1.11.2021မှ 30.11.2021 ထိ မိတ်ဆွေများ အားလုံးအတွက်
ဆရာ့မိတ်ဆွေများ တစ်လတစ်ကြိမ် ဟောစာတမ်းများ ဆရာကိုယ်တိုင် ရေးသားတင်ပြ ပေးနေပါတယ်။ ယတြာများလဲ အမြဲတင်ပြပေးနေပါတယ်။
ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့ မမေ့နဲ့နော်။ သင်၏မိတ်ဆွေ သူငယ်ချင်း ဖတ်ရှု့နိုင်အောင် မျဝေပေးပါ။
မိမိကံကြမ္မာ အဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သည်။
ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ။ ကံဇာတာအညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ။
ဗေဒင်နှင့်လက္ခဏာ
ဆရာမင်းသုခ
၇၃လမ်း/၃၄-၃၅လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့။
တနင်္ဂနွေ သားသမီးအတွက်
တနင်္ဂနွေနေ့သားသမီးများသည် အလုပ်အကိုင် အောင်မြင်မှုနှင့် ကြုံတွေ့မည်။ ဆရာကောင်း မိတ်ဆွေများနှင့်ဆုံမည်။ မမျှော်လင့်ထားသော အကူညီများရရှိမည်။ ဤလတွင် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း မလုပ်သင့်ပါ၊ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ အပြိုင်အဆိုင် မနာလိုသူပေါများမည်။
ခရီးရှည် ရက်ရှည်ခရီး မထွက်သင့်ပါ။ သူများဦးစီးသော ခရီးဝေး မထွက်သင့်ပါ။ အစားအသောက်မှား၍ အစာအဆိပ်သင့် တတ်သည်။ အထူးသဖြင့် ဝမ်းဗိုက်နှင့် ပတ်သက်၍ အထူးဂရုစိုက်ပါ။
ချစ်သူနှင့် အိမ်ထောင်မရှိသူများ ချစ်သူရည်းစားအသစ် ရမည်၊ အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားမည့်လ ဖြစ်မည်။ အိမ်ထောင်ရေး အဆင်ပြေမည့်လ ဖြစ်သည်။
ဤအချိန်တွင် အညံ့များ ပြေပျောက်စေရန်..
ယတြာ- အိုးတစ်လုံးတွင် သဲအပြည့်ထည့်ပီး ရေအနည်းငယ် လောင်းပါ၊ ပီးလျှင် ရွှေထီး၊ ငွေထီးစိုက်၍ ဘုရားတွင် လှူပါ။
မိမိလိုရာ ဆုကိုတောင်းပါ။
တနင်္လာ သားသမီးအတွက်
ဤလအတွင်း ဘယ်သွားသွား၊ ဘယ်လာလာ မိမိထက်ကြီးသူ၊ ငယ်သူနှစ်ဦး ဒုက္ခပေးမှုကို ခံရမည်။ မိမိရဲ့အတွင်းကိစ္စများသူတစ်ပါးကို မတိုင်ပင်ကောင်းပါ။ငွေရေးကြေးရေး အချေးအဌား အကျိုးမပေးပါ။ သူတစ်ပါးအတွက် အာမခံပေးတာ တာဝန်ယူပေးတာ အကျိုးမပေးပါ။ သူများကိစ္စ မိမိကိစ္စဖြစ်တတ်သည်။
ရပ်ဝေးမှ သတင်းကောင်းကြားရမည်၊ ခရီးထွက်ရမည်။ ပညာရေးတွင် အင်တာဗျူးအောင်မြင်ခြင်း၊ ရာထူးရာခံတိုးခြင်း၊ အတန်းစားမေးပွဲများ အမှတ်ကောင်းများဖြင့်အောင်မည်။ အကြီးအကဲ အားပေးချီးမြှောက်ခြင်းခံရမည်။ အသက်၂၄၊ ၃၂ နှစ် အရွယ်ရှိသူများ ကျန်းမာရေးဂရုစိုက်ပါ။ အတိုက်အခိုက်များမည်။
အိမ်ထောင်ရေး၊ အချစ်ရေး ကံမကောင်းပါ။ အသက် ၁၉၊ ၂၀၊ ၂၁ နှစ် အရွယ်များ အချစ်ရေး စန်းပွင့်မည်။အပေါင်းအသင်း ဂရုစိုက်ပါ။
ဤလတွင်အညံများပြေပျောက်စေရန်..
