အားဖြစ်စေမယ့် ပုံပြင်လေး ၅ ပုဒ်

ပုံပြင် ၁။ ရွာတရွာက ကလေးမလေး တယောက်ဟာ ကျောင်းကို နေ့တိုင်း တယောက်ထဲ အဝေးကြီး သွားတက်ရတယ်။ တနေ့ ညနေကျောင်းဆင်းချိန်မှာ မိုးတွေ ရုတ်တရတ် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေ လက်လာတယ်။ အမေဖြစ်သူက သမီးကို အရမ်း စိတ်ပူသွားပြီး ကျောင်းက ပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန် နင်းသွားရှာတာပေါ့။

သူ့သမီးကို လမ်းခုလတ်မှာ တွေ့တဲ့အခါ အမေဖြစ်သူ ကြောင်သွားသည်။ သမီးဖြစ်သူက လျှပ်စီး တခါလက်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင်ကို ခေါင်းမော့ ကြည့်တယ်။ ပြီးတော့ ရယ်ပြတယ်။

တော်တော်ကြာ ရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီး တွန်းသွားရင်း မေးလိုက်တယ်။ "သမီးလေး သမီး ဘာလုပ်နေတာလဲ" သမီးက ပြန်ဖြေတယ်။ " မိုးပေါ်က နတ်မင်းကြီးက သမီးကို ဓာတ်ပုံ ရိုက်ပေးလို့ ပြုံးပြနေတာ မေမေ"

လူတော်တော်များများဟာ ကိုယ့်ရဲ့ ထင်မြင် ယူဆချက်တွေနဲ့ တပါးသူကို ဝေဖန် တိုင်းတာ၊ တွေးထင် မိကြပါတယ်။ အရာရာဟာ ကိုယ့်အတွေးထဲက အတိုင်းပဲ ဖြစ်မှာ မဟုတ်ပါဘူး။ လူ့ဘဝကို အတွေးမလွန်ဘဲ ပေါ့ပေါ့ပါးပါး နေပြီး ပျော်ပျော်ရွှင်ရွှင် ခံစား ဖြတ်သန်း ကြည့်ကြရအောင်ပါ။

ပုံပြင် ၂။ အသက် ငယ်ငယ်ရွယ်ရွယ်နှင့် အင်မတန်မှ အောင်မြင် ကျော်ဇောတဲ့ သူဌေးသားတယောက်ဟာ သူ့အဖေကို ခေါ်ပြီး အင်မတန်မှ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာ သွားစားတယ်။ ညစာ စားနေတုန်း နာမည်ကြီး စန္ဒယားဆရာ တယောက်က စင်ပေါ် တက်လာပြီး ဖျော်ဖြေ တင်ဆက်လေတယ်။

သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွားအမှတ်ရသည်။ အဖေ့ဘက်ကို လှည့်ပြီး ပြောသည်။ "ကျနော်သာ ငယ်ငယ်က စန္ဒယားကို ကောင်းကောင်း သင်ခဲ့ရင် အခုစင်ပေါ်မှာ စန္ဒယား တီးနေတဲ့သူက သားဖြစ်ချင် ဖြစ်နေမှာ"

"ဟုတ်တယ် သား" သူ့အဖေက ပြန်ဖြေတယ်။ သူ့အဖေက ဆက်ပြီး "ဒါပေမယ့် အဲလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ သားဖြစ်ချင်မှ ဖြစ်နေမှာ" လို့ ပြောပါတယ်။

တခါတလေ ကျနော်တို့ဟာ လက်လွတ်သွားတဲ့ အခွင့်အရေးကို တမြောတသ ဖြစ်နေတတ်ပြီး ကိုယ်ရောက်ရှိနေတဲ့ နေရာရဲ့ တန်ဖိုးကို သတိမထားမိ တတ်ကြပါဘူး။

ပုံပြင် ၃။ အမေနဲ့ သား ဈေးအတူတူ သွားကြသည်။ ကုန်စုံဆိုင်ရှင်က ကလေးလေးကို တွေ့တာနဲ့အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကို နှိုက်ယူခိုင်းသည်။ ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။ အတန်တန် ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာသကြားလုံး တဆုပ်ယူပြီး အိပ်ကပ်ထဲ ထိုးထည့်ပေးလိုက်သည်။

