လစာရဲ့ ၉၀ ရာခိုင်နှုန်းကို စုပြီး ၉ နှစ်အတွင်း အိမ် ၂ လုံးဝယ်နိုင်ခဲ့တဲ့ အမျိုးသမီး

ချွေတာစုဆောင်း သူဌေးလောင်း ဆိုတဲ့ စကားပုံအတိုင်း ဝင်ငွေကို စနစ်တကျ သုံးစွဲသိမ်းဆည်းတတ်သူက တစ်နေ့တော့ အသီးအပွင့်တွေကို ခံစားရပါတယ်။

တရုတ်နိုင်ငံမှာ ငွေစုနည်းလမ်းတွေကို group တွေ ဖွဲ့ပြီး social media တွေမှာ မျှဝေကြပါတယ်။ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး Wang Shenai ကလည်း ငွေစုတဲ့ group ထဲမှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

သူတို့ရဲ့ group ရဲ့ နာမည်က ချွေတာစုဆောင်းသော အမျိုးသမီးများ ဖက်ဒရေးရှင်းအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၄ သိန်းရှိပါတယ်။ Wang Shenai က ငွေကို အရမ်း စုဆောင်းတတ်တာကြောင့် နာမည်ကြီး cele တစ်ယောက် ဖြစ်လာပါတယ်။

Wang က ငယ်စဉ်က ချို့ချို့တဲ့တဲ့ ကြီးပြင်းလာခဲ့ရပြီး ပိုက်ဆံကို တတ်နိုင်သလောက်စုဖို့ မိသားစုက အမြဲသင်ပေးပါတယ်။ သူမရဲ့အမေက ပိုက်ဆံကို ရေခဲသေတ္တာထဲမှာ စုဆောင်းပါတယ်။ Wang ကို မုန့်ဖိုးနည်းနည်းလေး ပေးတဲ့အခါ Wang ကလည်း အဲဒီမုန့်ဖိုးကို ပြန်စုပါတယ်။ ငွေစုတတ်တဲ့ အကျင့်က ငယ်စဉ်ကတည်းက Wang မှာ စွဲပါလာပါတယ်။

Wang က ငယ်စဉ်က အိမ်ကျဉ်းကျဉ်းသေးသေးလေးမှာ ကြီးပြင်းလာရတာဖြစ်လို့ အလုပ်ရရချင်းမှာပဲ ကိုယ်ပိုင်အိမ်အတွက် ငွေစစုပါတော့တယ်။ လူအများစုက လိုချင်တဲ့ အရာတွေကို ဝယ်ရတာကို ပျော်ရွှင်မှုလို့ သတ်မှတ်ကြပေမယ့် Wang အတွက်ကတော့ ငွေစုရတာက ပျော်ရွှင်မှုပါ။ ငွေတွေသုံးနေရင် Wang က စိတ်ပူပန်မှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

Wang နဲ့ သူ့အမျိုးသားက ၉ နှစ်လုံး သူတို့ရတဲ့လစာရဲ့ ၉၀ ရာခိုင်နှုန်းကို စုဆောင်းခဲ့ကြပါတယ်။ အဲဒါကြောင့် ၉ နှစ်အတွင်း အိမ် ၂ လုံး ဝယ်နိုင်ခဲ့ပါတယ်။ ခေတ်မီတဲ့ ပရိဘောဂပစ္စည်းတွေ မသုံးရလို့လည်း Wang မရှက်ကြောက်ခဲ့ပါဘူး။ Wang က underwear ဝယ်ဖို့ပဲ တစ်နှစ်ကို ယွမ် ၁၀၀ သုံးတာပါ။ တခြား အဝတ်အစားတွေကိုတော့ သူငယ်ချင်းတွေ ပေးတာတွေကိုပဲ ဝတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး အရက်လည်း မသောက်ပါဘူး။

Wang အကြောင်းကို သိတဲ့သူတွေက အရမ်းကို ကပ်စေးနည်းတယ်လို့ ဆိုကြပါတယ်။ အဲဒီအတွက်လည်း Wang အရမ်းကို စိတ်ထိခိုက် ခံစားခဲ့ရပါတယ်။ သူမလို စုဆောင်းဖို့ကိုလည်း ဘယ်သူ့ကိုမှ မတိုက်တွန်းပါဘူး။

အလှကုန်ပစ္စည်း တစ်ခုကို ဝယ်ရင် အစပိုင်းမှာ ပျော်ရပေမယ့် နောက်ပိုင်းမှာ ဒီထက် ပိုဈေးကြီးတာ၊ ပိုကောင်းတာကို လိုချင်လာတာ လူ့သဘာဝပါပဲ။ လူ့အကြိုက်နတ်မလိုက်နိုင်တာကြောင့် ရောင့်ရဲတင်းတိမ်ရတာကို Wang သဘောကျကြောင်း ပြောပါတယ်။ Wangကို အမျိုးမျိုး ဝေဖန်ကြသလို ချွေတာစုဆောင်းနိုင်လို့ တချို့ကလည်း ချီးကျူးနေကြပါတယ်။

Zombie (lovemedia)

for zawgyi

လစာရဲ႕ ၉၀ ရာခိုင္ႏႈန္းကို စုၿပီး ၉ ႏွစ္အတြင္း အိမ္ ၂ လုံးဝယ္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီး

