၁၀ စက္ကန့် တန်ဖိုး

တခါတုန်းက နာမည်ကြီး ပန်းချီဆရာကြီးပီကာဆို လမ်းလျှောက်နေစဉ် မိန်းမကြီး တယောက်က အနောက်နေက အပြေးလေး လိုက်လာတယ်။ "ဆရာကြီး နေပါဦးရှင့် နေပါဦး။ ကျွန်မဟာ ဆရာကြီးရဲ့ ပန်းချီကားတွေကို အသည်းစွဲ ကြိုက်သူ တယောက်ပါ။ ကြုံတုန်းလေး ကျွန်မကို ပန်းချီ ဆွဲပေးပါရှင် မေတ္တာရပ်ခံပါတယ်"

ပန်းချီဆရာကြီးက ပြုံးလိုက်ပြီး "အမကြီးခင်ဗျား၊ ကျွန်တော့်မှာ ပန်းချီဆွဲဖို့ ဘာမှလည်း ပါမလာဘူးခင်ဗျ။ ဒါကြောင့် နောက် ကြုံတော့မှပဲ"

"မဟုတ်ပါဘူး ဆရာကြီးရယ်၊ ဆရာကြီးနဲ့ နောက် ဘယ်တော့မှ ပြန်ဆုံရမယ် ဆိုတာ မသေချာပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ခုပဲ ဆွဲပေးပါရှင်"

ပီကာဆိုလည်း သူ့အိတ်ထဲက မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်ပြီးတော့ ပါလာတဲ့ ဖောင်တိန်နဲ့ပဲ အမျိုးသမီးကြီးကို ကောက်ကြောင်းတွေ ပုံဖော်ပြီး ရေးဆွဲပေးလိုက်တယ်။ ပီကာဆို ပန်းချီဆွဲချိန် ၁၀ စက္ကန့်ပဲ ကြာတယ်။ ပြီးတော့ မှတ်စုစာရွက်ကို ဖြဲပြီး အမျိုးသမီးကြီးကို လှမ်းပေးလိုက်တယ်။

"ရော့ အစ်မကြီး၊ ဒေါ်လာသန်းချီ တန်မယ့်ပုံ" ဆိုပြီးတော့လည်း ရယ်ရယ်မောမောနဲ့ ပြောလိုက်သေးတယ်။ ပုံတပုံကို ၁၀ စက္ကန့်လောက်နဲ့ ကောက်ရေးပြီး ဒေါ်လာသန်းချီ တန်မယ်လို့ ပြောလိုက်တော့ အမျိုးသမီးကြီးလည်း အံ့အားသင့် သွားတာပေါ့။

ဟုတ် မဟုတ် စမ်းကြည့်ရသေးတာပေါ့ ဆိုပြီး ပီကာဆို ပုံရေးပေးတဲ့ စာရွက်ကို ပန်းချီပြခန်း တခန်းကို ယူသွားပြီး စုံစမ်းတယ်။ တကယ်ပါပဲ ပန်းချီပြခန်းက ပီကာဆိုလက်ရာ အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးတော့ ဒေါ်လာ တသန်း ပေးတယ်။

သူ့လက်ထဲက ၁၀ စက္ကန့်နဲ့ ရေးပေးလိုက်တဲ့ စက္ကူပေါ်က ပန်းချီကားဟာ တကယ်ပဲ ဒေါ်လာ တသန်း တန်နေပါ ပေါ့လား ဆိုပြီး အမျိုးသမီးကြီးက နောက်တကြိမ် ပီကာဆိုကို မတွေ့ တွေ့အောင် ရှာခဲ့တယ်။ ပီကာဆိုကို တွေ့တော့

"ဆရာကြီးရှင်၊ ဆရာကြီး ၁၀ စက္ကန့်နဲ့ အပြီး ဆွဲပေးလိုက်တဲ့ ပန်းချီကားဟာ တကယ်ပဲ ဒေါ်လာ တသန်း တန်နေပါတယ်။ အံ့သြစရာ ကောင်းလိုက်တာရှင်။ ၁၀ စက္ကန့်နဲ့ ဒေါ်လာတသန်း ရှာနိုင်တယ် ဆိုတာ အံ့သြစရာ ကောင်းလှပါတယ်။ ကျွန်မကို ဆရာကြီးဆီမှာ တပည့်အဖြစ် အသိအမှတ် ပြုပါ။ ကျွန်မကို ပန်းချီပညာတွေ သင်ပေးပါရှင့်"

