တခါတုန်းက တောအုပ်တခုရဲ့ အလယ်မှာရှိတဲ့ နှင်းဆီပင် တပင်ဟာ နှင်းဆီပန်းပွင့်တွေနဲ့ လှပစွာ ဖူးပွင့်နေ ပါတယ်။ နှင်းဆီပန်းတွေကိုကြည့်ပြီး ဘေးမှာရှိတဲ့ ထင်းရှုးပင်ဟာ အားကျနေ မိပါတယ်။

"ဟယ် နှင်းဆီပန်းတွေက လှလိုက်တာ၊ ငါ့စိတ်ထင် တတောလုံးမှာ ဒီနှင်းဆီပင်ကသာ အလှဆုံးလို့ ထင်တာပဲ၊ ငါတို့ ကျတော့လည်း ဘာမှကို လှပတဲ့အရာ မရှိပါလားနော်" လို့ ညည်းတွားလိုက် ပါတယ်။

အဲဒီအသံကို ကြားတဲ့အခါ အခြားသော အပင်တွေက ထင်းရှုးပင်ကို ဝိုင်း အားပေး ကြပါတယ်။ "အို အားမငယ်ပါနဲ့ ထင်ရှုးပင်ရယ် လောကမှာ အရာရာတိုင်းဟာ ပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ အားလုံး အားနည်းချက် အားသာချက် ဆိုတာ ရှိတာပဲ" လို့ ပြန်ပြောကြ ပါတယ်။

အဲဒီအခါ နှင်းဆီပင်က မခံနိုင်ဘဲ "အို ဒီတောထဲမှာ ငါက အလှဆုံးမို့ အလှဆုံး ပြောတာပေါ့။ ဘာတွေ မနာလို ဖြစ်နေတာလဲ" ဟု ဒေါသတကြီး ပြန်ပြောလိုက် ပါတယ်။ အဲဒီအခါ တခြားအပင်တွေက ပြောပါတယ်။ "အပင်တိုင်းမှာ သူ့ဟာနဲ့သူ အလှတရား ရှိကြတာပါပဲ။ နင့်ကိုယ်နင် အလှဆုံးလို့ ဘာလို့ ပြောနိုင်တာလဲ" လို့ ပြန်မေးကြပါတယ်။

အဲဒီအခါ နှင်းဆီပင်က ပြန်ပြောပါတယ်။ "ဘာလို့ မပြောနိုင်ရ မှာလဲ။ အပင်တိုင်းက ငါ့ကိုကြည့်ပြီး အားကျနေကြ တာပဲဟာ။ ဟိုမှာကြည့်လိုက်အုံး၊ ဂန္ဓာရဆူးပင် တွေဆို ပိုဆိုးသေး။ သူတို့က ဒီတောထဲမှာ ရုပ်အဆိုးဆုံး အပင်တွေ ပဲလေ။ သူတို့နဲ့ ယှဉ်ကြည့်ပါလား" လို့ မောက်မာစွာ ပြန်ဖြေလိုက် ပါတယ်။

ထင်းရှုးပင်က "အို၊ ဘယ်လို ပြောလိုက်တာလဲ၊ ဆူးပင်တွေက ရုပ်ဆိုးတယ် ဆိုရင် နင်က‌ရော ဘာထူးသေးလို့လဲ၊ နင်လည်း ဆူးပင်တမျိုးပဲ မဟုတ်လား" လို့ ဆူးပင်တွေ ဘက်ကနေ ပြန်ပြောပါတယ်။ နှင်းဆီပင်ကလည်း "အို၊ ကိုယ်တွေက ဆူးပင်ပေမယ့် အများကြီး လှတယ်၊ သူတို့နဲ့ တခြားစီပဲ" လို့ မောက်မာစွာ ပြန်ပြောပါတယ်။

မကြာခင်မှာပဲ အရမ်းကို ပူပြင်းတဲ့ နွေရာသီကို ရောက်လာ ပါတော့တယ်။ နှင်းဆီပင်ဟာ အပူဒဏ်ကြောင့် ညိုးနွမ်းပြီး အပွင့်တွေ ကြွေကျပြီး မလှမပ ဖြစ်ကုန် ပါတော့တယ်။ မိုးမရွာတဲ့ အတွက် အပင်တွေဟာ ရေလိုချင်နေ ကြပါပြီ။

ငှက်လေးတွေဟာ ဆူးပင်ထံကို ရောက်လာကြီးပြီး နှုတ်သီးဖြင့် ဆူးပင်ကို ထူးဆွကာ အပေါက်လေးတွေ ဖြစ်အောင် လုပ်နေကြတာကို မြင်တဲ့အခါ နှင်းဆီပင်က ထင်းရှုးပင်ကို မေးပါတယ်။ "အဲဒီငှက်တွေက ဆူးပင်ဆီကို လာလာပြီး ဘာလုပ်ကြတာလဲ"

