ဆရာငြိမ်း၏ ၁၈.၁၁.၂၀၂၁ မှ ၂၄.၁၁.၂၀၂၁ အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း အထင်လွဲနေခြင်း ၊စိတ်ဝမ်းကွဲနေခြင်းများ ၊ နားလည်မှု လွဲနေခြင်းများ ရှိခဲ့ရင်ပြန်လည် အဆင်ပြေလာပါလိမ့်မယ်။ ဘာသာရေးနဲ့ ပတ်သက်သောကိစ္စတွေ ၊ အလှူအတန်းနဲ့ ပတ်သက်သော ကိစ္စတွေ လုပ် ကိုင် ဆောင်ရွက်ရပါလိမ့်မယ်။ မင်္ဂလာကိစ္စများ ကူညီလုပ်ကိုင်ပေး ရပါလိမ့်မည်။ ငွေကြေး အစုလိုက် ဝင်ရကိန်းရှိ ပါတယ်။ ငွေကြေးကိစ္စများ စိတ်ချမ်းသာ ရပါလိမ့်မယ်။ အလုပ်သစ် စီးပွားသစ် အထူးကောင်းပါလိမ့်မယ်။

ပညာရပ် အသစ်များ သင်ရပါလိမ့်မယ်။ ပညာတိုးခြင်း၊ ဆရာကောင်းတွေ့ခြင်းမျိုး ရှိပါလိမ့်မည်။ အချစ်ရေး အထူး ကောင်း နေပါ လိမ့်မယ်။ ပျော်ရွှင်စရာများ ကြုံ ရမည်။ ချစ်သူရဲ့ ဂရုစိုက်ခြင်း ခံရမည်။ အချစ်ရေးလဲ စန်းပွင့် နေ တတ်ပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မည် နေပါလိမ့်မည်။ လက်သုပ်များ ၊ယင်နားစာများ အထူးရှောင်ပါ။

စူးစမ်း လေ့လာရမဲ့ အလုပ်များ၊ဖောက်ထွက်ပြီး လမ်းသစ်ထွင်ရမဲ့ အလုပ်များ အထူးကောင်းမွန်ချိန် ပါပဲ။ ဘာကိစ္စကိုမှ အလောတကြီး မလုပ်ဘဲ ဖြေးဖြေးမှန်မှန် လုပ်ခြင်းဖြင့် အောင်မြင်မှုတွေ ရယူနိုင်ပါလိမ့်မယ်။ အထည်၊ ထီး၊ ဖိနပ် ဝင်မဲ့ကာလပါ။ လက် စမသတ်ရသေးသော ကိစ္စများ၊ အလုပ်ကြွေးများ ဒီအချိန်မှာ ပြီးဆုံးအောင် လုပ်နိုင်မဲ့ကာလပါပဲ။ လမ်းမယားချင်း အလုပ်ကိစ္စကို အကြောင်းပြုပြီး စကားများရမည်။

အကျိုးပေးဂဏန်း ၂ ၅ ၈

အထူးဟော လာဘ်ရွှင်မည်

ယတြာ ငှက်ပျောကြော် ဘုရားကပ်လှူပါ။

တနင်္လာ

ဒီကာလအတွင်း အရာရာ ကြန့်ကြာမှုတွေ ဖြစ်ရတတ်ပါတယ်။ အလျှင်လိုလေ အနှေးဖြစ်လေ ဆိုတာမျိုး ကြုံ ရတတ်ပါတယ်။ အရာရာ မလောပါနဲ့ ။ခေါင်းအေးအေးထားပြီး လုပ်ဆောင်ပါ။ အလုပ်သစ် စတင်ခြင်း ၊ဆိုင်အသစ် စဖွင့် ခြင်း၊ အိမ်အသစ် စတင်ဆောက်ခြင်းတွေ မလုပ်သင့်သေးတဲ့ ကာလပါပဲ။ အလုပ်ထဲမှာ ရန်ပေါ်တတ်တယ်။ အထက်လူကြီး ငြိုငြင်မယ်။ ကိုယ်ကစေတနာနဲ့ လုပ်လိုက်ပေမဲ့ ဝေဒနာ ဖြစ်သွားတတ်တဲ့ ကာလပါပဲ။

အနီးကပ်လူရင်း တွေက ဒုက္ခပေးတတ်ပါတယ်။ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ခွဲခွာရတတ်ပါတယ်။ ခရီးကိစ္စ ကြုံလာပါက သွား လိုက်ပါ။ စက်ပစ္စည်းများ ချို့ယွင်းတတ်ခြင်းမျိုး ကြုံရတတ်တဲ့အတွက် စက်ပစ္စည်းများနဲ့ ကိုင်တွယ်မောင်းနှင် နေသူများ သတိရှိဖို့လိုပါတယ်။ ပြဿနာများ နဲ့ ထိပ်တိုက်တွေ့စရာ ကြုံ ရပါက သည်းခံမှုတွေနဲ့သာ ဖြေရှင်းလိုက်ပါ။ မိမိဒေါသရှေ့ထားပါက အမှားတွေ့ပါလိမ့်မည်။

အလုပ်ပြိုင်များ စီးပွားဘက်များရဲ့ အပုပ်ချ ပြောဆိုခြင်းမျိုးခံရ တတ်ပါတယ်။ အလုပ်ကံတော့ ကောင်းပါတယ်။ လုပ်ငန်းကိစ္စများ အဆင်ပြေပြေနဲ့ ပြီးမြောက်မှာပါ။ ကျန်းမာရေး အထူးညံ့နေလိမ့်မယ်။ အချစ်ရေးမှာ အဆိုးဆုံး အခြေအနေ (သို့) အကောင်းဆုံး အခြေအနေမျိုးကြုံရမှာပါ။ အစွန်း နှစ်ဖက် ဖြစ်ရကြုံရတာမျိုးပေါ့လေ ။

