ခါးနာတာကို သက်သာစေမယ့် အိပ်စက်နည်း (၅) မျိုး

မနက် အိပ်ရာထတဲ့အချိန် ခါးနာတာလောက် နေရခက်တဲ့ ဝေဒနာ မရှိနိုင်တော့ပါဘူး။ ခါးနာရတဲ့ အကြောင်းရင်းက အမျိုးမျိုး ရှိနိုင်ပါတယ်။ လူ့ဘဝရဲ့ သုံးပုံတစ်ပုံနီးပါးကို အိပ်စက်ရတာနဲ့ အချိန်ကုန်တာကြောင့် အိပ်နည်း ပုံစံကလည်း ခါးနာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ခါးနာသက်သာစေမယ့် အိပ်ပုံအိပ်နည်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကွေးပြီးအိပ်ခြင်း

ဒူးကို ရင်ဘတ်နားအထိ ရောက်အောင် ကွေးပြီးအိပ်တာက အဆစ်တွေကို အနားပေးရရောက်ပြီး ကျောဆစ်ရိုးတွေ ကြားထဲမှာရှိတဲ့ အရိုးနုလွှာတွေကို သက်သာစေပါတယ်။ ဒီနည်းလမ်းက ခါးနာသူတွေအတွက် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါပဲ။

၂။ ဗိုက်အောက်မှာ ခေါင်းအုံးထားအိပ်ခြင်း

မှောက်အိပ်တာက လည်ပင်းနာစေပါတယ်။ ဒါပေမယ့် ခါးနာတတ်သူတွေအတွက် မှောက်အိပ်တာက အဆင်ပြေပါတယ်။ ဗိုက်အောက်မှာ ခေါင်းအုံးထားပြီး မှောက်အိပ်တာက ကျောရိုးဆစ်တွေကြားထဲမှာရှိတဲ့ အရိုးနုလွှာတွေကို သက်သာစေပါတယ်။ ခေါင်းအုံးက ဗိုက်အောက်မှာ ဆိုပေမယ့် ဝမ်းဗိုက်အောက်ပိုင်း နေရာမှာ ထားပြီး အိပ်ရမှာပါ။

၃။ ဒူးအောက်မှာ ခေါင်းအုံးထားအိပ်ခြင်း

ဒီနည်းက ကျောရိုးကို တည့်စေပြီး ကိုယ်တွင်းအင်္ဂါတွေအတွက်လည်း ကောင်းကျိူး ရစေမှာပါ။ ဒူးအောက်မှာ ထားအိပ်ပြီး နည်းနည်း နေရခက်နေရင် တဘက်ကို လိပ်ပြီး ခါးအောက်မှာ ထားလိုက်ပါ။

၄။ ဒူးကြားထဲမှာ ခေါင်းအုံးညှပ်အိပ်ခြင်း

သင်က ဘေးစောင်း အိပ်တတ်သူဆိုရင် ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးထားပြီး အိပ်ပါ။ ဒီနည်းနဲ့အိပ်မယ် ဆိုရင်တော့ ကျောရိုး၊ တင်ပါးနဲ့ တင်ပဆုံရိုးက ဖြောင့်တန်းနေဖို့တော့ လိုအပ်ပါတယ်။

၅။ ပက်လက်အိပ်ခြင်း

ပက်လက်အိပ်တာ သင့်ရဲ့ ကိုယ်လုံးကို တည့်မတ်စေပြီး အသက်ရှူလည်း ကောင်းစေပါတယ်။ နောက်ပြီးတော့ ကျောရိုးအောက်က ဖိအားတွေကိုလည်း လျော့စေမှာပါ။

ခါးနာသူတွေအတွက် မွေ့ရာရွေးချယ်နည်း

သက်တောင့်သက်သာ အိပ်ပျော်ဖို့အတွက် မွေ့ရာကလည်း အရေးပါပါတယ်။ ခါးနာတာသက်သာဖို့ နူးညံ့တဲ့မွေ့ရာဖြစ်ဖို့ အရေးမကြီးပါဘူး။ အရည်အသွေးကောင်းတဲ့ မွေ့ရာဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ခါးနာတာ သက်သာဖို့၊ သက်တောင့်သက်သာ ဖြစ်စေဖို့ မွေ့ရာအောက်မှာ အထပ်သားတစ်ချပ်ကို ထားပြီးအိပ်လိုက်ပါ။

