ဆရာငြိမ်း၏ ၁၁.၁၁.၂၀၂၁ မှ ၁၇.၁၁.၂၀၂၁ အထိ တစ်ပတ်စာဟောစာတမ်း

တနင်္ဂနွေ

ဒီအပတ်ထဲ အပြောင်းအလဲဆိုတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလုပ်ပြောင်း နေရာပြောင်း၊ ရုံးခန်းပြောင်းတွေ ကြုံရလေ့ ရှိပါတယ်။ အလုပ်တစ်ခုကနေထွက်ပြီးအသစ်ပျိုးလုပ်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး မိသားစုကြောင့် ငွေကုန်ကြေးကျ များရတတ်ပါတယ်။ မိဘအတွက် ငွေကုန်ရတာမျိုးတွေ ဖြစ်တတ်ပါ တယ်။ အလုပ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေက ကိုယ့်ကြောင့်ထက် ကိုယ့်အထက်လူကြီးကြောင့် ဖြစ်ရတာများပါ လိမ့်မယ်။

ရပ်ဝေးက ကိစ္စတော်တော်များများ အခက်အခဲတွေ များရတတ်ပါတယ်။ အကြံအစည် စိတ်ကူးကောင်း တွေကို မိမိအနေနဲ့ အများကို ထုတ်မပြောလိုက်ပါနဲ့။ သူတစ်ပါးက မိမိအကြံကို မိမိမလုပ်ခင် အကောင်အထည်ဖော် သွားတတ်ပါတယ်။ အလိုလိုနေရင်း စိတ်ညစ်နေလိမ့်မယ်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ၊ဒီဟာလုပ်ရကောင်းနိုးနိုး ဖြစ် နေပါ လိမ့်မည်။ စိတ်ပန်းလူပန်း ဖြစ်ရတတ်ပါတယ်။

ကျန်းမားရေး အားနည်းတဲ့ ကာလတွေပါ။ ရေချိုးမှားခြင်း၊ အပူ ရှပ်ခြင်း၊ အအေးပတ်ခြင်းတွေ ဖြစ်လွယ်ပါတယ်။ အလုပ်ပြောင်း၊ နေရာပြောင်း ကြုံရတတ်သည်။ ခရီးကိစ္စပူပန်ရ တတ်သည်။ ချစ်သူဆီက အဆက်အသွယ် မလုပ်တာမျိုး ကြုံရမည်။ နီးနေသူများ ချစ်သူ၏ နွဲ့ဆိုးဆိုးခြင်း ခံရပါလိမ့်မည်။ လင်မယားချင်းတော့ ပြဿနာဖြစ် စကားများရပါလိမ့်မယ်။

အကျိုးပေးဂဏန်း. ၂၊ ၇၊ ၉

အထူးဟော ဗျာများရတတ်သည်။

ယတြာ လမ်းပေါ်လျှောက်သွားနေသော အရူးတစ်ယောက်အား အာဟာရဒါနပြုပါ။

တနင်္လာ

ကံမြင့်မားနေတတ်ပြီး လုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေချောမွေ့ တတ်ပါတယ်။ ချစ်လို့ခင်လို့ ကူညီကြသူ တွေလဲ အများအပြား ကြုံရတတ်ပါတယ်။ ရေလုပ်ငန်း၊ ရေထွက်ကုန်နှင့် ကလေးပစ္စည်း အရောင်းဆိုင်များအရောင်း သွက်ပါလိမ့်မယ်။ အညွှန့်တလူလူ တက်နေတဲ့ ကာလမို့ စီးပွားရေး အကြံအစည်သစ်တွေစတင် အကောင်အထည်ဖော်လို့ ကောင်းတဲ့ကာလပါ။ မင်္ဂလာကိစ္စ၊ မေတ္တာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ ဆွေးနွေးဆောင်ရွက် အကောင်အထည် ဖော်လို့သင့်တဲ့ကာလတစ်ခုပဲ ဖြစ်ပါတယ်။

အရင်ကတည်းက အားလုံးအပေါ် မေတ္တာထားသူတွေ ဒီကာလမှာ ပိုမို အဆင်ပြေနိုင်တာကို တွေ့ရပါတယ်။ ကံအကောင်းဆုံးကာလတွေပါပဲ။ စိတ်ချမ်းမြေ့စရာများ ပျော်ရွှင်စရာများ ကြုံ ရပါလိမ့်မယ်။ ဘာသာရေးကိစ္စ၊ ပရဟိတကိစ္စ အထူးလုပ်ဖြစ် ပါလိမ့်မည်။ အလုပ်တိုးတတ်ခြင်း ၊တာဝန်ကြီးအပေးခံရခြင်းမျိုး ကြုံရပါလိ့မ်မည်။ အထက်လူကြီး၏ ချစ်ခင်ခြင်းခံရမည်။ အရေးကြီးသောကိစ္စများ ဆောင်ရွက်သင့်တဲ့ အချိန်ပါပဲ။

ချစ်သူနှစ်ဦးအတွက် ဆွတ်ပျံ့ကြည်နူးစရာ အကောင်းဆုံးအချိန်ပါ။ လက်ဆောင်ရခြင်း ၊ ကံစမ်းမဲပေါက် ခြင်းတွေ ရှိပါလိမ့်မည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပေမဲ့ ဆွေမျိုးတွေရဲ့ ဒုက္ခပေးခြင်းခံရမယ်။ ကျန်းမာ‌ရေးမှာတော့ ရေမှန်မှန်ချိုးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး ဦးစားပေးပါ။