အကျိုးပေးဂဏန်း ၁ ၅ ၂

အထူးဟော ကံအညံ့ထဲ ရောက်နေတာပါ။

ယတြာ နီးစပ်ရာစေတီမှာ လျှပ်စစ်မီး ညလုံးပေါက် ကုသိုလ်ယူပါ။

အင်္ဂါ

အတိုက်အခိုက် အများဆုံး ခံရမဲ့ကာလပါပဲ။ မိမိအား မနာလိုသူများ ၊ မိမိအောင်မြင်မှုကို မရှုစိမ့်သူများက ကောင်းကောင်းကြီး မိမိအား ဒုက္ခပေးပါလိမ့်မယ်။ အမှန်တရားက မိမိဘက်မှာ ရှိနေပေမဲ့ ခဏတော့ စိတ်ဆင်းရဲ သောကရောက်ရမှာပါ။ အိမ်ထောင်သည် အမျိုးသားများ မိန်းမကိစ္ စမရှုပ်ပါနဲ့။ ရှုပ်မိပါက ပြဿနာအကြီးအကျယ် တတ်ပါ လိမ့်မယ်။ အမှုအခင်းကိစ္စများ ပိုင်ဆိုင်မှုနဲ့ပတ်သက်သော အရှုပ်အထွေးကိစ္စများ ဖြေရှင်းရလိမ့်မယ်။

မိမိ ဘက်ကသာ မှန်ကန်နေပါက အရာရာကိုကျော်လွှားအောင်မြင်နိုင်မှာပါ။ အချစ်ရေးအနေနဲ့ မယုံသင့်တဲ့ကာလပါ။ ချစ်သူပြောတိုင်း မယုံသင့်ပါ။ပညာရေးမှာ ဇွဲသာရှိပါ။ လိုချင်တဲ့ပန်းတိုင်ကို ရပါလိမ့်မည်။ ခရီးသွားအလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အုပ်စုဖွဲ့လုပ်ကိုင်ရတဲ့အလုပ်တွေနဲ့ပတ်သက်ပြီး သောကရောက်ရတတ်တယ်။ သားသမီးကြောင့် စိတ်ဆင်းရဲရလိမ့်မယ်။

ဒီကာလအတွင်း အထူးသတိပြုရမှာကတော့ ကျန်းမာရေးပါ။ ဝမ်းပျက်စာတွေ လုံးဝမစား ပါနဲ့။ အစားမှားတာနဲ့ ဝမ်းပျက် ဝမ်းလျောဖြစ်မယ်။ ဗိုက်အောက် ၊ဗိုက်နာဖြစ်မည်။ မိသားစုအိမ်တွင်းရေး ကိစ္စတော့ အဆင်ပြေ ချောမွေ့နေမဲ့ကာလပါ။ အထူးသဖြင့် ဒီကာလမှာ လုံးဝငွေ မချေးပါနဲ့။ ဆုံးတတ်ပါတယ်။ ကြီးမားတဲ့ ငွေကြေး မြုပ်နှံ မှုတွေ မလုပ်ပါနဲ့အုံး။ ငွေမြုပ်ရင် ဖော်ရခက်ခဲကာလပါပဲ။ ကိုယ့်ငွေနဲ့ကိုယ် စိတ်ဆင်းရဲရ တတ် ပါတယ်။

အကျိုးပေးဂဏန်း ၅ ၄ ၈

အထူးဟော ရန်များမည်

ယတြာ ပဌာန်း တစ်နေ့တစ်ခေါက်နှုန်းဖြင့် ၇ ရက်တိတိ ရွတ်ဖတ်ပူဇော်ပါ။

ဗုဒ္ဓဟူး၊ ရာဟု

ဒီကာလဟာ ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးအထူးကောင်းနေတဲ့ ကာလပါ။ လုပ်ငန်း ကိစ္စများ အထူးကောင်းနေမည်။ မိမိဆိုင် မိမိလုပ်ငန်းတိုးတတ်မည်။ ဖောက်သည်အသစ်များ ရပါလိမ့်မယ်။ မိမိအားလုပ်ငန်း လာအပ်သူများ ၊မိမိဆိုင်တွင် လာရောက်အားပေးသူများ အရင်ကထက် ပိုများနေမှာပါ။ လုပ်ငန်း သစ် စတင် ခြင်း၊ လုပ်ငန်းချဲ့ထွင်ခြင်း ပြုလုပ်လို့ကောင်းတဲ့ အချိန်ပါပဲ။ အလုပ်မှာ နေရာကောင်း ရလွယ်တယ်။ ရာထူးတိုးပြီး အလုပ်နေရာပြောင်းပြီးတာဝန်ထမ်းဆောင် ရတတ်တယ်။

မိမိအား ကူညီမဲ့သူတွေ အနားမှာရှိမဲ့ ကာလပါ။ မိမိသြဇာ ညောင်း မဲ့ အချိန်တွေပေါ့။ ကောင်းသောခရီးတွေ သွားရတတ်တယ်။ ကုသိုလ်တရားတွေလဲ စိတ်ပါလက်ပါ လုပ်ဖြစ် နေလိမ့်မယ်။ လူငယ်တွေကတော့ ချစ်သူအချင်းချင်း အထင်လွဲမဲ့ကာလပါ။ အချစ်ရေးကတော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။ အိမ်ထောင်သည်တွေကတော့ စုတ်ရော ၊လာဘ်ရောဝင်တတ်တဲ့အတွက် သတိထားပါ။

