ယုတ်မာတဲ့ မြွေ

တခါတုန်းက မိန်းကလေးတယောက်ဟာ သူ့အဖိုးအိမ် သွားဖို့ ဆိုပြီး လယ်ကန်သင်းရိုး လမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့ ငုံ့ကြည့်လိုက်တယ်။ ခြေထောက်နားမှာ မြွေတကော။ မြွေက ခလောက်ဆွဲမြွေ အမျိုးအစား။ အဲ့ဒီအချိန်မှာ မိန်းကလေးက ဘာမှ မလုပ်ရသေးခင် မြွေက မိန်းကလေးကို ပြောပါတယ်။

"ငါ သေရတော့မယ် ထင်တယ်၊ အရမ်းလည်း ချမ်းနေတယ်၊ ဒီနေရာမှာ အရမ်းအေးတာပဲ၊ အခုထိ ဘာမှလည်း မစားရသေးဘူး။ ဖြစ်နိုင်ရင် ငါ့ကို နင့်ရဲ့ အင်္ကျီထဲ ထည့်ပြီး နင်နဲ့ အတူ ခေါ်သွားပါလား"

မိန်းကလေးက "မဖြစ်ဘူး မဖြစ်ဘူး၊ နင် ဘာမြွေလဲ ဆိုတာ ငါသိတယ်၊ နင်က ခလောက်ဆွဲမြွေ။ ငါ နင့်ကို ခေါ်သွားရင် နင် ငါ့ကို ကိုက်မှာ၊ နင်က အဆိပ်ပြင်းတယ်" လို့ ပြန်ပြောတယ်။

မြွေက မိန်းကလေး ပြောတာကို လက်မခံဘူး "မကိုက်ဘူး မကိုက်ဘူး စိတ်ချ။ နင်သာ ငါ့ကို ကူညီရင် ငါဟာ နင့် သူငယ်ချင်းကောင်းပဲ။ နင့်ကိုငါ ကောင်းကောင်း မွန်မွန် တကယ် ဆက်ဆံမှာ"

မြွေက ဒီလို ပြောလာတော့ မိန်းကလေး တွေဝေသွားတယ်။ ပြီးတော့ မြွေကို ကြည့်တယ်။ မြွေက လှလိုက်တာ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ။ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ။ မိန်းကလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။

"ကောင်းပြီ နင့်ကို ငါယုံတယ်၊ နင့်ကို ငါကယ်မယ်။ ဘယ်လို သက်ရှိသတ္တဝါ မဆို ကြင်နာမှုနဲ့ ထိုက်တန်တယ် ဆိုတာ ငါ လက်ခံ ယုံကြည်ထားတယ်"

ပြောပြောဆိုဆိုနဲ့ မိန်းကလေးက မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီ အောက်ထဲ ထည့်လို့ သူ့အဖိုးအိမ်ကို ဆက်ထွက်လာ ခဲ့တယ်။ အဲဒီလို လျှောက်လာရင်း လျှောက်လာရင်းနဲ့ မိန်းကလေးဟာ ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစားလိုက် ရတယ်။

မြွေက သူ့ကို ကိုက်လိုက်ပါပြီ။ မိန်းကလေး ငိုတယ်။ နောင်တ ရတယ်။ "နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲဟင်၊ နင်ပြောတော့ ငါ့ကို မကိုက်ဘူးဆို၊ ငါ နင့်ကို ယုံခဲ့တယ်လေ"

အဲဒီတော့ မြွေက "နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက ငါဘယ်လို အမျိုးအစားလဲ ဆိုတာ နင် သိပြီးသားပဲ။ မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့" လို့ ပြောပြီး အမြီးလေးကို ခလောက်လို့ တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွားပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ပုံပြင်ထဲက မြွေလို ကျက်သရေတုံးတဲ့ လူသားတွေ အတော်များများကို ပတ်ဝန်းကျင်မှာ ကြုံဖူးကြမယ်ထင်ပါတယ်။ တချို့လူတွေက သွားသနားလို့ မရပါဘူး။ တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ။