"ဆူးပင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေတွေ ရှိတယ်လေ။ ငှက်လေးတွေ ‌ရေ ရဖို့ ဆူးပင်ဆီကို လာကြတာပေါ့" လို့ ထင်းရှုးပင်က ပြန်ဖြေလိုက် ပါတယ်။ အဲဒီအခါကျမှ နှင်းဆီပင်က တအံ့တသြနဲ့ မေးလိုက်ပါတယ်။ "ဟယ် ဆူးပင်တွေက ရေရတယ်၊ ဟုတ်လား"

"ဟုတ်တာပေါ့၊ အဲဒါကြောင့် ပြောတာပေါ့၊ အရာရာတိုင်းကို ရည်ရွယ်ချက် မရှိဘဲ ဖြစ်တည်လာတာ မဟုတ်ဘူးလေ။ ဘယ်နေရာမှာ မဆို အသုံးဝင်တဲ့ အရာတခုတော့ ရှိကြတာ ချည်းပဲ။ အားနည်းချက် အားသာချက် ရှိကြတာ ချည်းပါ" လို့ ပြန်ပြောလိုက်ပါတယ်။

ဘဝမှာ ကိုယ့်ကျမှ ရူပ်ဆိုးလိုက်တာ၊ အားနည်းချက်တွေ အများကြီးနဲ့မို့ အားငယ်လိုက်တာ ဆိုတာမျိုး ဖြစ်စရာ မလိုပါဘူး လို့ ပြောချင်တာပါ။ လူတိုင်းဟာ အားနည်းချက် ကိုယ်စီ ရှိသလို၊ အားသာချက်လည်း ကိုယ်စီ ရှိပြီးသားပါ။ အဓိကက ကိုယ့်ရဲ့ အားနည်းချက်ကို အားသာချက်ဖြင့် ကြိုးစားပြီး ဘဝကို ရှင်သန်ရမှာပါ လို့ သင်ခန်းစာ ပေးသွားတာ ဖြစ်ပါတယ်။

CRD

Zawgyi

မာန္တက္ေနတဲ့ ႏွင္းဆီပင္ေလး

တခါတုန္းက ေတာအုပ္တခုရဲ႕ အလယ္မွာရွိတဲ့ ႏွင္းဆီပင္ တပင္ဟာ ႏွင္းဆီပန္းပြင့္ေတြနဲ႔ လွပစြာ ဖူးပြင့္ေန ပါတယ္။ ႏွင္းဆီပန္းေတြကိုၾကည့္ၿပီး ေဘးမွာရွိတဲ့ ထင္းရႈးပင္ဟာ အားက်ေန မိပါတယ္။

"ဟယ္ ႏွင္းဆီပန္းေတြက လွလိုက္တာ၊ ငါ့စိတ္ထင္ တေတာလုံးမွာ ဒီႏွင္းဆီပင္ကသာ အလွဆုံးလို႔ ထင္တာပဲ၊ ငါတို႔ က်ေတာ့လည္း ဘာမွကို လွပတဲ့အရာ မရွိပါလားေနာ္" လို႔ ညည္းတြားလိုက္ ပါတယ္။

အဲဒီအသံကို ၾကားတဲ့အခါ အျခားေသာ အပင္ေတြက ထင္းရႈးပင္ကို ဝိုင္း အားေပး ၾကပါတယ္။ "အို အားမငယ္ပါနဲ႔ ထင္ရႈးပင္ရယ္ ေလာကမွာ အရာရာတိုင္းဟာ ျပည့္စုံတယ္ ဆိုတာ မရွိပါဘူး။ အားလုံး အားနည္းခ်က္ အားသာခ်က္ ဆိုတာ ရွိတာပဲ" လို႔ ျပန္ေျပာၾက ပါတယ္။

အဲဒီအခါ ႏွင္းဆီပင္က မခံႏိုင္ဘဲ "အို ဒီေတာထဲမွာ ငါက အလွဆုံးမို႔ အလွဆုံး ေျပာတာေပါ့။ ဘာေတြ မနာလို ျဖစ္ေနတာလဲ" ဟု ေဒါသတႀကီး ျပန္ေျပာလိုက္ ပါတယ္။ အဲဒီအခါ တျခားအပင္ေတြက ေျပာပါတယ္။ "အပင္တိုင္းမွာ သူ႔ဟာနဲ႔သူ အလွတရား ရွိၾကတာပါပဲ။ နင့္ကိုယ္နင္ အလွဆုံးလို႔ ဘာလို႔ ေျပာႏိုင္တာလဲ" လို႔ ျပန္ေမးၾကပါတယ္။