Zombie (lovemedia)

for zawgyi

ခါးနာတာကို သက္သာေစမယ့္ အိပ္စက္နည္း (၅) မ်ိဳး

မနက္ အိပ္ရာထတဲ့အခ်ိန္ ခါးနာတာေလာက္ ေနရခက္တဲ့ ေဝဒနာ မရွိႏိုင္ေတာ့ပါဘူး။ ခါးနာရတဲ့ အေၾကာင္းရင္းက အမ်ိဳးမ်ိဳး ရွိႏိုင္ပါတယ္။ လူ႔ဘဝရဲ႕ သုံးပုံတစ္ပုံနီးပါးကို အိပ္စက္ရတာနဲ႔ အခ်ိန္ကုန္တာေၾကာင့္ အိပ္နည္း ပုံစံကလည္း ခါးနာျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ အဲဒါေၾကာင့္ ခါးနာသက္သာေစမယ့္ အိပ္ပုံအိပ္နည္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေကြးၿပီးအိပ္ျခင္း

ဒူးကို ရင္ဘတ္နားအထိ ေရာက္ေအာင္ ေကြးၿပီးအိပ္တာက အဆစ္ေတြကို အနားေပးရေရာက္ၿပီး ေက်ာဆစ္႐ိုးေတြ ၾကားထဲမွာရွိတဲ့ အ႐ိုးႏုလႊာေတြကို သက္သာေစပါတယ္။ ဒီနည္းလမ္းက ခါးနာသူေတြအတြက္ အ႐ိုးရွင္းဆုံးနဲ႔ အထိေရာက္ဆုံး နည္းလမ္းပါပဲ။

၂။ ဗိုက္ေအာက္မွာ ေခါင္းအုံးထားအိပ္ျခင္း

ေမွာက္အိပ္တာက လည္ပင္းနာေစပါတယ္။ ဒါေပမယ့္ ခါးနာတတ္သူေတြအတြက္ ေမွာက္အိပ္တာက အဆင္ေျပပါတယ္။ ဗိုက္ေအာက္မွာ ေခါင္းအုံးထားၿပီး ေမွာက္အိပ္တာက ေက်ာ႐ိုးဆစ္ေတြၾကားထဲမွာရွိတဲ့ အ႐ိုးႏုလႊာေတြကို သက္သာေစပါတယ္။ ေခါင္းအုံးက ဗိုက္ေအာက္မွာ ဆိုေပမယ့္ ဝမ္းဗိုက္ေအာက္ပိုင္း ေနရာမွာ ထားၿပီး အိပ္ရမွာပါ။

၃။ ဒူးေအာက္မွာ ေခါင္းအုံးထားအိပ္ျခင္း

ဒီနည္းက ေက်ာ႐ိုးကို တည့္ေစၿပီး ကိုယ္တြင္းအဂၤါေတြအတြက္လည္း ေကာင္းက်ိဴး ရေစမွာပါ။ ဒူးေအာက္မွာ ထားအိပ္ၿပီး နည္းနည္း ေနရခက္ေနရင္ တဘက္ကို လိပ္ၿပီး ခါးေအာက္မွာ ထားလိုက္ပါ။

၄။ ဒူးၾကားထဲမွာ ေခါင္းအုံးညႇပ္အိပ္ျခင္း

သင္က ေဘးေစာင္း အိပ္တတ္သူဆိုရင္ ဒူးႏွစ္ဖက္ၾကားမွာ ေခါင္းအုံးထားၿပီး အိပ္ပါ။ ဒီနည္းနဲ႔အိပ္မယ္ ဆိုရင္ေတာ့ ေက်ာ႐ိုး၊ တင္ပါးနဲ႔ တင္ပဆုံ႐ိုးက ေျဖာင့္တန္းေနဖို႔ေတာ့ လိုအပ္ပါတယ္။

၅။ ပက္လက္အိပ္ျခင္း

ပက္လက္အိပ္တာ သင့္ရဲ႕ ကိုယ္လုံးကို တည့္မတ္ေစၿပီး အသက္ရႉလည္း ေကာင္းေစပါတယ္။ ေနာက္ၿပီးေတာ့ ေက်ာ႐ိုးေအာက္က ဖိအားေတြကိုလည္း ေလ်ာ့ေစမွာပါ။

ခါးနာသူေတြအတြက္ ေမြ႕ရာေ႐ြးခ်ယ္နည္း

သက္ေတာင့္သက္သာ အိပ္ေပ်ာ္ဖို႔အတြက္ ေမြ႕ရာကလည္း အေရးပါပါတယ္။ ခါးနာတာသက္သာဖို႔ ႏူးညံ့တဲ့ေမြ႕ရာျဖစ္ဖို႔ အေရးမႀကီးပါဘူး။ အရည္အေသြးေကာင္းတဲ့ ေမြ႕ရာျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။ ခါးနာတာ သက္သာဖို႔၊ သက္ေတာင့္သက္သာ ျဖစ္ေစဖို႔ ေမြ႕ရာေအာက္မွာ အထပ္သားတစ္ခ်ပ္ကို ထားၿပီးအိပ္လိုက္ပါ။

Zombie (lovemedia)

Post a Comment

0 Comments