ကျေးဇူးရှိသူ

ရှေးရှေးတုန်းက ရွာတရွာမှာ သစ်ခုတ်သမားတဦး ရှိတယ်။ သစ်ခုတ်သမားရဲ့ အိမ်ဘေးမှာ လက်သမားဆရာ တယောက် ရှိတယ်။ သူတို့နှစ်ဦးက အလွန် ရင်းနှီးကြသလို စီးပွားရေး မိတ်ဖက် လို့လည်း ပြောလို့ရတယ်။

သစ်ခုတ်သမား ခုတ်လို့ရတဲ့ သစ်တွေကို လက်သမားဆရာက ဝယ်ယူပြီး ခွဲခြမ်း စိတ်ဖြာတယ်။ ပြီးတော့ သူ့ရဲ့အလုပ်မှာ အသုံးပြုတယ်။ သုံးမရလို့ ထွက်လာတဲ့ ပကာသား အတိုအထွာ တွေကို သစ်ခုတ်သမားကို ပြန်ပေးရပြီး သစ်ခုတ်သမားက ထင်းအဖြစ် ပြန်ရောင်းရင်း သူ့တို့နှစ်ယောက် စီးပွားရေး မိတ်ဖက် ဖြစ်လာတယ်။

တနေ့မှာတော့ သစ်ခုတ်သမားရဲ့မိန်းမကို လက်သမားဆရာရဲ့ မိန်းမက..

"တကယ်တော့ နင့်တို့လင်မယား ငါတို့လင်မယားကို ကျေးဇူးတင်သင့်တယ်"

"ဘာလို့လဲဟ"

"ဟုတ်တယ်လေ၊ ငါ့ယောက်ျားက နင့်ယောက်ျား ခုတ်လာတဲ့ ထင်းတုံးတွေကို သစ်ခွဲစက်မှာ ခွဲဖို့ ပိုက်ဆံ ပိုပေးပြီး ဝယ်တယ်။ ခွဲလို့ ပိုတဲ့ပကာသား တွေကိုလည်း နင့်ယောက်ျားကို ပြန်ပေးတယ်လေ။ အဲ့တော့ နင့်တို့ မိသားစု အရင်ကထက် ပိုအဆင်ပြေလာတာ ငါ့ယောက်ျားကြောင့် မဟုတ်လို့ ဘယ်သူ့ကြောင့်လဲ"

ဒါနဲ့ သစ်ခုတ်သမား ရဲ့မိန်းမက ညရောက်တော့ ယောက်ျားဖြစ်သူကို အကျိုးအကြောင်း ပြောပြပြီး မေးတော့ သစ်ခုတ်သမားက ပြောပြတယ်။

"မိန်းမ ရေရရှိဖို့ ရေတွင်း တူးရတယ်။ အဲ့ရေက မြေအောက်က တူးရပေမယ့် ရေ ဘယ်လောက်ြ မင့်မြင့် မြေဆိုတဲ့ ကြမ်းပြင် ရှိရပြန်တယ်။ အားလုံးဟာ အပြန်အလှန်ပဲ မိန်းမရယ်၊ ဘာမဟုတ်တဲ့ မခံချင်စိတ်နဲ့ ခိုင်ခံ့တဲ့ အရာတွေကို မပျက်စီးပါစေနဲ့" လို့ပြောလိုက်ပါတယ်။

အဲ့အကြောင်းကို နောက်တော့ လက်သမားဆရာ သိသွားတယ်။ နောက်နေ့ကြတော့ လက်သမားဆရာက သူ့အမျိုးသမီးကို ခေါ်ပြီး သစ်ခုတ်သမားဆီက ပျဉ်းကတိုးသားကို ယခင် သစ်တုံးတွေထက် ဈေးနှစ်ဆ ပေးပြီး ယူလိုက်တယ်။ ပြီးတော့ သစ်သားခွဲပြီး ဗီရိုကြီးကြီး တလုံးရိုက်တယ်။ ကနုတ်ဖော်တာတွေ ပေါ်လစ် တင်တာတွေပါ လုပ်တယ်။

