အမျိုးသားတွေရဲ့ နှုတ်ခမ်းမွေးအစစ်တွေနဲ့ ချုပ်ထားတဲ့ ကမ္ဘာပေါ်မှာ တစ်ထည်တည်းရှိတဲ့ အင်္ကျီ (ရုပ်သံ)

ဒီနှစ် နိုဝင်ဘာလထဲမှာ ဩစတေးလျနိုင်ငံက အမျိုးသားဝတ် brand တစ်ခုဖြစ်တဲ့ Politix က သူမတူတဲ့ အမျိုးသားဝတ် ကုတ်အင်္ကျီတစ်ထည်ကို ထုတ်လုပ်လိုက်ပါတယ်။

နိုဝင်ဘာလမှာ တစ်ကမ္ဘာလုံးက အမျိုးသားတွေကို နှုတ်ခမ်းမွေး အရှည်ထားဖို့ လှုံ့ဆော်တဲ့ Movember လို့ခေါ်တဲ့ လှုပ်ရှားမှုတစ်ရပ် ရှိပါတယ်။ Movember ကနေ ရံပုံငွေတွေနဲ့ အမျိုးသားရောဂါတွေဖြစ်တဲ့ ပရော့စတိတ်ကင်ဆာ၊ အူမကြီးကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို သုတေသန လုပ်ပါတယ်။

အဲဒါကြောင့် Politix brand က Movember ပွဲ အထိမ်းအမှတ်အနေနဲ့ အမျိုးသားတွေရဲ့ နှုတ်ခမ်းမွေးအစစ်နဲ့ ချုပ်လုပ်ထားတဲ့ အင်္ကျီကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီအင်္ကျီကို ကြည့်လိုက်ရင် တကယ်ကို ရုပ်ဆိုးနေတာ တွေ့ရမှာပါ။

အင်္ကျီနာမည်ကိုတော့ Mo-Hair လို့ နာမည်ပေးထားပါတယ်။ ဒီအင်္ကျီကိုတော့ မဲလ်ဘုန်းအခြေစိုက် Pamela Kleema Passi က ဖန်တီးထားတာပါ။ သူမရဲ့ အမျိုးသားက ၂၀၁၆ ခုနှစ်က ပရော့စတိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာပါ။

Passi က နှုတ်ခမ်းမွေးတွေကို salon တွေကနေ စုဆောင်းပြီး သန့်ရှင်းရေးတွေ လုပ်ပါတယ်။ အဲဒီကနေ လူအများက သူမရဲ့ project အကြောင်းသိသွားပြီး သူမဆီကို နှုတ်ခမ်းမွေးတွေ လာပေးကြပါတယ်။

နှုတ်ခမ်းမွေးတွေနဲ့ ဖန်တီးထားတဲ့ ဝတ်စုံကို Politix က ဒီဇိုင်းမန်နေဂျာ Paul Burden နဲ့ တိုင်ပင်ပြီး သေချာချုပ်ထားတာပါ။ ဝတ်တဲ့အခါ မယားအောင်လို့လည်း စနစ်တကျ ဖန်တီးထားပါတယ်။

" ဆံပင်က ခေါင်းပေါ်မှာ ရှိနေရင် ကြည့်ကောင်းတယ်။ ခေါင်းပေါ်မှာ မဟုတ်ဘဲ ကျွတ်သွားရင် ရွံစရာဖြစ်သွားတယ်။ မြတ်နိုးစရာကောင်းတာနဲ့ ရွံစရာကောင်းတာရဲ့ကြားထဲက ခြားနားချက်ကို စိတ်ဝင်စားတယ်" လို့ ဖန်တီးသူ Passi က ပြောပါတယ်။

ဒီကုတ်အင်္ကျီကို ဝယ်လို့မရပါဘူး။ ပြီးတော့ ဝတ်ချင်သူလည်း ရှိမှာမဟုတ်လောက်ပါဘူး။

ရုပ်သံ

Zombie (lovemedia)

for zawgyi

အမ်ိဳးသားေတြရဲ႕ ႏႈတ္ခမ္းေမြးအစစ္ေတြနဲ႔ ခ်ဳပ္ထားတဲ့ ကမာၻေပၚမွာ တစ္ထည္တည္းရွိတဲ့ အက်ႌ