ငွေကုန်ကြေးကျများမဲ့ ကာလတစ်ခုပါ။ ဝန်ထမ်းများ လခစား များ အနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက်များရဲ့ ချီးမြောက် ထောက်ခံမှုကြောင့် နေရာကောင်းရခြင်း ၊ ရာထူး တိုးခြင်းမျိုးကြုံ ရမည်။ ငယ်ရွယ်သူများ လူကြီးမိဘတွေ ဆီမှာမိမိလိုချင်တာ ရှိရင် ပူဆာလို့ အကောင်းဆုံး ကာလပါပဲ။ ပညာရေးကံ အကောင်းဆုံးပါ။ ပညာရည်ထူးချွန်မဲ့ ကာလ ပါ။

အကျိုးပေးဂဏန်း ၇ ၅ ၁

အထူးဟော အဘက်ဘက်က အဆင်ပြေမည်

ယတြာ ကြံတစ်ချောင်းဝယ် အခွံခွာ.. ၁၅ စိပ်စိပ်ပြီး ဘုရားကပ်လှူပါ။

ကြာသပတေး

ဒီကာလဟာ ကြာသပတေး သားသမီးတွေအနေနဲ့ သားသမီးကိစ္စများ အောက်လက်ငယ်သားကိစ္စများတွင် လိုက်ပါကူညီ ပေးရတတ်ပါတယ်။ မိမိအနေနဲ့ ဘယ်သူကိုမှ မျက်နှာလွှဲ၍ မရဘဲ ကိုယ်တိုင်ကိုယ်ကျ လုပ်နေရမဲ့ အချိန်ပါ။ ခရီးကိစ္စများ ရပ်ဝေးနဲ့ ဆက်သွယ်လုပ်ကိုင် ရသောကိစ္စများ အဆင်မပြေတာမျိုး ကြုံရပါလိမ့်မယ်။ လူမျိုးခြား ဘာသာခြားတွေကြောင့် စိတ်အထူးညစ်ရတတ်တယ်။ အိမ်ထောင်ရေး အထူးအဆင်ပြေမယ်။ မိသားစုဝင်တွေ နားလည်မှုတွေရလာလိမ့်မည်။

အလုပ်စီးပွားများ ကောင်းမလိုလိုနှင့် အဖျားရှူးသွားတတ်သည်။ ကျန်းမာရေးအနေနဲ့ ရေချိုးမှားခြင်း ၊အပူရှပ်ခြင်းမျိုးကြုံရတတ်သည်။ အချစ်ရေးကိစ္စများ အဆင်မပြေတာကြုံ ရမည်။ ချစ်သူနဲ့သဘော ထားကွဲလွဲမည်။ တစ်ဦးနဲ့တစ်ဦးသံသယတွေ များနေလိမ့်မည်။ ပညာရေးကံကတော့ အကောင်းဘက်မှာရှိနေတဲ့ အချိန်ပါပဲ။

အုပ်စုဖွဲ့ ပြဿ နာရှာခြင်းကြုံရတတ်သည်။ အိုးအိမ်နေရာ ထိုင်ခင်းကိစ္စကြောင့် စိတ်ညစ်ရမည်။ အမွေ ကိစ္စ မြေကိစ္စနဲ့ပတ်သက်ပြီး စကားပြောရမည်။ အထက်လူကြီးငြိုငြင်တာခံရမည်။ အဖေ့ဘက်က အမျိုးတွေ ဒုက္ခ ပေးလိမ့် မည်။ မိမိအကျိုးစီးပွား မလုပ်ရဘဲ သူတစ်ပါးကိစ္စ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်နေတတ်သည်။

အကျိုးပေးဂဏန်း ၆ ၄ ၁

အထူးဟော အလုပ်တွေ များနေတတ်သည်။

ယတြာ ခရီးသွားမဲ့ ရဟန်းတစ်ပါးအား ခရီးစရိတ် ထောက်ပံ့လိုက်ပါ။

သောကြာ

ဒီကာလဟာ သောကြာသားသမီးတွေအနေနဲ့ အရမ်းခြူခြာလွယ်မဲ့ အချိန်ပါပဲ။ အနေအထိုင်အနည်းငယ် မဆင်ခြင်တာနဲ့ ဆေးရုံဆေးခန်း ရောက်ရတတ်ပါတယ်။အရက်သေစာ သောက်စားခြင်းမျိုးရှိရင် ဒီကာလမှာမသောက်တာ အကောင်းဆုံးပါပဲ။ ကျန်းမာရေး ညံ့သွားတတ်လို့ပါ။ ရွှေငွေလက်ဝတ်ရတနာများ ပျောက်ရှခြင်း၊ကျပျောက် ခြင်းမျိုး ကြုံရတတ်ပါတယ်။ ငွေကုန်ကြေးကျ များတတ်တယ်နော်။ ငွေဝင်တာက နည်းနည်း ထွက်တာက များများ ဆို တာမျိုးပေါ့။ မသွားချင်သောခရီးတွေလဲ သွားရတတ်ပါတယ်။

ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေမည်။ အခက်အခဲ ပြဿနာများ ရင်ဆိုင်ဖြေရှင်းရမည်။ သူများငွေကြောင့် ဒုက္ခရောက်တတ်သည်။ ကြားကအာမခံပေးတာ မျိုး မလုပ်ပါနဲ့။ သူများငွေ ခဏသိမ်းခိုင်းတာမျိုး၊ အဖွဲ့အစည်းက ငွေတွေ ခဏသိမ်းခိုင်းတာမျိုးတွေ လက်မခံပါနှင့် ။အလုပ် ပြောင်း၊ နေရာပြောင်း၊ဌာနပြောင်း ၊အိမ်ပြောင်း ဆိုတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ ဒီကာလထဲ ရွှေဝယ် တာမျိုး မလုပ် ပါနဲ့။ လာဘ်ပိတ်သွားတတ်လို့ပါ။

