ဟိုးရှေးရှေးတုန်းက မြို့ကြွက်တကောင်ဟာ တောရွာတရွာက သူ့ဆွေမျိုးကြွက်ဆီကို အလည်သွားသတဲ့ ။ဆွေမျိုးဖြစ်သူ ကြွက်က ရိုးသား ပွင့်လင်းတယ်။

မြို့က မိတ်ဆွေကြွက် ရောက်လာတော့ ခင်ခင်မင်မင် ဝမ်းပမ်း တသာ ဧည့်ခံသတဲ့။ ပဲသီးတို့၊ ဒိန်ခဲတို့၊ ပေါင်မုန့်တို့နဲ့ ကြည်ဖြူစွာ အကုန် ချကျွေး သတဲ့။

မြို့ကြွက်က အစားအစာကို ကြည့်ရင်း နှစ်ခေါင်း ရှုံ့လိုက်ပြီး " အဆွေရယ်၊ ငါနားမလည် နိုင်လောက်အောင် ပါပဲ။ ဒီလို အစားအသောက်တွေနဲ့ မင်းဘယ်လို နေနိုင်သလဲ။

ဒါပေမယ့် တော ဆိုတော့လည်း စားကောင်း သောက်ဖွယ်တွေ ဘယ်ရှိ မလဲလေ။ ငါနဲ့မြို့မှာ လိုက်နေပါလားကွာ၊ မြို့မှာ တပတ်လောက် နေပြီးတဲ့အခါ တောမှာလို နုံနုံချာချာ နေရတဲ့ ဘဝမှာ အမြဲ မနေဖို့ မင်း စဉ်းစားတတ် လာလိမ့်မယ်"

အဲဒီလိုနဲ့ တောကြွက်လေးဟာ မြို့ကြွက်အိမ်ကို အလည် လိုက်ခဲ့တယ်။ ညမိုးချုပ်မှာ မြို့ကြွက်ရဲ့ အိမ်ဆီ ရောက်လာသတဲ့။ မြို့ကြွက်ဟာ သူ့မိတ်ဆွေကို ခမ်းနားလှတဲ့ ဧည့်ခန်းဆီ ခေါ်သွားသတဲ့။

အထဲရောက်တော့ စားကောင်းသောက်ဖွယ် အကျန်တွေ တွေ့ပြီလေ။ မကြာမီ ကြွက်နှစ်ကောင်ဟာ ကျောက်ကျောမုန့်တွေ၊ ကိတ်မုန့်တွေနဲ့ အရသာ ကောင်းပေ့ ဆိုတဲ့ စားဖွယ်ရာ တွေကို စားကြရောတဲ့။

အဲဒီအချိန်မှာပဲ ရုတ်တရက် မာန်မဲပြီး ဟောက်သံ ကို ကြားလိုက်တဲ့ အခါ တောကြွက်က မြို့ကြွက်ကို မေးတာပေါ့။ "ဘာပါလိမ့်"

မြို့ကြွက်က "အိမ်က ခွေးပေါ့ကွာ"

တောကြွက်က "ဘယ်နှယ်ကွာ၊ ညစာ စားတုန်း ဒီလို အသံမျိုး မကြားချင်ဘူး"

အဲဒီနောက်မှာ ဧည့်ခန်းတံခါး ပွင့်သွားပြီး ခွေးဘီလူးကြီး တကောင် ဝင်လာလို့ ကြွက်နှစ်ကောင်ဟာ ခုန်ဆင်း ပြေးရသတဲ့ ။

အဲဒါအခါမှာတော့ တောကြွက်က မြို့ကြွက်ကို "ရွာကိုပဲ ပြန်တော့မယ် မိတ်ဆွေရေ။ စားကောင်း သောက်ကောင်းတွေ ခိုးဝှက် စားနေရခြင်းထက်၊ ရိုးရိုး အစားအစာကို အေးချမ်းစွာ စားသောက်ရခြင်းက ပိုကောင်းပါတယ်" လို့ ပြောလိုက် ပါတော့တယ်။

Zawgyi

ေတာႂကြက္နဲ႔ ၿမိဳ႕ႂကြက္

ဟိုးေရွးေရွးတုန္းက ၿမိဳ႕ႂကြက္တေကာင္ဟာ ေတာ႐ြာတ႐ြာက သူ႔ေဆြမ်ိဳးႂကြက္ဆီကို အလည္သြားသတဲ့ ။ေဆြမ်ိဳးျဖစ္သူ ႂကြက္က ႐ိုးသား ပြင့္လင္းတယ္။

