တစ်ခါတရံမှာ တိရစ္ဆာန်လေးတွေက အမြန်လမ်းပေါ်ကို ရောက်လာတတ်ပါတယ်။ ဒါပေမယ့် သူတို့က ကားလမ်း မကူးတတ်ကြတာကြောင့် ကားတွေ၊ ယာဉ်တွေကို ကြောက်တတ်ကြပါတယ်။

တစ်နေ့မှာတော့ အီကွေဒေါနိုင်ငံရဲ့ ရဲစခန်းတစ်ခုကို ဖုန်းတစ်လုံး ဝင်လာပါတယ်။ ဖုန်းက လူဆိုးဖမ်းပေးဖို့ အကူအညီတောင်းတာ မဟုတ်ပါဘူး။ အသက်တစ်ချောင်းကို ကယ်ပေးဖို့ အကူအညီ တောင်းတဲ့ဖုန်းပါ။

တောထဲက ဆလော့ဝက်ဝံလေးတစ်ကောင်က အမြန်လမ်းပေါ်ကို ရောက်လာပြီး လမ်းမကူးရဲ ဖြစ်နေတာပါ။ ဆလော့ဝက်ဝံလေးဟာ အရှိန်နဲ့ သွားလာနေတဲ့ ကားတွေကို ကြောက်ပြီး ဆိုင်းဘုတ်တစ်ခုကို မလွှတ်တမ်း ဖက်ထားပါတယ်။

လမ်းသွားလမ်းလာတွေက ဆလော့ဝက်ဝံလေးရဲ့ အဖြစ်ကို သနားပြီး ရဲစခန်းကို အကူအညီ တောင်းလိုက်တာပါ။ ရဲတွေ ရောက်လာတဲ့အခါလည်း ဆလော့ဝက်ဝံလေးက ကြောက်နေတုန်းပါပဲ။ ဒါပေမယ့် သူ့ပုံစံက နည်းနည်းတော့ အားတက်သွားပုံပါ။

နောက်ဆုံးမှာတော့ ရဲတွေ ဆလော့ဝက်ဝံလေးကို ကယ်တင်ပြီး တိရစ္ဆာန်ဆေးခန်းကို ပို့လိုက်ပါတယ်။ ဝက်ဝံလေးရဲ့ ကျန်းမာရေးက ကောင်းလို့ တောထဲကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီအကြောင်းကို ရဲတွေက Facebook မှာ တင်လိုက်တဲ့အခါ လူအများက သဘောကျခဲ့ကြပါတယ်။ တိရစ္ဆာန်လေးတွေကို ကြင်နာပြီး ကူညီပေးတဲ့ ရဲတွေကို လူအများက ချီးကျူးကျေးဇူးတင် နေကြပါတယ်။

Zombie (lovemedia)





for zawgyi

အျမန္လမ္းေပၚမွာ လမ္းမကူးရဲတဲ့ ဆေလာ့ဝက္ဝံေလးကို ကူညီေပးခဲ့ၾကတဲ့ ရဲမ်ား

တစ္ခါတရံမွာ တိရစာၦန္ေလးေတြက အျမန္လမ္းေပၚကို ေရာက္လာတတ္ပါတယ္။ ဒါေပမယ့္ သူတို႔က ကားလမ္း မကူးတတ္ၾကတာေၾကာင့္ ကားေတြ၊ ယာဥ္ေတြကို ေၾကာက္တတ္ၾကပါတယ္။

တစ္ေန႔မွာေတာ့ အီေကြေဒါႏိုင္ငံရဲ႕ ရဲစခန္းတစ္ခုကို ဖုန္းတစ္လုံး ဝင္လာပါတယ္။ ဖုန္းက လူဆိုးဖမ္းေပးဖို႔ အကူအညီေတာင္းတာ မဟုတ္ပါဘူး။ အသက္တစ္ေခ်ာင္းကို ကယ္ေပးဖို႔ အကူအညီ ေတာင္းတဲ့ဖုန္းပါ။

ေတာထဲက ဆေလာ့ဝက္ဝံေလးတစ္ေကာင္က အျမန္လမ္းေပၚကို ေရာက္လာၿပီး လမ္းမကူးရဲ ျဖစ္ေနတာပါ။ ဆေလာ့ဝက္ဝံေလးဟာ အရွိန္နဲ႔ သြားလာေနတဲ့ ကားေတြကို ေၾကာက္ၿပီး ဆိုင္းဘုတ္တစ္ခုကို မလႊတ္တမ္း ဖက္ထားပါတယ္။ လမ္းသြားလမ္းလာေတြက ဆေလာ့ဝက္ဝံေလးရဲ႕ အျဖစ္ကို သနားၿပီး ရဲစခန္းကို အကူအညီ ေတာင္းလိုက္တာပါ။

ရဲေတြ ေရာက္လာတဲ့အခါလည္း ဆေလာ့ဝက္ဝံေလးက ေၾကာက္ေနတုန္းပါပဲ။ ဒါေပမယ့္ သူ႔ပုံစံက နည္းနည္းေတာ့ အားတက္သြားပုံပါ။ ေနာက္ဆုံးမွာေတာ့ ရဲေတြ ဆေလာ့ဝက္ဝံေလးကို ကယ္တင္ၿပီး တိရစာၦန္ေဆးခန္းကို ပို႔လိုက္ပါတယ္။ ဝက္ဝံေလးရဲ႕ က်န္းမာေရးက ေကာင္းလို႔ ေတာထဲကို ျပန္လႊတ္ေပးလိုက္ပါတယ္။

အဲဒီအေၾကာင္းကို ရဲေတြက Facebook မွာ တင္လိုက္တဲ့အခါ လူအမ်ားက သေဘာက်ခဲ့ၾကပါတယ္။ တိရစာၦန္ေလးေတြကို ၾကင္နာၿပီး ကူညီေပးတဲ့ ရဲေတြကို လူအမ်ားက ခ်ီးက်ဴးေက်းဇူးတင္ ေနၾကပါတယ္။

Zombie (lovemedia)