သားသမီးကိစ္စ အထူးပူပန်ရတတ်တယ်။ ကျန်မားရေးအနေနဲ့ ကိုယ်လက် မအီမသာ ဖြစ်တာ ၊သွေးတိုးတာ လေးလံထိုင်းမှိုင်းနေတာမျိုး ကြုံရပါလိမ့်မယ်။ အိမ်ထောင်သည်များ အိမ်ထောင် ဘက် နဲ့ စကားများရန်ဖြစ် ရတတ်ပါတယ်။ ဝန်ထမ်းများ အလုပ်တာဝန်တွေ ပိနေတတ်တဲ့ ကာလပါပဲ။ အချစ်ရေးကံ ကတော့ ကောင်းနေမဲ့အချိန်ပါပဲ။ ပညာရေးအပေါ် မိမိကိုယ်တိုင် စိတ်မပါ ဖြစ်နေတတ်တဲ့ ကာလပါ။

အကျိုးပေးဂဏန်း ၈ ၅ ၁

အထူးဟော စိတ်ပင်ပန်းရမည်

ယတြာ ပန်းကန်တစ်ချပ်ထဲ လက်ဖက် ကိုးပုံပုံပြီး ဘုရားကပ်ပါ။

စနေ

အောင်မြင်မှုတွေ စောင့်ကြိုနေမဲ့ ကာလပါပဲ။ စိတ်ချမ်းသာ ရပါလိမ့်မယ်။ အထူးသဖြင့် အလုပ်ကိစ္စများ အိုး အိမ်ကိစ္စ ၊ရာထူးကိစ္စ၊ အမွေကိစ္စများကြောင့်လဲ စိတ်ချမ်းသာရမှာပါ။ ငွေကြေးကံ ကောင်းနေမှာပါ။ ရစရာရှိတဲ့ ငွေများ ၊ကြန်ကြာနေတဲ့ငွေများ၊ အလုပ်မှာမြုပ်နေတဲ့ငွေများ ပြန်လည်ရရှိ ပါလိမ့်မယ်။ စက်ပစ္စည်းနဲ့ ပတ်သက်ရင်တော့ ဒုက္ခ များရပါလိမ့်မယ်။ မကြာခဏ ချို့ယွင်းနေတဲ့စက်ကြောင့် စိတ်ညစ်ရမယ်။ စက်ပစ္စည်းအသစ်များလဲ မဝယ်သင့် သေးပါဘူး။

ပညာရေးကိစ္စများ၊ ဘာသာရေးကိစ္စများ အထူးကောင်းမွန်ပါလိမ့်မယ်။ အချစ်ရေးလဲ အထူးအဆင်ပြေ နေမဲ့ ကာလပါပဲ။ ဒါပေမဲ့ ချစ်သူချင်း ဝေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းဂရုစိုက်ပါ။ ဇက်ကြော တတ် ခြင်း ခေါင်းကိုက်ခြင်း ဆီးချို သွေးချိုတတ်ခြင်းမျိုး ကြံရတတ်ပါတယ်။ ကံကြမ္မာကောင်း နိမိတ်ကောင်းတွေ ရမဲ့ ကာ လ ပါပဲ။ ရေရှည်စီမံကိန်းတွေ ချမှတ်သင့်တဲ့နေ့ဖြစ်သလို ၊အဓိဌာန် စတင်ဝင်ရောက်မဲ့သူတွေအတွက် အကောင်းဆုံး ကာလပါပဲ။

စတင်တရားအားထုတ်မဲ့သူတွေအတွက် တရားရဖို့ အထောက်အပံ့ကောင်းရ စေတဲ့အချိန် ပါပဲ။ စီးပွား ရေး လူမှုရေး အထူးကောင်းမယ်။ လုပ်သမျှ အဆင်ပြေနေမယ်။ စိတ်ချမ်းသာရမယ်။အရမ်းရင်းနှီသူတွေ ရဲ့ခွဲခွာ ရလိမ့်မယ်။ ဖခင်ကျန်းမာရေး အထူးဂရုစိုက်ရလိမ့်မယ်။ ဝန်ထမ်းအဖို့ အလုပ်ထွက်ချင်စိတ်တွေ ပေါ်နေ တတ်တယ်။ မထွက်ပါနဲ့အုံး။ ပိုဆိုးသွားတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁ ၉ ၆

အထူးဟော ကံမြင့်နေချိန်ပါပဲ

ယတြာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ဖုန်းအားသွင်းကြိုးတွေရှိရင် စွန့်ပစ်လိုက်ပါ

၇ ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

for zawgyi

ဆရာၿငိမ္း၏ ၁၈.၁၁.၂၀၂၁ မွ ၂၄.၁၁.၂၀၂၁ အထိ ၇ ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း အထင္လြဲေနျခင္း ၊စိတ္ဝမ္းကြဲေနျခင္းမ်ား ၊ နားလည္မႈ လြဲေနျခင္းမ်ား ရွိခဲ့ရင္ျပန္လည္ အဆင္ေျပလာပါလိမ့္မယ္။ ဘာသာေရးနဲ႔ ပတ္သက္ေသာကိစၥေတြ ၊ အလႉအတန္းနဲ႔ ပတ္သက္ေသာ ကိစၥေတြ လုပ္ ကိုင္ ေဆာင္႐ြက္ရပါလိမ့္မယ္။ မဂၤလာကိစၥမ်ား ကူညီလုပ္ကိုင္ေပး ရပါလိမ့္မည္။ ေငြေၾကး အစုလိုက္ ဝင္ရကိန္းရွိ ပါတယ္။ ေငြေၾကးကိစၥမ်ား စိတ္ခ်မ္းသာ ရပါလိမ့္မယ္။ အလုပ္သစ္ စီးပြားသစ္ အထူးေကာင္းပါလိမ့္မယ္။

ပညာရပ္ အသစ္မ်ား သင္ရပါလိမ့္မယ္။ ပညာတိုးျခင္း၊ ဆရာေကာင္းေတြ႕ျခင္းမ်ိဳး ရွိပါလိမ့္မည္။ အခ်စ္ေရး အထူး ေကာင္း ေနပါ လိမ့္မယ္။ ေပ်ာ္႐ႊင္စရာမ်ား ႀကဳံ ရမည္။ ခ်စ္သူရဲ႕ ဂ႐ုစိုက္ျခင္း ခံရမည္။ အခ်စ္ေရးလဲ စန္းပြင့္ ေန တတ္ပါသည္။ က်န္းမာေရး ေဒါင္ေဒါင္မည္ ေနပါလိမ့္မည္။ လက္သုပ္မ်ား ၊ယင္နားစာမ်ား အထူးေရွာင္ပါ။

စူးစမ္း ေလ့လာရမဲ့ အလုပ္မ်ား၊ေဖာက္ထြက္ၿပီး လမ္းသစ္ထြင္ရမဲ့ အလုပ္မ်ား အထူးေကာင္းမြန္ခ်ိန္ ပါပဲ။ ဘာကိစၥကိုမွ အေလာတႀကီး မလုပ္ဘဲ ေျဖးေျဖးမွန္မွန္ လုပ္ျခင္းျဖင့္ ေအာင္ျမင္မႈေတြ ရယူႏိုင္ပါလိမ့္မယ္။ အထည္၊ ထီး၊ ဖိနပ္ ဝင္မဲ့ကာလပါ။ လက္ စမသတ္ရေသးေသာ ကိစၥမ်ား၊ အလုပ္ေႂကြးမ်ား ဒီအခ်ိန္မွာ ၿပီးဆုံးေအာင္ လုပ္ႏိုင္မဲ့ကာလပါပဲ။ လမ္းမယားခ်င္း အလုပ္ကိစၥကို အေၾကာင္းျပဳၿပီး စကားမ်ားရမည္။

အက်ိဳးေပးဂဏန္း ၂ ၅ ၈

အထူးေဟာ လာဘ္႐ႊင္မည္

ယၾတာ ငွက္ေပ်ာေၾကာ္ ဘုရားကပ္လႉပါ။

တနလၤာ

ဒီကာလအတြင္း အရာရာ ၾကန႔္ၾကာမႈေတြ ျဖစ္ရတတ္ပါတယ္။ အလွ်င္လိုေလ အေႏွးျဖစ္ေလ ဆိုတာမ်ိဳး ႀကဳံ ရတတ္ပါတယ္။ အရာရာ မေလာပါနဲ႔ ။ေခါင္းေအးေအးထားၿပီး လုပ္ေဆာင္ပါ။ အလုပ္သစ္ စတင္ျခင္း ၊ဆိုင္အသစ္ စဖြင့္ ျခင္း၊ အိမ္အသစ္ စတင္ေဆာက္ျခင္းေတြ မလုပ္သင့္ေသးတဲ့ ကာလပါပဲ။ အလုပ္ထဲမွာ ရန္ေပၚတတ္တယ္။ အထက္လူႀကီး ၿငိဳျငင္မယ္။ ကိုယ္ကေစတနာနဲ႔ လုပ္လိုက္ေပမဲ့ ေဝဒနာ ျဖစ္သြားတတ္တဲ့ ကာလပါပဲ။

အနီးကပ္လူရင္း ေတြက ဒုကၡေပးတတ္ပါတယ္။ အရမ္းရင္းႏွီးတဲ့ မိတ္ေဆြေတြနဲ႔ ခြဲခြာရတတ္ပါတယ္။ ခရီးကိစၥ ႀကဳံလာပါက သြား လိုက္ပါ။ စက္ပစၥည္းမ်ား ခ်ိဳ႕ယြင္းတတ္ျခင္းမ်ိဳး ႀကဳံရတတ္တဲ့အတြက္ စက္ပစၥည္းမ်ားနဲ႔ ကိုင္တြယ္ေမာင္းႏွင္ ေနသူမ်ား သတိရွိဖို႔လိုပါတယ္။ ျပႆနာမ်ား နဲ႔ ထိပ္တိုက္ေတြ႕စရာ ႀကဳံ ရပါက သည္းခံမႈေတြနဲ႔သာ ေျဖရွင္းလိုက္ပါ။ မိမိေဒါသေရွ႕ထားပါက အမွားေတြ႕ပါလိမ့္မည္။

အလုပ္ၿပိဳင္မ်ား စီးပြားဘက္မ်ားရဲ႕ အပုပ္ခ် ေျပာဆိုျခင္းမ်ိဳးခံရ တတ္ပါတယ္။ အလုပ္ကံေတာ့ ေကာင္းပါတယ္။ လုပ္ငန္းကိစၥမ်ား အဆင္ေျပေျပနဲ႔ ၿပီးေျမာက္မွာပါ။ က်န္းမာေရး အထူးညံ့ေနလိမ့္မယ္။ အခ်စ္ေရးမွာ အဆိုးဆုံး အေျခအေန (သို႔) အေကာင္းဆုံး အေျခအေနမ်ိဳးႀကဳံရမွာပါ။ အစြန္း ႏွစ္ဖက္ ျဖစ္ရႀကဳံရတာမ်ိဳးေပါ့ေလ ။

