ကျေးဇူးကန်းတဲ့ ပုဏား

တခါတုန်းက ဗာရာဏသီမြို့ အနီးတွင် မိဂါစိန် ဟူသော ဥယျာဉ်တခု ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့ သွားရောက်၍ အပန်းဖြေ၏။ ဥယျာဉ်သည် သစ်ပင်ပန်းမံ တို့ဖြင့် တင့်တယ်သာယာ လှပသည် ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။

သို့ရာတွင် တနေ့က တခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှ မက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်း အနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတယောက် ဖြစ်၏။

ထိုသူသည် အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ သူ့တကိုယ်လုံးမှာလည်း အနာများ ဗရပွ ဖြစ်နေ၏။ ပေါက်တဲ့ နေရာက ပေါက်။ သွေးယိုတဲ့ နေရာက ယို ။ တချို့ နေရာမှာတော့ အရိုးနှင် အရေများ ကပ်လျက် ။ အရေအောက်တွင် အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍ နေကြ၏ ။

ထိုသူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့် အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်း ဖြစ်လာမိ၏။ ထို့အတူ ထိုအဖြစ်သို့ ရောက်လာရသည့် အကြောင်းကိုလည်း သိချင်နေ၏။

ထို့ကြောင့် " အို ပုဏ္ဏား၊ သင် ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက် ဆင်းပျက် ဖြစ်နေရတာ ပါလဲ။ ဘယ်လို မကောင်းမှုများ ပြုမှားမိလို့ပါလဲ " ဟု အသာတကြည် မေးလိုက်၏ ။ လူမမာပုဏ္ဏားက " နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော် တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား " ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ပြောပြလေသည်။

အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်း ပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေ ဘယ်သွားပြီး ဘာစားနေတယ် ဆိုတာ ကျွန်တော် ဂရုမစိုက်မိပါဘူး ။

သတိရလို့ ကြည့်လိုက်တဲ့ အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။ ဒါနဲ့ ဘုရား ကျွန်တော်လည်း နွားတွေ သွားတက်တဲ့ တောအုပ်ထဲ ဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့ တတောပြီး တတော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိ ရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီး လမ်းတွေ ပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ ရက် တိုင်တိုင်ပါပဲ ဘုရား။

အဲဒီလို ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတရာနက်တဲ့ ချောက်ကမ်းပါးမှာ ပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ် မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကို မြင်လိုက်ရရင်ပဲ အပြေးအလွှား သွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ် ဘုရား။

တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင် ပါပဲ။ တလုံးစားနေရင်းက နောက်တလုံးကို စားချင်စိတ် ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ် တက်ရပါတော့တယ်။ အပင်ပေါ်က လက်လှမ်းမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ် ။

တစတစနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့ မို့ ကိုင်းဖျားမှာသာ အသီးများ ကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီး ရှိနေပါတယ်။ ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရော ဘုရား ။ အို၊ ဒီတခါဖြင့် သေဘေးတွေ့ပဟ ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ် ။

ဦးခေါင်းစောက်ထိုး ၊ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာ နက်တဲ့ ရေတွေ ရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ၁၀ ရက်တိုင်တိုင် နေခဲ့ရပါတယ်။

၁၀ ရက် မြောက်တဲ့နေ့မှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမ မျောက်ကြီးတကောင်ဟာ ကယ်တင်ရှင် ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီ ခြောက်ကပ် နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။

ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန် တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ " အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ " လို့ ဆိုပါတယ် ။ ကျွန်တော်မျိုးကလည်း " အသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ် မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ " လို့ ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရ ပါတယ်။

ဒီတော့ သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲ ခြေမြဲမြဲနဲ့ ဆွဲပြီး ဆင်းလာပါတယ် ။ " ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့ " လို့ ပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ် ။ နှစ်ယောက်ရဲ့ ဝန်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။

ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက " ကဲ အမောင်လူသား၊ ငါတရေး အိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့ အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါ ဘိ " ဆိုပြီး မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။

တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေ စားလို့နေကြတယ်။ အခု ဒီမျောက်လို ဟာကြီးတွေ ကိုကာ။ ဒါလည်း ရရင်တော့ စားကြတာ ပါပဲ။ ၁၀ ရက် တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ် မြည်လို့။ တောက် ဒီမျောက်ကြီးကို သတ်ပြီး ကင်စားလိုက်ရရင် တော့လား ။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ ထုပ်ယူရင် တလမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။

ကံမကောင်းချင်တော့ စိတ်အကြံရဲ့ နောက်မှာ လက်က ထက်ကြပ် ပါသွား ပါတော့တယ် ။ အနားက ကျောက်တုံးကြီးကို ယူပြီး မျောက်ကြီးခေါင်းကို ထုခွဲလိုက် ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေ တာကြောင့် မျောက်ကြီးဟာ သေပွဲ မဝင်ပါ။

အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့် မျက်စိထဲမှာ ခုထက်ထိ မြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်း သိရော တကထတည်း စိမ်းစိမ်းကြီး ကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန် အူတုန် ဖြစ်ရတဲ့အထိပါပဲ။ သူ့ခေါင်းက သွေးတွေက တပေါက်ပေါက်ကျလို့။ ထို့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တလုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့ စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။

" အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွ တကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော ။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။ အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုး တမလွန်လောကက ကယ်ထုတ်လို့ လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန် လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ် "

" အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာ ခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုက သင့်ကို မသတ်ပါစေနဲ့ ။ ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ် သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင် မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့ " ဆိုပြီး မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကို လမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။

လမ်းရှိရာကို ရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကို ပြန်ဝင်ပြီးတော့ တောင်ပေါ်ကို တက်သွားပါတော့တယ်။ တောထဲက ထွက်အလာမှာ ကျွန်တော့် တကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တခုကို ဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ ရေကန်ဟာ သွေးတွေ၊ ပြည်တွေလို ဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့ နေပါရော ဘုရား  ။

ဒါတင် မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာ စင်လာကြ ပါတယ်။ အဲဒီ ရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေ ဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေ ပြည်တွေ တည်လို့ ကိုယ့်ကိုယ်ကိုတောင် မသတီစရာ ဖြစ်ရပါတော့တယ်။

ကျွန်တော်ဟာ ဘယ်လိုပဲ ဒုက္ခရောက်ပေမယ့် ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင် ပြန်မယ်ဟဲ့ ဆိုပြီး အားခဲလို့ လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊ လူတွေကိုလည်း အသနားခံ တောင်းပန်ပါတယ်။ ဒါပေမယ့် တွေ့သမျှ လူတွေကဖြင့် သနားဖို့ နေနေသာသာ ကျွန်တော်လာတာ မြင်ရင်ပဲ အဝေးက ရှောင်ကြပါတော့တယ်။ ကျွန်တော်က မတတ်သာလွန်းလို့ ဇွတ်တိုးသွား ပြန်တေ့ာလဲ တုတ်တွေ၊ ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆို ကြိမ်းမောင်းကြ ပါတော့တယ်။

ကဲ ကျွန်တော့ ဖြစ်အင်၊ ကျွန်တော့် မကောင်းမှုကို တော့ဖြင့် အရှင်မင်းကြီး ကြားသိရပါပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာ ရောက်နေကြတဲ့ အရှင်မင်းကြီးနှင့် တကွ မှူးမတ်ဗိုလ်ပါ အပေါင်းကို ကျွန်တော် အထူးတလည် အမှားစကား ပါးလိုက်ချင်တာ ကတော့ဖြင့် မိတ်ကောင်း၊ ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ ပါပဲ ဘုရား။