ဈေးက ပြန်လာတော့ အမေဖြစ်သူက သားကိုမေးသည်။ "သကြားလုံး ကြိုက်တတ်ရက်သားနဲ့ ဒီလောက် ယူခိုင်းနေတာ သားရယ် ဘာဖြစ်လို့မယူရတာလဲ"

သားဖြစ်သူက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကို ပြန်ဖြေသည်။ "ဘာဖြစ်လို့လဲဆိုတော့ သားလက်က ပိုသေးတယ်။ ဆိုင်ရှင်လက်က ပိုကြီးတယ်လေ။ သူထည့်ပေးရင် ကျနော်ယူတာထက် ကျိန်းသေ ပိုများမှာ သားသိလို့"

ဒီကလေးဟာ သူ့ရဲ့ limit ကို သူနားလည်တယ်။ ဒါ့အပြင် သူများက သူ့ထက်သာမှန်း ပိုပြီးနားလည်တယ်။ တခါတလေ ကျနော်တို့ဟာ အရာရာကို ကိုယ့်အားနဲ့မမျှရင် တခြားကိုယ့်ထက် အားသာတဲ့ သူအပေါ် မနာလို မဖြစ်သင့်ဘဲ အားကိုးသင့်ပါတယ်။ ဒါဟာ အကျိုး ပိုဖြစ်ထွန်းစေတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

ပုံပြင် ၄။ ကောင်ကလေးတယောက်ရဲ့ မွေးနေ့ ပါတီတခုမှာ အဘိုးဖြစ်သူက ကောင်လေးကို မေးပါတယ်။

"မြေးလေး ကြီးလာရင် ဘာဖြစ်ချင်သလဲ"

"ကျနော် လေယဉ်ပျံမောင်းတဲ့သူ ဖြစ်ချင်တယ်"

"ဒါဆို တနေ့ ငါ့မြေးမောင်းတဲ့ လေယဉ်ပျံ ဆီကုန်သွားရင် ဘယ်လိုလုပ်မလဲ"

ကောင်လေးက တချက် စဉ်းစားတယ်။ ပြီးနောက်

"လေယဉ်ပေါ်က လူတွေအားလုံးကို ထိုင်ခုံ ခါးပတ် ပတ်ခိုင်းမယ်။ ပြီးတော့ ကျနော် လေထီးနဲ့ အောက်ကို ခုန်ဆင်းမယ်"

တပါတီလုံးက လူတွေ ရယ်ကြလေသည်။ နောက် ကောင်လေးဖြစ်သူက ငိုပြီး အကျယ်ကြီး အော်ပြောလိုက်သောအခါ အားလုံး အရယ်တိတ်ကုန်လေသည်။

"ကျနော် အောက် ခဏ ဆင်းပြီးဓာတ်ဆီသွားယူမယ်၊ ပြီးရင် ပြန်လာခဲ့မယ်။ ကျိန်းသေကို ပြန်လာခဲ့မယ်။ ခင်ဗျားတို့ စောင့်နေကြပါ"

တပါးသူ ပြောနေတဲ့ စကားကို ဆုံးအောင် နားမထောင်ပဲ မဝေဖန်လိုက်ပါနဲ့။

ပုံပြင် ၅။ နတ်မင်းကြီးက ကျနော့်ကို ခရုတကောင်ရဲ့ လက်ကို ဆွဲပြီး ခရီးထွက်ဖို့ တာဝန်ပေးတယ်။ ကျနော် ဘယ်လောက် နှေးနှေး သွားသွား ခရု မလိုက်နိုင်ဘူး။ အမြဲတမ်း နောက်မှာပဲ ကျန်နေတယ်။ ကျနော် ဆွဲတယ် တွန်းတယ် လောတယ်။ ခရုက ကျနော့်ကို မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်ပြီးပြောတယ်။