ပီကာဆိုက ပြုံးလိုက်တယ်။ "အစ်မကြီး၊ ကျွန်တော် ၁၀ စက္ကန့်နဲ့ ဆွဲပေးလိုက်တဲ့ ပန်းချီလေးဟာ ဒေါ်လာ တသန်းတန်ဖို့ ကျွန်တော့် ဘဝကိုနှစ်ပေါင်း ၃၀ လောက် အဲဒီအထဲမှာ ဆင်းရဲဒုက္ခ အပင်ပန်းတွေခံပြီး ရင်းနှီး မြှုပ်နှံခဲ့ရတယ်။

အခက် အခဲတွေ အများကြီး ကြုံတွေ့ ရင်ဆိုင်ခဲ့ရတယ်။ နှစ် ၃၀ လောက် ရင်းပြီးမှ ၁၀ စက္ကန့်ကို ဒေါ်လာသန်းချီအောင် တန်သွားတာပါ။ အလကား ရခဲ့တာ မဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။

သူက ဆက်ပြီး "အစ်မကြီး ကျွန်တော့်လို ဖြစ်အောင် ဘယ်နှစ်နှစ်လောက် ပေးဆပ်ဖို့ မျှော်လင့်ထားသလဲ"

အမျိုးသမီးကြီး စကားတခွန်းမှ မပြောနိုင်တော့ပေ။

အောင်မြင်သူများကို ကြည့်ပြီး လွယ်လိုက်တာ ဟု အဆုံးအဖြတ် မစောသင့်ပေ။ အောင်မြင်သူတဦး ဖြစ်ရန် နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ ကြရပေသည်။

Htet Myint Thu

Zawgyi

၁၀ စကၠန႔္ တန္ဖိုး

တခါတုန္းက နာမည္ႀကီး ပန္းခ်ီဆရာႀကီးပီကာဆို လမ္းေလွ်ာက္ေနစဥ္ မိန္းမႀကီး တေယာက္က အေနာက္ေနက အေျပးေလး လိုက္လာတယ္။ "ဆရာႀကီး ေနပါဦးရွင့္ ေနပါဦး။ ကြၽန္မဟာ ဆရာႀကီးရဲ႕ ပန္းခ်ီကားေတြကို အသည္းစြဲ ႀကိဳက္သူ တေယာက္ပါ။ ႀကဳံတုန္းေလး ကြၽန္မကို ပန္းခ်ီ ဆြဲေပးပါရွင္ ေမတၱာရပ္ခံပါတယ္"

ပန္းခ်ီဆရာႀကီးက ၿပဳံးလိုက္ၿပီး "အမႀကီးခင္ဗ်ား၊ ကြၽန္ေတာ့္မွာ ပန္းခ်ီဆြဲဖို႔ ဘာမွလည္း ပါမလာဘူးခင္ဗ်။ ဒါေၾကာင့္ ေနာက္ ႀကဳံေတာ့မွပဲ"

"မဟုတ္ပါဘူး ဆရာႀကီးရယ္၊ ဆရာႀကီးနဲ႔ ေနာက္ ဘယ္ေတာ့မွ ျပန္ဆုံရမယ္ ဆိုတာ မေသခ်ာပါဘူး၊ ဒါေၾကာင့္ ေက်းဇူးျပဳၿပီး ခုပဲ ဆြဲေပးပါရွင္"

ပီကာဆိုလည္း သူ႔အိတ္ထဲက မွတ္စုစာအုပ္ကို ဆြဲထုတ္လိုက္ၿပီးေတာ့ ပါလာတဲ့ ေဖာင္တိန္နဲ႔ပဲ အမ်ိဳးသမီးႀကီးကို ေကာက္ေၾကာင္းေတြ ပုံေဖာ္ၿပီး ေရးဆြဲေပးလိုက္တယ္။ ပီကာဆို ပန္းခ်ီဆြဲခ်ိန္ ၁၀ စကၠန႔္ပဲ ၾကာတယ္။ ၿပီးေတာ့ မွတ္စုစာ႐ြက္ကို ၿဖဲၿပီး အမ်ိဳးသမီးႀကီးကို လွမ္းေပးလိုက္တယ္။