အားလုံးပြီးတော့ သူ့သွင်းနေကြ ဆိုင်ကို သွားတယ်။ ဗီရိုရဲ့ အသားကို ကြည့်တယ် လက်ရာကို ကြည့်တယ်။ ဆိုင်ရှင်က သဘောကျပြီး လက်သမားဆရာ ခေါ်တဲ့ဈေးနဲ့ ယူလိုက်တယ်။ သူသစ်တုံးကို ဝယ်တုန်းက ဘယ်လောက်မှ မပေးရပေမယ့် သူရဲ့ အတတ်ပညာနဲ့ ပေါင်းစပ် ပုံဖော်ပြီးချိန် မှာတော့ သစ်တုံးကို သူပေးဝယ်ရတဲ့ ဈေးထက် ၁၀ ဆလောက် အမြတ် ကျန်တယ်။

"မိန်းမ၊ ငါ သစ်ခုတ်သမားဆီက ဝယ်တုန်းက မင်းက ဈေးပိုပေးလို့ ဆိုပြီး ငါ့ကို ပြောတယ်။ ခု ငါရောင်းလို့ပြန်ရတဲ့ ပိုက်ဆံနဲ့ တွက်ရင် သစ်ခုတ်သမားဆီက ငါဝယ်လိုက်တာ ဈေးမများဘူးလေ။ တကယ်တော့ သစ်ခုတ်သမားဟာ ငါ့အတွက် ကျေးဇူးရှင်ပဲ။

အဲ့လိုပဲ မနက်ဖြန် ခုရောင်းလိုက်တဲ့ ဗီရိုကို ပြန်လာမေးကြည့်ပါ။ ငါတို့ ရောင်းတဲ့ ဈေးထက် ၃ ဆ ဖြစ်နေပါလိမ့်မယ် မိန်းမ။ ဘယ်လောက်တော်တဲ့ ပန်းပုဆရာ ဖြစ်ပါစေ ထုဆစ်စရာ မရှိရင် သူ့ပညာဟာ အလကားပဲ။ အဲ့လိုပဲ ထုဆစ်စရာ သစ်တုံး ရှိပါရက်နဲ့ ထုဆစ် ပုံဖော်တဲ့အတတ်ပညာ မရှိခဲ့ရင်လည်း သစ်တုံးဟာ တံတားတခု ထင်းတခုသာ ဖြစ်နေမှာပဲ။

အားလုံးဟာ အပြန်အလှန် ကျေးဇူးပြုကြရတယ်။ အဲ့လို အပြန်အလှန် မှီခိုကြရင်း ကိုယ့်အတတ်ပညာကို ပေါင်းစပ်ကြတယ်။ အဆင်ပြေအောင် လုပ်ကိုင်ကြရတယ်။ ဥပမာ မင်းဈေးသွားတယ်၊ ရောင်းမယ့်သူ ရှိလို့ ဝယ်တဲ့သူ ရှိတာ။ အဲ့လိုပဲ ဝယ်တဲ့သူ ရှိနေလို့ ရောင်းတဲ့သူတွေ ရောင်းနေကြတာပါ။

မာနတခုကို အခြေခံပြီး ကိုယ့်ကိုယ်ကို အမြင့်ဆုံး မမှတ်ပါနဲ့။ ကျေးဇူးဆိုတာ လွယ်လွယ် ပြောရရင် ကိုယ့်ရဲ့အကျိုးကို လိုလားသူ ကိုယ့်ရဲ့အကျိုးကို ဖြစ်ထွန်းစေလူ အားလုံးဟာ ကျေးဇူး ရှိနေတာပါ။

phoomyatchal

Zawgyi

ေက်းဇူးရွိသူ

ေရွးေရွးတုန္းက ႐ြာတ႐ြာမွာ သစ္ခုတ္သမားတဦး ရွိတယ္။ သစ္ခုတ္သမားရဲ႕ အိမ္ေဘးမွာ လက္သမားဆရာ တေယာက္ ရွိတယ္။ သူတို႔ႏွစ္ဦးက အလြန္ ရင္းႏွီးၾကသလို စီးပြားေရး မိတ္ဖက္ လို႔လည္း ေျပာလို႔ရတယ္။