အကျိုးပေးဂဏန်း ၂၊ ၆ ၊၈

အထူးဟော စန်းပွင့်နေမည်

ယတြာ နှင်းဆီ ၇ ပွင့် ဘုရားလှူပါ

အင်္ဂါ

စိတ်ကူးကောင်း၊ အကြံအစည်ကောင်းတွေ ရလာတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှုတွေ မှန်သမျှ မြန်မြန် ဆန်ဆန်နဲ့ ပြီးမြောက်မှုတွေ ကြုံရတတ်ပါတယ်။ အလုပ်အကြွေးတွေ များနေသူများ စိတ်ချမ်းသာရမဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ အလုပ်ပိုတွေ၊ ကိစ္စပိုတွေကို မိမိအောက်လက်ငယ်သားတွေ အကူအညီနဲ့ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လူချစ်လူခင်များနေတဲ့အတွက် မိတ်ဆွေတွေ၊ ဖောက်သည်တွေ တိုးလာတတ်ပါတယ်။ အလုပ်ကောင်း နေရာကောင်း တွေရလာတတ်ပါတယ်။ ချစ်လို့နေရာပေးတာမျိုးတွေ ကြုံရတတ်ပါတယ်။

မိမိဝယ်ချင်တဲ့ စက်ပစ္စည်းတွေ၊ အိုင်တီ ပစ္စည်းတွေကို ဝယ်မယ်ဆို ဒီအပတ်မှာ ဝယ်ယူလို့ အထူးကောင်းပါတယ်။ အချစ်ရေးကိစ္စ ရှုပ်ထွေးမဲ့ကာလပါ။ ငါးရံနှစ်ကောင် ဖမ်းချင်သူတွေအတွက် ဟိုမမှီ၊ ဒီမမှီ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်များ စန်းပွင့်နေတဲ့အတွက် ဆင်ခြင်ပြီးနေမှ တော်ကာကြပါလိမ့်မယ်။ အလုပ်ထဲမှာ အမျိုးသမီးကြီးတစ်ဦး၏ အကူအညီရမည်။ အိမ်ထောင်ဘက်နဲ့ စကားတကျက်ကျက် များရပါလိမ့်မယ်။

အလုပ်စီးပွားကတော့ အထူးကောင်းနေပါတယ်။ လုပ်ငန်းအသစ် တွေ စတင်နိုင်ပါလိမ့်မယ်။ စာမေးပွဲ၊ အင်တာဗျူး၊ ပညာရေးကိစ္စများ အခက်ကြုံရပါလိမ့်မယ်။ ဘုရားဖူးခရီးများ၊ အလှူမင်္ဂလာဆောင်နဲ့ သက်ဆိုင်သော ခရီးများ ထွက်ရပါလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်တဲ့ကာလပဲ ဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ဝ၊ ၅ ၊၆

အထူးဟော အဘက်ဘက်က အဆင်ပြေနေမည်

ယတြာ သစ်သီးယို ၆ မျိုး ဘုရားလှူပါ

ဗုဒ္ဓဟူး ရာဟု

ဒီအပတ်ထဲ အခက်အခဲတွေ၊ ဖိအားတွေ များနေတာတွေ့ရပါတယ်။ အရင်ကတည်းက စိတ်ဓာတ်မာကြောသူ တွေအနေနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပါလိမ့်မယ်။ တစ်ခု သတိထားရမှာက ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ် တွေ လုပ်ကြသူတွေကတော့ သတိထားရမဲ့ ကာလပါ။ ကြံစည်ထားတာလေးတွေ တေ့လွဲလွဲနေတတ်ပါတယ်။ ငွေကြေး အကူအညီတွေတော့ ရလာတတ်ပါတယ်။ ငွေကြေးချေးငှားရ လွယ်ကူတတ်ပါတယ်။

စိတ်ကူးထားသမျှ အရာထင် အောင်မြင်ဖို့ ခဏတော့သည်းခံရလိမ့်မယ်။ ရွှေဝယ်တာမျိုးတော့ ဒီအပတ်ထဲ ရှောင်စေချင်ပါတယ်။ သား သမီးအတွက် စိတ်ပူပန်ရတာမျိုးတွေ ဒီကာလမှာ ကြုံတွေ့နိုင်ပါတယ်။ ရည်မှန်းချက်တွေ နှောင့်နှေးတတ်ပါတယ်။ မိမိစိတ်ကူး မိမိ မျှော်လင့်ချက်တွေ အကောင်ထည်ဖော်ဖို့ ကြန့်ကြာပါလိမ်မယ်။ ချစ်သူချင်း နာလည်မှုတွေ လွဲနေတတ် တယ်။

အလုပ်ကိစ္စ၊ အင်တာဗျူးကိစ္စတွေမှာ အခက်အခဲ ကြုံရပါလိမ့်မယ်။ အလုပ်ရှာနေသူများ အလုပ်ရဖို့ကြာလိမ့် မယ်။ ဖခင်ကျန်းမာရေး ညံ့တတ်တဲ့အတွက်ဂရုစိုက်စေချင်ပါသည်။ အချစ်ရေးမှာ ပုံမှန်မဟုတ်ဘဲ ချစ်သူနဲ့ ခိုးရာ လိုက်ချင်တာမျိုး စိတ်ကဖြစ်လာရင် မလုပ်ဖို့ တားချင်ပါတယ်။ အခြေအနေအဆိုးတွေ ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁၊ ဝ၊ ၄