"ေရာ့ အစ္မႀကီး၊ ေဒၚလာသန္းခ်ီ တန္မယ့္ပုံ" ဆိုၿပီးေတာ့လည္း ရယ္ရယ္ေမာေမာနဲ႔ ေျပာလိုက္ေသးတယ္။ ပုံတပုံကို ၁၀ စကၠန႔္ေလာက္နဲ႔ ေကာက္ေရးၿပီး ေဒၚလာသန္းခ်ီ တန္မယ္လို႔ ေျပာလိုက္ေတာ့ အမ်ိဳးသမီးႀကီးလည္း အံ့အားသင့္ သြားတာေပါ့။

ဟုတ္ မဟုတ္ စမ္းၾကည့္ရေသးတာေပါ့ ဆိုၿပီး ပီကာဆို ပုံေရးေပးတဲ့ စာ႐ြက္ကို ပန္းခ်ီျပခန္း တခန္းကို ယူသြားၿပီး စုံစမ္းတယ္။ တကယ္ပါပဲ ပန္းခ်ီျပခန္းက ပီကာဆိုလက္ရာ အစစ္အမွန္ ျဖစ္ေၾကာင္း အတည္ျပဳၿပီးေတာ့ ေဒၚလာ တသန္း ေပးတယ္။

သူ႔လက္ထဲက ၁၀ စကၠန႔္နဲ႔ ေရးေပးလိုက္တဲ့ စကၠဴေပၚက ပန္းခ်ီကားဟာ တကယ္ပဲ ေဒၚလာ တသန္း တန္ေနပါ ေပါ့လား ဆိုၿပီး အမ်ိဳးသမီးႀကီးက ေနာက္တႀကိမ္ ပီကာဆိုကို မေတြ႕ ေတြ႕ေအာင္ ရွာခဲ့တယ္။ ပီကာဆိုကို ေတြ႕ေတာ့

"ဆရာႀကီးရွင္၊ ဆရာႀကီး ၁၀ စကၠန႔္နဲ႔ အၿပီး ဆြဲေပးလိုက္တဲ့ ပန္းခ်ီကားဟာ တကယ္ပဲ ေဒၚလာ တသန္း တန္ေနပါတယ္။ အံ့ၾသစရာ ေကာင္းလိုက္တာရွင္။ ၁၀ စကၠန႔္နဲ႔ ေဒၚလာတသန္း ရွာႏိုင္တယ္ ဆိုတာ အံ့ၾသစရာ ေကာင္းလွပါတယ္။ ကြၽန္မကို ဆရာႀကီးဆီမွာ တပည့္အျဖစ္ အသိအမွတ္ ျပဳပါ။ ကြၽန္မကို ပန္းခ်ီပညာေတြ သင္ေပးပါရွင့္"

ပီကာဆိုက ၿပဳံးလိုက္တယ္။ "အစ္မႀကီး၊ ကြၽန္ေတာ္ ၁၀ စကၠန႔္နဲ႔ ဆြဲေပးလိုက္တဲ့ ပန္းခ်ီေလးဟာ ေဒၚလာ တသန္းတန္ဖို႔ ကြၽန္ေတာ့္ ဘဝကိုႏွစ္ေပါင္း ၃၀ ေလာက္ အဲဒီအထဲမွာ ဆင္းရဲဒုကၡ အပင္ပန္းေတြခံၿပီး ရင္းႏွီး ျမႇဳပ္ႏွံခဲ့ရတယ္။ အခက္ အခဲေတြ အမ်ားႀကီး ႀကဳံေတြ႕ ရင္ဆိုင္ခဲ့ရတယ္။ ႏွစ္ ၃၀ ေလာက္ ရင္းၿပီးမွ ၁၀ စကၠန႔္ကို ေဒၚလာသန္းခ်ီေအာင္ တန္သြားတာပါ။ အလကား ရခဲ့တာ မဟုတ္ပါဘူး" လို႔ ေျပာလိုက္တယ္။

သူက ဆက္ၿပီး "အစ္မႀကီး ကြၽန္ေတာ့္လို ျဖစ္ေအာင္ ဘယ္ႏွစ္ႏွစ္ေလာက္ ေပးဆပ္ဖို႔ ေမွ်ာ္လင့္ထားသလဲ"

အမ်ိဳးသမီးႀကီး စကားတခြန္းမွ မေျပာႏိုင္ေတာ့ေပ။

ေအာင္ျမင္သူမ်ားကို ၾကည့္ၿပီး လြယ္လိုက္တာ ဟု အဆုံးအျဖတ္ မေစာသင့္ေပ။ ေအာင္ျမင္သူတဦး ျဖစ္ရန္ ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးေပးဆပ္ခဲ့ ၾကရေပသည္။

Htet Myint Thu 

Post a Comment

0 Comments