ဒုက္ခသည် ပုဏ္ဏားက ဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီ သေဆုံးလေ၏။ ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။

crd

Zawgyi

ေက်းဇူးကန္းတဲ့ ပုဏား

တခါတုန္းက ဗာရာဏသီၿမိဳ႕ အနီးတြင္ မိဂါစိန္ ဟူေသာ ဥယ်ာဥ္တခု ရွိ၏။ ျဗဟၶဒတ္မင္းႀကီးသည္ အခါအားေလ်ာ္စြာ ထိုဥယ်ာဥ္သို႔ သြားေရာက္၍ အပန္းေျဖ၏။ ဥယ်ာဥ္သည္ သစ္ပင္ပန္းမံ တို႔ျဖင့္ တင့္တယ္သာယာ လွပသည္ ျဖစ္၍ မင္းႀကီးေရာက္ေလတိုင္း အပန္းေျဖ၍ စိတ္ေရာကိုယ္ပါ လန္းဆန္းရေလသည္။

သို႔ရာတြင္ တေန႔က တေခါက္ေရာက္သည္တြင္ကား မင္းႀကီးမွာ အပန္းမေျပ႐ုံမွ မက စိတ္ညစ္ညဴး၍သြားရ၏။ ဥယ်ာဥ္ေတာ္၏ အုတ္တံတိုင္း အနီးတြင္ မျမင္အပ္ မျမင္ခ်င္ဖြယ္ မတင့္တယ္ေသာ အရာကို ျမင္လိုက္ရ၍ ျဖစ္ေပသည္။ ထိုအရာကား ႐ုပ္ပ်က္ဆင္းပ်က္ လူနာတေယာက္ ျဖစ္၏။

ထိုသူသည္ အုတ္တံတိုင္းနားမွာ ဖတ္႐ြက္မ်ားကို ခင္း၍ အိပ္ကာ ဆင္းရဲပင္းပန္းစြာ သည္းညဴးေနေလသည္။ သူ႔တကိုယ္လုံးမွာလည္း အနာမ်ား ဗရပြ ျဖစ္ေန၏။ ေပါက္တဲ့ ေနရာက ေပါက္။ ေသြးယိုတဲ့ ေနရာက ယို ။ တခ်ိဳ႕ ေနရာမွာေတာ့ အ႐ိုးႏွင္ အေရမ်ား ကပ္လ်က္ ။ အေရေအာက္တြင္ အေၾကာႀကီးမ်ားက ပိုက္ကြန္ကို ျဖန႔္ထားသကဲ့သို႔ ထင္းထင္းေပၚ၍ ေနၾက၏ ။

ထိုသူ၏ အဝတ္အဆင္ႏွင့္ ဆံပင္ျပဳျပင္ထားပုံ ရႈရျခင္းအားျဖင့္ ပုဏၰားတေယာက္ဟု သိရေပသည္။ ထိုပုဏၰားေပၚ တြင္ ႐ြံရွာမိသည္ႏွင့္ အမွ် ျဗဟၶဒတ္မင္းႀကီးသည္ သနားျခင္းလည္း ျဖစ္လာမိ၏။ ထို႔အတူ ထိုအျဖစ္သို႔ ေရာက္လာရသည့္ အေၾကာင္းကိုလည္း သိခ်င္ေန၏။

ထို႔ေၾကာင့္ " အို ပုဏၰား၊ သင္ ဘာျဖစ္လို႔မ်ား ဒါေလာက္ေတာင္ ႐ုပ္ပ်က္ ဆင္းပ်က္ ျဖစ္ေနရတာ ပါလဲ။ ဘယ္လို မေကာင္းမႈမ်ား ျပဳမွားမိလို႔ပါလဲ " ဟု အသာတၾကည္ ေမးလိုက္၏ ။ လူမမာပုဏၰားက " နားဆင္ေတာ္မူပါ အရွင္မင္းႀကီး။ ကြၽန္ေတာ္ တက္ႏိုင္သမွ် တင္ေလွ်ာက္ပါ့မည္ဘုရား " ပုဏၰားက အ႐ိုအေသျပဳကာ ျဗဟၶဒတ္မင္းႀကီးအား သူ႔ဇာတ္ေၾကာင္းကို ျပန္ေျပာင္း၍ ေျပာျပေလသည္။