"သူလည်း အတတ်နိုင်ဆုံး လျှောက်တာပဲလေ" တဲ့။ ကျနော် ခြောက်တယ်၊ ကန်တယ်၊ ဆောင့်တွန်းတယ်။ ကျနော် ချွေးတွေ ထွက်လာတယ်။ ခရုလည်း ဒဏ်ရာတွေ ရကုန်တယ်။ ဒါပေမယ့် ထင်သလောက် ခရီးက မပေါက်ဘူး။

"နတ်မင်းကြီးရယ် ဘာဖြစ်လို့များ ကျနော့်ကို ခရုနဲ့ တွဲလျှောက်ခိုင်းရတာလဲ" ကောင်းကင်ကြီးက ငြိမ်သက်နေသည်။ ကောင်းပြီလေ အသင်နတ်မင်းကြီးတောင် ဂရုမစိုက်မှတော့ ကျနော်က ဘာကိစ္စ လောတော့မှာလဲ။ ဒါနဲ့ အရွဲ့တိုက်ပြီး ခရုကို ရှေ့က လျှောက်ခိုင်းပြီး သူက ခရုနောက်က ပြန်လိုက်တယ်။ ဒေါသ ထွက်ထွက်နဲ့ပေါ့။

အလို၊ ကျနော် ပန်းရနံ့ သိမ့်သိမ့်လေး ရှုမိတယ်။ အော် လတ်စသတ်တော့ ငါ ပန်းခြံထဲ ရောက်နေပါကော။ ကျနော် လေရူးလေး တချက်ကျီစယ်သွားတာ ခံစားမိလိုက်တယ်။ လတ်စသတ်တော့ ညချမ်းအေးရဲ့ လေရူးလေးက ဒီလောက်တောင် ညင်သာ တာကိုး။

ခဏလေး ကျွန်တော် ငှက်တွေ တေးဆိုနေတဲ့အသံ ကြားမိသလိုပဲ။ ပုရစ်လေးတွေ တကောင်နဲ့ တကောင် အသံနဲ့ ကျီစယ်နေကြတယ်။ ဝှား ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ လှလိုက်တာ။ ဟမ် အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာပါလိမ့်။

အော် ကျနော်သိပြီ ကျနော် မှားခဲ့တယ်။ နတ်မင်းကြီးက ကျနော်ကို ခရုနဲ့ လမ်းတူတူ လျှောက်ခိုင်းတာပဲလေ။

မိတ်ဆွေကော ခရုလေးကို ရှာတွေ့ပြီးပြီလား။ ခရုလေးနဲ့ အတူတူ လမ်းလျှောက်ကြည့်ပါ။ ဘဝရဲ့ ခြေလှမ်း အလှမ်းတိုင်း အလှမ်းတိုင်းကို ဖြေးဖြေးချင်း ပျော်ရွှင် ခံစားရင်းပေါ့။

crd

Zawgyi

အားျဖစ္ေစမယ့္ ပုံျပင္ေလး ၅ ပုဒ္

ပုံျပင္ ၁။ ႐ြာတ႐ြာက ကေလးမေလး တေယာက္ဟာ ေက်ာင္းကို ေန႔တိုင္း တေယာက္ထဲ အေဝးႀကီး သြားတက္ရတယ္။ တေန႔ ညေနေက်ာင္းဆင္းခ်ိန္မွာ မိုးေတြ ႐ုတ္တရတ္ အုံ႔ဆိုင္းလာၿပီး လွ်ပ္စီးေတြ လက္လာတယ္။ အေမျဖစ္သူက သမီးကို အရမ္း စိတ္ပူသြားၿပီး ေက်ာင္းက ျပန္လာမယ့္ လမ္းအတိုင္း စက္ဘီးနဲ႔ အျမန္ နင္းသြားရွာတာေပါ့။

သူ႔သမီးကို လမ္းခုလတ္မွာ ေတြ႕တဲ့အခါ အေမျဖစ္သူ ေၾကာင္သြားသည္။ သမီးျဖစ္သူက လွ်ပ္စီး တခါလက္တိုင္း လမ္းေလွ်ာက္တာ ရပ္လိုက္ၿပီး ေကာင္းကင္ကို ေခါင္းေမာ့ ၾကည့္တယ္။ ၿပီးေတာ့ ရယ္ျပတယ္။