အထူးဟော ကျန်းမာရေး ညံ့နေသည်

ယတြာ ခရီးသွားမည့်သူအား ခရီးစရိတ် တတ်နိုင်သလောက် ထောက်ပံ့လိုက်ပါ။

ကြာသပတေး

လွတ်လပ်မှုပေါ့ပါးမှုတွေကို ခံစားရလိမ့်မယ်။ အပျော်ခရီးတွေ သွားရတာ ဘုရားဖူးခရီးတွေ သွားရတာမျိုး တွေကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး ရပိုင်ခွင့်တွေ ရလာလိမ့်မယ်။ ထီပေါက်တာမျိုး၊ ကံစမ်းမဲပေါက်တာ မျိုးတွေ ကြုံနေရတတ်ပါတယ်။ အမှုအခင်း၊ အချုပ်အနှောင်ကြုံနေရသူတွေ ဒီကာလမှာ ဖြေရှင်းဖို့ လွယ်ကူသွားပါ လိမ့်မယ်။ သတိထားရမှာက ဆရာအတုအယောင်တွေနဲ့ တွေ့တတ်ပါတယ်။ မိမိကို ပိပိရိရိ လိမ်လည်တာမျိုးတွေ ကြုံ ရတတ်ပါတယ်။

သားသမီးတွေ အဆင်မပြေလို့ ငွေကြေးထောက်ပံ့ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားတွေရဲ့ ချစ်ခင်မှု၊ လေးစားမှု၊ အမိန့်နာခံမှုကို ခံစားရပါလိမ့်မယ်။ ရေစက်ချပွဲ ၊အလှူပွဲများ ကျင်းပနိုင်ပါလိမ့် မယ်။ ချင့်ချိန် စဉ်းစားပြီးမှ ဘာမဆို ရှေးတိုးဆောင်ရွက်ပါ။ အရေးကြီးသောကိစ္စ ၊ စာချုပ်စာတမ်းကိစ္စတွေအတွက် ရက်ရွေ့သင့်ပါတယ်။

လုပ်ငန်းစီးပွား အနှောက်အယှက် တွေ့လိမ့်မယ်။ လုပ်ငန်းပြိုင်တွေရဲ့ သွားပုပ်လေလွင့် ပြောဆို ခြင်း ခံရမည်။ ငွေကုန်ကြေးကျ များတတ်သည်။ မိမိစုဆောင်းထားသော ငွေများ ထုတ်သုံးရသည်အထိ ငွေပြတ်သွား လိမ့်မည်။ ချစ်သူနဲ့ မျက်နှာချင်းဆိုင်တာနဲ့ စကားများရလိမ့်မည်။

အကျိုးပေးဂဏန်း ၃၊ ၈၊ ၄

အထူးဟော အကြံအစည် ပျက်တတ်သည်။

ယတြာ သြဇာညွှန့် ၄ ညွှန့် ဘုရားလှူပါ

သောကြာ

နားလည်ထားသမျှ၊ မိမိတက်ကျွမ်းသမျှတွေကို အစွမ်းကုန်ထုတ်သုံးပြီး အောင်မြင်အောင် လုပ်သင့်တဲ့ကာလ ပါပဲ။ ငွေကြေးနဲ့ စာရင်းဇယားတွေ ကောင်းစွာကိုင်တွယ် နိုင်ပါလိမ့်မယ်။ အလုပ်စီးပွားတွေ တိုးတတ်နိုင်တာမို့ မိမိက အစွမ်းကုန် စိတ်နှစ်ပြီး လုပ်ကိုင်ဖို့ လိုပါတယ်။ တစိမ်းအမျိုးသမီးတွေရဲ့ အကူအညီတွေ ရလာနိုင်ပါတယ်။ ဇိမ်ခံပစ္စည်းများ လက်ဆောင် ရလာတတ်ပါတယ်။ ဝန်ထမ်းအလုပ် ရာထူးတိုးတတ်မည်။

လုပ်ငန်းများချဲ့ထွင် နိုင်မည်။ အလုပ်မှ အကျိုးအမြတ် ရလိမ့်မယ်။ အဘက်ဘက်မှ ငွေဝင်လိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေနှင့် အဆင်ပြေမည်။ စိတ်ကူးထားသော ၊ကြံစည်ထားသောကိစ္စများ လက်တွေ့ အကောင်အထည်ဖော်သင့်တဲ့ ကာလ ထဲပါ။ အာမခံတာ ၊တာဝန် ယူတာ ၊အသင်းအဖွဲ့ ငွေတွေ လက်ခံတာမျိုး မလုပ်ပါနဲ့ ပြဿနာ တတ်ပါလိမ့်မယ်။ မိတ်ဆွေတွေရဲ့အကူအညီဖြင့် လုပ်ငန်းစီးပွား တိုးတတ်မည်။

အထက်လူကြီး၏ ထောက်ခံမှုဖြင့် အလုပ်တွင်ရာထူး တိုးမည်။ အိမ်ထောင်ရေးသာယာ မည်။ အိမ်ထောင်သည် များခြေမရှုပ်ပါနှင့်။ ချစ်သူနဲ့ သွေးအေး နေလိမ့်မယ်။ ချစ်သူ မရှိသေးသူများ ချစ်သူနဲ့ဝေးနေ သူများ ချစ်သူသစ်ရ လိမ့်မည်။ စန်းပွင့်နေသောကြောင့် ချစ်ရေးဆိုခြင်းခံရလိမ့်မည်။ ထီဝါသနာပါသူများ ထီထိုး သင့်တဲ့ကာလပါပဲ။ ၂၊ ၄ များများ ပါသော ထီဂဏန်း ရွေးထိုးပါ။ နှစ်ပေါင်းများစွာ ခွဲခွာနေရသော သူငယ်ချင်းနှင့် ပြန်ဆုံတတ် သည်။