ၿမိဳ႕က မိတ္ေဆြႂကြက္ ေရာက္လာေတာ့ ခင္ခင္မင္မင္ ဝမ္းပမ္း တသာ ဧည့္ခံသတဲ့။ ပဲသီးတို႔၊ ဒိန္ခဲတို႔၊ ေပါင္မုန႔္တို႔နဲ႔ ၾကည္ျဖဴစြာ အကုန္ ခ်ေကြၽး သတဲ့။

ၿမိဳ႕ႂကြက္က အစားအစာကို ၾကည့္ရင္း ႏွစ္ေခါင္း ရႈံ႕လိုက္ၿပီး " အေဆြရယ္၊ ငါနားမလည္ ႏိုင္ေလာက္ေအာင္ ပါပဲ။ ဒီလို အစားအေသာက္ေတြနဲ႔ မင္းဘယ္လို ေနႏိုင္သလဲ။

ဒါေပမယ့္ ေတာ ဆိုေတာ့လည္း စားေကာင္း ေသာက္ဖြယ္ေတြ ဘယ္ရွိ မလဲေလ။ ငါနဲ႔ၿမိဳ႕မွာ လိုက္ေနပါလားကြာ၊ ၿမိဳ႕မွာ တပတ္ေလာက္ ေနၿပီးတဲ့အခါ ေတာမွာလို ႏုံႏုံခ်ာခ်ာ ေနရတဲ့ ဘဝမွာ အၿမဲ မေနဖို႔ မင္း စဥ္းစားတတ္ လာလိမ့္မယ္"

အဲဒီလိုနဲ႔ ေတာႂကြက္ေလးဟာ ၿမိဳ႕ႂကြက္အိမ္ကို အလည္ လိုက္ခဲ့တယ္။ ညမိုးခ်ဳပ္မွာ ၿမိဳ႕ႂကြက္ရဲ႕ အိမ္ဆီ ေရာက္လာသတဲ့။ ၿမိဳ႕ႂကြက္ဟာ သူ႔မိတ္ေဆြကို ခမ္းနားလွတဲ့ ဧည့္ခန္းဆီ ေခၚသြားသတဲ့။

အထဲေရာက္ေတာ့ စားေကာင္းေသာက္ဖြယ္ အက်န္ေတြ ေတြ႕ၿပီေလ။ မၾကာမီ ႂကြက္ႏွစ္ေကာင္ဟာ ေက်ာက္ေက်ာမုန႔္ေတြ၊ ကိတ္မုန႔္ေတြနဲ႔ အရသာ ေကာင္းေပ့ ဆိုတဲ့ စားဖြယ္ရာ ေတြကို စားၾကေရာတဲ့။

အဲဒီအခ်ိန္မွာပဲ ႐ုတ္တရက္ မာန္မဲၿပီး ေဟာက္သံ ကို ၾကားလိုက္တဲ့ အခါ ေတာႂကြက္က ၿမိဳ႕ႂကြက္ကို ေမးတာေပါ့။ "ဘာပါလိမ့္"

ၿမိဳ႕ႂကြက္က "အိမ္က ေခြးေပါ့ကြာ"

ေတာႂကြက္က "ဘယ္ႏွယ္ကြာ၊ ညစာ စားတုန္း ဒီလို အသံမ်ိဳး မၾကားခ်င္ဘူး"

အဲဒီေနာက္မွာ ဧည့္ခန္းတံခါး ပြင့္သြားၿပီး ေခြးဘီလူးႀကီး တေကာင္ ဝင္လာလို႔ ႂကြက္ႏွစ္ေကာင္ဟာ ခုန္ဆင္း ေျပးရသတဲ့ ။

အဲဒါအခါမွာေတာ့ ေတာႂကြက္က ၿမိဳ႕ႂကြက္ကို "႐ြာကိုပဲ ျပန္ေတာ့မယ္ မိတ္ေဆြေရ။ စားေကာင္း ေသာက္ေကာင္းေတြ ခိုးဝွက္ စားေနရျခင္းထက္၊ ႐ိုး႐ိုး အစားအစာကို ေအးခ်မ္းစြာ စားေသာက္ရျခင္းက ပိုေကာင္းပါတယ္" လို႔ ေျပာလိုက္ ပါေတာ့တယ္။