အဲဒီအခါ ႏွင္းဆီပင္က ျပန္ေျပာပါတယ္။ "ဘာလို႔ မေျပာႏိုင္ရ မွာလဲ။ အပင္တိုင္းက ငါ့ကိုၾကည့္ၿပီး အားက်ေနၾက တာပဲဟာ။ ဟိုမွာၾကည့္လိုက္အုံး၊ ဂႏၶာရဆူးပင္ ေတြဆို ပိုဆိုးေသး။ သူတို႔က ဒီေတာထဲမွာ ႐ုပ္အဆိုးဆုံး အပင္ေတြ ပဲေလ။ သူတို႔နဲ႔ ယွဥ္ၾကည့္ပါလား" လို႔ ေမာက္မာစြာ ျပန္ေျဖလိုက္ ပါတယ္။

ထင္းရႈးပင္က "အို၊ ဘယ္လို ေျပာလိုက္တာလဲ၊ ဆူးပင္ေတြက ႐ုပ္ဆိုးတယ္ ဆိုရင္ နင္က‌ေရာ ဘာထူးေသးလို႔လဲ၊ နင္လည္း ဆူးပင္တမ်ိဳးပဲ မဟုတ္လား" လို႔ ဆူးပင္ေတြ ဘက္ကေန ျပန္ေျပာပါတယ္။ ႏွင္းဆီပင္ကလည္း "အို၊ ကိုယ္ေတြက ဆူးပင္ေပမယ့္ အမ်ားႀကီး လွတယ္၊ သူတို႔နဲ႔ တျခားစီပဲ" လို႔ ေမာက္မာစြာ ျပန္ေျပာပါတယ္။

မၾကာခင္မွာပဲ အရမ္းကို ပူျပင္းတဲ့ ေႏြရာသီကို ေရာက္လာ ပါေတာ့တယ္။ ႏွင္းဆီပင္ဟာ အပူဒဏ္ေၾကာင့္ ညိဳးႏြမ္းၿပီး အပြင့္ေတြ ေႂကြက်ၿပီး မလွမပ ျဖစ္ကုန္ ပါေတာ့တယ္။ မိုးမ႐ြာတဲ့ အတြက္ အပင္ေတြဟာ ေရလိုခ်င္ေန ၾကပါၿပီ။

ငွက္ေလးေတြဟာ ဆူးပင္ထံကို ေရာက္လာႀကီးၿပီး ႏႈတ္သီးျဖင့္ ဆူးပင္ကို ထူးဆြကာ အေပါက္ေလးေတြ ျဖစ္ေအာင္ လုပ္ေနၾကတာကို ျမင္တဲ့အခါ ႏွင္းဆီပင္က ထင္းရႈးပင္ကို ေမးပါတယ္။ "အဲဒီငွက္ေတြက ဆူးပင္ဆီကို လာလာၿပီး ဘာလုပ္ၾကတာလဲ"

"ဆူးပင္ရဲ႕ ခႏၶာကိုယ္ထဲမွာ ေရေတြ ရွိတယ္ေလ။ ငွက္ေလးေတြ ‌ေရ ရဖို႔ ဆူးပင္ဆီကို လာၾကတာေပါ့" လို႔ ထင္းရႈးပင္က ျပန္ေျဖလိုက္ ပါတယ္။ အဲဒီအခါက်မွ ႏွင္းဆီပင္က တအံ့တၾသနဲ႔ ေမးလိုက္ပါတယ္။ "ဟယ္ ဆူးပင္ေတြက ေရရတယ္၊ ဟုတ္လား"

"ဟုတ္တာေပါ့၊ အဲဒါေၾကာင့္ ေျပာတာေပါ့၊ အရာရာတိုင္းကို ရည္႐ြယ္ခ်က္ မရွိဘဲ ျဖစ္တည္လာတာ မဟုတ္ဘူးေလ။ ဘယ္ေနရာမွာ မဆို အသုံးဝင္တဲ့ အရာတခုေတာ့ ရွိၾကတာ ခ်ည္းပဲ။ အားနည္းခ်က္ အားသာခ်က္ ရွိၾကတာ ခ်ည္းပါ" လို႔ ျပန္ေျပာလိုက္ပါတယ္။

ဘဝမွာ ကိုယ့္က်မွ ႐ူပ္ဆိုးလိုက္တာ၊ အားနည္းခ်က္ေတြ အမ်ားႀကီးနဲ႔မို႔ အားငယ္လိုက္တာ ဆိုတာမ်ိဳး ျဖစ္စရာ မလိုပါဘူး လို႔ ေျပာခ်င္တာပါ။ လူတိုင္းဟာ အားနည္းခ်က္ ကိုယ္စီ ရွိသလို၊ အားသာခ်က္လည္း ကိုယ္စီ ရွိၿပီးသားပါ။ အဓိကက ကိုယ့္ရဲ႕ အားနည္းခ်က္ကို အားသာခ်က္ျဖင့္ ႀကိဳးစားၿပီး ဘဝကို ရွင္သန္ရမွာပါ လို႔ သင္ခန္းစာ ေပးသြားတာ ျဖစ္ပါတယ္။

CRD