အက်ိဳးေပးဂဏန္း ၁ ၅ ၂

အထူးေဟာ ကံအညံ့ထဲ ေရာက္ေနတာပါ။

ယၾတာ နီးစပ္ရာေစတီမွာ လွ်ပ္စစ္မီး ညလုံးေပါက္ ကုသိုလ္ယူပါ။

အဂၤါ

အတိုက္အခိုက္ အမ်ားဆုံး ခံရမဲ့ကာလပါပဲ။ မိမိအား မနာလိုသူမ်ား ၊ မိမိေအာင္ျမင္မႈကို မရႈစိမ့္သူမ်ားက ေကာင္းေကာင္းႀကီး မိမိအား ဒုကၡေပးပါလိမ့္မယ္။ အမွန္တရားက မိမိဘက္မွာ ရွိေနေပမဲ့ ခဏေတာ့ စိတ္ဆင္းရဲ ေသာကေရာက္ရမွာပါ။ အိမ္ေထာင္သည္ အမ်ိဳးသားမ်ား မိန္းမကိစ္ စမရႈပ္ပါနဲ႔။ ရႈပ္မိပါက ျပႆနာအႀကီးအက်ယ္ တတ္ပါ လိမ့္မယ္။ အမႈအခင္းကိစၥမ်ား ပိုင္ဆိုင္မႈနဲ႔ပတ္သက္ေသာ အရႈပ္အေထြးကိစၥမ်ား ေျဖရွင္းရလိမ့္မယ္။

မိမိ ဘက္ကသာ မွန္ကန္ေနပါက အရာရာကိုေက်ာ္လႊားေအာင္ျမင္ႏိုင္မွာပါ။ အခ်စ္ေရးအေနနဲ႔ မယုံသင့္တဲ့ကာလပါ။ ခ်စ္သူေျပာတိုင္း မယုံသင့္ပါ။ပညာေရးမွာ ဇြဲသာရွိပါ။ လိုခ်င္တဲ့ပန္းတိုင္ကို ရပါလိမ့္မည္။ ခရီးသြားအလုပ္ေတြ၊ စပ္တူအလုပ္ေတြ၊ အုပ္စုဖြဲ႕လုပ္ကိုင္ရတဲ့အလုပ္ေတြနဲ႔ပတ္သက္ၿပီး ေသာကေရာက္ရတတ္တယ္။ သားသမီးေၾကာင့္ စိတ္ဆင္းရဲရလိမ့္မယ္။

ဒီကာလအတြင္း အထူးသတိျပဳရမွာကေတာ့ က်န္းမာေရးပါ။ ဝမ္းပ်က္စာေတြ လုံးဝမစား ပါနဲ႔။ အစားမွားတာနဲ႔ ဝမ္းပ်က္ ဝမ္းေလ်ာျဖစ္မယ္။ ဗိုက္ေအာက္ ၊ဗိုက္နာျဖစ္မည္။ မိသားစုအိမ္တြင္းေရး ကိစၥေတာ့ အဆင္ေျပ ေခ်ာေမြ႕ေနမဲ့ကာလပါ။ အထူးသျဖင့္ ဒီကာလမွာ လုံးဝေငြ မေခ်းပါနဲ႔။ ဆုံးတတ္ပါတယ္။ ႀကီးမားတဲ့ ေငြေၾကး ျမဳပ္ႏွံ မႈေတြ မလုပ္ပါနဲ႔အုံး။ ေငြျမဳပ္ရင္ ေဖာ္ရခက္ခဲကာလပါပဲ။ ကိုယ့္ေငြနဲ႔ကိုယ္ စိတ္ဆင္းရဲရ တတ္ ပါတယ္။

အက်ိဳးေပးဂဏန္း ၅ ၄ ၈

အထူးေဟာ ရန္မ်ားမည္

ယၾတာ ပဌာန္း တစ္ေန႔တစ္ေခါက္ႏႈန္းျဖင့္ ၇ ရက္တိတိ ႐ြတ္ဖတ္ပူေဇာ္ပါ။

ဗုဒၶဟူး၊ ရာဟု

ဒီကာလဟာ ဗုဒၶဟူးသားသမီးေတြအေနနဲ႔ စီးပြားေရး၊ လူမႈေရးအထူးေကာင္းေနတဲ့ ကာလပါ။ လုပ္ငန္း ကိစၥမ်ား အထူးေကာင္းေနမည္။ မိမိဆိုင္ မိမိလုပ္ငန္းတိုးတတ္မည္။ ေဖာက္သည္အသစ္မ်ား ရပါလိမ့္မယ္။ မိမိအားလုပ္ငန္း လာအပ္သူမ်ား ၊မိမိဆိုင္တြင္ လာေရာက္အားေပးသူမ်ား အရင္ကထက္ ပိုမ်ားေနမွာပါ။ လုပ္ငန္း သစ္ စတင္ ျခင္း၊ လုပ္ငန္းခ်ဲ႕ထြင္ျခင္း ျပဳလုပ္လို႔ေကာင္းတဲ့ အခ်ိန္ပါပဲ။ အလုပ္မွာ ေနရာေကာင္း ရလြယ္တယ္။ ရာထူးတိုးၿပီး အလုပ္ေနရာေျပာင္းၿပီးတာဝန္ထမ္းေဆာင္ ရတတ္တယ္။

မိမိအား ကူညီမဲ့သူေတြ အနားမွာရွိမဲ့ ကာလပါ။ မိမိၾသဇာ ေညာင္း မဲ့ အခ်ိန္ေတြေပါ့။ ေကာင္းေသာခရီးေတြ သြားရတတ္တယ္။ ကုသိုလ္တရားေတြလဲ စိတ္ပါလက္ပါ လုပ္ျဖစ္ ေနလိမ့္မယ္။ လူငယ္ေတြကေတာ့ ခ်စ္သူအခ်င္းခ်င္း အထင္လြဲမဲ့ကာလပါ။ အခ်စ္ေရးကေတာ့ ေမွ်ာ္လင့္သလို မျဖစ္ႏိုင္ေသးပါဘူး။ အိမ္ေထာင္သည္ေတြကေတာ့ စုတ္ေရာ ၊လာဘ္ေရာဝင္တတ္တဲ့အတြက္ သတိထားပါ။