အရွင္မင္းႀကီး ကြၽန္ေတာ္က ကာသိက႐ြာက လယ္သမား ပုဏၰားျဖစ္ပါတယ္။ လယ္ထြန္ျဖဳတ္ခ်ိန္မွာ ကန္သင္း ေပါက္စရာရွိတာနဲ႔ ႏြားေတြကို ႀကိဳးျဖဳတ္ၿပီး လွန္ထားမိပါတယ္။ အလုပ္မွာသာ စိတ္ဝင္စားေနမိတာမို႔ ႏြားေတြ ဘယ္သြားၿပီး ဘာစားေနတယ္ ဆိုတာ ကြၽန္ေတာ္ ဂ႐ုမစိုက္မိပါဘူး ။

သတိရလို႔ ၾကည့္လိုက္တဲ့ အခါမွာ ႏြားေတြ မရွိေတာ့ပါဘူး ဘုရား။ ဒါနဲ႔ ဘုရား ကြၽန္ေတာ္လည္း ႏြားေတြ သြားတက္တဲ့ ေတာအုပ္ထဲ ဝင္ၿပီးရွာပါတယ္။ အဲ့ဒီမွာ မေတြ႕တာနဲ႔ တေတာၿပီး တေတာ ရွာလာလိုက္တာ ဟိမဝႏၲာေတာႀကီးအထိ ေရာက္လာပါတယ္။ ဟိမဝႏၲာေရာက္တယ္ဆိုရင္ပဲ မ်က္စိလည္ၿပီး လမ္းေတြ ေပ်ာက္ကုန္ပါတယ္။ ႏြားကိုလည္း မေတြ႕ အစာလည္း မစားရနဲ႔ ၇ ရက္ တိုင္တိုင္ပါပဲ ဘုရား။

အဲဒီလို ေရာက္တက္ရာရာ သြားေနရင္းက ကံအားေလ်ာ္စြာ တည္ပင္တပင္ကို ေတြ႕ရပါတယ္။ တည္ပင္ဟာ အသူတရာနက္တဲ့ ေခ်ာက္ကမ္းပါးမွာ ေပါက္ေနပါတယ္။ သူ႔အသီးမ်ားဟာ စားခ်င္စဖြယ္ မွည့္ဝင္းလို႔ ေနပါတယ္။ ဘုရားကြၽန္ေတာ္ဟာ တည္ပင္ကို ျမင္လိုက္ရရင္ပဲ အေျပးအလႊား သြားၿပီး ေလတိုက္လို႔ ေႂကြက်ေနတဲ့ တည္သီးမ်ားကို ေကာက္စားလိုက္ပါတယ္။ အင္မတန္မွ အရသာ ထူးျမတ္လွပါတယ္ ဘုရား။

တည္သီးမ်ားဟာ ပါးစပ္က စားလိုက္ေပမယ့္ ဘယ္ေရာက္သြားတယ္လို႔ မသိရေအာင္ ပါပဲ။ တလုံးစားေနရင္းက ေနာက္တလုံးကို စားခ်င္စိတ္ ေပါက္ေနပါေတာ့တယ္။ ဒါေၾကာင့္ မၾကာခင္မွာပဲ ေလေႂကြတည္သီးေတြ ကုန္လို႔မို႔ အပင္ေပၚ တက္ရပါေတာ့တယ္။ အပင္ေပၚက လက္လွမ္းမီသမွ် တည္သီးမ်ားကို ဘုရားကြၽန္ေတာ္ ႂကြပ္ႂကြပ္မည္ေအာင္ ခူးစားပါတယ္ ။