ေခြၽတာစုေဆာင္း သူေဌးေလာင္း ဆိုတဲ့ စကားပုံအတိုင္း ဝင္ေငြကို စနစ္တက် သုံးစြဲသိမ္းဆည္းတတ္သူက တစ္ေန႔ေတာ့ အသီးအပြင့္ေတြကို ခံစားရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ေငြစုနည္းလမ္းေတြကို group ေတြ ဖြဲ႕ၿပီး social media ေတြမွာ မွ်ေဝၾကပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီး Wang Shenai ကလည္း ေငြစုတဲ့ group ထဲမွာ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔ရဲ႕ group ရဲ႕ နာမည္က ေခြၽတာစုေဆာင္းေသာ အမ်ိဳးသမီးမ်ား ဖက္ဒေရးရွင္းအဖြဲ႕ျဖစ္ၿပီး အဖြဲ႕ဝင္ေပါင္း ၄ သိန္းရွိပါတယ္။ Wang Shenai က ေငြကို အရမ္း စုေဆာင္းတတ္တာေၾကာင့္ နာမည္ႀကီး cele တစ္ေယာက္ ျဖစ္လာပါတယ္။

Wang က ငယ္စဥ္က ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ႀကီးျပင္းလာခဲ့ရၿပီး ပိုက္ဆံကို တတ္ႏိုင္သေလာက္စုဖို႔ မိသားစုက အၿမဲသင္ေပးပါတယ္။ သူမရဲ႕အေမက ပိုက္ဆံကို ေရခဲေသတၱာထဲမွာ စုေဆာင္းပါတယ္။ Wang ကို မုန႔္ဖိုးနည္းနည္းေလး ေပးတဲ့အခါ Wang ကလည္း အဲဒီမုန႔္ဖိုးကို ျပန္စုပါတယ္။ ေငြစုတတ္တဲ့ အက်င့္က ငယ္စဥ္ကတည္းက Wangမွာ စြဲပါလာပါတယ္။

Wang က ငယ္စဥ္က အိမ္က်ဥ္းက်ဥ္းေသးေသးေလးမွာ ႀကီးျပင္းလာရတာျဖစ္လို႔ အလုပ္ရရခ်င္းမွာပဲ ကိုယ္ပိုင္အိမ္အတြက္ ေငြစစုပါေတာ့တယ္။ လူအမ်ားစုက လိုခ်င္တဲ့ အရာေတြကို ဝယ္ရတာကို ေပ်ာ္႐ႊင္မႈလို႔ သတ္မွတ္ၾကေပမယ့္ Wang အတြက္ကေတာ့ ေငြစုရတာက ေပ်ာ္႐ႊင္မႈပါ။ ေငြေတြသုံးေနရင္ Wang က စိတ္ပူပန္မႈေတြ ျဖစ္လာတယ္လို႔ ဆိုပါတယ္။

Wang နဲ႔ သူ႔အမ်ိဳးသားက ၉ႏွစ္လုံး သူတို႔ရတဲ့လစာရဲ႕ ၉၀ ရာခိုင္ႏႈန္းကို စုေဆာင္းခဲ့ၾကပါတယ္။ အဲဒါေၾကာင့္ ၉ ႏွစ္အတြင္း အိမ္ ၂ လုံး ဝယ္ႏိုင္ခဲ့ပါတယ္။ ေခတ္မီတဲ့ ပရိေဘာဂပစၥည္းေတြ မသုံးရလို႔လည္း Wang မရွက္ေၾကာက္ခဲ့ပါဘူး။ Wang က underwear ဝယ္ဖို႔ပဲ တစ္ႏွစ္ကို ယြမ္ ၁၀၀ သုံးတာပါ။ တျခား အဝတ္အစားေတြကိုေတာ့ သူငယ္ခ်င္းေတြ ေပးတာေတြကိုပဲ ဝတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ၿပီး အရက္လည္း မေသာက္ပါဘူး။

Wang အေၾကာင္းကို သိတဲ့သူေတြက အရမ္းကို ကပ္ေစးနည္းတယ္လို႔ ဆိုၾကပါတယ္။ အဲဒီအတြက္လည္း Wang အရမ္းကို စိတ္ထိခိုက္ ခံစားခဲ့ရပါတယ္။ သူမလို စုေဆာင္းဖို႔ကိုလည္း ဘယ္သူ႔ကိုမွ မတိုက္တြန္းပါဘူး။

အလွကုန္ပစၥည္း တစ္ခုကို ဝယ္ရင္ အစပိုင္းမွာ ေပ်ာ္ရေပမယ့္ ေနာက္ပိုင္းမွာ ဒီထက္ ပိုေဈးႀကီးတာ၊ ပိုေကာင္းတာကို လိုခ်င္လာတာ လူ႔သဘာဝပါပဲ။ လူ႔အႀကိဳက္နတ္မလိုက္ႏိုင္တာေၾကာင့္ ေရာင့္ရဲတင္းတိမ္ရတာကို Wang သေဘာက်ေၾကာင္း ေျပာပါတယ္။ Wangကို အမ်ိဳးမ်ိဳး ေဝဖန္ၾကသလို ေခြၽတာစုေဆာင္းႏိုင္လို႔ တခ်ိဳ႕ကလည္း ခ်ီးက်ဴးေနၾကပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments