စပိန်လူမျိုးတွေကို သတိရပါ

ဒုတိယကမ္ဘာစစ် ကာလတုန်းက စပိန်ပြည်မှာ အဝတ်အစား စုတ်ချာ ငတ်ပြတ်နေတဲ့ ဒွန်ကွီစုတ် ပြည်သူ သန်း ၂၀ အထိ ရှိတယ်။ ဆိုဗီယက်စာရေးဆရာ အီလျာအာရင်ဘတ်ခ် တယောက် ဘူတာရုံမှာ အလုပ်သမားငှားတော့ အဲဒီ အလုပ်သမားက "ဒီနေ့တော့ ကျွန်တော် ပိုက်ဆံလေး တော်တော် ရသွားပြီဗျ၊ ကျွန်တော့်အစား သူ့ကို ခေါ်သွားပါ" လို့ ဆိုပါတယ်။

ဖိနပ်ချုပ်ဖို့ သွားတဲ့အခါမှာ ဖိနပ်ချုပ်သမားက ညစာအလုံအလောက် ရှိပြီလားလို့ သူ့ဇနီးကို အရင် လှမ်းမေးတယ်။ ဇနီးက ရှိကြောင်း ပြောတော့ အဲဒီဖိနပ်ချုပ်သမားက တခြား ဖိနပ်ချုပ်သမားတွေ ဆီသွားဖို့ တိုက်တွန်း လိုက်ပါသတဲ့။

တနေရာမှာတော့ အလုပ်သမား တယောက်က ပေါင်မုန့် တလုံးကို နှစ်ပိုင်း ပိုင်းပြီး အလုပ်လက်မဲ့ အိမ်နီးချင်းဆီ တဝက် ခွဲပေးနေတယ်။ နောက်တနေရာကျတော့ ဝါးခုံတန်း တခုပေါ် ထိုင်နေတဲ့ ဆင်းရဲသားက သူ့အိတ်ထဲ ပါလာတဲ့ ပဲတောင့် ဝက်အူချောင်းကို အနီးနားက လူဆီ ခွဲဝေကျွေးနေတာ တွေ့တယ်။

စပိန်ကင်းစောင့် စစ်သားနဲ့ တွေ့တော့ "ကျွန်တော့်မှာ စီးကရက် ၂ လိပ် ရှိတယ်။ တလိပ်ကို ယူသွားပါ။ ခင်ဗျား မသောက်ချင်လည်း တခြားသောက်ချင်တဲ့ တယောက်ကို ပေးလိုက်ပါဗျာ" လို့ ဆိုပါတယ်။

ဘာစီလိုနာ ရပ်ကွက်တခုမှာလည်း ကလေးမလေး တယောက်ကို ပါရီက ပါလာတဲ့ ချော့ကလက်တတောင့် ပေးလိုက်တော့ သူတို့ သူငယ်ချင်းတွေကို ခေါ်ပြီး ၁၀ ယောက် ဝေနိုင်အောင် သေသေချာချာ ခွဲဖဲ့ဝေယူကြတယ်။

ဗိုလ်ချုပ် ဖရန်ကိုရဲ့ စစ်တပ် ဝင်လာချိန်ကျတော့ လယ်သူမ အဖွားအိုတွေက သူတို့သားတွေကို စစ်တန်းလျား လာပို့ကြတယ်။ "စစ်သားတွေများနေပြီ ပေးစရာသေနတ်လည်း မရှိတော့ဘူး" လို့ပြောတော့ အဖွားအိုတွေက "သူတို့လည်း စပိန်လူမျိုးမဟုတ်လား၊ အိမ်မှာ ထိုင်နေလို့ဘယ်ဖြစ်မလဲ" လို့ ဆိုပါတယ်။

ရန်သူက ဗုံးကြဲနေစဉ်မှာ ဗိုလ်ချုပ်တဦးက အဖွားအို တယောက်ကို ဗုံးခိုကျင်းထဲ ဆင်းလာဖို့ ခေါ်တော့ အဖွားအိုက ငြင်းတယ် "ဒင်းတို့ကို ဒို့မကြောက်ဘူးဆိုတာ ဒီကောင်တွေ သိအောင် ပြရမယ်" တဲ့လေ။

သားငယ်ကို ပါရီမှာရှိတဲ့ ကလေးထိန်းဌာနဆီ လာအပ်တော့ မအေက ခွဲခါနီး မငိုဘဲ မနေနိုင် ဖြစ်နေတယ်။ သားငယ်က " အမေကလည်း သွားသာသွားပါ။ အမေသွားရင် သားက ဒီလို တဖက်ကို လှည့်နေမယ် အမေကလည်း လှည့် မကြည့်နဲ့" လို့ ပြောသတဲ့။