တစတစနဲ႔ ကိုက္ရင္းက အသီးေတြကုန္လို႔ မို႔ ကိုင္းဖ်ားမွာသာ အသီးမ်ား က်န္ပါေတာ့တယ္။ အဲ့ဒီကိုင္းဖ်ားမွာပဲ အလြန္မွည့္ၿပီး စားခ်င္စရာေကာင္းလွတဲ့ အသီးႀကီး ရွိေနပါတယ္။ ဒါနဲ႔ ဘုရားကြၽန္ေတာ္ အရဲစြန႔္ၿပီး ကိုင္းဖ်ားကိုေလွ်ာက္လို႔ ဆြတ္ဖို႔ရာ လက္လွမ္းလိုက္တာနဲ႔ တၿပိဳင္နက္ နင္းထားတဲ့ကိုင္းက ျပဳတ္က်ပါေရာ ဘုရား ။ အို၊ ဒီတခါျဖင့္ ေသေဘးေတြ႕ပဟ ဒီလိုပဲ စိတ္ထဲက ေတြးလိုက္မိပါတယ္ ။

ဦးေခါင္းေစာက္ထိုး ၊ ေျခေထာက္မိုးေမွ်ာ္ ေခ်ာက္ထဲသို႔ က်သြားပါေတာ့တယ္။ ေအာက္မွာ အေတာင္မ်ားစြာ နက္တဲ့ ေရေတြ ရွိတာေၾကာင့္ ေသေဘးေတာ့ မထိုက္ပါ။ သို႔ေသာ္လည္း ေခ်ာက္ေပၚကို ျပန္မတက္ႏိုင္။ ေတြးကာ မႈိင္ကာနဲပ ငိုေႂကြးကာပဲ ၁၀ ရက္တိုင္တိုင္ ေနခဲ့ရပါတယ္။

၁၀ ရက္ ေျမာက္တဲ့ေန႔မွ ကယ္မယ့္သူနဲ ေတြ႕ရပါေတာ့တယ္။ ဧရာမ ေမ်ာက္ႀကီးတေကာင္ဟာ ကယ္တင္ရွင္ ျဖစ္ေနပါတယ္။ သူဟာ သစ္ကိုင္းတခုကို ခုန္ကူးရင္း ကြၽန္ေတာ့္အထက္ ကမ္းပါးမွာ ေရာက္လာပါတယ္။ ေခ်ာက္အတြင္းက ကြၽန္ေတာ့္ကို လွမ္းၿပီး ၾကည့္ေနပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္ဟ အစာမစားရလို႔ ႀကဳံလွီ ေျခာက္ကပ္ ေနပါၿပီ။ အသားအေရ ေျခာက္ခန္းေနပါၿပီ။

ဒါကို ျမင္ၿပီး ေမ်ာက္ႀကီးက သနားလာဟန္ တူပါတယ္။ သူက လူတို႔ဘာသာ စကားနဲ႔ပဲ " အသင္ဟာ လူလား၊ ဘီလူးလား၊ အေၾကာင္းမွန္ကို ေျပာစမ္းပါ " လို႔ ဆိုပါတယ္ ။ ကြၽန္ေတာ္မ်ိဳးကလည္း " အသင္ေမ်ာက္မင္း၊ ကြၽန္ေတာ္ဟာ မႏုႆလူသားစင္စစ္ မွန္ပါတယ္။ ကြၽန္ေတာ္ဒီေခ်ာက္ထဲက ဘယ္နည္းနဲမွ မတတ္ႏိုင္ပါ။ အို အသင္ေမ်ာက္မင္း ကြၽန္ေတာ့္ကို ကယ္တင္ပါ " လို႔ ႐ို႐ိုေသေသနဲ႔ပဲ ကြၽန္ေတာ္က ေတာင္းပန္လိုက္ရ ပါတယ္။