ယတြာ- အိမ်ဘုရားတွင် သင်္ဘောသီးတစ်လုံး၊ ချိုချဉ် (11) လုံးနှင့် ပန်းအဝါရောင် (15) ပွင့်ကို ကပ်လှူပေးပါ။
အင်္ဂါ သားသမီးများအတွက်
ဤလတွင် စကားပြောရာ၌ ပါးနပ်စွာသုံးချရမည်၊ အပြောအဆိုဆင်ခြင်၍ စကားနုတ်ကျွံတာမျိုး မဖြစ်ပါစေနှင့်။ ငြင်းပွားစရာ လူမှုရေးပြဿနာများဖြေရှင်းရတတ်သည်။ မိတ်ဆွေသည်ရန်သူဖြစ်စေသည်၊ ဥပေက္ခာပြုနိုင်လေ မိမိအတွက် အကျိုးပေးလေ ဖြစ်သည်။ လုပ်ငန်းစီးပွား အောင်မြင်သော ကာလဖြစ်သည်။
အလုပ်အကိုင်အသစ် လုပ်ရခြင်း၊ တိုးချဲ့ရခြင်း၊ နေရာပြောင်းရွှေ့ရခြင်းကြုံရမည်။ တန်ဖိုးရှိစက်ပစ္စည်းများ အပျက်အပျောက်များမည်။ ကျန်းမာရေးအတွက် ဝမ်းဗိုက် အထူးဂရုစိုက်ပါ၊ အမျိုးသမီးများသည် အမျိုးသမီးရောဂါ အထူးဂရုစိုက်ရမည်။ ပညာရေးတွင် လူမှုရေး၊ အချစ်ရေးကိစ္စများဖြစ်ပေါ်ပါက ပညာမှာ တစ်ပိုင်းတစ်စဖြစ်ပီး နှောင်နှေးလိမ့်မည်။
ဆုံးဖြတ်ချက် မှန်ကန်ဖို့ အရေးကြီးသည်။ အိမ်ထောင်ရှိသူများ သားသမီးအတွက် ကျန်းမာရေး စိတ်ပူပင်သောက ရောက်တတ်သည်။ ဤရက်ပိုင်းတွင် တနင်္ဂနွေ နှင့် စနေသားသမီးများထံမှ မျှော်လင့်မထားသော အကူညီများရမည်။
အဆိုးအညံ့များပြေပျောက်စေရန်..
ယတြာ- အိမ်ဘုရားတွင် ကံ့ကော် ၉ ညွန့် လှူပေးပါ။
ဗုဒ္ဓဟူး သားသမီးအတွက်
အလုပ်အကိုင် အသစ်လုပ်ကိုင်ရမည်၊ မကိုင်ဖူးသောငွေ ကိုင်ရမည်။ မလှူဖူးသောအလှူမျိုး လှူရမည်။ ထီထိုးပေးပါ။ အိမ်ထောင်ရေး သာယာမည်၊ သားသမီး ဝင်ကိန်းရှိသည်။ ရွှေ၊ငွေ ရတနာများလည်းဝင်မည်။ ပတ်ဝန်းကျင်၏ သပုတ်လေလွင့် ပြောဆိုခြင်း ခံရမည်၊ ကိစ္စတစ်ခုကို လွယ်လွယ်နှင့် မဆုံးဖြတ်ပါနှင့် စိတ်အေးအေးထားပီး ဖြေရှင်းပါ။
ပတ်ဝန်းကျင်တွင် နာရေးသတင်းကြားပါက အကူငွေ တစ်ထောင့်ခုနှစ်ရာ၊ တစ်သောင်းခုနှစ်ထောင် စသည့် ၁၇ ဂဏန်းကို လှူရမည်။ ကျန်းမာရေးတွင် သွေး၊လေရောဂါနှင့် အာရုံကြောကို အထူးဂရုစိုက်ပါ။
အသက် ၂၆၊၂၇ အရွယ် ရှိသူများ ဆိုင်ကယ်စီး၊ ကားစီး အထူးဂရုစိုက် သင့်ပါသည်။ ကံဇာတာ အမြင့်အချိန် ရောက်ရှိနေသောကြောင့် အပြိုင်အဆိုင်ပေါများမည်၊ မနာလိုသူပေါများမည်။
အညံ့များပြေပျောက်စေရန်..
ယတြာ- မိမိ၏မွေးနံဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်နံဒေါင့် ဘုရားမှာ ရွက်လှညွန့် (17) ညွန့်၊ ဖယောင်းတိုင် (17) တိုင်၊ အမွှေးတိုင် (17) တိုင် ထွန်းညှိပူဇော်ပေးပါ၊၊
ရာဟုသားသမီးများအတွက်
ဆုံးဖြတ်ရ ခက်နေလိမ့်မယ်။ အရာရာသတိထား ဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ ကိစ္စများ မိမိဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာ သွားရခြင်း၊ နယ်ပြောင်းခံရခြင်းတွေ ကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ် အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။
စိတ်အရမ်း ညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်း စကားအခြေအတင် များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့ အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ် အားနည်းနေပါတယ်။ နေပူနည်းနည်း မိတာမျိုး၊ အိပ်ရေးပျက်တာမျိုး ကြုံတာနဲ့ ဖျားနာတတ်ပါတယ်။
စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့် ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့ အကြောင်းဖန် လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။
အညံ့များပြေပျောက်စေရန်...