သစ္ခုတ္သမား ခုတ္လို႔ရတဲ့ သစ္ေတြကို လက္သမားဆရာက ဝယ္ယူၿပီး ခြဲျခမ္း စိတ္ျဖာတယ္။ ၿပီးေတာ့ သူ႔ရဲ႕အလုပ္မွာ အသုံးျပဳတယ္။ သုံးမရလို႔ ထြက္လာတဲ့ ပကာသား အတိုအထြာ ေတြကို သစ္ခုတ္သမားကို ျပန္ေပးရၿပီး သစ္ခုတ္သမားက ထင္းအျဖစ္ ျပန္ေရာင္းရင္း သူ႔တို႔ႏွစ္ေယာက္ စီးပြားေရး မိတ္ဖက္ ျဖစ္လာတယ္။

တေန႔မွာေတာ့ သစ္ခုတ္သမားရဲ႕မိန္းမကို လက္သမားဆရာရဲ႕ မိန္းမက

"တကယ္ေတာ့ နင့္တို႔လင္မယား ငါတို႔လင္မယားကို ေက်းဇူးတင္သင့္တယ္"

"ဘာလို႔လဲဟ"

"ဟုတ္တယ္ေလ၊ ငါ့ေယာက္်ားက နင့္ေယာက္်ား ခုတ္လာတဲ့ ထင္းတုံးေတြကို သစ္ခြဲစက္မွာ ခြဲဖို႔ ပိုက္ဆံ ပိုေပးၿပီး ဝယ္တယ္။ ခြဲလို႔ ပိုတဲ့ပကာသား ေတြကိုလည္း နင့္ေယာက္်ားကို ျပန္ေပးတယ္ေလ။ အဲ့ေတာ့ နင့္တို႔ မိသားစု အရင္ကထက္ ပိုအဆင္ေျပလာတာ ငါ့ေယာက္်ားေၾကာင့္ မဟုတ္လို႔ ဘယ္သူ႔ေၾကာင့္လဲ"

ဒါနဲ႔ သစ္ခုတ္သမား ရဲ႕မိန္းမက ညေရာက္ေတာ့ ေယာက္်ားျဖစ္သူကို အက်ိဳးအေၾကာင္း ေျပာျပၿပီး ေမးေတာ့ သစ္ခုတ္သမားက ေျပာျပတယ္။

"မိန္းမ ေရရရွိဖို႔ ေရတြင္း တူးရတယ္။ အဲ့ေရက ေျမေအာက္က တူးရေပမယ့္ ေရ ဘယ္ေလာက္ျ မင့္ျမင့္ ေျမဆိုတဲ့ ၾကမ္းျပင္ ရွိရျပန္တယ္။ အားလုံးဟာ အျပန္အလွန္ပဲ မိန္းမရယ္၊ ဘာမဟုတ္တဲ့ မခံခ်င္စိတ္နဲ႔ ခိုင္ခံ့တဲ့ အရာေတြကို မပ်က္စီးပါေစနဲ႔" လို ႔ေျပာလိုက္ပါတယ္။

အဲ့အေၾကာင္းကို ေနာက္ေတာ့ လက္သမားဆရာ သိသြားတယ္။ ေနာက္ေန႔ၾကေတာ့ လက္သမားဆရာက သူ႔အမ်ိဳးသမီးကို ေခၚၿပီး သစ္ခုတ္သမားဆီက ပ်ဥ္းကတိုးသားကို ယခင္ သစ္တုံးေတြထက္ ေဈးႏွစ္ဆ ေပးၿပီး ယူလိုက္တယ္။ ၿပီးေတာ့ သစ္သားခြဲၿပီး ဗီ႐ိုႀကီးႀကီး တလုံး႐ိုက္တယ္။ ကႏုတ္ေဖာ္တာေတြ ေပၚလစ္ တင္တာေတြပါ လုပ္တယ္။