အကျိုးပေးဂဏန်း ၂၊ ၈၊ ၄

အထူးဟော ကံအထူးကောင်း နေပါလိမ့်မယ်

ယတြာ နံနက်စောစော အရုဏ်ဆွမ်း ထလောင်းလှူပါ

စနေ

အကြံအစည် ပျက်လွယ်သည်။ ကျန်းမားရေး အားနည်းနေသည်။ ဗိုက်အောက်၊ ဗိုက်နာ ဖြစ်တတ်ပါတယ်။ ဘာကိစ္စပဲကြုံကြုံ အလျင်စလို မဆုံးဖြတ်ပါနှင့်။ ကိုယ်တိုင်ဆုံးဖြတ်ခြင်းထက် သူများဆီက အကြံဉာဏ်ယူပြီး ဆုံးဖြတ်ရမဲ့ ကာလ ပါ။ ချစ်သူနဲ့ စိတ်ဝမ်းကွဲပါလိမ့်မယ်။ ချစ်သူချင်း ခွဲခွာနေရတတ်ပါသည်။ အဆက်အသွယ် မလုပ်တဲ့ ချစ်သူကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ သတိရစရာ လွမ်းဆွတ်စရာတွေ ပြည့်နှက်နေမဲ့ ကာလပါ။ အလုပ်အသစ် မစတင်ပါ နှင့်။

အလုပ်ထဲမှာ မိမိကို မနာလိုသူတွေ အုပ်စုဖွဲ့ ချောက်ချတာမျိုး ကြုံရတတ်တဲ့အတွက် သတိရှိပါ။ လှုပ်ရှားမှုများမဲ့ ကာလတွေပါ။ အငြိမ်မနေရ ဖြစ်ပါလိမ့်မယ်။ မိသားစုအတွင်း စိတ်ချမ်းသာစရာ ကိစ္စများ ဖြစ်ပေါ်မည်။ အလုပ်ပိုတွေ ၊လူမှုရေးကိစ္စတွေကြောင့် မနားရမဲ့ ကာလပါ။ ငွေမချေးပါနှင့်။ အားနာလို့၊ လူရင်း မို့လို့ဆိုပြီး ငွေ ချေးပါက ဆုံးတတ်ပါသည်။

အလုပ်ပြောင်းရ ၊ဌာနပြောင်း တာမျိုး ကြုံရတတ်ပါတယ်။ လူရင်းတွေ ၊ အနီးကပ် မိတ်ဆွေ တွေရဲ့ ဒုက္ခပေးခြင်းကို ခံရပါလိမ့်မယ်။သူတစ်ပါး ပြဿနာကြားဝင် ဖြေရှင်း ရပါလိမ့်မည်။ အလုပ်နဲ့ ပတ်သက်ပြီး ခရီးယာယီ ကြုံရတတ်သည်။ မိသားစုအတွင်း တစ်ယောက်တစ်ပေါက် ဖြစ် နေလိမ့်မည်။ မောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲလိမ့်မည်။ မနိုင်ဝန်ထမ်းရမဲ့ ကာလပါ။ အလုပ်ဝန် ပိနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃၊ ၆၊ ၇

အထူးဟော ကံညံ့နေသည်

ယတြာ ရဟန်းတစ်ပါးကို အားဆေးတစ်ဘူး လှူလိုက်ပါ။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုး ငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

for zawgyi

ဆရာၿငိမ္း၏ ၁၁.၁၁.၂၀၂၁ မွ ၁၇.၁၁.၂၀၂၁ အထိ တစ္ပတ္စာေဟာစာတမ္း

တနဂၤေႏြ

ဒီအပတ္ထဲ အေျပာင္းအလဲဆိုတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ အလုပ္ေျပာင္း ေနရာေျပာင္း၊ ႐ုံးခန္းေျပာင္းေတြ ႀကဳံရေလ့ ရွိပါတယ္။ အလုပ္တစ္ခုကေနထြက္ၿပီးအသစ္ပ်ိဳးလုပ္ရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ေငြေၾကးနဲ႔ ပတ္သက္ၿပီး မိသားစုေၾကာင့္ ေငြကုန္ေၾကးက် မ်ားရတတ္ပါတယ္။ မိဘအတြက္ ေငြကုန္ရတာမ်ိဳးေတြ ျဖစ္တတ္ပါ တယ္။ အလုပ္နဲ႔ ပတ္သက္တဲ့ အခက္အခဲေတြက ကိုယ့္ေၾကာင့္ထက္ ကိုယ့္အထက္လူႀကီးေၾကာင့္ ျဖစ္ရတာမ်ားပါ လိမ့္မယ္။