ယတြာ = ပန်းအနီ (7) ပွင့် ဖယောင်းတိုင် (7) တိုင် အမွှေးတိုင် (7) တိုင် ပူဇော်ပေးပါ။ နွားနို့ (3) ခွက်ကပ်ပေးပါ ။
ကြာသပတေး သားသမီးအတွက်
ဤလပိုင်းအတွင်းတွင် နာမည်ဂုဏ်သတင်း တိုးတက်မည်၊ ဆုထူးဂုဏ်ထူးရမည်၊ မမျော်လင့်ပဲ အလှူအတန်းတစ်ခု လှူရတတ်သည်။ ပညာကံ အထူးကောင်းသည်။ ရပ်ဝေးနိုင်ငံခြားမှ အလုပ်အကိုင်များ အဆက်သွယ်ရမည်။ မြုပ်နေသော ငွေကြေးများပေါ်မည်၊ ရစရာရှိသော ငွေများရမည်။ အလုပ်အကိုင်အပြောင်းအလဲ ကြုံတွေ့ရမည်။
လုပ်ငန်းတိုးချဲ့ခြင်း လုပ်ငန်းအသစ် စတင်ခြင်း ကောင်းမည်။ စပ်တူရှယ်ယာတူ ရှောင်ကြဉ်ပါ။ အိမ်ထောင်အိမ်ဖက် အပြောင်းအလဲ ကြုံတွေ့ရတတ်သည်။ အထူးသဖြင့်အသက် ၃၅၊ ၃၇၊ ၃၈ နှစ်အရွယ် ရောက်သူများ အထူး ဂရုစိုက်သင့်ပါသည်။ မြေ၊ မီး၊ မိန်းမ၊ မင်းစိုးရာဇ၊မူးယစ်ဆေးဝါး စသောပြဿနာများ ကြုံတွေ့ရတတ်သည်။
ဘာသာခြား၊ လူမျိုးခြား အတိုက်အခိုက် ရှိသည်။ ကျန်းမာရေးမှာ သွေးအားနည်းရောဂါ ဖြစ်တတ်သည်။ ချစ်သူရှိပြီးသောသူများ စိတ်ချမ်းသာ၍ ချစ်သူမရှိသောသူများ အောင်သွယ်တော်ကို အားကိုးရမည့်ကာလ ဖြစ်သည်။
အညံ့များပြေပျောက်စေရန်
ယတြာ- တန်ခိုးကြီးဘုရားတွင် ပန်းအနီရောင် (19) ပွင့်၊ အောင်သပြေ (19) ညွန့်၊ ဖယောင်းတိုင် (19) တိုင်၊ အမွှေးတိုင် (19) တိုင် ထွန်းညှိပူဇော်ပေးပါ၊၊
သောကြာ သားသမီးအတွက်
ဤလပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီး ထွက်ကိန်းရှိသည်၊ အောင်မြင်မှုရမည်။ အဖိုးတန်ပစ္စည်းများ ဝင်မည်။ တန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများ ရတတ်သည်။ ငွေမမြဲပါ ငွေအထွက်များမည်။ လူလိမ် ငွေလိမ်ခံရ၍ ငွေလျော်ကိန်းရှိသည်။ ငွေကြေးအရှုပ်အရှင်း သတိပြုပါ။
မိသားစုနှင့် စိတ်သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပေါ်မည်။ အထူးသဖြင့် အသက် ၂၉ နှစ်မှ ၃၅ နှစ်အတွင်း ရှိသောသူများသည် ရုံးပြင်ကဏ္ဍ အမှုအခင်းများ ရင်ဆိုင်ရတတ်သည်။
အချစ်ရေးနှင့် အိမ်ထောင်ရေးတွင် တစ်ဖက်သက် အထင်လွဲမှားခြင်း အစွပ်အစွဲခံရခြင်းနှင့် ကြုံရမည်။ အတွင်းစကား အတွင်းပြဿနာစသော ကိစ္စများကို သူတစ်ပါးအား တိုင်ပင်ခြင်း မပြုသင့်ပါ။ လူယုံသတိထားပါ။ ကျန်းမာရေးတွင် မဖြစ်ဖူးသော ရောဂါဝေဒနာနှင့် သွေးထွက်သံယိုများ မမျှော်လင့်ပဲ ကြုံတွေ့ရတတ်သည်။
အညံများပြေပျောက်စေရန်..