အားလုံးၿပီးေတာ့ သူ႔သြင္းေနၾက ဆိုင္ကို သြားတယ္။ ဗီ႐ိုရဲ႕ အသားကို ၾကည့္တယ္ လက္ရာကို ၾကည့္တယ္။ ဆိုင္ရွင္က သေဘာက်ၿပီး လက္သမားဆရာ ေခၚတဲ့ေဈးနဲ႔ ယူလိုက္တယ္။ သူသစ္တုံးကို ဝယ္တုန္းက ဘယ္ေလာက္မွ မေပးရေပမယ့္ သူရဲ႕ အတတ္ပညာနဲ႔ ေပါင္းစပ္ ပုံေဖာ္ၿပီးခ်ိန္ မွာေတာ့ သစ္တုံးကို သူေပးဝယ္ရတဲ့ ေဈးထက္ ၁၀ ဆေလာက္ အျမတ္ က်န္တယ္။

"မိန္းမ၊ ငါ သစ္ခုတ္သမားဆီက ဝယ္တုန္းက မင္းက ေဈးပိုေပးလို႔ ဆိုၿပီး ငါ့ကို ေျပာတယ္။ ခု ငါေရာင္းလို႔ျပန္ရတဲ့ ပိုက္ဆံနဲ႔ တြက္ရင္ သစ္ခုတ္သမားဆီက ငါဝယ္လိုက္တာ ေဈးမမ်ားဘူးေလ။ တကယ္ေတာ့ သစ္ခုတ္သမားဟာ ငါ့အတြက္ ေက်းဇူးရွင္ပဲ။

အဲ့လိုပဲ မနက္ျဖန္ ခုေရာင္းလိုက္တဲ့ ဗီ႐ိုကို ျပန္လာေမးၾကည့္ပါ။ ငါတို့ ေရာင္းတဲ့ ေဈးထက္ ၃ ဆ ျဖစ္ေနပါလိမ့္မယ္ မိန္းမ။ ဘယ္ေလာက္ေတာ္တဲ့ ပန္းပုဆရာ ျဖစ္ပါေစ ထုဆစ္စရာ မရွိရင္ သူ႔ပညာဟာ အလကားပဲ။ အဲ့လိုပဲ ထုဆစ္စရာ သစ္တုံး ရွိပါရက္နဲ႔ ထုဆစ္ ပုံေဖာ္တဲ့အတတ္ပညာ မရွိခဲ့ရင္လည္း သစ္တုံးဟာ တံတားတခု ထင္းတခုသာ ျဖစ္ေနမွာပဲ။

အားလုံးဟာ အျပန္အလွန္ ေက်းဇူးျပဳၾကရတယ္။ အဲ့လို အျပန္အလွန္ မွီခိုၾကရင္း ကိုယ့္အတတ္ပညာကို ေပါင္းစပ္ၾကတယ္။ အဆင္ေျပေအာင္ လုပ္ကိုင္ၾကရတယ္။ ဥပမာ မင္းေဈးသြားတယ္၊ ေရာင္းမယ့္သူ ရွိလို႔ ဝယ္တဲ့သူ ရွိတာ။ အဲ့လိုပဲ ဝယ္တဲ့သူ ရွိေနလို႔ ေရာင္းတဲ့သူေတြ ေရာင္းေနၾကတာပါ။

မာနတခုကို အေျခခံၿပီး ကိုယ့္ကိုယ္ကို အျမင့္ဆုံး မမွတ္ပါနဲ႔။ ေက်းဇူးဆိုတာ လြယ္လြယ္ ေျပာရရင္ ကိုယ့္ရဲ႕အက်ိဳးကို လိုလားသူ ကိုယ့္ရဲ႕အက်ိဳးကို ျဖစ္ထြန္းေစလူ အားလုံးဟာ ေက်းဇူး ရွိေနတာပါ။

phoomyatchal

Post a Comment

0 Comments