ဒီေတာ့ သန္မာလွတဲ့ ေမ်ာက္ႀကီးဟာ ေက်ာက္ခဲေတြ၊ ေက်ာက္စြန္းေတြကို လက္ၿမဲၿမဲ ေျခၿမဲၿမဲနဲ႔ ဆြဲၿပီး ဆင္းလာပါတယ္ ။ " ကဲ ဒုကၡသည္အေမာင္လူသား၊ ငါ့ေက်ာမွာ ၿမဲၿမဲခြစီးၿပီး လည္ပင္းမွာ ဖက္ထားေပတာ့ " လို႔ ေျပာၿပီး ေခ်ာက္ကမ္းပါးအတြင္းက ကြၽန္ေတာ့္ကို ကယ္ထုတ္ခဲ့ပါတယ္ ။ ႏွစ္ေယာက္ရဲ႕ ဝန္ကို ထမ္းလာရတာမို႔ သူ႔လက္သူ႔ေျခမ်ား ေသြးျခည္မ်ား ဥကုန္ပါေတာ့တယ္။ အင္မတန္မွပဲ ေမာပန္းသြား ပါတယ္။

ဒါေၾကာင့္မို႔ပဲ အေပၚေရာက္တဲ့အခါ ေမ်ာက္ႀကီးက " ကဲ အေမာင္လူသား၊ ငါတေရး အိပ္လိုက္ဦးမယ္။ ဒီေတာအရပ္ဆိုတာ က်ားေတြ က်ားသစ္ေတြ ရွိတတ္တယ္။ ငါအိပ္ေပ်ာ္ေနတဲ့ အခိုက္မွာ သင္က ေကာင္းေကာင္း ေစာင့္ေရွာက္ပါ ဘိ " ဆိုၿပီး ေမ်ာက္ႀကီးဟာ ကြၽန္ေတာ့္ကို ယုံၾကည္စိတ္ခ်စြာနဲ႔ပဲ ကြၽန္ေတာ့္ ေပါင္ေပၚမွာ အိပ္ေပ်ာ္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္ဆိုတဲ့ အမိုက္တကာ့ ထိပ္ေခါင္တင္ဟာ မသင့္ေတာ္တာ စိတ္ကူးမိေတာ့တာပါပဲ ဘုရား။

ေတာထဲမွာရွိတဲ့ သမင္၊ ဒရယ္၊ ေခ်ငယ္၊ စိုင္၊ ဆတ္ေတြကို လူေတြ စားလို႔ေနၾကတယ္။ အခု ဒီေမ်ာက္လို ဟာႀကီးေတြ ကိုကာ။ ဒါလည္း ရရင္ေတာ့ စားၾကတာ ပါပဲ။ ၁၀ ရက္ တိုင္တိုင္ အစာမစား ရတဲ့ ငါ့ဗိုက္ကလည္း တၾကဳတ္ၾကဳတ္ ျမည္လို႔။ ေတာက္ ဒီေမ်ာက္ႀကီးကို သတ္ၿပီး ကင္စားလိုက္ရရင္ ေတာ့လား ။ ေအာင္မယ္ ပိုတဲ့ဟာေတြ ဖက္နဲ႔ ထုပ္ယူရင္ တလမ္းလုံးအတြက္ ရိကၡာေတာင္ ရဦးမွာ။

ကံမေကာင္းခ်င္ေတာ့ စိတ္အႀကံရဲ႕ ေနာက္မွာ လက္က ထက္ၾကပ္ ပါသြား ပါေတာ့တယ္ ။ အနားက ေက်ာက္တုံးႀကီးကို ယူၿပီး ေမ်ာက္ႀကီးေခါင္းကို ထုခြဲလိုက္ ပါေတာ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ဟာ အစာျပတ္လို႔ အားနည္းေန တာေၾကာင့္ ေမ်ာက္ႀကီးဟာ ေသပြဲ မဝင္ပါ။

