ဂျပန်နိုင်ငံက ဆေးရုံတစ်ရုံဟာ ပိုက်လိုင်း ဆက်သွယ်မှု မှားတာကြောင့် အိမ်သာရေတွေကို သောက်ရေအဖြစ် ၂၈ နှစ်ကြာ မှားယွင်းသုံးစွဲ မိခဲ့ပါတယ်။ ဒီအကြောင်းကို ဂျပန်နိုင်ငံ၊ အိုဆာကာတက္ကသိုလ်က အောက်တိုဘာ ၂၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ဆေးရုံထဲက သင်ကြားရေးဌာနထဲက အိမ်သာထဲမှာ သောက်ရေပိုက်တွေကို အိမ်သာရေပိုက်နဲ့ မှားယွင်းဆက်သွယ် ထားမိတာပါ။ မှားယွင်းဆက်သွယ် ထားမိတဲ့ ရေပိုက်ခေါင်းတွေက တစ်ခု၊ နှစ်ခု မဟုတ်ပါဘူး။ ရေပိုက်ခေါင်းပေါင်း ၁၂၀တောင် မှားပြီး ဆက်သွယ်ထားမိတာပါ။

ဒီဆေးရုံကို ၁၉၉၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ရေပိုက်မှားပြီး ဆက်သွယ်မိတာက ၂၈ နှစ်ကြာပါပြီ။ အဲဒီ ၂၈ နှစ်အတွင်းမှာ ဆေးရုံတက်တဲ့သူတွေ၊ ဆေးရုံဝန်ထမ်းတွေက အိမ်သာရေတွေကို သောက်တာ၊ လက်ဆေးတာ၊ ပလုပ်ကျင်းတာ စသဖြင့် မသိဘဲ လုပ်မိခဲ့ကြပါတယ်။

ဆေးရုံမှာ အဆောက်အဦးသစ် ဆောက်ပြီး ပျက်စီးနေတာတွေကို ပြုပြင်ရင်းနဲ့ ဒီလို ရေပိုက်ခေါင်းတွေ မှားနေတာကို သတိထားမိခဲ့ကြတာပါ။ ဆေးရုံက ရေရဲ့ အရောင်၊ အရသာ၊ အနံ့တွေကို တစ်ပတ်တစ်ခါ စစ်ဆေးပါတယ်။ အမြဲတမ်း စစ်ဆေးခဲ့တာဟာ ၂၀၁၄ ခုနှစ်အထိ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ရေရဲ့အရည်အသွေးနဲ့ပတ်သက်ပြီး ကျန်းမာရေး ပြဿနာတွေကို မတွေ့ခဲ့ရကြောင်း အိုဆာကာတက္ကသိုလ်က ထုတ်ပြန်ပါတယ်။

တက္ကသိုလ်ဆေးရုံက ဒီလို မှားယွင်းမှုအတွက် လူထုကို တရားဝင် တောင်းပန်ခဲ့ပါတယ်။ တက္ကသိုလ်ထဲမှာ ရေကို အသုံးပြုနေတဲ့ အဆောက်အဦးပေါင်း ၁၀၅ ခု ရှိပါတယ်။ ကျန်တဲ့ ရေဆက်သွယ်မှု စနစ်တွေကိုလည်း စစ်ဆေးသွားမယ်လို့ တက္ကသိုလ်က ဖော်ပြထားပါတယ်။

အဲဒါကြောင့် အများသုံးနေရာတွေမှာ ရေသောက်တော့မယ် ဆိုရင် သတိထားဖို့ မမေ့ပါနဲ့နော်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

