တခါတုန်းက ဉာဏ်ပညာ ထက်မြက်တဲ့ ပညာရှိကြီးတဦး ရှိပါတယ်။ တနေ့မှာတော့ ပညာရှိကြီးဆီကို အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက် အားလျော့စွာနဲ့ ဝမ်းနည်း ပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တယောက် ရောက်လာပါတယ်။
ပညာရှိကြီးက ထိုလူငယ်ကို ဖန်ခွက်တလုံးနဲ့ ရေခပ်ခိုင်းပြီး ဆားတဆုပ် ကိုလည်း ယူလာခိုင်းပါတယ်။ ရေဖန်ခွက်ထဲကို ဆားတဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်။ ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က "ခါးတူးနေအောင် ငံပါတယ်" လို့ ပြန်ဖြေပါတယ်။
ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့ အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ ပါတယ်။ မြို့အပြင်ဘက်ကို လမ်းလျှောက် လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီး တကန်နား ရောက်လာကြပါတယ်။
ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ် လက်ထဲမှာ ပါလာတဲ့ ဆားတဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်း လိုက်ပါတယ်။ ပြီးတော့ လူငယ်ကို "ကဲ အခု ကန်ထဲက ရေကို သောက်ကြည့်ပါဦး" လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲက ရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်။
ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ "အခုရော ကန်ထဲက ရေက ဘယ်လို အရသာ ရှိသလဲ" လို့ မေးလိုက်ပါတယ်။ ဒီတော့ လူငယ်က "လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ" လို့ ပြန်ဖြေပါတယ်။
"စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား" လို့ ပြန်မေးပြန်တဲ့အခါ "မငံတော့ပါဘူး" လို့ လူငယ်က ပြန်ဖြေလိုက် ပါတယ်။ ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ ပုတ်လိုက်ကာ..
"ငါတို့ ဘဝတွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံး ခါးသီးမှု တွေဟာ ဘာနဲ့တူသလဲ ဆိုရင် ဆားနဲ့ တူပါတယ်။ ဘဝမှာ ကြုံလာတဲ့ နာကျင် ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ်။
မင်းက ခွက်သေးသေးနဲ့ ခံယူမယ် ဆိုရင် ထိခိုက်ဆုံးရှုံးမှုက သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်။ ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ် ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့။
ဒီတော့ ဘဝမှာ ထိခိုက် ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တလုံး မဖြစ်စေနဲ့။ ရေကန်တကန် အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ။
ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲ ရောက်သွားတဲ့ ဆားတဆုပ်လို လျော့ပါး သက်သာသွား ပါလိမ့်မယ်" လို့ ပြောလိုက်ပါတယ်။
Stop being a glass. Become a lake.
crd
Zawgyi
ေရကန္ထဲက ဆားတဆုပ္