ရပ္ေဝးက ကိစၥေတာ္ေတာ္မ်ားမ်ား အခက္အခဲေတြ မ်ားရတတ္ပါတယ္။ အႀကံအစည္ စိတ္ကူးေကာင္း ေတြကို မိမိအေနနဲ႔ အမ်ားကို ထုတ္မေျပာလိုက္ပါနဲ႔။ သူတစ္ပါးက မိမိအႀကံကို မိမိမလုပ္ခင္ အေကာင္အထည္ေဖာ္ သြားတတ္ပါတယ္။ အလိုလိုေနရင္း စိတ္ညစ္ေနလိမ့္မယ္။ ဟိုဟာလုပ္ရေကာင္းႏိုးႏိုး ၊ဒီဟာလုပ္ရေကာင္းႏိုးႏိုး ျဖစ္ ေနပါ လိမ့္မည္။ စိတ္ပန္းလူပန္း ျဖစ္ရတတ္ပါတယ္။

က်န္းမားေရး အားနည္းတဲ့ ကာလေတြပါ။ ေရခ်ိဳးမွားျခင္း၊ အပူ ရွပ္ျခင္း၊ အေအးပတ္ျခင္းေတြ ျဖစ္လြယ္ပါတယ္။ အလုပ္ေျပာင္း၊ ေနရာေျပာင္း ႀကဳံရတတ္သည္။ ခရီးကိစၥပူပန္ရ တတ္သည္။ ခ်စ္သူဆီက အဆက္အသြယ္ မလုပ္တာမ်ိဳး ႀကဳံရမည္။ နီးေနသူမ်ား ခ်စ္သူ၏ ႏြဲ႕ဆိုးဆိုးျခင္း ခံရပါလိမ့္မည္။ လင္မယားခ်င္းေတာ့ ျပႆနာျဖစ္ စကားမ်ားရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း. ၂၊ ၇၊ ၉

အထူးေဟာ ဗ်ာမ်ားရတတ္သည္။

ယၾတာ လမ္းေပၚေလွ်ာက္သြားေနေသာ အ႐ူးတစ္ေယာက္အား အာဟာရဒါနျပဳပါ။

တနလၤာ

ကံျမင့္မားေနတတ္ၿပီး လုပ္ကိုင္ေဆာင္႐ြက္သမွ် အဆင္ေျပေခ်ာေမြ႕ တတ္ပါတယ္။ ခ်စ္လို႔ခင္လို႔ ကူညီၾကသူ ေတြလဲ အမ်ားအျပား ႀကဳံရတတ္ပါတယ္။ ေရလုပ္ငန္း၊ ေရထြက္ကုန္ႏွင့္ ကေလးပစၥည္း အေရာင္းဆိုင္မ်ားအေရာင္း သြက္ပါလိမ့္မယ္။ အၫႊန႔္တလူလူ တက္ေနတဲ့ ကာလမို႔ စီးပြားေရး အႀကံအစည္သစ္ေတြစတင္ အေကာင္အထည္ေဖာ္လို႔ ေကာင္းတဲ့ကာလပါ။ မဂၤလာကိစၥ၊ ေမတၱာေရးကိစၥ၊ အလႉအတန္းကိစၥေတြ ေဆြးေႏြးေဆာင္႐ြက္ အေကာင္အထည္ ေဖာ္လို႔သင့္တဲ့ကာလတစ္ခုပဲ ျဖစ္ပါတယ္။

အရင္ကတည္းက အားလုံးအေပၚ ေမတၱာထားသူေတြ ဒီကာလမွာ ပိုမို အဆင္ေျပႏိုင္တာကို ေတြ႕ရပါတယ္။ ကံအေကာင္းဆုံးကာလေတြပါပဲ။ စိတ္ခ်မ္းေျမ့စရာမ်ား ေပ်ာ္႐ႊင္စရာမ်ား ႀကဳံ ရပါလိမ့္မယ္။ ဘာသာေရးကိစၥ၊ ပရဟိတကိစၥ အထူးလုပ္ျဖစ္ ပါလိမ့္မည္။ အလုပ္တိုးတတ္ျခင္း ၊တာဝန္ႀကီးအေပးခံရျခင္းမ်ိဳး ႀကဳံရပါလိ့မ္မည္။ အထက္လူႀကီး၏ ခ်စ္ခင္ျခင္းခံရမည္။ အေရးႀကီးေသာကိစၥမ်ား ေဆာင္႐ြက္သင့္တဲ့ အခ်ိန္ပါပဲ။

ခ်စ္သူႏွစ္ဦးအတြက္ ဆြတ္ပ်ံ႕ၾကည္ႏူးစရာ အေကာင္းဆုံးအခ်ိန္ပါ။ လက္ေဆာင္ရျခင္း ၊ ကံစမ္းမဲေပါက္ ျခင္းေတြ ရွိပါလိမ့္မည္။ အိမ္ေထာင္ေရးမွာ အဆင္ေျပေပမဲ့ ေဆြမ်ိဳးေတြရဲ႕ ဒုကၡေပးျခင္းခံရမယ္။ က်န္းမာ‌ေရးမွာေတာ့ ေရမွန္မွန္ခ်ိဳးပါ။ တစ္ကိုယ္ေရသန႔္ရွင္းေရး ဦးစားေပးပါ။

