ပင်လယ်လို ကျင့်ပါ

ကလေး တယောက်ဟာ ပင်လယ် အရောက်မှာ လှိုင်းခတ် သွားတာကြောင့် ဖိနပ် ပျောက်သွားလို့ "ပင်လယ်ဟာ သူခိုး" ဆိုပြီး သဲပြင်မှာ စာရေးပြီး သူစွပ်စွဲတယ်။

တံငါသည် လင်မယား ကတော့ ငါးများများ ရတဲ့ တနေ့မှာ "ပင်လယ်ဟာ ကျေးဇူးရှင်ပါ" လို့ သဲပြင်မှာ ရေးပြီး ကျေးဇူးတင်တယ်။

လူငယ်တယောက် ပင်လယ်ထဲမှာ နစ်မြုတ် သေသွားတဲ့ အခါမှာတော့ သူ့အမေက "ပင်လယ်ဟာ လူသတ်သမား" လို့ သဲပြင်ထက်မှာ ရေးခဲ့တယ်။

မရှိဆင်းရဲသား တယောက် ပင်လယ်အောက်မှ အဖိုးတန်တဲ့ ပုလဲကို ကောက်ရတဲ့ အခိုက်မှာ "ပင်လယ်ဟာ တန်ခိုးရှင်" လို့ သဲပြင်ထက်မှာ တင်စား ရေးခဲ့တယ်။

သူတို့ ရေးထားသမျှ စာအားလုံးက သိပ်မကြာခင်မှာပဲ လှိုင်းရေတွေရဲ့ ပုတ်ခတ်မှုကြာင့် သူ့အလိုလို ပျောက်ပျက် သွားရတယ်။ ပင်လယ်က သူ့ကို ဘယ်သူတွေ ဘယ်လိုထင်ထင်၊ ဘယ်လိုမြင်မြင်၊ ဘယ်လိုပဲ တွေးတွေး၊ ဘယ်လိုပဲ ရေးရေး ပင်လယ်က ပင်လယ်ပါပဲ။

သူ့တာဝန် သူ့သဘာဝ အရ ပြောင်းလဲ လည်ပတ်နေတာက လွဲလို့ သူ့အတွက် ဘာမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။

လူ့လောက မှာလည်း ဒီလိုပါပဲ။ ကောင်းအောင် နေမလား ဆိုးအောင် နေမလား၊ ဝမ်းနည်းနေမလား ဝမ်းသာနေမလား၊ အဆိုး လုပ်မလား အကောင်း လုပ်မလား။

ဘယ်လိုပဲနေနေ၊ ဘာတွေပဲ လုပ်လုပ် လူတွေရဲ့ ပါးစပ်က ဝေဖန်ကဲ့ရဲ့တဲ့ စကားတွေနဲ့ လွတ်ကင်းသွားတယ်လို့ မရှိပါဘူး။

ကိုယ့်ကို ကြိုက်သူက အကောင်းပြောမယ်၊ မကြိုက်သူက မကောင်းပြောမယ်။ လူတွေ အားလုံးရဲ့ စကားကို လိုက်ပြီး ခံစား နေဖို့ မလိုပါဘူး။

ဘယ်လောက်ထိ နားကျည်းစရာတွေနဲ့ ကြုံနေပါစေ အချိန်တန်ရင် အရာရာတိုင်းဟာ သူ့အလိုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားကြတာပဲလေ။

ကျွဲကျောင်းသား

Zawgyi

ပင္လယ္လို က်င့္ပါ

ကေလး တေယာက္ဟာ ပင္လယ္ အေရာက္မွာ လႈိင္းခတ္ သြားတာေၾကာင့္ ဖိနပ္ ေပ်ာက္သြားလို႔ "ပင္လယ္ဟာ သူခိုး" ဆိုၿပီး သဲျပင္မွာ စာေရးၿပီး သူစြပ္စြဲတယ္။

တံငါသည္ လင္မယား ကေတာ့ ငါးမ်ားမ်ား ရတဲ့ တေန႔မွာ "ပင္လယ္ဟာ ေက်းဇူးရွင္ပါ" လို႔ သဲျပင္မွာ ေရးၿပီး ေက်းဇူးတင္တယ္။

လူငယ္တေယာက္ ပင္လယ္ထဲမွာ နစ္ျမဳတ္ ေသသြားတဲ့ အခါမွာေတာ့ သူ႔အေမက "ပင္လယ္ဟာ လူသတ္သမား" လို႔ သဲျပင္ထက္မွာ ေရးခဲ့တယ္။

မရွိဆင္းရဲသား တေယာက္ ပင္လယ္ေအာက္မွ အဖိုးတန္တဲ့ ပုလဲကို ေကာက္ရတဲ့ အခိုက္မွာ "ပင္လယ္ဟာ တန္ခိုးရွင္" လို႔ သဲျပင္ထက္မွာ တင္စား ေရးခဲ့တယ္။

သူတို႔ ေရးထားသမွ် စာအားလုံးက သိပ္မၾကာခင္မွာပဲ လႈိင္းေရေတြရဲ႕ ပုတ္ခတ္မႈၾကာင့္ သူ႔အလိုလို ေပ်ာက္ပ်က္ သြားရတယ္။ ပင္လယ္က သူ႔ကို ဘယ္သူေတြ ဘယ္လိုထင္ထင္၊ ဘယ္လိုျမင္ျမင္၊ ဘယ္လိုပဲ ေတြးေတြး၊ ဘယ္လိုပဲ ေရးေရး ပင္လယ္က ပင္လယ္ပါပဲ။

သူ႔တာဝန္ သူ႔သဘာဝ အရ ေျပာင္းလဲ လည္ပတ္ေနတာက လြဲလို႔ သူ႔အတြက္ ဘာမွ ျဖစ္လာႏိုင္စရာ အေၾကာင္း မရွိပါဘူး။

လူ႔ေလာက မွာလည္း ဒီလိုပါပဲ။ ေကာင္းေအာင္ ေနမလား ဆိုးေအာင္ ေနမလား၊ ဝမ္းနည္းေနမလား ဝမ္းသာေနမလား၊ အဆိုး လုပ္မလား အေကာင္း လုပ္မလား။ ဘယ္လိုပဲေနေန၊ ဘာေတြပဲ လုပ္လုပ္ လူေတြရဲ႕ ပါးစပ္က ေဝဖန္ကဲ့ရဲ႕တဲ့ စကားေတြနဲ႔ လြတ္ကင္းသြားတယ္လို႔ မရွိပါဘူး။

ကိုယ့္ကို ႀကိဳက္သူက အေကာင္းေျပာမယ္၊ မႀကိဳက္သူက မေကာင္းေျပာမယ္။ လူေတြ အားလုံးရဲ႕ စကားကို လိုက္ၿပီး ခံစား ေနဖို႔ မလိုပါဘူး။ ဘယ္ေလာက္ထိ နားက်ည္းစရာေတြနဲ႔ ႀကဳံေနပါေစ အခ်ိန္တန္ရင္ အရာရာတိုင္းဟာ သူ႔အလိုလို တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္ သြားၾကတာပဲေလ။

ကြၽဲေက်ာင္းသား

Post a Comment

0 Comments