ယတြာ- စက္ကူကန်တော့တွင် ထန်းလျက် ၈ လုံး ထည့်၍ ခွေးတစ်ကောင်အား ကျွေးပါ ကျွန်ုပ်၏အညံ့များ ပြေပျောက်ပါစေဟု ဆိုကာ ကျွေးပါ။ ငါးများကို အစာကျွေးပါ။
စနေ သားသမီးအတွက်
စနေသားသမီးများသည် ဘဝ၏အောင်မြင်ဆုံး အချိန်ကို ရောက်ခါနီးမှ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်တတ်သည်။ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် အချိန်များကုန်စေမည်။ ကြီးမားသော ဒုက္ခမဟုတ်သော်များလည်း စိတ်နှောက်ယှက်မှုများ ကြုံရမည်။
အလုပ်တစ်ခုကို ပြီးစီးအောင်လုပ်မှ အကျိုးရှိမည်။ တစ်ပိုင်းတစ်စ မထားပါနှင့်။ နာမည်ဆိုးထွက်တတ်သည်။ လက်အောက်ငယ်သားများ သတိထားပါ။ မမျှော်လင့်ပဲ အကြီးအကျယ် ငွေဝင်ကိန်း ရှိသည်။ စက်ပစ္စည်းကြီးကြီး ဝင်တတ်သည်။ မလုပ်ဖူးသော အလှူတန်းကြီးကြီးမားမား မမျှော်လင့်ပဲ လုပ်ရတတ်သည်။
မတူညီသော အလုပ်တစ်ခုတွင် အောင်မြင်ထင်ရှားမည်။ အသက်၂၉ နှစ်ပြည့် ၃ဝ အဝင် ၆ လတွင် ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ရမည်။ ဆေးသောက် ဆေးမှား ဂရုစိုက်ပါ။ စက်ပစ္စည်း အဝင်ကောင်းသည်။ မိသားစု ပြဿနာ အိမ်တွင်းရေးပြဿနာ ရင်ဆိုင်ရမည်။
အညံ့များပြေစေရန်..
ယတြာ = အသက်ကြီးသူတစ်ဦးကို ဒိန်ချဉ် သို့မဟုတ် နွားနို့လှူပါ။
ဆရာမင်းသုခ
for zawgyi
ဆရာမင္းသုခ၏ 2021 ခုႏွစ္ (11) လပိုင္းအတြက္ တစ္လစာေဟာစာတမ္း
1.11.2021မွ 30.11.2021 ထိ မိတ္ေဆြမ်ား အားလုံးအတြက္
ဆရာ့မိတ္ေဆြမ်ား တစ္လတစ္ႀကိမ္ ေဟာစာတမ္းမ်ား ဆရာကိုယ္တိုင္ ေရးသားတင္ျပ ေပးေနပါတယ္။ ယၾတာမ်ားလဲ အၿမဲတင္ျပေပးေနပါတယ္။
ေဟာစတမ္းအျပင္ ယၾတာေလးေတြပါလို႔ သိမ္းထားဖို႔ မေမ့နဲ႔ေနာ္။ သင္၏မိတ္ေဆြ သူငယ္ခ်င္း ဖတ္ရႈ႕ႏိုင္ေအာင္ မ်ေဝေပးပါ။
မိမိကံၾကမၼာအဆိုးအေကာင္းကို ဆရာမင္းသုခထံ ဖုန္းျဖင့္ တိုက္႐ိုက္ဆက္သြယ္ေမးျမန္းႏိုင္သည္။
ခုႏွစ္ရက္သားသမီးမ်ား အားလုံး စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး လိုအင္ဆႏၵ တစ္လုံးတစ္ဝ ျပည့္စုံၾကပါေစ။ ကံဇာတာအညံ့မ်ားလည္း ပေျပာက္ၿပီး ကံပြင့္ စန္းပြင့္ ေမတၱာေရး အခ်စ္ေရးမ်ား အဆင္ေျပၾကပါေစ။
