ကမ္ဘာပေါ်မှာ အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာက လူသားတွေတင် မကပါဘူး။ တိရစ္ဆာန်လေးတွေလည်း ပါဝင်ပါတယ်။ လေလွင့်တိရစ္ဆာန်လေးတွေ အစာမစားရတဲ့ ရက်တွေက ရက်သတ္တပတ်နဲ့ချီပြီး ကြာမြင့်နိုင်ပါသေးတယ်။

ဒီဝမ်းနည်းစရာ ကောင်းတဲ့ ဗွီဒီယိုလေးကိုတော့ ကမ္ဘာ့တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က ရိုက်ကူးထားခဲ့တာပါ။ ဗွီဒီယိုထဲမှာ လေလွင့်ခွေးလေးတစ်ကောင်က သူ့ကို အစာကျွေးမယ့်သူ တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပန်းကန်လုံးလေးကို ကိုက်ထားပါတယ်။

ကိုက်ထားရုံတင်မကပါဘူး။ သူ့မျက်လုံးမှာ တောင်းပန်ခယတဲ့ အကြည့်တွေနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် ပန်းကန်လုံးလေးကိုက်ပြီး အစာလိုက်ရှာ နေခဲ့ပါတယ်။

သူ့ရဲ့မျှော်လင့်ချက်ကတော့ တစ်ရက်တာ လမ်းပေါ်မှာ အားအင်ပြည့်ပြည့်နဲ့ သွားလာနိုင်ဖို့ သူ့ပန်းကန်လုံးလေးနဲ့အပြည့် အစာစားချင်တာပါ။

ကမ္ဘာ့တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့က ဒီလိုခွေးလေးလို လေလွင့်တိရစ္ဆာန်လေးတွေကို ကူညီဖို့ သူတို့ရဲ့မစ်ရှင်ကို ပြုလုပ်နေပါပြီ။ အဲဒီအချက်ကတော့ လေလွင့်တိရစ္ဆာန်လေးတွေအတွက် မျှော်လင့်ချက်လေး ပေါ်ပေါက်လာနိုင်ပါတယ်။

လူသားတွေတောင် အသက်ရှင်သန်ဖို့ ခက်နေတဲ့အချိန်မှာ လေလွင့်တိရစ္ဆာန်လေးတွေက ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဒီဗွီဒီယိုလေးကနေ တစ်ဆင့် လေလွင့်တိရစ္ဆာန်လေးတွေ ဆာလောင်မွတ်သိပ်မှုကနေ နည်းပါးသွားစေမယ်လို့ ကမ္ဘာ့တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့က မျှော်လင့်နေပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

တစ္အိမ္အိမ္က အစာေကြၽးမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ပန္းကန္လုံးကိုက္ၿပီး ေလွ်ာက္သြားေနတဲ့ ေလလြင့္ေခြးေလး (႐ုပ္သံ)

ကမာၻေပၚမွာ အငတ္ေဘးနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတာက လူသားေတြတင္ မကပါဘူး။ တိရစာၦန္ေလးေတြလည္း ပါဝင္ပါတယ္။ ေလလြင့္တိရစာၦန္ေလးေတြ အစာမစားရတဲ့ ရက္ေတြက ရက္သတၱပတ္နဲ႔ခ်ီၿပီး ၾကာျမင့္ႏိုင္ပါေသးတယ္။

ဒီဝမ္းနည္းစရာ ေကာင္းတဲ့ ဗြီဒီယိုေလးကိုေတာ့ ကမာၻ႔တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕က ႐ိုက္ကူးထားခဲ့တာပါ။ ဗြီဒီယိုထဲမွာ ေလလြင့္ေခြးေလးတစ္ေကာင္က သူ႔ကို အစာေကြၽးမယ့္သူ ေတြ႕မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ပန္းကန္လုံးေလးကို ကိုက္ထားပါတယ္။

ကိုက္ထား႐ုံတင္မကပါဘူး။ သူ႔မ်က္လုံးမွာ ေတာင္းပန္ခယတဲ့ အၾကည့္ေတြနဲ႔ တစ္အိမ္ဝင္ တစ္အိမ္ထြက္ ပန္းကန္လုံးေလးကိုက္ၿပီး အစာလိုက္ရွာ ေနခဲ့ပါတယ္။ သူ႔ရဲ႕ေမွ်ာ္လင့္ခ်က္ကေတာ့ တစ္ရက္တာ လမ္းေပၚမွာ အားအင္ျပည့္ျပည့္နဲ႔ သြားလာႏိုင္ဖို႔ သူ႔ပန္းကန္လုံးေလးနဲ႔အျပည့္ အစာစားခ်င္တာပါ။

ကမာၻ႔တိရစာၦန္ ေစာင့္ေရွာက္ေရးအဖြဲ႕က ဒီလိုေခြးေလးလို ေလလြင့္တိရစာၦန္ေလးေတြကို ကူညီဖို႔ သူတို႔ရဲ႕မစ္ရွင္ကို ျပဳလုပ္ေနပါၿပီ။ အဲဒီအခ်က္ကေတာ့ ေလလြင့္တိရစာၦန္ေလးေတြအတြက္ ေမွ်ာ္လင့္ခ်က္ေလး ေပၚေပါက္လာႏိုင္ပါတယ္။

လူသားေတြေတာင္ အသက္ရွင္သန္ဖို႔ ခက္ေနတဲ့အခ်ိန္မွာ ေလလြင့္တိရစာၦန္ေလးေတြက ပိုလို႔ေတာင္ ခက္ခဲပါေသးတယ္။ ဒီဗြီဒီယိုေလးကေန တစ္ဆင့္ ေလလြင့္တိရစာၦန္ေလးေတြ ဆာေလာင္မြတ္သိပ္မႈကေန နည္းပါးသြားေစမယ္လို႔ ကမာၻ႔တိရစာၦန္ ေစာင့္ေရွာက္ေရးအဖြဲ႕က ေမွ်ာ္လင့္ေနပါတယ္။

Zombie (lovemedia)