ငါး ၃ ကောင်

တခါတုန်းက ဂင်္ဂါမြစ်အတွင်း၌ ကံယုံသောငါး၊ ဉာဏ်ရှိသောငါး၊ ဝီရိယ ရှိသောငါး ဆိုပြီး ငါး ၃ ကောင် ရှိလေသည်။ တနေ့ ၊ တံငါတို့သည် ငါးရှာရန် အတွက် ဂင်္ဂါ မြစ်ကမ်းနား၌ ပိုက်ကွန်များကို ပြင်ဆင်ကြ လေသည်။

ထိုအခါ ဝီရိယရှိသော ငါးသည် ပိုက်ကွန်ကို ကြောက်သည့်အတွက် တခြား ငါးတို့ကို သတိပေးကာ ကိုယ်တိုင်လည်း ပိုက်ကွန်နှင့် ဝေးရာသို့ ပြေးလေတော့သည်။

ဉာဏ်ရှိသော ငါးနှင့် ကံယုံသော ငါးတို့သည်ကား ဘယ်မှ မသွားပဲ နေမြဲတိုင်း နေ နေကြ၏။ တံငါတို့သည် တို့သည် ပြင်ဆင်ပြီးသောအခါ မြစ်ထဲ ပိုက်ကွန် ချလိုက်လေသည်။

ဉာဏ်ရှိသော ငါးနှင့် ကံယုံသော ငါးတို့သည်ကား ကြောင့်ကြမဲ့ နေကြသည့် အတွက် ပိုက်အတွင်း၌ မိသွားကြတော့သည်။

ထိုအခါ ဉာဏ်ရှိသောငါးသည် သေယောင်ဆောင်၍ နေ၏။ ကံယုံသော ငါးကတော့ ကံရှိက လွတ်လိမ့်မည်ဟု ပုံမှန်အတိုင်း နေနေ၏။

တံငါတို့သည် သေယောင်ဆောင်သော ငါးကို သေပြီအထင်နှင့် အသာလေး ယူပြီး ကမ်းစပ်ပေါ် တင်ထားလိုက်၏။

ကံယုံသော ငါးကိုကား ဝိုင်းဖမ်းပြီး တောင်းကြီးထဲ၌ ထည့်လိုက်ကြ၏။ ထိုအချိန်မှာပဲ ဉာဏ်ရှိသော ငါးသည် မြစ်ထဲသို့ ဆင်းပြေးလေတော့သည်။

ထို ငါး ၃ ကောင်တွင် ဝီရိယရှိသော ငါးသည် လွတ်ထိုက်သော ကံရှိသလို ဝီရိယလည်း ရှိသည့် အတွက် သေဘေးမှ လွတ်မြောက်သွား၏။

ဉာဏ်ရှိသော ငါးသည် လွတ်ထိုက်သော ကံရှိသလို ဉာဏ်လည်း ရှိသည့်အတွက် သေဘေးမှ လွတ်မြောက်သွား၏။ ကံယုံသော ငါးသည်ကား ကံကိုသာ အားကိုးပြီး ဉာဏ် ဝီရိယကို အားမကိုးသဖြင့် အသတ်ခံရ လေသည်။

ဤပုံပြင်သည် ကံကို ယိုးမယ်ဖွဲ့သူ များအား နေရာတကာ ကံကို ပုံချလို့ မရကြောင်း၊ ကံကို ပုံချလျှင် ဒုက္ခ လှလှ တွေ့ရမည် ဖြစ်ကြောင်း၊ ဉာဏ် ဝီရိယကိုလည်း အားကိုးသင့်ကြောင်းကို အသိပေးထားခြင်း ဖြစ်သည်။

ဟမ်စိုင်း (ဆေး_မန်း)