ေငြကုန္ေၾကးက်မ်ားမဲ့ ကာလတစ္ခုပါ။ ဝန္ထမ္းမ်ား လခစား မ်ား အေနနဲ႔ မိမိလုပ္ေဖာ္ကိုင္ဖက္မ်ားရဲ႕ ခ်ီးေျမာက္ ေထာက္ခံမႈေၾကာင့္ ေနရာေကာင္းရျခင္း ၊ ရာထူး တိုးျခင္းမ်ိဳးႀကဳံ ရမည္။ ငယ္႐ြယ္သူမ်ား လူႀကီးမိဘေတြ ဆီမွာမိမိလိုခ်င္တာ ရွိရင္ ပူဆာလို႔ အေကာင္းဆုံး ကာလပါပဲ။ ပညာေရးကံ အေကာင္းဆုံးပါ။ ပညာရည္ထူးခြၽန္မဲ့ ကာလ ပါ။

အက်ိဳးေပးဂဏန္း ၇ ၅ ၁

အထူးေဟာ အဘက္ဘက္က အဆင္ေျပမည္

ယၾတာ ႀကံတစ္ေခ်ာင္းဝယ္ အခြံခြာ.. ၁၅ စိပ္စိပ္ၿပီး ဘုရားကပ္လႉပါ။

ၾကာသပေတး

ဒီကာလဟာ ၾကာသပေတး သားသမီးေတြအေနနဲ႔ သားသမီးကိစၥမ်ား ေအာက္လက္ငယ္သားကိစၥမ်ားတြင္ လိုက္ပါကူညီ ေပးရတတ္ပါတယ္။ မိမိအေနနဲ႔ ဘယ္သူကိုမွ မ်က္ႏွာလႊဲ၍ မရဘဲ ကိုယ္တိုင္ကိုယ္က် လုပ္ေနရမဲ့ အခ်ိန္ပါ။ ခရီးကိစၥမ်ား ရပ္ေဝးနဲ႔ ဆက္သြယ္လုပ္ကိုင္ ရေသာကိစၥမ်ား အဆင္မေျပတာမ်ိဳး ႀကဳံရပါလိမ့္မယ္။ လူမ်ိဳးျခား ဘာသာျခားေတြေၾကာင့္ စိတ္အထူးညစ္ရတတ္တယ္။ အိမ္ေထာင္ေရး အထူးအဆင္ေျပမယ္။ မိသားစုဝင္ေတြ နားလည္မႈေတြရလာလိမ့္မည္။

အလုပ္စီးပြားမ်ား ေကာင္းမလိုလိုႏွင့္ အဖ်ားရႉးသြားတတ္သည္။ က်န္းမာေရးအေနနဲ႔ ေရခ်ိဳးမွားျခင္း ၊အပူရွပ္ျခင္းမ်ိဳးႀကဳံရတတ္သည္။ အခ်စ္ေရးကိစၥမ်ား အဆင္မေျပတာႀကဳံ ရမည္။ ခ်စ္သူနဲ႔သေဘာ ထားကြဲလြဲမည္။ တစ္ဦးနဲ႔တစ္ဦးသံသယေတြ မ်ားေနလိမ့္မည္။ ပညာေရးကံကေတာ့ အေကာင္းဘက္မွာရွိေနတဲ့ အခ်ိန္ပါပဲ။

အုပ္စုဖြဲ႕ ျပႆ နာရွာျခင္းႀကဳံရတတ္သည္။ အိုးအိမ္ေနရာ ထိုင္ခင္းကိစၥေၾကာင့္ စိတ္ညစ္ရမည္။ အေမြ ကိစၥ ေျမကိစၥနဲ႔ပတ္သက္ၿပီး စကားေျပာရမည္။ အထက္လူႀကီးၿငိဳျငင္တာခံရမည္။ အေဖ့ဘက္က အမ်ိဳးေတြ ဒုကၡ ေပးလိမ့္ မည္။ မိမိအက်ိဳးစီးပြား မလုပ္ရဘဲ သူတစ္ပါးကိစၥ လူမႈေရးကိစၥေတြနဲ႔ အခ်ိန္ကုန္ေနတတ္သည္။

အက်ိဳးေပးဂဏန္း ၆ ၄ ၁

အထူးေဟာ အလုပ္ေတြ မ်ားေနတတ္သည္။

ယၾတာ ခရီးသြားမဲ့ ရဟန္းတစ္ပါးအား ခရီးစရိတ္ ေထာက္ပံ့လိုက္ပါ။

ေသာၾကာ

ဒီကာလဟာ ေသာၾကာသားသမီးေတြအေနနဲ႔ အရမ္းျခဴျခာလြယ္မဲ့ အခ်ိန္ပါပဲ။ အေနအထိုင္အနည္းငယ္ မဆင္ျခင္တာနဲ႔ ေဆး႐ုံေဆးခန္း ေရာက္ရတတ္ပါတယ္။အရက္ေသစာ ေသာက္စားျခင္းမ်ိဳးရွိရင္ ဒီကာလမွာမေသာက္တာ အေကာင္းဆုံးပါပဲ။ က်န္းမာေရး ညံ့သြားတတ္လို႔ပါ။ ေ႐ႊေငြလက္ဝတ္ရတနာမ်ား ေပ်ာက္ရွျခင္း၊က်ေပ်ာက္ ျခင္းမ်ိဳး ႀကဳံရတတ္ပါတယ္။ ေငြကုန္ေၾကးက် မ်ားတတ္တယ္ေနာ္။ ေငြဝင္တာက နည္းနည္း ထြက္တာက မ်ားမ်ား ဆို တာမ်ိဳးေပါ့။ မသြားခ်င္ေသာခရီးေတြလဲ သြားရတတ္ပါတယ္။