တချို့ လူတွေကတော့ ခွေးမြီးကောက် ကျည်တောက်စွပ် တွေပါ။ တချို့လူတွေက ခုတမျိုး တော်ကြာ တမျိုးပါပဲ။ တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ် ပါသေးတယ်။ တချို့လူတွေက မူယာမာယာ သိပ်များပါတယ်။ တချို့လူတွေက ကူလီကူမာ သိပ်ကျွမ်းပါတယ်။

ဒီတော့ လူတိုင်းက သနားကမားရုပ်နဲ့ မျက်ရည်ခံထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားရပါမယ်။ အပေါ်ယံရွှေမှုံ ကြဲထားတဲ့ မျက်နှာစာတွေနဲ့လည်း သူတို့ရဲ့ အတွင်းစိတ်သန္တာန် တွေကို ခဏတာ အားဖြင့် ဖုံးထားလို့ ရတယ် ဆိုတာကိုလည်း စွဲမှတ်ထားရပါမယ်။

တချို့ တချို့ သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး၊ စေတနာ ထားမှုမျိုး၊ ယုံကြည်မှုမျိုးနဲ့မှ မထိုက်တန်ဘူး ဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

crd

Zawgyi

ယုတ္မာတဲ့ ေႁမြ

တခါတုန္းက မိန္းကေလးတေယာက္ဟာ သူ႔အဖိုးအိမ္ သြားဖို႔ ဆိုၿပီး လယ္ကန္သင္း႐ိုး လမ္းအတိုင္း ေလွ်ာက္လာေနတုန္း ေရွာကနဲ အသံၾကားေတာ့ ငုံ႔ၾကည့္လိုက္တယ္။ ေျခေထာက္နားမွာ ေႁမြတေကာ။ ေႁမြက ခေလာက္ဆြဲေႁမြ အမ်ိဳးအစား။ အဲ့ဒီအခ်ိန္မွာ မိန္းကေလးက ဘာမွ မလုပ္ရေသးခင္ ေႁမြက မိန္းကေလးကို ေျပာပါတယ္။

"ငါ ေသရေတာ့မယ္ ထင္တယ္၊ အရမ္းလည္း ခ်မ္းေနတယ္၊ ဒီေနရာမွာ အရမ္းေအးတာပဲ၊ အခုထိ ဘာမွလည္း မစားရေသးဘူး။ ျဖစ္ႏိုင္ရင္ ငါ့ကို နင့္ရဲ႕ အက်ႌထဲ ထည့္ၿပီး နင္နဲ႔ အတူ ေခၚသြားပါလား"

မိန္းကေလးက "မျဖစ္ဘူး မျဖစ္ဘူး၊ နင္ ဘာေႁမြလဲ ဆိုတာ ငါသိတယ္၊ နင္က ခေလာက္ဆြဲေႁမြ။ ငါ နင့္ကို ေခၚသြားရင္ နင္ ငါ့ကို ကိုက္မွာ၊ နင္က အဆိပ္ျပင္းတယ္" လို႔ ျပန္ေျပာတယ္။

ေႁမြက မိန္းကေလး ေျပာတာကို လက္မခံဘူး "မကိုက္ဘူး မကိုက္ဘူး စိတ္ခ်။ နင္သာ ငါ့ကို ကူညီရင္ ငါဟာ နင့္ သူငယ္ခ်င္းေကာင္းပဲ။ နင့္ကိုငါ ေကာင္းေကာင္း မြန္မြန္ တကယ္ ဆက္ဆံမွာ"

ေႁမြက ဒီလို ေျပာလာေတာ့ မိန္းကေလး ေတြေဝသြားတယ္။ ၿပီးေတာ့ ေႁမြကို ၾကည့္တယ္။ ေႁမြက လွလိုက္တာ သူ႔အကြက္ေလးေတြက ပန္းခ်ီကား တခ်ပ္လိုပဲ။ ငါျမင္ဖူးသမွ် ေႁမြေတြထဲမွာ သူအလွဆုံးပဲ။ မိန္းကေလး ခ်က္ခ်င္းပဲ ဆုံးျဖတ္လိုက္တယ္။

"ေကာင္းၿပီ နင့္ကို ငါယုံတယ္၊ နင့္ကို ငါကယ္မယ္။ ဘယ္လို သက္ရွိသတၱဝါ မဆို ၾကင္နာမႈနဲ႔ ထိုက္တန္တယ္ ဆိုတာ ငါ လက္ခံ ယုံၾကည္ထားတယ္"