ေတာ္ေတာ္ၾကာ ရပ္ၾကည့္ေနၿပီးမွ အေမက သမီးအနား စက္ဘီး တြန္းသြားရင္း ေမးလိုက္တယ္။ "သမီးေလး သမီး ဘာလုပ္ေနတာလဲ" သမီးက ျပန္ေျဖတယ္။ " မိုးေပၚက နတ္မင္းႀကီးက သမီးကို ဓာတ္ပုံ ႐ိုက္ေပးလို႔ ၿပဳံးျပေနတာ ေမေမ"

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ရဲ႕ ထင္ျမင္ ယူဆခ်က္ေတြနဲ႔ တပါးသူကို ေဝဖန္ တိုင္းတာ၊ ေတြးထင္ မိၾကပါတယ္။ အရာရာဟာ ကိုယ့္အေတြးထဲက အတိုင္းပဲ ျဖစ္မွာ မဟုတ္ပါဘူး။ လူ႔ဘဝကို အေတြးမလြန္ဘဲ ေပါ့ေပါ့ပါးပါး ေနၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခံစား ျဖတ္သန္း ၾကည့္ၾကရေအာင္ပါ။

ပုံျပင္ ၂။ အသက္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အင္မတန္မွ ေအာင္ျမင္ ေက်ာ္ေဇာတဲ့ သူေဌးသားတေယာက္ဟာ သူ႔အေဖကို ေခၚၿပီး အင္မတန္မွ ေဈးႀကီးတဲ့ စားေသာက္ဆိုင္မွာ ညစာ သြားစားတယ္။ ညစာ စားေနတုန္း နာမည္ႀကီး စႏၵယားဆရာ တေယာက္က စင္ေပၚ တက္လာၿပီး ေဖ်ာ္ေျဖ တင္ဆက္ေလတယ္။

သားျဖစ္သူက ငယ္ငယ္က စႏၵယား သင္ခဲ့ဖူးတာကို သြားအမွတ္ရသည္။ အေဖ့ဘက္ကို လွည့္ၿပီး ေျပာသည္။ "က်ေနာ္သာ ငယ္ငယ္က စႏၵယားကို ေကာင္းေကာင္း သင္ခဲ့ရင္ အခုစင္ေပၚမွာ စႏၵယား တီးေနတဲ့သူက သားျဖစ္ခ်င္ ျဖစ္ေနမွာ"

"ဟုတ္တယ္ သား" သူ႔အေဖက ျပန္ေျဖတယ္။ သူ႔အေဖက ဆက္ၿပီး "ဒါေပမယ့္ အဲလိုဆို ဒီညစာ စားပြဲမွာ ထိုင္စားေနတာ သားျဖစ္ခ်င္မွ ျဖစ္ေနမွာ" လို႔ ေျပာပါတယ္။

တခါတေလ က်ေနာ္တို႔ဟာ လက္လြတ္သြားတဲ့ အခြင့္အေရးကို တေျမာတသ ျဖစ္ေနတတ္ၿပီး ကိုယ္ေရာက္ရွိေနတဲ့ ေနရာရဲ႕ တန္ဖိုးကို သတိမထားမိ တတ္ၾကပါဘူး။

ပုံျပင္ ၃။ အေမနဲ႔ သား ေဈးအတူတူ သြားၾကသည္။ ကုန္စုံဆိုင္ရွင္က ကေလးေလးကို ေတြ႕တာနဲ႔အင္မတန္ ခ်စ္ဖို႔ေကာင္းတာနဲ႔ ေဈးဗန္းထဲက သၾကားလုံးကို ႏႈိက္ယူခိုင္းသည္။ ကေလးက တုပ္တုပ္ပင္ မလႈပ္ေခ်။ အတန္တန္ ေျပာေသာ္လည္း မယူသျဖင့္ ဆိုင္ရွင္က ၿပဳံးကာသၾကားလုံး တဆုပ္ယူၿပီး အိပ္ကပ္ထဲ ထိုးထည့္ေပးလိုက္သည္။

