ပထမဆုံးမြင်လိုက်ရတဲ့ပုံကနေ ပြောပြမယ့် သင့်ရဲ့စိတ်ရင်းသဘောထား
လူတွေရဲ့ အမူအရာတွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေက ဆက်စပ်နေပါတယ်။ သင့်ရဲ့အတွင်းစိတ်ကို စမ်းသပ်ကြည့်လို့ရမယ့် နည်းလမ်းလေး ရှိပါတယ်။ အရင်ဆုံး အောက်ပါပုံကို ကြည့်လိုက်ပါ။
သင်ပထမဆုံး မြင်လိုက်ရတဲ့တိရစ္ဆာန်ပုံကနေ သင့်ရဲ့အတွင်းစိတ်ကို ဖော်ပြပေးနိုင်ပါတယ်။
၁။ ဝက်ဝံ
သင်က မိသားစုနဲ့ သူငယ်ချင်းတွေကို ဂရုစိုက်တတ်ပေမယ့် အပြင်ထုတ်ပြပြီး မချစ်တတ်သူပါ။ သင့်နှလုံးသားက ဖြူစင်တာကြောင့် ကြိုးကိုင်ခြယ်လှယ် ချင်တဲ့သူ၊ ဟန်ဆောင်တတ်သူတွေနဲ့ အဆင်မပြေပါဘူး။ အဲဒီလို လူတွေကြောင့် မကြာခဏ ဒေါသထွက်ရတတ်ပါတယ်။
၂။ ငါး
သင့်အပေါ် မကောင်းတာတစ်ခုခု ကြံစည်နေရင် အလိုအလျောက်သိတဲ့ အာရုံရှိပါတယ်။ စိတ်ရှည်ပြီး အတွေးအခေါ်လည်း ထက်သန်သူပါ။ သူတစ်ပါးအပေါ် မကူညီချင်သူ၊ လှောင်ပြောင်သူတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။
၃။ သားပိုက်ကောင်
သင်က ပရဟိတစိတ်ဓါတ် ရှိသူပါ။ အကောင်းအကျိူးတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်ပြီး အတိတ်က ကိစ္စကို အတိတ်မှာပဲ ထားတတ်ပါတယ်။ သင့်ဘဝမှာ သူငယ်ချင်း အတုအယောင်တွေရဲ့ သစ္စာဖောက်မှုကို ကြုံတွေ့ရတတ်ပါတယ်။
၄။ ခြင်္သေ့
ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိသူ တစ်ယောက်ပါ။ ယုံကြည်ချက်အတိုင်း ရဲရဲဝံ့ဝံ့ လုပ်တတ်ပါတယ်။ ဒေါသကို လျှော့ဖို့တော့ အရေးကြီးပါတယ်။
၅။ လင်းပိုင်
သင်က အရှိကိုအရှိအတိုင်း ရှုမြင်တတ်ပြီး ပကာသနတွေကို မကြိုက်ပါဘူး။ သူတစ်ပါးအကြိုက်ကိုလည်း မလိုက်လျောတတ်ပါဘူး။ သင့်ကို အမိန့်ဆန်ဆန် လာပြောတာတွေနဲ့ ပက်သက်ရင် အရမ်းကို ဒေါသထွက် လွယ်ပါတယ်။
၆။ မြေခွေး
သင်က ဘယ်လိုလူတွေ ဆီကနေဖြစ်ဖြစ် အသစ်အဆန်းတွေကို မြန်မြန်လေ့လာလွယ်သူပါ။ အရာအားလုံးကို ယုတ္တိရှိရှိ စဉ်းစားတတ်ပါတယ်။ သင့်အပေါ် ဗိုလ်ကျလွန်းသူတွေနဲ့ စိတ်ရှုပ်ရတတ်ပါတယ်။
၇။ ကြောင်
သင်က စကားနည်းတာကြောင့် တချို့က သင့်ကို လူကြောက်တယ်လို့ ထင်ပါလိမ့်မယ်။ တခြားသူတွေရဲ့ အလေးထားမှုကို မကြိုက်တာကြောင့် ကိုယ့်စိတ်ကြိုက်ကိုယ့်သဘော နေထိုင်တတ်ပါတယ်။ သင်က စကားအရမ်း ပြောတတ်သူတွေကို ကြည့်မရပါဘူး။
၈။ သိန်းငှက်
သင်က ရည်မှန်းချက် ကြီးမားသူပါ။ သင့်ဘဝမှာ အရေးမပါတဲ့ အရာတွေအတွက် နည်းနည်းမှ အချိန်မပေးပါဘူး။ သင့်အပေါ် ဇာတ်လမ်းတွေဆင်ပြီး ဇာတ်နာပြသူတွေကြောင့် မကြာခဏ ဒေါသထွက် နေရပါတယ်။
၉။ ဆင်
သင်က ခပ်တည်တည် နေတတ်ပေမယ့် ကြင်နာတတ်သူ တစ်ယောက်ပါ။ အနေမှန်တာကြောင့် ဘယ်သူမှ လွယ်လွယ်နဲ့ မစော်ကားရဲပါဘူး။ သင့်အပေါ် မကောင်းသူတွေကို လွယ်လွယ်နဲ့ ခွင့်မလွှတ်တတ်ပါဘူး။
၁၀။ ယုန်
သင်က ပျော်ပျော်နေတတ်ပြီး ဘေးနားသူတွေ ပျော်အောင်လည်း ဖန်တီးပေးတတ်ပါတယ်။ သင့်ဘဝထဲကို မကောင်းတဲ့အရာတွေ ပေးလာရင်လည်း ဟာသလုပ်ပစ်လိုက်သူပါ။ အဆိုးမြင်ဝါဒီ သမားတွေကိုတော့ မျက်မုန်းကျိုးနေသူပါ။
၁၁။ သစ်ကုလားအုတ်
သင်က ကြင်နာတတ်သလို သူတစ်ပါးဆီက ကြင်နာမှုတွေကိုလည်း မျှော်လင့်တတ်သူပါ။ သင့်အပေါ် အလေးမထားဘဲ စော်ကားတဲ့သူကို လှည့်မကြည့်ပါဘူး။ အားနည်းသူတွေ ရှေ့ကနေလည်း ကာကွယ်ပေးတတ်ပါတယ်။ သင့်အပေါ် စိုးမိုးခြယ်လှယ် ချင်သူတွေကြောင့် စိတ်ရှုပ်ရ တတ်ပါတယ်။
Zombie (lovemedia)
for zawgyi
၁။ ဝက်ဝံ
၂။ ငါး
၃။ သားပိုက်ကောင်
၎။ ခြင်္သေ့
၅။ လင်းပိုင်
၆။ မြေခွေး
၇။ ကြောင်
၈။ သိန်းငှက်
၉။ ဆင်
၁၀။ ယုန်
၁၁။ သစ်ကုလားအုတ်
Zombie (lovemedia)
Post a Comment
0 Comments