ေဗဒင္ႏွင့္လကၡဏာ
ဆရာမင္းသုခ
၇၃လမ္း/ ၃၄-၃၅လမ္းၾကား
ခ်မ္းေအးသာစံၿမိဳ႕နယ္ မႏၲေလးၿမိဳ႕။
တနဂၤေႏြ သားသမီးအတြက္
တနဂၤေႏြေန႔သားသမီးမ်ားသည္ အလုပ္အကိုင္ ေအာင္ျမင္မႈႏွင့္ ႀကဳံေတြ႕မည္။ ဆရာေကာင္း မိတ္ေဆြမ်ားႏွင့္ဆုံမည္။ မေမွ်ာ္လင့္ထားေသာ အကူညီမ်ားရရွိမည္။ ဤလတြင္ အလုပ္ႏွစ္ခု တစ္ၿပိဳင္နက္တည္း မလုပ္သင့္ပါ၊ တစ္ပိုင္းတစ္စ ျဖစ္တတ္သည္။ အၿပိဳင္အဆိုင္ မနာလိုသူေပါမ်ားမည္။
ခရီးရွည္ ရက္ရွည္ခရီး မထြက္သင့္ပါ။ သူမ်ားဦးစီးေသာ ခရီးေဝး မထြက္သင့္ပါ။ အစားအေသာက္မွား၍ အစာအဆိပ္သင့္ တတ္သည္။ အထူးသျဖင့္ ဝမ္းဗိုက္ႏွင့္ ပတ္သက္၍ အထူးဂ႐ုစိုက္ပါ။
ခ်စ္သူႏွင့္ အိမ္ေထာင္မရွိသူမ်ား ခ်စ္သူရည္းစားအသစ္ ရမည္၊ အိမ္ေထာင္သည္မ်ား သားသမီး ရတနာထြန္းကားမည့္လ ျဖစ္မည္။ အိမ္ေထာင္ေရး အဆင္ေျပမည့္လ ျဖစ္သည္။
ဤအခ်ိန္တြင္ အညံ့မ်ား ေျပေပ်ာက္ေစရန္..
ယၾတာ- အိုးတစ္လုံးတြင္ သဲအျပည့္ထည့္ပီး ေရအနည္းငယ္ ေလာင္းပါ၊ ပီးလွ်င္ ေ႐ႊထီး၊ ေငြထီးစိုက္၍ ဘုရားတြင္ လႉပါ။
မိမိလိုရာ ဆုကိုေတာင္းပါ။
တနလၤာ သားသမီးအတြက္
ဤလအတြင္း ဘယ္သြားသြား၊ ဘယ္လာလာ မိမိထက္ႀကီးသူ၊ ငယ္သူႏွစ္ဦး ဒုကၡေပးမႈကို ခံရမည္။ မိမိရဲ႕အတြင္းကိစၥမ်ားသူတစ္ပါးကို မတိုင္ပင္ေကာင္းပါ။ေငြေရးေၾကးေရး အေခ်းအဌား အက်ိဳးမေပးပါ။ သူတစ္ပါးအတြက္ အာမခံေပးတာ တာဝန္ယူေပးတာ အက်ိဳးမေပးပါ။ သူမ်ားကိစၥ မိမိကိစၥျဖစ္တတ္သည္။
ရပ္ေဝးမွ သတင္းေကာင္းၾကားရမည္၊ ခရီးထြက္ရမည္။ ပညာေရးတြင္ အင္တာဗ်ဴးေအာင္ျမင္ျခင္း၊ ရာထူးရာခံတိုးျခင္း၊ အတန္းစားေမးပြဲမ်ား အမွတ္ေကာင္းမ်ားျဖင့္ေအာင္မည္။ အႀကီးအကဲ အားေပးခ်ီးေျမႇာက္ျခင္းခံရမည္။ အသက္၂၄၊ ၃၂ ႏွစ္ အ႐ြယ္ရွိသူမ်ား က်န္းမာေရးဂ႐ုစိုက္ပါ။ အတိုက္အခိုက္မ်ားမည္။
အိမ္ေထာင္ေရး၊ အခ်စ္ေရး ကံမေကာင္းပါ။ အသက္ ၁၉၊ ၂၀၊ ၂၁ ႏွစ္ အ႐ြယ္မ်ား အခ်စ္ေရး စန္းပြင့္မည္။အေပါင္းအသင္း ဂ႐ုစိုက္ပါ။
ဤလတြင္အညံမ်ားေျပေပ်ာက္ေစရန္..