တခါတုန္းက ဉာဏ္ပညာ ထက္ျမက္တဲ့ ပညာရွိႀကီးတဦး ရွိပါတယ္။ တေန႔မွာေတာ့ ပညာရွိႀကီးဆီကို အိမ္မီးေလာင္ၿပီး ပိုင္ဆိုင္သမွ် အရာရာကို ဆုံးရႈံးသြားလို႔ စိတ္ပ်က္ အားေလ်ာ့စြာနဲ႔ ဝမ္းနည္း ပူေဆြးၿပီး ငိုေႂကြးေနတဲ့ လူငယ္တေယာက္ ေရာက္လာပါတယ္။
ပညာရွိႀကီးက ထိုလူငယ္ကို ဖန္ခြက္တလုံးနဲ႔ ေရခပ္ခိုင္းၿပီး ဆားတဆုပ္ ကိုလည္း ယူလာခိုင္းပါတယ္။ ေရဖန္ခြက္ထဲကို ဆားတဆုပ္ ထည့္လိုက္ၿပီး ေရာေမႊလိုက္ကာ ထိုလူငယ္ကို ေသာက္ေစပါတယ္။ ၿပီးေတာ့ ဘယ္လိုအရသာမ်ိဳး ရွိသလဲလို႔ ေမးတဲ့အခါ ထိုလူငယ္က "ခါးတူးေနေအာင္ ငံပါတယ္" လို႔ ျပန္ေျဖပါတယ္။
ဒီေတာ့ ပညာရွိႀကီးက အသာၿပဳံးလိုက္ရင္း ထိုသူကို ဆားတဆုပ္ကို ယူလာခဲ့ပါလို႔ ခိုင္းလိုက္ၿပီး သူနဲ႔ အတူ လမ္းေလွ်ာက္ဖို႔ ၿမိဳ႕ျပင္ဘက္ကို ေခၚလာခဲ့ ပါတယ္။ ၿမိဳ႕အျပင္ဘက္ကို လမ္းေလွ်ာက္ လာၾကရင္း အလြန္ က်ယ္ေျပာၿပီး ၾကည္လင္လွတဲ့ ေရကန္ႀကီး တကန္နား ေရာက္လာၾကပါတယ္။
ဒီအခါမွာ ပညာရွိႀကီးက ထိုလူငယ္ လက္ထဲမွာ ပါလာတဲ့ ဆားတဆုပ္ကို ေရကန္ထဲ ပစ္ထည့္ခိုင္း လိုက္ပါတယ္။ ၿပီးေတာ့ လူငယ္ကို "ကဲ အခု ကန္ထဲက ေရကို ေသာက္ၾကည့္ပါဦး" လို႔ ခိုင္းလိုက္တဲ့အခါ ထိုလူငယ္ကလည္း ကန္ထဲက ေရကို လက္ခုပ္နဲ႔ ခပ္ယူၿပီး ေသာက္လိုက္ပါတယ္။
ပညာရွိႀကီးက လူငယ္ ေရေသာက္ၿပီးတဲ့အခါ "အခုေရာ ကန္ထဲက ေရက ဘယ္လို အရသာ ရွိသလဲ" လို႔ ေမးလိုက္ပါတယ္။ ဒီေတာ့ လူငယ္က "လတ္ဆတ္ၿပီး ခ်ိဳျမတဲ့ ေသာက္ေရရဲ႕ နဂိုအရသာ အတိုင္းပါဘဲ" လို႔ ျပန္ေျဖပါတယ္။
"ေစာေစာတုန္းက ေရခြက္ထဲကို ဆားထည့္ၿပီး ေသာက္လိုက္သလို ငံေသးရဲ႕လား" လို႔ ျပန္ေမးျပန္တဲ့အခါ "မငံေတာ့ပါဘူး" လို႔ လူငယ္က ျပန္ေျဖလိုက္ ပါတယ္။ ဒီေတာ့မွ ပညာရွိႀကီးဟာ လူငယ္ေလးရဲ႕ လက္ကို ဆုပ္ကိုင္ၿပီး ပုခုံးကို အသာအယာ ပုတ္လိုက္ကာ
"ငါတို႔ ဘဝေတြရဲ႕ ထိခိုက္နာက်င္မႈ၊ ဆုံးရႈံး ခါးသီးမႈ ေတြဟာ ဘာနဲ႔တူသလဲ ဆိုရင္ ဆားနဲ႔ တူပါတယ္။ ဘဝမွာ ႀကဳံလာတဲ့ နာက်င္ ဆုံးရႈံးမႈေတြကို ခံစားရတဲ့ အတိုင္းအတာဟာ မင္းက ဘယ္လိုခြက္မ်ိဳးနဲ႔ ခံယူမလဲ ဆိုတာနဲ႔ပဲ သက္ဆိုင္တယ္။
မင္းက ခြက္ေသးေသးနဲ႔ ခံယူမယ္ ဆိုရင္ ထိခိုက္ဆုံးရႈံးမႈက သိပ္ကို ႀကီးမားတယ္ လို႔ မင္းထင္လိမ့္မယ္။ ေရကန္လို က်ယ္ေျပာလွတဲ့ ခြက္ႀကီးႀကီးနဲ႔ ခံယူမယ္ ဆိုရင္ အဲဒီဆုံးရႈံးမႈ၊ စိတ္ထိ ခိုက္နာက်င္မႈေတြဟာ ဘာမွ ေျပာပေလာက္တဲ့ ဆုံးရႈံးမႈ၊ ထိခိုက္နာက်င္မႈ မဟုတ္ေတာ့ဘူးေပါ့။
ဒီေတာ့ ဘဝမွာ ထိခိုက္ ဆုံးရႈံးမႈေတြ၊ နာက်င္ခါးသီးတာေတြ ႀကဳံလာတိုင္း ခြက္ႀကီးႀကီးနဲ႔ ခံယူႏိုင္ေအာင္ ႀကိဳးစားပါ။ ကိုယ့္ကိုယ္ကို ဖန္ခြက္တလုံး မျဖစ္ေစနဲ႔။ ေရကန္တကန္ အျဖစ္ ေျပာင္းလဲ က်င့္ႀကံလိုက္ပါ။ ဒီလိုဆိုရင္ နာက်င္ခံစားေနရတာေတြဟာ ေရကန္ထဲ ေရာက္သြားတဲ့ ဆားတဆုပ္လို ေလ်ာ့ပါး သက္သာသြား ပါလိမ့္မယ္" လို႔ ေျပာလိုက္ပါတယ္။
Stop being a glass. Become a lake.
crd
1 Comments
တင်သမျှ သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ReplyDelete