တခါတုန်းက ငါးလေးတကောင်ဟာ လိပ်လေးတကောင်ကို ရေကူးခတ်ရင်း တွေ့တော့ မေးသတဲ့။ "မင်းက တခုခု ကြုံလာတာနဲ့ ဘာဖြစ်လို့ အခွံထဲကို ခေါင်းဝှက်ထား ဖို့ပဲ စဉ်းစားတာလဲ"

လိပ်ကလည်း ငါးကလေး မေးတဲ့ မေးခွန်းကို "ငါ့ဟာငါ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တခုကို လိုချင်လို့လေ၊ မမြင်ချင်တာ မမြင်ရအောင် နေတတ်သလို နေတာလေ" လို့ အေးအေး ဆေးဆေးပဲ ပြန်ဖြေ ပါတယ်

အဲဒီတော့ ငါးကလေးက "သူများတွေ မင်းကို ငကြောက်လို့ ပြောနေတာ မင်း ပြန်မကြားမိဘူးလား"

လိပ်ကလေးက ငါးလေးကို တချက် ပြုံးပြရင်းနဲ့ "ဒီအချက်က မင်းနဲ့ ငါနဲ့ မတူတာပဲ။ ငါတို့လိပ်မျိုးတွေက မင်းတို့တွေထက် ဘာကြောင့် အသက် ရှည်ရသလဲ သိလား။ ငါတို့လိပ်မျိုးတွေဟာ အရာအားလုံးကို လိုက် ခံစားမနေဘူး။

တို့တွေက ဘဝမှာ ဘာအရေးကြီးသလဲ ဆိုတာကို ပို အဓိက ထားတယ်။ သူများတွေရဲ့ အပြောတွေကို အမြင်တွေကို လိုက် ဂရုစိုက်ပြီး မခံစားနေ ဘူးလေ။

တခုခု ကြုံလာလို့ ငါ့ရဲ့အခွံထဲ ခေါင်းဝှက်လိုက်တဲ့ အခါ ငါ့ကို ငကြောက်လို့ ပြောကြတယ်။ ဘယ်သူတွေ ဘာပြောပြော ငါမရှက်ဘူးလေ။

သူတို့ကို ရှက်နေလို့ ငါ့အန္တရာယ်က မအေးသွားဘူးလေ။ အဓိက က ငါလုံခြုံနေဖို့ လိုတယ်။

သူများရဲ့ အမြင်တွေ အပြောတွေကို ကြောက်လို့ ငါ့အန္တရာယ်တွေ ငါမရှောင်ရင် ငါပဲ ခံရမှာလေ။ အဲ့တော့ ပြောချင်တာ ပြောကြပါစေ ငါ့ရဲ့မှန်ကန်တဲ့ ခံယူချက်အတိုင်းပဲ နေလိုက်တယ်" လို့ ပြန်ဖြေလိုက် ပါတယ်။

ဒီပုံပြင်လေးထဲကလိုပဲ ကျနော်တို့ လူ့လောကမှာလည်း ကိုယ့်ကို နှစ်သက်တဲ့သူက ကိုယ်ဘယ်လောက် မကောင်းတာပဲ လုပ်လုပ် အမြင်ကြည် နေပေမယ့် ကိုယ့်ကို မနှစ်သက်တဲ့သူကို ဘယ်လိုပဲ ကောင်းတာ လုပ်ပြ လုပ်ပြ သူတို့ရဲ့ စိတ်ထဲမှာ အကောင်း မမြင်နိုင်ပါဘူး။

ဒီတော့ သူတို့ရဲ့ အမြင် အပြောတွေထက် ကိုယ့်လုပ်ရပ်က မှန်နေရင် ရပြီ။ ဘယ်သူတွေ ကိုယ့်နောက်ကွယ်မှာ ဘာပြောပြော လိုက်ရှင်းပြနေစရာ မလိုဘူး။ တချိန်မှာ အချိန်က အမှန်တွေကို ကိုယ့်ကိုယ်စား ပြောပေးပါလိမ့်မယ်။

crd

Zawgyi

လိပ္ကေလးေျပာျပတဲ့ အသက္ရွည္နည္း

တခါတုန္းက ငါးေလးတေကာင္ဟာ လိပ္ေလးတေကာင္ကို ေရကူးခတ္ရင္း ေတြ႕ေတာ့ ေမးသတဲ့။ "မင္းက တခုခု ႀကဳံလာတာနဲ႔ ဘာျဖစ္လို႔ အခြံထဲကို ေခါင္းဝွက္ထား ဖို႔ပဲ စဥ္းစားတာလဲ"