အဲဒီအချိန်တုန်းက စပိန်အများစုက စာမတတ် ကြပေမယ့် ကိုယ့်ကိုယ်ကိုတော့ စောင့်စည်းထိန်းသိမ်း ကြတယ်။ ဆင်းရဲတဲ့ ရွာမှာ လိမ္မော်သီးအတွက် ပိုက်ဆံပေးပေမယ့် လယ်သမားက ငြင်းတယ် "ပီဆိုဒင်္ဂါးတွေထက် အပြုံးက အဖိုးတန်ပါတယ်" လို့ ပြန်ပြောတယ်။ လူမှန်းသိတဲ့အရွယ် ဘယ်ကလေးမှ ပိုက်ဆံ ဘယ်လိုပေးပေး မယူပါဘူးတဲ့။

စပိန်လူမျိုးတွေရဲ့ ကိုယ့်ကိုယ်ကို စောင့်ထိန်းတတ်တဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ချင်းစာတရား၊ အချင်းချင်းရိုင်းပင်း ဖေးမမှု၊ မဟုတ်မခံ သူရသတ္တိ တာဝန်ယူချင်စိတ် တို့ကို စာရေးဆရာ အီလျာအာရင်ဘတ်က ရေးခဲ့တာပါ။

ကျနော်တို့ မြန်မာပြည်မှာတော့ လူတချို့ ရင်ထဲမှာ အရုပ်ဆိုး ပုပ်သိုးနံစော် အကျည်းတန်နေတဲ့ တာဝန်မဲ့စိတ် အမှိုက်သရိုက် အညစ်အကြေးတွေကို လှည်းကျင်းဖို့ သတိမှ ရကြရဲ့လား၊ ဒါမှမဟုတ်ရင်တော့ စပိန်တွေကို သတိရပါ။

ကိုးကား ဆရာမြသန်းတင့်၏ လူများသက္ကရာဇ်များဘဝ

Crd Origin

Zawgyi

စပိန္လူမ်ိဳးေတြကို သတိရပါ

ဒုတိယကမာၻစစ္ ကာလတုန္းက စပိန္ျပည္မွာ အဝတ္အစား စုတ္ခ်ာ ငတ္ျပတ္ေနတဲ့ ဒြန္ကြီစုတ္ ျပည္သူ သန္း ၂၀ အထိ ရွိတယ္။ ဆိုဗီယက္စာေရးဆရာ အီလ်ာအာရင္ဘတ္ခ္ တေယာက္ ဘူတာ႐ုံမွာ အလုပ္သမားငွားေတာ့ အဲဒီ အလုပ္သမားက "ဒီေန႔ေတာ့ ကြၽန္ေတာ္ ပိုက္ဆံေလး ေတာ္ေတာ္ ရသြားၿပီဗ်၊ ကြၽန္ေတာ့္အစား သူ႔ကို ေခၚသြားပါ" လို႔ ဆိုပါတယ္။

ဖိနပ္ခ်ဳပ္ဖို႔ သြားတဲ့အခါမွာ ဖိနပ္ခ်ဳပ္သမားက ညစာအလုံအေလာက္ ရွိၿပီလားလို႔ သူ႔ဇနီးကို အရင္ လွမ္းေမးတယ္။ ဇနီးက ရွိေၾကာင္း ေျပာေတာ့ အဲဒီဖိနပ္ခ်ဳပ္သမားက တျခား ဖိနပ္ခ်ဳပ္သမားေတြ ဆီသြားဖို႔ တိုက္တြန္း လိုက္ပါသတဲ့။

တေနရာမွာေတာ့ အလုပ္သမား တေယာက္က ေပါင္မုန႔္ တလုံးကို ႏွစ္ပိုင္း ပိုင္းၿပီး အလုပ္လက္မဲ့ အိမ္နီးခ်င္းဆီ တဝက္ ခြဲေပးေနတယ္။ ေနာက္တေနရာက်ေတာ့ ဝါးခုံတန္း တခုေပၚ ထိုင္ေနတဲ့ ဆင္းရဲသားက သူ႔အိတ္ထဲ ပါလာတဲ့ ပဲေတာင့္ ဝက္အူေခ်ာင္းကို အနီးနားက လူဆီ ခြဲေဝေကြၽးေနတာ ေတြ႕တယ္။

စပိန္ကင္းေစာင့္ စစ္သားနဲ႔ ေတြ႕ေတာ့ "ကြၽန္ေတာ့္မွာ စီးကရက္ ၂ လိပ္ ရွိတယ္။ တလိပ္ကို ယူသြားပါ။ ခင္ဗ်ား မေသာက္ခ်င္လည္း တျခားေသာက္ခ်င္တဲ့ တေယာက္ကို ေပးလိုက္ပါဗ်ာ" လို႔ ဆိုပါတယ္။