ေဈးက ျပန္လာေတာ့ အေမျဖစ္သူက သားကိုေမးသည္။ "သၾကားလုံး ႀကိဳက္တတ္ရက္သားနဲ႔ ဒီေလာက္ ယူခိုင္းေနတာ သားရယ္ ဘာျဖစ္လို႔မယူရတာလဲ"

သားျဖစ္သူက ပိုင္တဲ့ အၿပဳံးၿပဳံးၿပီး အေမ့ကို ျပန္ေျဖသည္။ "ဘာျဖစ္လို႔လဲဆိုေတာ့ သားလက္က ပိုေသးတယ္။ ဆိုင္ရွင္လက္က ပိုႀကီးတယ္ေလ။ သူထည့္ေပးရင္ က်ေနာ္ယူတာထက္ က်ိန္းေသ ပိုမ်ားမွာ သားသိလို႔"

ဒီကေလးဟာ သူ႔ရဲ႕ limit ကို သူနားလည္တယ္။ ဒါ့အျပင္ သူမ်ားက သူ႔ထက္သာမွန္း ပိုၿပီးနားလည္တယ္။ တခါတေလ က်ေနာ္တို႔ဟာ အရာရာကို ကိုယ့္အားနဲ႔မမွ်ရင္ တျခားကိုယ့္ထက္ အားသာတဲ့ သူအေပၚ မနာလို မျဖစ္သင့္ဘဲ အားကိုးသင့္ပါတယ္။ ဒါဟာ အက်ိဳး ပိုျဖစ္ထြန္းေစတဲ့ နည္းလမ္းတခု ျဖစ္ပါတယ္။

ပုံျပင္ ၄။ ေကာင္ကေလးတေယာက္ရဲ႕ ေမြးေန႔ ပါတီတခုမွာ အဘိုးျဖစ္သူက ေကာင္ေလးကို ေမးပါတယ္။

"ေျမးေလး ႀကီးလာရင္ ဘာျဖစ္ခ်င္သလဲ"

"က်ေနာ္ ေလယဥ္ပ်ံေမာင္းတဲ့သူ ျဖစ္ခ်င္တယ္"

"ဒါဆို တေန႔ ငါ့ေျမးေမာင္းတဲ့ ေလယဥ္ပ်ံ ဆီကုန္သြားရင္ ဘယ္လိုလုပ္မလဲ"

ေကာင္ေလးက တခ်က္ စဥ္းစားတယ္။ ၿပီးေနာက္

"ေလယဥ္ေပၚက လူေတြအားလုံးကို ထိုင္ခုံ ခါးပတ္ ပတ္ခိုင္းမယ္။ ၿပီးေတာ့ က်ေနာ္ ေလထီးနဲ႔ ေအာက္ကို ခုန္ဆင္းမယ္"

တပါတီလုံးက လူေတြ ရယ္ၾကေလသည္။ ေနာက္ ေကာင္ေလးျဖစ္သူက ငိုၿပီး အက်ယ္ႀကီး ေအာ္ေျပာလိုက္ေသာအခါ အားလုံး အရယ္တိတ္ကုန္ေလသည္။

"က်ေနာ္ ေအာက္ ခဏ ဆင္းၿပီးဓာတ္ဆီသြားယူမယ္၊ ၿပီးရင္ ျပန္လာခဲ့မယ္။ က်ိန္းေသကို ျပန္လာခဲ့မယ္။ ခင္ဗ်ားတို႔ ေစာင့္ေနၾကပါ"