Zawgyi

ငါး ၃ ေကာင္

တခါတုန္းက ဂဂၤါျမစ္အတြင္း၌ ကံယုံေသာငါး၊ ဉာဏ္ရွိေသာငါး၊ ဝီရိယ ရွိေသာငါး ဆိုၿပီး ငါး ၃ ေကာင္ ရွိေလသည္။ တေန႔ ၊ တံငါတို႔သည္ ငါးရွာရန္ အတြက္ ဂဂၤါ ျမစ္ကမ္းနား၌ ပိုက္ကြန္မ်ားကို ျပင္ဆင္ၾက ေလသည္။

ထိုအခါ ဝီရိယရွိေသာ ငါးသည္ ပိုက္ကြန္ကို ေၾကာက္သည့္အတြက္ တျခား ငါးတို႔ကို သတိေပးကာ ကိုယ္တိုင္လည္း ပိုက္ကြန္ႏွင့္ ေဝးရာသို႔ ေျပးေလေတာ့သည္။ ဉာဏ္ရွိေသာ ငါးႏွင့္ ကံယုံေသာ ငါးတို႔သည္ကား ဘယ္မွ မသြားပဲ ေနၿမဲတိုင္း ေန ေနၾက၏။

တံငါတို႔သည္ တို႔သည္ ျပင္ဆင္ၿပီးေသာအခါ ျမစ္ထဲ ပိုက္ကြန္ ခ်လိုက္ေလသည္။ ဉာဏ္ရွိေသာ ငါးႏွင့္ ကံယုံေသာ ငါးတို႔သည္ကား ေၾကာင့္ၾကမဲ့ ေနၾကသည့္ အတြက္ ပိုက္အတြင္း၌ မိသြားၾကေတာ့သည္။

ထိုအခါ ဉာဏ္ရွိေသာငါးသည္ ေသေယာင္ေဆာင္၍ ေန၏။ ကံယုံေသာ ငါးကေတာ့ ကံရွိက လြတ္လိမ့္မည္ဟု ပုံမွန္အတိုင္း ေနေန၏။ တံငါတို႔သည္ ေသေယာင္ေဆာင္ေသာ ငါးကို ေသၿပီအထင္ႏွင့္ အသာေလး ယူၿပီး ကမ္းစပ္ေပၚ တင္ထားလိုက္၏။ ကံယုံေသာ ငါးကိုကား ဝိုင္းဖမ္းၿပီး ေတာင္းႀကီးထဲ၌ ထည့္လိုက္ၾက၏။

ထိုအခ်ိန္မွာပဲ ဉာဏ္ရွိေသာ ငါးသည္ ျမစ္ထဲသို႔ ဆင္းေျပးေလေတာ့သည္။ ထို ငါး ၃ ေကာင္တြင္ ဝီရိယရွိေသာ ငါးသည္ လြတ္ထိုက္ေသာ ကံရွိသလို ဝီရိယလည္း ရွိသည့္ အတြက္ ေသေဘးမွ လြတ္ေျမာက္သြား၏။

ဉာဏ္ရွိေသာ ငါးသည္ လြတ္ထိုက္ေသာ ကံရွိသလို ဉာဏ္လည္း ရွိသည့္အတြက္ ေသေဘးမွ လြတ္ေျမာက္သြား၏။ ကံယုံေသာ ငါးသည္ကား ကံကိုသာ အားကိုးၿပီး ဉာဏ္ ဝီရိယကို အားမကိုးသျဖင့္ အသတ္ခံရ ေလသည္။

ဤပုံျပင္သည္ ကံကို ယိုးမယ္ဖြဲ႕သူ မ်ားအား ေနရာတကာ ကံကို ပုံခ်လို႔ မရေၾကာင္း၊ ကံကို ပုံခ်လွ်င္ ဒုကၡ လွလွ ေတြ႕ရမည္ ျဖစ္ေၾကာင္း၊ ဉာဏ္ ဝီရိယကိုလည္း အားကိုးသင့္ေၾကာင္းကို အသိေပးထားျခင္း ျဖစ္သည္။

ဟမ္စိုင္း (ေဆး_မန္း)

Post a Comment

0 Comments