အဲ့ဒီတုန္းက သူ႔မ်က္ႏွာထားကို ကြၽန္ေတာ့္ မ်က္စိထဲမွာ ခုထက္ထိ ျမင္ေနပါေသးတယ္။ ေသြးသံရဲရဲနဲ႔ ထခုန္ရင္းက ကြၽန္ေတာ္မွန္းလည္း သိေရာ တကထတည္း စိမ္းစိမ္းႀကီး ၾကည့္ေနလိုက္တာ ကြၽန္ေတာ္ အသည္းတုန္ အူတုန္ ျဖစ္ရတဲ့အထိပါပဲ။ သူ႔ေခါင္းက ေသြးေတြက တေပါက္ေပါက္က်လို႔။ ထို႔အတူပဲ သူ႔မ်က္လုံးမ်ားကလည္း မ်က္ရည္ေတြ တေပါက္ေပါက္နဲ႔။ တလုံးခ်င္းနဲ႔ သူငိုရင္းေျပာေနတဲ့ စကားလုံးမ်ားကို ကြၽန္ေတာ့နားထဲက မထြက္ေသးပါ။

" အို အသင္ေယာက္်ား၊ လုပ္မွ လုပ္ရက္ေလစြ တကား။ အသင္ဟာ တျခားရန္သူေတြကို ကာကြယ္ရမွာ ျဖစ္ပါလ်က္ အခု ငါ့ကို သင္ကိုယ္တိုင္က ရန္ျပဳပါပေကာ ။ ေၾသာ္ အံ့ၾသေလာက္တဲ့ ေယာက္်ားပါေပတကား။ အသင္ ေယာက္်ား၊ ငါဟာ အသင့္ကို ဟိုး တမလြန္ေလာကက ကယ္ထုတ္လို႔ လာခဲ့ရတယ္။ ငါသာ မကယ္ရင္ တမလြန္ ေလာကသို႔ ဧကန္သြားရေတာ့မယ္။ ဒီလို ေက်းဇူးရွင္ကိုမွ ဒီလိုယုတ္မာလွတဲ့ အႀကံအစည္မ်ိဳး ျပဳရက္ပါေပ့ကြယ္ "

" အို သူေတာ္မဟုတ္ ေယာက်ာ္းယုတ္၊ အသင့္အတြက္ေၾကာင့္ ငါ့မွာျဖင့္ ဒုကၡေဝဒနာ ခံစားေနၿပီ။ ဒါေပမယ့္လို႔ အသင့္မွာေတာ့ ဒီလိုဆင္းရဲတဲ့ ေဝဒနာမ်ိဳး မေရာက္လာ မႏွိပ္စက္ပါေစနဲ႔။ ဝါးပင္ဟာ ကိုယ့္အသီးက ကိုယ့္ကိုသတ္သလိုပဲ ဒီမေကာင္းမႈက သင့္ကို မသတ္ပါေစနဲ႔ ။ ကိုယ္စိတ္ႏွလုံး မေစာင့္သုံးတဲ့ အို လူယုတ္ သင့္ကိုေတာ့ျဖင့္ ငါက အကြၽမ္းတဝင္ မျပဳရဲေတာ့ၿပီ။ ငါ့ေနာက္ပါးက ေသြးစက္ေတြ ေျခရာခံၿပီးေတာ့သာ လိုက္ခဲ့ေပေတာ့ " ဆိုၿပီး ေမ်ာက္ႀကီးဟာ ေသြးေပါက္ေသြးစက္နဲ႔ ကြၽန္ေတာ့္ကို လမ္းျပၿပီး လူတို႔ရပ္ထံ ပို႔ေဆာင္ေပးပါတယ္။