ေျပာေျပာဆိုဆိုနဲ႔ မိန္းကေလးက ေႁမြကို ညင္ညင္သာသာနဲ႔ ယူၿပီး အက်ႌ ေအာက္ထဲ ထည့္လို႔ သူ႔အဖိုးအိမ္ကို ဆက္ထြက္လာ ခဲ့တယ္။ အဲဒီလို ေလွ်ာက္လာရင္း ေလွ်ာက္လာရင္းနဲ႔ မိန္းကေလးဟာ ျပင္းထန္တဲ့ နာက်င္မႈ တခုကို ခံစားလိုက္ ရတယ္။

ေႁမြက သူ႔ကို ကိုက္လိုက္ပါၿပီ။ မိန္းကေလး ငိုတယ္။ ေနာင္တ ရတယ္။ "နင္ ငါ့ကို ဘယ္လို လုပ္လိုက္တာလဲဟင္၊ နင္ေျပာေတာ့ ငါ့ကို မကိုက္ဘူးဆို၊ ငါ နင့္ကို ယုံခဲ့တယ္ေလ"

အဲဒီေတာ့ ေႁမြက "နင္ ငါ့ကို ေခၚသြားဖို႔ ဆုံးျဖတ္ကတည္းက ငါဘယ္လို အမ်ိဳးအစားလဲ ဆိုတာ နင္ သိၿပီးသားပဲ။ မတတ္ႏိုင္ဘူးေလ နင့္ထိုက္နဲ႔ နင့္ကံေပါ့" လို႔ ေျပာၿပီး အၿမီးေလးကို ခေလာက္လို႔ တြန႔္တြန႔္ တြန႔္တြန႔္နဲ႔ ထြက္သြားပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ပုံျပင္ထဲက ေႁမြလို က်က္သေရတုံးတဲ့ လူသားေတြ အေတာ္မ်ားမ်ားကို ပတ္ဝန္းက်င္မွာ ႀကဳံဖူးၾကမယ္ထင္ပါတယ္။ တခ်ိဳ႕လူေတြက သြားသနားလို႔ မရပါဘူး။ တခ်ိဳ႕လူေတြက လွ်ာႏွစ္ခြနဲ႔ ခုနက ေႁမြလိုပါပဲ။

တခ်ိဳ႕ လူေတြကေတာ့ ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ ေတြပါ။ တခ်ိဳ႕လူေတြက ခုတမ်ိဳး ေတာ္ၾကာ တမ်ိဳးပါပဲ။ တခ်ိဳ႕လူေတြက အယုံသြင္းၿပီးမွ ယုတ္မာတတ္ ပါေသးတယ္။ တခ်ိဳ႕လူေတြက မူယာမာယာ သိပ္မ်ားပါတယ္။ တခ်ိဳ႕လူေတြက ကူလီကူမာ သိပ္ကြၽမ္းပါတယ္။

ဒီေတာ့ လူတိုင္းက သနားကမား႐ုပ္နဲ႔ မ်က္ရည္ခံထိုးတိုင္း သနားစရာ မေကာင္းဘူး ဆိုတာကိုလည္း ေခါင္းထဲ ထည့္ထားရပါမယ္။ အေပၚယံေ႐ႊမႈံ ႀကဲထားတဲ့ မ်က္ႏွာစာေတြနဲ႔လည္း သူတို႔ရဲ႕ အတြင္းစိတ္သႏၲာန္ ေတြကို ခဏတာ အားျဖင့္ ဖုံးထားလို႔ ရတယ္ ဆိုတာကိုလည္း စြဲမွတ္ထားရပါမယ္။

တခ်ိဳ႕ တခ်ိဳ႕ ေသာ သူေတြဟာ ဘယ္လို သနားၾကင္နာမႈမ်ိဳး၊ ေစတနာ ထားမႈမ်ိဳး၊ ယုံၾကည္မႈမ်ိဳးနဲ႔မွ မထိုက္တန္ဘူး ဆိုတာကိုလည္း နားလည္ထားဖို႔ လိုအပ္ပါတယ္။

crd

Post a Comment

0 Comments