လိပ္ကလည္း ငါးကေလး ေမးတဲ့ ေမးခြန္းကို "ငါ့ဟာငါ တိတ္ဆိတ္တဲ့ ပတ္ဝန္းက်င္တခုကို လိုခ်င္လို႔ေလ၊ မျမင္ခ်င္တာ မျမင္ရေအာင္ ေနတတ္သလို ေနတာေလ" လို႔ ေအးေအး ေဆးေဆးပဲ ျပန္ေျဖ ပါတယ္

အဲဒီေတာ့ ငါးကေလးက "သူမ်ားေတြ မင္းကို ငေၾကာက္လို႔ ေျပာေနတာ မင္း ျပန္မၾကားမိဘူးလား"

လိပ္ကေလးက ငါးေလးကို တခ်က္ ၿပဳံးျပရင္းနဲ႔ "ဒီအခ်က္က မင္းနဲ႔ ငါနဲ႔ မတူတာပဲ။ ငါတို႔လိပ္မ်ိဳးေတြက မင္းတို႔ေတြထက္ ဘာေၾကာင့္ အသက္ ရွည္ရသလဲ သိလား။ ငါတို႔လိပ္မ်ိဳးေတြဟာ အရာအားလုံးကို လိုက္ ခံစားမေနဘူး။

တို႔ေတြက ဘဝမွာ ဘာအေရးႀကီးသလဲ ဆိုတာကို ပို အဓိက ထားတယ္။ သူမ်ားေတြရဲ႕ အေျပာေတြကို အျမင္ေတြကို လိုက္ ဂ႐ုစိုက္ၿပီး မခံစားေန ဘူးေလ။

တခုခု ႀကဳံလာလို႔ ငါ့ရဲ႕အခြံထဲ ေခါင္းဝွက္လိုက္တဲ့ အခါ ငါ့ကို ငေၾကာက္လို႔ ေျပာၾကတယ္။ ဘယ္သူေတြ ဘာေျပာေျပာ ငါမရွက္ဘူးေလ။

သူတို႔ကို ရွက္ေနလို႔ ငါ့အႏၲရာယ္က မေအးသြားဘူးေလ။ အဓိက က ငါလုံၿခဳံေနဖို႔ လိုတယ္။

သူမ်ားရဲ႕ အျမင္ေတြ အေျပာေတြကို ေၾကာက္လို႔ ငါ့အႏၲရာယ္ေတြ ငါမေရွာင္ရင္ ငါပဲ ခံရမွာေလ။ အဲ့ေတာ့ ေျပာခ်င္တာ ေျပာၾကပါေစ ငါ့ရဲ႕မွန္ကန္တဲ့ ခံယူခ်က္အတိုင္းပဲ ေနလိုက္တယ္" လို႔ ျပန္ေျဖလိုက္ ပါတယ္။

ဒီပုံျပင္ေလးထဲကလိုပဲ က်ေနာ္တို႔ လူ႔ေလာကမွာလည္း ကိုယ့္ကို ႏွစ္သက္တဲ့သူက ကိုယ္ဘယ္ေလာက္ မေကာင္းတာပဲ လုပ္လုပ္ အျမင္ၾကည္ ေနေပမယ့္ ကိုယ့္ကို မႏွစ္သက္တဲ့သူကို ဘယ္လိုပဲ ေကာင္းတာ လုပ္ျပ လုပ္ျပ သူတို႔ရဲ႕ စိတ္ထဲမွာ အေကာင္း မျမင္ႏိုင္ပါဘူး။

ဒီေတာ့ သူတို႔ရဲ႕ အျမင္ အေျပာေတြထက္ ကိုယ့္လုပ္ရပ္က မွန္ေနရင္ ရၿပီ။ ဘယ္သူေတြ ကိုယ့္ေနာက္ကြယ္မွာ ဘာေျပာေျပာ လိုက္ရွင္းျပေနစရာ မလိုဘူး။ တခ်ိန္မွာ အခ်ိန္က အမွန္ေတြကို ကိုယ့္ကိုယ္စား ေျပာေပးပါလိမ့္မယ္။

crd