အိမ္သာေရပိုက္နဲ႔ ေသာက္ေရပိုက္ကို ၂၈ ႏွစ္ၾကာ မွားယြင္းဆက္သြယ္ထားမိတဲ့ ေဆး႐ုံ

ဂ်ပန္ႏိုင္ငံက ေဆး႐ုံတစ္႐ုံဟာ ပိုက္လိုင္းဆက္သြယ္မႈ မွားတာေၾကာင့္ အိမ္သာေရေတြကို ေသာက္ေရအျဖစ္ ၂၈ ႏွစ္ၾကာ မွားယြင္းသုံးစြဲ မိခဲ့ပါတယ္။ ဒီအေၾကာင္းကို ဂ်ပန္ႏိုင္ငံ၊ အိုဆာကာတကၠသိုလ္က ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ ေၾကညာခဲ့တာပါ။

ေဆး႐ုံထဲက သင္ၾကားေရးဌာနထဲက အိမ္သာထဲမွာ ေသာက္ေရပိုက္ေတြကို အိမ္သာေရပိုက္နဲ႔ မွားယြင္းဆက္သြယ္ ထားမိတာပါ။ မွားယြင္းဆက္သြယ္ ထားမိတဲ့ ေရပိုက္ေခါင္းေတြက တစ္ခု၊ ႏွစ္ခု မဟုတ္ပါဘူး။ ေရပိုက္ေခါင္းေပါင္း ၁၂၀ေတာင္ မွားၿပီး ဆက္သြယ္ထားမိတာပါ။

ဒီေဆး႐ုံကို ၁၉၉၃ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့ၿပီး ေရပိုက္မွားၿပီး ဆက္သြယ္မိတာက ၂၈ ႏွစ္ၾကာပါၿပီ။ အဲဒီ ၂၈ ႏွစ္အတြင္းမွာ ေဆး႐ုံတက္တဲ့သူေတြ၊ ေဆး႐ုံဝန္ထမ္းေတြက အိမ္သာေရေတြကို ေသာက္တာ၊ လက္ေဆးတာ၊ ပလုပ္က်င္းတာ စသျဖင့္ မသိဘဲ လုပ္မိခဲ့ၾကပါတယ္။

ေဆး႐ုံမွာ အေဆာက္အဦးသစ္ ေဆာက္ၿပီး ပ်က္စီးေနတာေတြကို ျပဳျပင္ရင္းနဲ႔ ဒီလို ေရပိုက္ေခါင္းေတြ မွားေနတာကို သတိထားမိခဲ့ၾကတာပါ။ ေဆး႐ုံက ေရရဲ႕ အေရာင္၊ အရသာ၊ အနံ႔ေတြကို တစ္ပတ္တစ္ခါ စစ္ေဆးပါတယ္။ အၿမဲတမ္း စစ္ေဆးခဲ့တာဟာ ၂၀၁၄ ခုႏွစ္အထိ ဘာျပႆနာမွ မရွိခဲ့ပါဘူး။ ေရရဲ႕အရည္အေသြးနဲ႔ပတ္သက္ၿပီး က်န္းမာေရး ျပႆနာေတြကို မေတြ႕ခဲ့ရေၾကာင္း အိုဆာကာတကၠသိုလ္က ထုတ္ျပန္ပါတယ္။

တကၠသိုလ္ေဆး႐ုံက ဒီလို မွားယြင္းမႈအတြက္ လူထုကို တရားဝင္ ေတာင္းပန္ခဲ့ပါတယ္။ တကၠသိုလ္ထဲမွာ ေရကို အသုံးျပဳေနတဲ့ အေဆာက္အဦးေပါင္း ၁၀၅ ခု ရွိပါတယ္။ က်န္တဲ့ ေရဆက္သြယ္မႈ စနစ္ေတြကိုလည္း စစ္ေဆးသြားမယ္လို႔ တကၠသိုလ္က ေဖာ္ျပထားပါတယ္။

အဲဒါေၾကာင့္ အမ်ားသုံးေနရာေတြမွာ ေရေသာက္ေတာ့မယ္ ဆိုရင္ သတိထားဖို႔ မေမ့ပါနဲ႔ေနာ္။

Zombie (lovemedia)