အက်ိဳးေပးဂဏန္း ၂၊ ၆ ၊၈

အထူးေဟာ စန္းပြင့္ေနမည္

ယၾတာ ႏွင္းဆီ ၇ ပြင့္ ဘုရားလႉပါ

အဂၤါ

စိတ္ကူးေကာင္း၊ အႀကံအစည္ေကာင္းေတြ ရလာတတ္ပါတယ္။ လုပ္ကိုင္ေဆာင္႐ြက္မႈေတြ မွန္သမွ် ျမန္ျမန္ ဆန္ဆန္နဲ႔ ၿပီးေျမာက္မႈေတြ ႀကဳံရတတ္ပါတယ္။ အလုပ္အေႂကြးေတြ မ်ားေနသူမ်ား စိတ္ခ်မ္းသာရမဲ့ အခ်ိန္ကာလပဲ ျဖစ္ပါတယ္။ အလုပ္ပိုေတြ၊ ကိစၥပိုေတြကို မိမိေအာက္လက္ငယ္သားေတြ အကူအညီနဲ႔ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ လူခ်စ္လူခင္မ်ားေနတဲ့အတြက္ မိတ္ေဆြေတြ၊ ေဖာက္သည္ေတြ တိုးလာတတ္ပါတယ္။ အလုပ္ေကာင္း ေနရာေကာင္း ေတြရလာတတ္ပါတယ္။ ခ်စ္လို႔ေနရာေပးတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။

မိမိဝယ္ခ်င္တဲ့ စက္ပစၥည္းေတြ၊ အိုင္တီ ပစၥည္းေတြကို ဝယ္မယ္ဆို ဒီအပတ္မွာ ဝယ္ယူလို႔ အထူးေကာင္းပါတယ္။ အခ်စ္ေရးကိစၥ ရႈပ္ေထြးမဲ့ကာလပါ။ ငါးရံႏွစ္ေကာင္ ဖမ္းခ်င္သူေတြအတြက္ ဟိုမမွီ၊ ဒီမမွီ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္မ်ား စန္းပြင့္ေနတဲ့အတြက္ ဆင္ျခင္ၿပီးေနမွ ေတာ္ကာၾကပါလိမ့္မယ္။ အလုပ္ထဲမွာ အမ်ိဳးသမီးႀကီးတစ္ဦး၏ အကူအညီရမည္။ အိမ္ေထာင္ဘက္နဲ႔ စကားတက်က္က်က္ မ်ားရပါလိမ့္မယ္။

အလုပ္စီးပြားကေတာ့ အထူးေကာင္းေနပါတယ္။ လုပ္ငန္းအသစ္ ေတြ စတင္ႏိုင္ပါလိမ့္မယ္။ စာေမးပြဲ၊ အင္တာဗ်ဴး၊ ပညာေရးကိစၥမ်ား အခက္ႀကဳံရပါလိမ့္မယ္။ ဘုရားဖူးခရီးမ်ား၊ အလႉမဂၤလာေဆာင္နဲ႔ သက္ဆိုင္ေသာ ခရီးမ်ား ထြက္ရပါလိမ့္မယ္။ က်န္းမာေရး ဂ႐ုစိုက္ဖို႔ လိုအပ္တဲ့ကာလပဲ ျဖစ္ပါတယ္။

အက်ိဳးေပးဂဏန္း ဝ၊ ၅ ၊၆

အထူးေဟာ အဘက္ဘက္က အဆင္ေျပေနမည္

ယၾတာ သစ္သီးယို ၆ မ်ိဳး ဘုရားလႉပါ

ဗုဒၶဟူး ရာဟု

ဒီအပတ္ထဲ အခက္အခဲေတြ၊ ဖိအားေတြ မ်ားေနတာေတြ႕ရပါတယ္။ အရင္ကတည္းက စိတ္ဓာတ္မာေၾကာသူ ေတြအေနနဲ႔ ေအးေအးေဆးေဆး ျဖတ္သန္းႏိုင္ပါလိမ့္မယ္။ တစ္ခု သတိထားရမွာက ဥပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္ ေတြ လုပ္ၾကသူေတြကေတာ့ သတိထားရမဲ့ ကာလပါ။ ႀကံစည္ထားတာေလးေတြ ေတ့လြဲလြဲေနတတ္ပါတယ္။ ေငြေၾကး အကူအညီေတြေတာ့ ရလာတတ္ပါတယ္။ ေငြေၾကးေခ်းငွားရ လြယ္ကူတတ္ပါတယ္။

စိတ္ကူးထားသမွ် အရာထင္ ေအာင္ျမင္ဖို႔ ခဏေတာ့သည္းခံရလိမ့္မယ္။ ေ႐ႊဝယ္တာမ်ိဳးေတာ့ ဒီအပတ္ထဲ ေရွာင္ေစခ်င္ပါတယ္။ သား သမီးအတြက္ စိတ္ပူပန္ရတာမ်ိဳးေတြ ဒီကာလမွာ ႀကဳံေတြ႕ႏိုင္ပါတယ္။ ရည္မွန္းခ်က္ေတြ ေႏွာင့္ေႏွးတတ္ပါတယ္။ မိမိစိတ္ကူး မိမိ ေမွ်ာ္လင့္ခ်က္ေတြ အေကာင္ထည္ေဖာ္ဖို႔ ၾကန႔္ၾကာပါလိမ္မယ္။ ခ်စ္သူခ်င္း နာလည္မႈေတြ လြဲေနတတ္ တယ္။

အလုပ္ကိစၥ၊ အင္တာဗ်ဴးကိစၥေတြမွာ အခက္အခဲ ႀကဳံရပါလိမ့္မယ္။ အလုပ္ရွာေနသူမ်ား အလုပ္ရဖို႔ၾကာလိမ့္ မယ္။ ဖခင္က်န္းမာေရး ညံ့တတ္တဲ့အတြက္ဂ႐ုစိုက္ေစခ်င္ပါသည္။ အခ်စ္ေရးမွာ ပုံမွန္မဟုတ္ဘဲ ခ်စ္သူနဲ႔ ခိုးရာ လိုက္ခ်င္တာမ်ိဳး စိတ္ကျဖစ္လာရင္ မလုပ္ဖို႔ တားခ်င္ပါတယ္။ အေျခအေနအဆိုးေတြ ႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁၊ ဝ၊ ၄

အထူးေဟာ က်န္းမာေရး ညံ့ေနသည္

ယၾတာ ခရီးသြားမည့္သူအား ခရီးစရိတ္ တတ္ႏိုင္သေလာက္ ေထာက္ပံ့လိုက္ပါ။

ၾကာသပေတး

လြတ္လပ္မႈေပါ့ပါးမႈေတြကို ခံစားရလိမ့္မယ္။ အေပ်ာ္ခရီးေတြ သြားရတာ ဘုရားဖူးခရီးေတြ သြားရတာမ်ိဳး ေတြႀကဳံရတတ္ပါတယ္။ ေငြေၾကးနဲ႔ ပတ္သက္ၿပီး ရပိုင္ခြင့္ေတြ ရလာလိမ့္မယ္။ ထီေပါက္တာမ်ိဳး၊ ကံစမ္းမဲေပါက္တာ မ်ိဳးေတြ ႀကဳံေနရတတ္ပါတယ္။ အမႈအခင္း၊ အခ်ဳပ္အေႏွာင္ႀကဳံေနရသူေတြ ဒီကာလမွာ ေျဖရွင္းဖို႔ လြယ္ကူသြားပါ လိမ့္မယ္။ သတိထားရမွာက ဆရာအတုအေယာင္ေတြနဲ႔ ေတြ႕တတ္ပါတယ္။ မိမိကို ပိပိရိရိ လိမ္လည္တာမ်ိဳးေတြ ႀကဳံ ရတတ္ပါတယ္။

သားသမီးေတြ အဆင္မေျပလို႔ ေငြေၾကးေထာက္ပံ့ရတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ေအာက္လက္ငယ္သားေတြရဲ႕ ခ်စ္ခင္မႈ၊ ေလးစားမႈ၊ အမိန႔္နာခံမႈကို ခံစားရပါလိမ့္မယ္။ ေရစက္ခ်ပြဲ ၊အလႉပြဲမ်ား က်င္းပႏိုင္ပါလိမ့္ မယ္။ ခ်င့္ခ်ိန္ စဥ္းစားၿပီးမွ ဘာမဆို ေရွးတိုးေဆာင္႐ြက္ပါ။ အေရးႀကီးေသာကိစၥ ၊ စာခ်ဳပ္စာတမ္းကိစၥေတြအတြက္ ရက္ေ႐ြ႕သင့္ပါတယ္။

လုပ္ငန္းစီးပြား အေႏွာက္အယွက္ ေတြ႕လိမ့္မယ္။ လုပ္ငန္းၿပိဳင္ေတြရဲ႕ သြားပုပ္ေလလြင့္ ေျပာဆို ျခင္း ခံရမည္။ ေငြကုန္ေၾကးက် မ်ားတတ္သည္။ မိမိစုေဆာင္းထားေသာ ေငြမ်ား ထုတ္သုံးရသည္အထိ ေငြျပတ္သြား လိမ့္မည္။ ခ်စ္သူနဲ႔ မ်က္ႏွာခ်င္းဆိုင္တာနဲ႔ စကားမ်ားရလိမ့္မည္။

အက်ိဳးေပးဂဏန္း ၃၊ ၈၊ ၄

အထူးေဟာ အႀကံအစည္ ပ်က္တတ္သည္။

ယၾတာ ၾသဇာၫႊန႔္ ၄ ၫႊန႔္ ဘုရားလႉပါ

ေသာၾကာ

နားလည္ထားသမွ်၊ မိမိတက္ကြၽမ္းသမွ်ေတြကို အစြမ္းကုန္ထုတ္သုံးၿပီး ေအာင္ျမင္ေအာင္ လုပ္သင့္တဲ့ကာလ ပါပဲ။ ေငြေၾကးနဲ႔ စာရင္းဇယားေတြ ေကာင္းစြာကိုင္တြယ္ ႏိုင္ပါလိမ့္မယ္။ အလုပ္စီးပြားေတြ တိုးတတ္ႏိုင္တာမို႔ မိမိက အစြမ္းကုန္ စိတ္ႏွစ္ၿပီး လုပ္ကိုင္ဖို႔ လိုပါတယ္။ တစိမ္းအမ်ိဳးသမီးေတြရဲ႕ အကူအညီေတြ ရလာႏိုင္ပါတယ္။ ဇိမ္ခံပစၥည္းမ်ား လက္ေဆာင္ ရလာတတ္ပါတယ္။ ဝန္ထမ္းအလုပ္ ရာထူးတိုးတတ္မည္။

လုပ္ငန္းမ်ားခ်ဲ႕ထြင္ ႏိုင္မည္။ အလုပ္မွ အက်ိဳးအျမတ္ ရလိမ့္မယ္။ အဘက္ဘက္မွ ေငြဝင္လိမ့္မယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြႏွင့္ အဆင္ေျပမည္။ စိတ္ကူးထားေသာ ၊ႀကံစည္ထားေသာကိစၥမ်ား လက္ေတြ႕ အေကာင္အထည္ေဖာ္သင့္တဲ့ ကာလ ထဲပါ။ အာမခံတာ ၊တာဝန္ ယူတာ ၊အသင္းအဖြဲ႕ ေငြေတြ လက္ခံတာမ်ိဳး မလုပ္ပါနဲ႔ ျပႆနာ တတ္ပါလိမ့္မယ္။ မိတ္ေဆြေတြရဲ႕အကူအညီျဖင့္ လုပ္ငန္းစီးပြား တိုးတတ္မည္။