ယၾတာ- အိမ္ဘုရားတြင္ သေဘၤာသီးတစ္လုံး၊ ခ်ိဳခ်ဥ္ (11) လုံးႏွင့္ ပန္းအဝါေရာင္ (15) ပြင့္ကို ကပ္လႉေပးပါ။
အဂၤါ သားသမီးမ်ားအတြက္
ဤလတြင္ စကားေျပာရာ၌ ပါးနပ္စြာသုံးခ်ရမည္၊ အေျပာအဆိုဆင္ျခင္၍ စကားႏုတ္ကြၽံတာမ်ိဳး မျဖစ္ပါေစႏွင့္။ ျငင္းပြားစရာ လူမႈေရးျပႆနာမ်ားေျဖရွင္းရတတ္သည္။ မိတ္ေဆြသည္ရန္သူျဖစ္ေစသည္၊ ဥေပကၡာျပဳႏိုင္ေလ မိမိအတြက္ အက်ိဳးေပးေလ ျဖစ္သည္။ လုပ္ငန္းစီးပြား ေအာင္ျမင္ေသာ ကာလျဖစ္သည္။
အလုပ္အကိုင္အသစ္ လုပ္ရျခင္း၊ တိုးခ်ဲ႕ရျခင္း၊ ေနရာေျပာင္းေ႐ႊ႕ရျခင္းႀကဳံရမည္။ တန္ဖိုးရွိစက္ပစၥည္းမ်ား အပ်က္အေပ်ာက္မ်ားမည္။ က်န္းမာေရးအတြက္ ဝမ္းဗိုက္ အထူးဂ႐ုစိုက္ပါ၊ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသမီးေရာဂါ အထူးဂ႐ုစိုက္ရမည္။ ပညာေရးတြင္ လူမႈေရး၊ အခ်စ္ေရးကိစၥမ်ားျဖစ္ေပၚပါက ပညာမွာ တစ္ပိုင္းတစ္စျဖစ္ပီး ေႏွာင္ေႏွးလိမ့္မည္။
ဆုံးျဖတ္ခ်က္ မွန္ကန္ဖို႔ အေရးႀကီးသည္။ အိမ္ေထာင္ရွိသူမ်ား သားသမီးအတြက္ က်န္းမာေရး စိတ္ပူပင္ေသာက ေရာက္တတ္သည္။ ဤရက္ပိုင္းတြင္ တနဂၤေႏြ ႏွင့္ စေနသားသမီးမ်ားထံမွ ေမွ်ာ္လင့္မထားေသာ အကူညီမ်ားရမည္။
အဆိုးအညံ့မ်ားေျပေပ်ာက္ေစရန္..
ယၾတာ- အိမ္ဘုရားတြင္ ကံ့ေကာ္ ၉ ၫြန႔္ လႉေပးပါ။
ဗုဒၶဟူး သားသမီးအတြက္
အလုပ္အကိုင္ အသစ္လုပ္ကိုင္ရမည္၊ မကိုင္ဖူးေသာေငြ ကိုင္ရမည္။ မလႉဖူးေသာအလႉမ်ိဳး လႉရမည္။ ထီထိုးေပးပါ။ အိမ္ေထာင္ေရး သာယာမည္၊ သားသမီး ဝင္ကိန္းရွိသည္။ ေ႐ႊ၊ေငြ ရတနာမ်ားလည္းဝင္မည္။ ပတ္ဝန္းက်င္၏ သပုတ္ေလလြင့္ ေျပာဆိုျခင္း ခံရမည္၊ ကိစၥတစ္ခုကို လြယ္လြယ္ႏွင့္ မဆုံးျဖတ္ပါႏွင့္ စိတ္ေအးေအးထားပီး ေျဖရွင္းပါ။
ပတ္ဝန္းက်င္တြင္ နာေရးသတင္းၾကားပါက အကူေငြ တစ္ေထာင့္ခုႏွစ္ရာ၊ တစ္ေသာင္းခုႏွစ္ေထာင္ စသည့္ ၁၇ ဂဏန္းကို လႉရမည္။ က်န္းမာေရးတြင္ ေသြး၊ေလေရာဂါႏွင့္ အာ႐ုံေၾကာကို အထူးဂ႐ုစိုက္ပါ။
အသက္ ၂၆၊၂၇ အ႐ြယ္ ရွိသူမ်ား ဆိုင္ကယ္စီး၊ ကားစီး အထူးဂ႐ုစိုက္ သင့္ပါသည္။ ကံဇာတာ အျမင့္အခ်ိန္ ေရာက္ရွိေနေသာေၾကာင့္ အၿပိဳင္အဆိုင္ေပါမ်ားမည္၊ မနာလိုသူေပါမ်ားမည္။
အညံ့မ်ားေျပေပ်ာက္ေစရန္..