ဘာစီလိုနာ ရပ္ကြက္တခုမွာလည္း ကေလးမေလး တေယာက္ကို ပါရီက ပါလာတဲ့ ေခ်ာ့ကလက္တေတာင့္ ေပးလိုက္ေတာ့ သူတို႔ သူငယ္ခ်င္းေတြကို ေခၚၿပီး ၁၀ ေယာက္ ေဝႏိုင္ေအာင္ ေသေသခ်ာခ်ာ ခြဲဖဲ့ေဝယူၾကတယ္။

ဗိုလ္ခ်ဳပ္ ဖရန္ကိုရဲ႕ စစ္တပ္ ဝင္လာခ်ိန္က်ေတာ့ လယ္သူမ အဖြားအိုေတြက သူတို႔သားေတြကို စစ္တန္းလ်ား လာပို႔ၾကတယ္။ "စစ္သားေတြမ်ားေနၿပီ ေပးစရာေသနတ္လည္း မရွိေတာ့ဘူး" လို႔ေျပာေတာ့ အဖြားအိုေတြက "သူတို႔လည္း စပိန္လူမ်ိဳးမဟုတ္လား၊ အိမ္မွာ ထိုင္ေနလို႔ဘယ္ျဖစ္မလဲ" လို႔ ဆိုပါတယ္။

ရန္သူက ဗုံးႀကဲေနစဥ္မွာ ဗိုလ္ခ်ဳပ္တဦးက အဖြားအို တေယာက္ကို ဗုံးခိုက်င္းထဲ ဆင္းလာဖို႔ ေခၚေတာ့ အဖြားအိုက ျငင္းတယ္ "ဒင္းတို႔ကို ဒို႔မေၾကာက္ဘူးဆိုတာ ဒီေကာင္ေတြ သိေအာင္ ျပရမယ္" တဲ့ေလ။

သားငယ္ကို ပါရီမွာရွိတဲ့ ကေလးထိန္းဌာနဆီ လာအပ္ေတာ့ မေအက ခြဲခါနီး မငိုဘဲ မေနႏိုင္ ျဖစ္ေနတယ္။ သားငယ္က " အေမကလည္း သြားသာသြားပါ။ အေမသြားရင္ သားက ဒီလို တဖက္ကို လွည့္ေနမယ္ အေမကလည္း လွည့္ မၾကည့္နဲ႔" လို႔ ေျပာသတဲ့။

အဲဒီအခ်ိန္တုန္းက စပိန္အမ်ားစုက စာမတတ္ ၾကေပမယ့္ ကိုယ့္ကိုယ္ကိုေတာ့ ေစာင့္စည္းထိန္းသိမ္း ၾကတယ္။ ဆင္းရဲတဲ့ ႐ြာမွာ လိေမၼာ္သီးအတြက္ ပိုက္ဆံေပးေပမယ့္ လယ္သမားက ျငင္းတယ္ "ပီဆိုဒဂၤါးေတြထက္ အၿပဳံးက အဖိုးတန္ပါတယ္" လို႔ ျပန္ေျပာတယ္။ လူမွန္းသိတဲ့အ႐ြယ္ ဘယ္ကေလးမွ ပိုက္ဆံ ဘယ္လိုေပးေပး မယူပါဘူးတဲ့။

စပိန္လူမ်ိဳးေတြရဲ႕ ကိုယ့္ကိုယ္ကို ေစာင့္ထိန္းတတ္တဲ့ ဂုဏ္သိကၡာ၊ ကိုယ္ခ်င္းစာတရား၊ အခ်င္းခ်င္း႐ိုင္းပင္း ေဖးမမႈ၊ မဟုတ္မခံ သူရသတၱိ တာဝန္ယူခ်င္စိတ္ တို႔ကို စာေရးဆရာ အီလ်ာအာရင္ဘတ္က ေရးခဲ့တာပါ။

က်ေနာ္တို႔ ျမန္မာျပည္မွာေတာ့ လူတခ်ိဳ႕ ရင္ထဲမွာ အ႐ုပ္ဆိုး ပုပ္သိုးနံေစာ္ အက်ည္းတန္ေနတဲ့ တာဝန္မဲ့စိတ္ အမႈိက္သ႐ိုက္ အညစ္အေၾကးေတြကို လွည္းက်င္းဖို႔ သတိမွ ရၾကရဲ႕လား၊ ဒါမွမဟုတ္ရင္ေတာ့ စပိန္ေတြကို သတိရပါ။

ကိုးကား ဆရာျမသန္းတင့္၏ လူမ်ားသကၠရာဇ္မ်ားဘဝ

Crd Origin

Post a Comment

0 Comments