လမ္းရွိရာကို ေရာက္ရင္ပဲ ေမ်ာက္ႀကီးဟာ ေတာထဲကို ျပန္ဝင္ၿပီးေတာ့ ေတာင္ေပၚကို တက္သြားပါေတာ့တယ္။ ေတာထဲက ထြက္အလာမွာ ကြၽန္ေတာ့္ တကိုယ္လုံးဟာ ပူေလာင္လြန္းမက ေလာင္လာပါတယ္။ ေရေသာက္ခ်င္လြန္းလို႔ ေရကန္တခုကို ဆင္းလိုက္တဲ့အခါ ေစာေစာက ၾကည္လင္ေအးျမေနတဲ့ ေရကန္ဟာ ေသြးေတြ၊ ျပည္ေတြလို ျဖစ္ၿပီး က်ိဳက္က်ိဳက္ဆူလို႔ ေနပါေရာ ဘုရား  ။

ဒါတင္ မကေသးပါဘူး ဘုရား။ အဲဒီေရကန္က ေရေပါက္ေတြဟာ ကြၽန္ေတာ့္ကိုယ္ေပၚမွာ စင္လာၾက ပါတယ္။ အဲဒီ ေရေပါက္ေတြအမွ် ကြၽန္ေတာ့္ကိုယ္ေပၚမွာ အနာႀကီးေတြ ျဖစ္လာပါတယ္။ ခ်က္ခ်င္းပဲ ေသြးေတြ ျပည္ေတြ တည္လို႔ ကိုယ့္ကိုယ္ကိုေတာင္ မသတီစရာ ျဖစ္ရပါေတာ့တယ္။

ကြၽန္ေတာ္ဟာ ဘယ္လိုပဲ ဒုကၡေရာက္ေပမယ့္ ကိုယ့္ရပ္႐ြာကိုေတာ့ ေရာက္ေအာင္ ျပန္မယ္ဟဲ့ ဆိုၿပီး အားခဲလို႔ လာခဲ့ပါတယ္။ လမ္းမွာေတြ႕သမွ် ႐ြာေတြ၊ လူေတြကိုလည္း အသနားခံ ေတာင္းပန္ပါတယ္။ ဒါေပမယ့္ ေတြ႕သမွ် လူေတြကျဖင့္ သနားဖို႔ ေနေနသာသာ ကြၽန္ေတာ္လာတာ ျမင္ရင္ပဲ အေဝးက ေရွာင္ၾကပါေတာ့တယ္။ ကြၽန္ေတာ္က မတတ္သာလြန္းလို႔ ဇြတ္တိုးသြား ျပန္ေတ့ာလဲ တုတ္ေတြ၊ ဓားေတြနဲ႔ ကာကြယ္ၿပီး ဆဲဆို ႀကိမ္းေမာင္းၾက ပါေတာ့တယ္။

ကဲ ကြၽန္ေတာ့ ျဖစ္အင္၊ ကြၽန္ေတာ့္ မေကာင္းမႈကို ေတာ့ျဖင့္ အရွင္မင္းႀကီး ၾကားသိရပါၿပီ၊ ရႈျမင္ရပါၿပီ။ ဒီနားမွာ ေရာက္ေနၾကတဲ့ အရွင္မင္းႀကီးႏွင့္ တကြ မႉးမတ္ဗိုလ္ပါ အေပါင္းကို ကြၽန္ေတာ္ အထူးတလည္ အမွားစကား ပါးလိုက္ခ်င္တာ ကေတာ့ျဖင့္ မိတ္ေကာင္း၊ ေဆြေကာင္းမ်ားကို ကြၽန္ေတာ့္နည္းတူ မျပစ္မွားဖို႔ ပါပဲ ဘုရား။

ဒုကၡသည္ ပုဏၰားက ျဖစ္ေၾကာင္းကုန္စင္ကို ဤသို႔ စီကာပတ္ကုံးေျပာျပကာ မၾကာမီ ေသဆုံးေလ၏။ ျဗဟၼဒတ္မင္းႀကီးႏွင့္တကြ မႉးမတ္ဗိုလ္ပါတို႔သည္ သတိသံေဝဂရလ်က္ နန္းေတာ္သို႔ ျပန္ခဲ့ၾကေလသည္။

Crd

Post a Comment

0 Comments