ယၾတာ- မိမိ၏ေမြးနံၿဂိဳဟ္ ဗုဒၶဟူးၿဂိဳဟ္နံေဒါင့္ ဘုရားမွာ ႐ြက္လွၫြန႔္ (17) ၫြန႔္၊ ဖေယာင္းတိုင္ (17) တိုင္၊ အေမႊးတိုင္ (17) တိုင္ ထြန္းညႇိပူေဇာ္ေပးပါ၊၊
ရာဟုသားသမီးမ်ားအတြက္
ဆုံးျဖတ္ရ ခက္ေနလိမ့္မယ္။ အရာရာသတိထား ေဆာင္႐ြက္ပါ။ ေရွ႕တိုးေဆာင္႐ြက္မဲ့ ကိစၥမ်ား မိမိဆုံးျဖတ္ခ်က္ တစ္ခုတည္းနဲ႔ မဆုံးျဖတ္ပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီး စိတ္ရႈပ္ေနရပါတယ္။ မသြားခ်င္တဲ့ေနရာ သြားရျခင္း၊ နယ္ေျပာင္းခံရျခင္းေတြ ႀကဳံေတြ႕ရပါလိမ့္မယ္။ အထက္လူႀကီးက မိမိအေပၚ အျမင္မၾကည္တာမ်ိဳးေတြလဲ ရွိေနပါတယ္။
စိတ္အရမ္း ညစ္ရတတ္တယ္။ အိမ္ေထာင္ဘက္အခ်င္းခ်င္း စကားအေျခအတင္ မ်ားရတတ္တယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြရဲ႕ ကူညီမႈအမ်ားႀကီးရမဲ့ အခ်ိန္ပါပဲ။ က်န္းမာေရးလဲ အနည္းငယ္ အားနည္းေနပါတယ္။ ေနပူနည္းနည္း မိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳး ႀကဳံတာနဲ႔ ဖ်ားနာတတ္ပါတယ္။
စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္လုပ္ေပးျခင္းျဖင့္ ကံေတြျပန္ျမင့္လာပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အေနေဝးဖို႔ အေၾကာင္းဖန္ လာလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့အခ်ိန္ပါပဲ။
အညံ့မ်ားေျပေပ်ာက္ေစရန္...
ယၾတာ = ပန္းအနီ (7) ပြင့္ ဖေယာင္းတိုင္ (7) တိုင္ အေမႊးတိုင္ (7) တိုင္ ပူေဇာ္ေပးပါ။ ႏြားႏို႔ (3) ခြက္ကပ္ေပးပါ ။
ၾကာသပေတး သားသမီးအတြက္
ဤလပိုင္းအတြင္းတြင္ နာမည္ဂုဏ္သတင္း တိုးတက္မည္၊ ဆုထူးဂုဏ္ထူးရမည္၊ မေမ်ာ္လင့္ပဲ အလႉအတန္းတစ္ခု လႉရတတ္သည္။ ပညာကံ အထူးေကာင္းသည္။ ရပ္ေဝးႏိုင္ငံျခားမွ အလုပ္အကိုင္မ်ား အဆက္သြယ္ရမည္။ ျမဳပ္ေနေသာ ေငြေၾကးမ်ားေပၚမည္၊ ရစရာရွိေသာ ေငြမ်ားရမည္။ အလုပ္အကိုင္အေျပာင္းအလဲ ႀကဳံေတြ႕ရမည္။
လုပ္ငန္းတိုးခ်ဲ႕ျခင္း လုပ္ငန္းအသစ္ စတင္ျခင္း ေကာင္းမည္။ စပ္တူရွယ္ယာတူ ေရွာင္ၾကဥ္ပါ။ အိမ္ေထာင္အိမ္ဖက္ အေျပာင္းအလဲ ႀကဳံေတြ႕ရတတ္သည္။ အထူးသျဖင့္အသက္ ၃၅၊ ၃၇၊ ၃၈ ႏွစ္အ႐ြယ္ ေရာက္သူမ်ား အထူး ဂ႐ုစိုက္သင့္ပါသည္။ ေျမ၊ မီး၊ မိန္းမ၊ မင္းစိုးရာဇ၊မူးယစ္ေဆးဝါး စေသာျပႆနာမ်ား ႀကဳံေတြ႕ရတတ္သည္။
ဘာသာျခား၊ လူမ်ိဳးျခား အတိုက္အခိုက္ ရွိသည္။ က်န္းမာေရးမွာ ေသြးအားနည္းေရာဂါ ျဖစ္တတ္သည္။ ခ်စ္သူရွိၿပီးေသာသူမ်ား စိတ္ခ်မ္းသာ၍ ခ်စ္သူမရွိေသာသူမ်ား ေအာင္သြယ္ေတာ္ကို အားကိုးရမည့္ကာလ ျဖစ္သည္။
