိပ်မိသားစု တစုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်နေ ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ် တောင် ကြာသွားပါတယ်။

နောက်ဆုံးမှာတော့ လိပ်မိသားစုဟာ အိမ်က ထွက်လာပြီး ပျော်ပွဲစားဖို့ သင့်တော်တဲ့ နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံး နေရာတခုကို ရှာတွေ့ သွားကြပါတယ်။

အဲဒီနေရာလေးကို သန့်ရှင်းရေး လုပ်တာတို့၊ ပျော်ပွဲစား အတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင် လိုက်တာ ၆ လ အကြာမှာ ပြီးစီးသွား ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ ဆား မေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။

ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ အရသာ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီး မှာတော့ အငယ်ဆုံး လိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက် ကြပါတယ်။

မိသားစုထဲမှာ အမြန်ဆုံး ဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယို ပါတော့တယ်။ နောက်တော့ ကတိတခု တောင်းပြီးမှ သွားမယ်လို့ သဘောတူလိုက် ပါတယ်။

ကတိကတော့ ဘယ်သူမှ သူ ပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။

၃ နှစ် ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက် မလာပါဘူး။ ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်မြောက် မှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ ပါဘူး။ ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ် ပေါင်မုန့်ထုပ်ကို ဖွင့်လိုက် ပါတော့တယ်။

အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တရက် ထွက်လာပြီး အော်ပြောလိုက် ပါတယ်။ "တွေ့လား၊ သားကို စောင့်ကြမှာ မဟုတ်ဘူး ဆိုတာ သိသားပဲ၊ တော်ပြီ ဆား သွားမယူတော့ဘူး" တဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ် ကြတယ်။

သူများတွေ ဘာလုပ်သလဲ ဆိုတာကို အလေးထား စိတ်ဝင်စားနေ ရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှ မလုပ်ဖြစ်မိပါဘူး။ ကိုယ့်အထုပ် ကိုယ်ထမ်းပြီး ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ လိုအပ်ပါတယ်။

crd

Zawgyi

လိပ္ေပ်ာ္ပြဲစား

ဟိုးေရွးေရွးတုန္းက လိပ္မိသားစု တစုဟာ ေပ်ာ္ပြဲစားထြက္ဖို႔ ျပင္ဆင္ေန ၾကပါတယ္။ သူတို႔ သဘာဝကိုက ေႏွးေကြးတဲ့ လိပ္ေတြဟာ ေပ်ာ္ပြဲစား ထြက္ဖို႔ ျပင္ဆင္တာလည္း ၇ ႏွစ္ ေတာင္ ၾကာသြားပါတယ္။

ေနာက္ဆုံးမွာေတာ့ လိပ္မိသားစုဟာ အိမ္က ထြက္လာၿပီး ေပ်ာ္ပြဲစားဖို႔ သင့္ေတာ္တဲ့ ေနရာကို ရွာၾကပါတယ္။ ထြက္လာၿပီး ၂ ႏွစ္ အၾကာမွာေတာ့ သူတို႔အတြက္ အေကာင္းဆုံး ေနရာတခုကို ရွာေတြ႕ သြားၾကပါတယ္။

အဲဒီေနရာေလးကို သန႔္ရွင္းေရး လုပ္တာတို႔၊ ေပ်ာ္ပြဲစား အတြက္ စားစရာေတြကို ျခင္းေတာင္းထဲက ထုတ္ၿပီး ျပင္ဆင္ လိုက္တာ ၆ လ အၾကာမွာ ၿပီးစီးသြား ပါတယ္။ အဲဒီအခ်ိန္မွာ သူတို႔ဟာ ဆား ေမ့က်န္ခဲ့တာကို သိလိုက္ရပါတယ္။

ဆားမပါတဲ့ ေပ်ာ္ပြဲစားက ဘယ္လိုမွ အရသာ ေကာင္းႏိုင္မွာ မဟုတ္ဘူးလို႔ သူတို႔ ထင္တယ္။ အဲဒီကိစၥကို အၾကာႀကီး ေဆြးေႏြးအၿပီး မွာေတာ့ အငယ္ဆုံး လိပ္ကေလးကို အိမ္မွာ ဆားျပန္ယူဖို႔ ေ႐ြးခ်ယ္ၿပီး တာဝန္ေပးလိုက္ ၾကပါတယ္။

မိသားစုထဲမွာ အျမန္ဆုံး ျဖစ္တဲ့ လိပ္ကေလးဟာ လူးလွိမ့္ၿပီး ငိုယို ပါေတာ့တယ္။ ေနာက္ေတာ့ ကတိတခု ေတာင္းၿပီးမွ သြားမယ္လို႔ သေဘာတူလိုက္ ပါတယ္။

ကတိကေတာ့ ဘယ္သူမွ သူ ျပန္မေရာက္မခ်င္း အစားအေသာက္ေတြကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သေဘာတူလိုက္ေတာ့မွ လိပ္ကေလး ထြက္သြားပါေတာ့တယ္။

၃ ႏွစ္ ၾကာတဲ့အထိ လိပ္ကေလး ျပန္ေရာက္ မလာပါဘူး။ ၅ ႏွစ္၊ ၆ ႏွစ္၊ ၇ ႏွစ္ေျမာက္ မွာေတာ့ အသက္အႀကီးဆုံး လိပ္ႀကီးက ဗိုက္ဆာတဲ့ဒဏ္ကို မခံႏိုင္ရွာေတာ့ ပါဘူး။ ဒါေၾကာင့္ သူေတာ့ စားေတာ့မယ္လို႔ ေျပာၿပီး အသားညႇပ္ ေပါင္မုန႔္ထုပ္ကို ဖြင့္လိုက္ ပါေတာ့တယ္။

အဲဒီအခ်ိန္မွာပဲ လိပ္ကေလးက သစ္ပင္ အေနာက္ကေန ႐ုတ္တရက္ ထြက္လာၿပီး ေအာ္ေျပာလိုက္ ပါတယ္။ "ေတြ႕လား၊ သားကို ေစာင့္ၾကမွာ မဟုတ္ဘူး ဆိုတာ သိသားပဲ၊ ေတာ္ၿပီ ဆား သြားမယူေတာ့ဘူး" တဲ့။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ လူတခ်ိဳ႕ဟာ တျခားလူေတြကို ကိုယ္ေမွ်ာ္လင့္ထားသလို လုပ္ေပးဖို႔ ေစာင့္ေမွ်ာ္ရင္းနဲ႔ပဲ ကိုယ့္အခ်ိန္ေတြကို ျဖဳန္းျပစ္တတ္ ၾကတယ္။

သူမ်ားေတြ ဘာလုပ္သလဲ ဆိုတာကို အေလးထား စိတ္ဝင္စားေန ရတာနဲ႔ပဲ ကိုယ့္အတြက္ေတာင္ ဘာမွ မလုပ္ျဖစ္မိပါဘူး။ ကိုယ့္အထုပ္ ကိုယ္ထမ္းၿပီး ကိုယ့္အလုပ္ ကိုယ္လုပ္ၾကဖို႔ လိုအပ္ပါတယ္။

crd

Post a Comment

0 Comments