ကိုယ္စိတ္ႏွစ္ပါး ပင္ပန္းေနမည္။ အခက္အခဲ ျပႆနာမ်ား ရင္ဆိုင္ေျဖရွင္းရမည္။ သူမ်ားေငြေၾကာင့္ ဒုကၡေရာက္တတ္သည္။ ၾကားကအာမခံေပးတာ မ်ိဳး မလုပ္ပါနဲ႔။ သူမ်ားေငြ ခဏသိမ္းခိုင္းတာမ်ိဳး၊ အဖြဲ႕အစည္းက ေငြေတြ ခဏသိမ္းခိုင္းတာမ်ိဳးေတြ လက္မခံပါႏွင့္ ။အလုပ္ ေျပာင္း၊ ေနရာေျပာင္း၊ဌာနေျပာင္း ၊အိမ္ေျပာင္း ဆိုတာမ်ိဳးေတြလဲ ႀကဳံရတတ္ပါတယ္။ ဒီကာလထဲ ေ႐ႊဝယ္ တာမ်ိဳး မလုပ္ ပါနဲ႔။ လာဘ္ပိတ္သြားတတ္လို႔ပါ။

သားသမီးကိစၥ အထူးပူပန္ရတတ္တယ္။ က်န္မားေရးအေနနဲ႔ ကိုယ္လက္ မအီမသာ ျဖစ္တာ ၊ေသြးတိုးတာ ေလးလံထိုင္းမႈိင္းေနတာမ်ိဳး ႀကဳံရပါလိမ့္မယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ ဘက္ နဲ႔ စကားမ်ားရန္ျဖစ္ ရတတ္ပါတယ္။ ဝန္ထမ္းမ်ား အလုပ္တာဝန္ေတြ ပိေနတတ္တဲ့ ကာလပါပဲ။ အခ်စ္ေရးကံ ကေတာ့ ေကာင္းေနမဲ့အခ်ိန္ပါပဲ။ ပညာေရးအေပၚ မိမိကိုယ္တိုင္ စိတ္မပါ ျဖစ္ေနတတ္တဲ့ ကာလပါ။

အက်ိဳးေပးဂဏန္း ၈ ၅ ၁

အထူးေဟာ စိတ္ပင္ပန္းရမည္

ယၾတာ ပန္းကန္တစ္ခ်ပ္ထဲ လက္ဖက္ ကိုးပုံပုံၿပီး ဘုရားကပ္ပါ။

စေန

ေအာင္ျမင္မႈေတြ ေစာင့္ႀကိဳေနမဲ့ ကာလပါပဲ။ စိတ္ခ်မ္းသာ ရပါလိမ့္မယ္။ အထူးသျဖင့္ အလုပ္ကိစၥမ်ား အိုး အိမ္ကိစၥ ၊ရာထူးကိစၥ၊ အေမြကိစၥမ်ားေၾကာင့္လဲ စိတ္ခ်မ္းသာရမွာပါ။ ေငြေၾကးကံ ေကာင္းေနမွာပါ။ ရစရာရွိတဲ့ ေငြမ်ား ၊ၾကန္ၾကာေနတဲ့ေငြမ်ား၊ အလုပ္မွာျမဳပ္ေနတဲ့ေငြမ်ား ျပန္လည္ရရွိ ပါလိမ့္မယ္။ စက္ပစၥည္းနဲ႔ ပတ္သက္ရင္ေတာ့ ဒုကၡ မ်ားရပါလိမ့္မယ္။ မၾကာခဏ ခ်ိဳ႕ယြင္းေနတဲ့စက္ေၾကာင့္ စိတ္ညစ္ရမယ္။ စက္ပစၥည္းအသစ္မ်ားလဲ မဝယ္သင့္ ေသးပါဘူး။

ပညာေရးကိစၥမ်ား၊ ဘာသာေရးကိစၥမ်ား အထူးေကာင္းမြန္ပါလိမ့္မယ္။ အခ်စ္ေရးလဲ အထူးအဆင္ေျပ ေနမဲ့ ကာလပါပဲ။ ဒါေပမဲ့ ခ်စ္သူခ်င္း ေဝးေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ နည္းနည္းဂ႐ုစိုက္ပါ။ ဇက္ေၾကာ တတ္ ျခင္း ေခါင္းကိုက္ျခင္း ဆီးခ်ိဳ ေသြးခ်ိဳတတ္ျခင္းမ်ိဳး ႀကံရတတ္ပါတယ္။ ကံၾကမၼာေကာင္း နိမိတ္ေကာင္းေတြ ရမဲ့ ကာ လ ပါပဲ။ ေရရွည္စီမံကိန္းေတြ ခ်မွတ္သင့္တဲ့ေန႔ျဖစ္သလို ၊အဓိဌာန္ စတင္ဝင္ေရာက္မဲ့သူေတြအတြက္ အေကာင္းဆုံး ကာလပါပဲ။

စတင္တရားအားထုတ္မဲ့သူေတြအတြက္ တရားရဖို႔ အေထာက္အပံ့ေကာင္းရ ေစတဲ့အခ်ိန္ ပါပဲ။ စီးပြား ေရး လူမႈေရး အထူးေကာင္းမယ္။ လုပ္သမွ် အဆင္ေျပေနမယ္။ စိတ္ခ်မ္းသာရမယ္။အရမ္းရင္းႏွီသူေတြ ရဲ႕ခြဲခြာ ရလိမ့္မယ္။ ဖခင္က်န္းမာေရး အထူးဂ႐ုစိုက္ရလိမ့္မယ္။ ဝန္ထမ္းအဖို႔ အလုပ္ထြက္ခ်င္စိတ္ေတြ ေပၚေန တတ္တယ္။ မထြက္ပါနဲ႔အုံး။ ပိုဆိုးသြားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁ ၉ ၆

အထူးေဟာ ကံျမင့္ေနခ်ိန္ပါပဲ

ယၾတာ ပ်က္စီးယိုယြင္းေနၿပီျဖစ္တဲ့ ဖုန္းအားသြင္းႀကိဳးေတြရွိရင္ စြန႔္ပစ္လိုက္ပါ

၇ ရက္ သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Post a Comment

0 Comments