အညံ့မ်ားေျပေပ်ာက္ေစရန္
ယၾတာ- တန္ခိုးႀကီးဘုရားတြင္ ပန္းအနီေရာင္ (19) ပြင့္၊ ေအာင္သေျပ (19) ၫြန႔္၊ ဖေယာင္းတိုင္ (19) တိုင္၊ အေမႊးတိုင္ (19) တိုင္ ထြန္းညႇိပူေဇာ္ေပးပါ၊၊
ေသာၾကာ သားသမီးအတြက္
ဤလပိုင္းတြင္ ျပည္တြင္း၊ ျပည္ပခရီး ထြက္ကိန္းရွိသည္၊ ေအာင္ျမင္မႈရမည္။ အဖိုးတန္ပစၥည္းမ်ား ဝင္မည္။ တန္ဖိုးရွိေသာ လက္ေဆာင္ပစၥည္းမ်ား ရတတ္သည္။ ေငြမၿမဲပါ ေငြအထြက္မ်ားမည္။ လူလိမ္ ေငြလိမ္ခံရ၍ ေငြေလ်ာ္ကိန္းရွိသည္။ ေငြေၾကးအရႈပ္အရွင္း သတိျပဳပါ။
မိသားစုႏွင့္ စိတ္သေဘာထား မတိုက္ဆိုင္မႈမ်ား ျဖစ္ေပၚမည္။ အထူးသျဖင့္ အသက္ ၂၉ ႏွစ္မွ ၃၅ ႏွစ္အတြင္း ရွိေသာသူမ်ားသည္ ႐ုံးျပင္က႑ အမႈအခင္းမ်ား ရင္ဆိုင္ရတတ္သည္။
အခ်စ္ေရးႏွင့္ အိမ္ေထာင္ေရးတြင္ တစ္ဖက္သက္ အထင္လြဲမွားျခင္း အစြပ္အစြဲခံရျခင္းႏွင့္ ႀကဳံရမည္။ အတြင္းစကား အတြင္းျပႆနာစေသာ ကိစၥမ်ားကို သူတစ္ပါးအား တိုင္ပင္ျခင္း မျပဳသင့္ပါ။ လူယုံသတိထားပါ။ က်န္းမာေရးတြင္ မျဖစ္ဖူးေသာ ေရာဂါေဝဒနာႏွင့္ ေသြးထြက္သံယိုမ်ား မေမွ်ာ္လင့္ပဲ ႀကဳံေတြ႕ရတတ္သည္။
အညံမ်ားေျပေပ်ာက္ေစရန္..
ယၾတာ- စကၠဴကန္ေတာ့တြင္ ထန္းလ်က္ ၈ လုံး ထည့္၍ ေခြးတစ္ေကာင္အား ေကြၽးပါ ကြၽႏ္ုပ္၏အညံ့မ်ား ေျပေပ်ာက္ပါေစဟု ဆိုကာ ေကြၽးပါ။ ငါးမ်ားကို အစာေကြၽးပါ။
စေန သားသမီးအတြက္
စေနသားသမီးမ်ားသည္ ဘဝ၏ေအာင္ျမင္ဆုံး အခ်ိန္ကို ေရာက္ခါနီးမွ ေရွ႕တိုးရခက္၊ ေနာက္ဆုတ္ရခက္ ျဖစ္တတ္သည္။ ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ျဖင့္ အခ်ိန္မ်ားကုန္ေစမည္။ ႀကီးမားေသာ ဒုကၡမဟုတ္ေသာ္မ်ားလည္း စိတ္ေႏွာက္ယွက္မႈမ်ား ႀကဳံရမည္။
အလုပ္တစ္ခုကို ၿပီးစီးေအာင္လုပ္မွ အက်ိဳးရွိမည္။ တစ္ပိုင္းတစ္စ မထားပါႏွင့္။ နာမည္ဆိုးထြက္တတ္သည္။ လက္ေအာက္ငယ္သားမ်ား သတိထားပါ။ မေမွ်ာ္လင့္ပဲ အႀကီးအက်ယ္ ေငြဝင္ကိန္း ရွိသည္။ စက္ပစၥည္းႀကီးႀကီး ဝင္တတ္သည္။ မလုပ္ဖူးေသာ အလႉတန္းႀကီးႀကီးမားမား မေမွ်ာ္လင့္ပဲ လုပ္ရတတ္သည္။
မတူညီေသာ အလုပ္တစ္ခုတြင္ ေအာင္ျမင္ထင္ရွားမည္။ အသက္၂၉ ႏွစ္ျပည့္ ၃ဝ အဝင္ ၆ လတြင္ က်န္းမာေရးႏွင့္ပတ္သက္၍ စိုးရိမ္ရမည္။ ေဆးေသာက္ ေဆးမွား ဂ႐ုစိုက္ပါ။ စက္ပစၥည္း အဝင္ေကာင္းသည္။ မိသားစု ျပႆနာ အိမ္တြင္းေရးျပႆနာ ရင္ဆိုင္ရမည္။
အညံ့မ်ားေျပေစရန္..
ယၾတာ = အသက္ႀကီးသူတစ္ဦးကို ဒိန္ခ်ဥ္ သို႔မဟုတ္ ႏြားႏို႔လႉပါ။
ဆရာမင္းသုခ
0 Comments