တပါးသူ ေျပာေနတဲ့ စကားကို ဆုံးေအာင္ နားမေထာင္ပဲ မေဝဖန္လိုက္ပါနဲ႔။

ပုံျပင္ ၅။ နတ္မင္းႀကီးက က်ေနာ့္ကို ခ႐ုတေကာင္ရဲ႕ လက္ကို ဆြဲၿပီး ခရီးထြက္ဖို႔ တာဝန္ေပးတယ္။ က်ေနာ္ ဘယ္ေလာက္ ေႏွးေႏွး သြားသြား ခ႐ု မလိုက္ႏိုင္ဘူး။ အၿမဲတမ္း ေနာက္မွာပဲ က်န္ေနတယ္။ က်ေနာ္ ဆြဲတယ္ တြန္းတယ္ ေလာတယ္။ ခ႐ုက က်ေနာ့္ကို မ်က္လုံးေလး ေပကလပ္ ေပကလပ္နဲ႔ ၾကည့္ၿပီးေျပာတယ္။

"သူလည္း အတတ္ႏိုင္ဆုံး ေလွ်ာက္တာပဲေလ" တဲ့။ က်ေနာ္ ေျခာက္တယ္၊ ကန္တယ္၊ ေဆာင့္တြန္းတယ္။ က်ေနာ္ ေခြၽးေတြ ထြက္လာတယ္။ ခ႐ုလည္း ဒဏ္ရာေတြ ရကုန္တယ္။ ဒါေပမယ့္ ထင္သေလာက္ ခရီးက မေပါက္ဘူး။

"နတ္မင္းႀကီးရယ္ ဘာျဖစ္လို႔မ်ား က်ေနာ့္ကို ခ႐ုနဲ႔ တြဲေလွ်ာက္ခိုင္းရတာလဲ" ေကာင္းကင္ႀကီးက ၿငိမ္သက္ေနသည္။ ေကာင္းၿပီေလ အသင္နတ္မင္းႀကီးေတာင္ ဂ႐ုမစိုက္မွေတာ့ က်ေနာ္က ဘာကိစၥ ေလာေတာ့မွာလဲ။ ဒါနဲ႔ အ႐ြဲ႕တိုက္ၿပီး ခ႐ုကို ေရွ႕က ေလွ်ာက္ခိုင္းၿပီး သူက ခ႐ုေနာက္က ျပန္လိုက္တယ္။ ေဒါသ ထြက္ထြက္နဲ႔ေပါ့။

အလို၊ က်ေနာ္ ပန္းရနံ႔ သိမ့္သိမ့္ေလး ရႈမိတယ္။ ေအာ္ လတ္စသတ္ေတာ့ ငါ ပန္းၿခံထဲ ေရာက္ေနပါေကာ။ က်ေနာ္ ေလ႐ူးေလး တခ်က္က်ီစယ္သြားတာ ခံစားမိလိုက္တယ္။ လတ္စသတ္ေတာ့ ညခ်မ္းေအးရဲ႕ ေလ႐ူးေလးက ဒီေလာက္ေတာင္ ညင္သာ တာကိုး။

ခဏေလး ကြၽန္ေတာ္ ငွက္ေတြ ေတးဆိုေနတဲ့အသံ ၾကားမိသလိုပဲ။ ပုရစ္ေလးေတြ တေကာင္နဲ႔ တေကာင္ အသံနဲ႔ က်ီစယ္ေနၾကတယ္။ ဝွား ေကာင္းကင္ေပၚမွာ ၾကယ္ေတြ အမ်ားႀကီးပဲ လွလိုက္တာ။ ဟမ္ အရင္က ဘာျဖစ္လို႔ ဒါေတြ မရွိရတာပါလိမ့္။

ေအာ္ က်ေနာ္သိၿပီ က်ေနာ္ မွားခဲ့တယ္။ နတ္မင္းႀကီးက က်ေနာ္ကို ခ႐ုနဲ႔ လမ္းတူတူ ေလွ်ာက္ခိုင္းတာပဲေလ။

မိတ္ေဆြေကာ ခ႐ုေလးကို ရွာေတြ႕ၿပီးၿပီလား။ ခ႐ုေလးနဲ႔ အတူတူ လမ္းေလွ်ာက္ၾကည့္ပါ။ ဘဝရဲ႕ ေျခလွမ္း အလွမ္းတိုင္း အလွမ္းတိုင္းကို ေျဖးေျဖးခ်င္း ေပ်ာ္႐ႊင္ ခံစားရင္းေပါ့။

crd

Post a Comment

0 Comments