အထက္လူႀကီး၏ ေထာက္ခံမႈျဖင့္ အလုပ္တြင္ရာထူး တိုးမည္။ အိမ္ေထာင္ေရးသာယာ မည္။ အိမ္ေထာင္သည္ မ်ားေျခမရႈပ္ပါႏွင့္။ ခ်စ္သူနဲ႔ ေသြးေအး ေနလိမ့္မယ္။ ခ်စ္သူ မရွိေသးသူမ်ား ခ်စ္သူနဲ႔ေဝးေန သူမ်ား ခ်စ္သူသစ္ရ လိမ့္မည္။ စန္းပြင့္ေနေသာေၾကာင့္ ခ်စ္ေရးဆိုျခင္းခံရလိမ့္မည္။ ထီဝါသနာပါသူမ်ား ထီထိုး သင့္တဲ့ကာလပါပဲ။ ၂၊ ၄ မ်ားမ်ား ပါေသာ ထီဂဏန္း ေ႐ြးထိုးပါ။ ႏွစ္ေပါင္းမ်ားစြာ ခြဲခြာေနရေသာ သူငယ္ခ်င္းႏွင့္ ျပန္ဆုံတတ္ သည္။

အက်ိဳးေပးဂဏန္း ၂၊ ၈၊ ၄

အထူးေဟာ ကံအထူးေကာင္း ေနပါလိမ့္မယ္

ယၾတာ နံနက္ေစာေစာ အ႐ုဏ္ဆြမ္း ထေလာင္းလႉပါ

စေန

အႀကံအစည္ ပ်က္လြယ္သည္။ က်န္းမားေရး အားနည္းေနသည္။ ဗိုက္ေအာက္၊ ဗိုက္နာ ျဖစ္တတ္ပါတယ္။ ဘာကိစၥပဲႀကဳံႀကဳံ အလ်င္စလို မဆုံးျဖတ္ပါႏွင့္။ ကိုယ္တိုင္ဆုံးျဖတ္ျခင္းထက္ သူမ်ားဆီက အႀကံဉာဏ္ယူၿပီး ဆုံးျဖတ္ရမဲ့ ကာလ ပါ။ ခ်စ္သူနဲ႔ စိတ္ဝမ္းကြဲပါလိမ့္မယ္။ ခ်စ္သူခ်င္း ခြဲခြာေနရတတ္ပါသည္။ အဆက္အသြယ္ မလုပ္တဲ့ ခ်စ္သူေၾကာင့္ စိတ္ညစ္ရပါလိမ့္မယ္။ သတိရစရာ လြမ္းဆြတ္စရာေတြ ျပည့္ႏွက္ေနမဲ့ ကာလပါ။ အလုပ္အသစ္ မစတင္ပါ ႏွင့္။

အလုပ္ထဲမွာ မိမိကို မနာလိုသူေတြ အုပ္စုဖြဲ႕ ေခ်ာက္ခ်တာမ်ိဳး ႀကဳံရတတ္တဲ့အတြက္ သတိရွိပါ။ လႈပ္ရွားမႈမ်ားမဲ့ ကာလေတြပါ။ အၿငိမ္မေနရ ျဖစ္ပါလိမ့္မယ္။ မိသားစုအတြင္း စိတ္ခ်မ္းသာစရာ ကိစၥမ်ား ျဖစ္ေပၚမည္။ အလုပ္ပိုေတြ ၊လူမႈေရးကိစၥေတြေၾကာင့္ မနားရမဲ့ ကာလပါ။ ေငြမေခ်းပါႏွင့္။ အားနာလို႔၊ လူရင္း မို႔လို႔ဆိုၿပီး ေငြ ေခ်းပါက ဆုံးတတ္ပါသည္။

အလုပ္ေျပာင္းရ ၊ဌာနေျပာင္း တာမ်ိဳး ႀကဳံရတတ္ပါတယ္။ လူရင္းေတြ ၊ အနီးကပ္ မိတ္ေဆြ ေတြရဲ႕ ဒုကၡေပးျခင္းကို ခံရပါလိမ့္မယ္။သူတစ္ပါး ျပႆနာၾကားဝင္ ေျဖရွင္း ရပါလိမ့္မည္။ အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးယာယီ ႀကဳံရတတ္သည္။ မိသားစုအတြင္း တစ္ေယာက္တစ္ေပါက္ ျဖစ္ ေနလိမ့္မည္။ ေမာင္ႏွမ အခ်င္းခ်င္း စိတ္ဝမ္းကြဲလိမ့္မည္။ မႏိုင္ဝန္ထမ္းရမဲ့ ကာလပါ။ အလုပ္ဝန္ ပိေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၃၊ ၆၊ ၇

အထူးေဟာ ကံညံ့ေနသည္

ယၾတာ ရဟန္းတစ္ပါးကို အားေဆးတစ္ဘူး လႉလိုက္ပါ။

၇ ရက္သားသမီးအေပါင္း ရန္သူမ်ိဳး ငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Post a Comment

0 Comments