ဒီႏွစ္ ႏိုဝင္ဘာလထဲမွာ ဩစေတးလ်ႏိုင္ငံက အမ်ိဳးသားဝတ္ brand တစ္ခုျဖစ္တဲ့ Politix က သူမတူတဲ့ အမ်ိဳးသားဝတ္ ကုတ္အက်ႌတစ္ထည္ကို ထုတ္လုပ္လိုက္ပါတယ္။

ႏိုဝင္ဘာလမွာ တစ္ကမာၻလုံးက အမ်ိဳးသားေတြကို ႏႈတ္ခမ္းေမြး အရွည္ထားဖို႔ လႈံ႕ေဆာ္တဲ့ Movember လို႔ေခၚတဲ့ လႈပ္ရွားမႈတစ္ရပ္ ရွိပါတယ္။ Movember ကေန ရံပုံေငြေတြနဲ႔ အမ်ိဳးသားေရာဂါေတြျဖစ္တဲ့ ပေရာ့စတိတ္ကင္ဆာ၊ အူမႀကီးကင္ဆာ စတဲ့ကင္ဆာေရာဂါေတြကို သုေတသန လုပ္ပါတယ္။

အဲဒါေၾကာင့္ Politix brand က Movember ပြဲ အထိမ္းအမွတ္အေနနဲ႔ အမ်ိဳးသားေတြရဲ႕ ႏႈတ္ခမ္းေမြးအစစ္နဲ႔ ခ်ဳပ္လုပ္ထားတဲ့ အက်ႌကို ထုတ္လုပ္လိုက္ပါတယ္။ အဲဒီအက်ႌကို ၾကည့္လိုက္ရင္ တကယ္ကို ႐ုပ္ဆိုးေနတာ ေတြ႕ရမွာပါ။

အက်ႌနာမည္ကိုေတာ့ Mo-Hair လို႔ နာမည္ေပးထားပါတယ္။ ဒီအက်ႌကိုေတာ့ မဲလ္ဘုန္းအေျခစိုက္ Pamela Kleema Passi က ဖန္တီးထားတာပါ။ သူမရဲ႕ အမ်ိဳးသားက ၂၀၁၆ ခုႏွစ္က ပေရာ့စတိတ္ကင္ဆာ၊ အူမႀကီးကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့တာပါ။

Passi က ႏႈတ္ခမ္းေမြးေတြကို salon ေတြကေန စုေဆာင္းၿပီး သန႔္ရွင္းေရးေတြ လုပ္ပါတယ္။ အဲဒီကေန လူအမ်ားက သူမရဲ႕ project အေၾကာင္းသိသြားၿပီး သူမဆီကို ႏႈတ္ခမ္းေမြးေတြ လာေပးၾကပါတယ္။

ႏႈတ္ခမ္းေမြးေတြနဲ႔ ဖန္တီးထားတဲ့ ဝတ္စုံကို Politix က ဒီဇိုင္းမန္ေနဂ်ာ Paul Burden နဲ႔ တိုင္ပင္ၿပီး ေသခ်ာခ်ဳပ္ထားတာပါ။ ဝတ္တဲ့အခါ မယားေအာင္လို႔လည္း စနစ္တက် ဖန္တီးထားပါတယ္။

" ဆံပင္က ေခါင္းေပၚမွာ ရွိေနရင္ ၾကည့္ေကာင္းတယ္။ ေခါင္းေပၚမွာ မဟုတ္ဘဲ ကြၽတ္သြားရင္ ႐ြံစရာျဖစ္သြားတယ္။ ျမတ္ႏိုးစရာေကာင္းတာနဲ႔ ႐ြံစရာေကာင္းတာရဲ႕ၾကားထဲက ျခားနားခ်က္ကို စိတ္ဝင္စားတယ္" လို႔ ဖန္တီးသူ Passi က ေျပာပါတယ္။

ဒီကုတ္အက်ႌကို ဝယ္လို႔မရပါဘူး။ ၿပီးေတာ့ ဝတ္ခ်င္သူလည္း ရွိမွာမဟုတ္ေလာက္ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments