ယုန်နှင့်လိပ်ရဲ့ နောက်ဆုံးပြိုင်ပွဲ

ယုန်နဲ့လိပ်ရဲ့ ပထမဆုံးပြိုင်ပွဲမှာ ယုန်က ရှုံးနိမ့်သွားတဲ့ အတွက် နောင်တရပြီး နောက်တကြိမ် ထပ်ပြိုင်ဖို့ လိပ်ကို ကမ်းလှမ်းလိုက် ပါတယ်။ လိပ်ကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် သော်လည်းကောင်း၊ အနိုင်နဲ့ မပိုင်းချင်တဲ့အတွက် ယုန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါတယ်။

ဒုတိယအကြိမ် ပြိုင်ပွဲမှာ ယုန်က သူ့အမှားကို သင်ခန်းစာ ယူပြီး၊ အပျင်းမကြီးပဲ၊ မရပ်မနား ပြေးဖို့ရယ်၊ တဖက်သားကို အထင်မသေး လိုက်ဖို့ရယ်၊ ပြင်ဆင်လာခဲ့ပြီး၊ ဒုတိယအကြိမ် ပြိုင်ပွဲမှာ ယုန်က နိုင်လိုက်ပါတော့သည်။ ဒါပေမယ့်၊ ပြိုင်ပွဲက အဆုံးမသတ်သေးပါဘူး။

ဒုတိယအကြိမ်မှာ လိပ်က ချန်ပီယံဆုကြီးကို ယုန်ကို လွဲပေးလိုက်ရတဲ့ အတွက် တတိယအကြိမ် ထပ်ပြိုင်ဖို့ ယုန်ကို ကမ်းလှမ်းလိုက် ပါတယ်။ ဒီတခါ လိပ်က ပြေးလမ်းကြောင်းကို သူကိုယ်တိုင် ရွေးချယ်လိုက်ပါတယ်။ ယုန်ကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့ စိတ်လှုပ်ရှားနေ ပါတယ်။ မရပ်မနား၊အပျင်းမကြီးပဲ ပြေးရင် သူနိုင်ပြန်နိုင်မယ်လို့ ယုန်က သူ့ကိုယ်သူ ယုံကြည်နေပါတယ်။

တတိယအကြိမ် ပြိုင်ပွဲလည်း လုပ်ရော၊ ယုန်က မထင်မှတ်ပဲ ရှုံးပွဲနဲ့ ကြုံတွေ့လိုက်ရ ပါတော့တယ်။ အကြောင်းက လိပ်ရွေးချယ်ထားတဲ့ ပြေးလမ်းမှာ မြစ်တခု ပါနေလို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီ မြစ်ကို လိပ်က ကူးခတ်နိုင်ပေမယ့် ယုန်က မကူးနိုင်ခဲ့ ပါဘူး။ အဲ့ကြောင့်၊ ယုန်က ရှုံးခဲ့ရတာဖြစ်ပါတယ်။ လိပ်ရွေးချယ်တဲ့ ပြေးလမ်းဟာ သူနဲ့ မကိုက်ညီတဲ့ အတွက် သူရှုံးရတယ်လို့ ယုန်က မကျေနပ်ပြန်ပါဘူး။

ဒါနဲ့ပဲ ၄ ကြိမ်မြောက် ထပ်ပြိုင်ဖို့ လိပ်ကို ထပ်စိန်ခေါ်လိုက် ပြန်ပါတယ်။ ဒီတခါတော့ ပြေးလမ်းကို ယုန်ပဲ ရွေးချယ်လိုက်ပါတယ်။ ၄ ကြိမ်မြောက် ပြိုင်ပွဲမှာ ကျပြန်တော့လည်း လိပ်က ထပ်ရှုံးပြန်ပါတယ်။

ယုန်ရွေးချယ်တဲ့ ပြေးလမ်းမှာ ကျောက်တောင်ကုန်း တခု ပါလာလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်၊ လိပ်အတွက် ရှုံးကိန်းဆိုက်တဲ့ ပြေးလမ်း ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲက မပြီးသေးပါဘူး။ နောက်ဆုံး ချန်ပီယံ အစစ်ကို အဆုံးအဖြတ်ပေးမယ့် ၅ ကြိမ်မြောက် ပြိုင်ပွဲကို စီစဉ်လိုက်ပါတယ်။

၅ ကြိမ်မြောက်ပြိုင်ပွဲမှာတော့ ပြေးလမ်းကြောင်းဟာ မျှမျှတတ ဖြစ်သွားအောင်၊ မြစ်တခုရယ်၊ ကျောက်တောင်ကုန်းတခုရယ်၊ ပါလာပါတယ်။ နှစ်ဦးစလုံးအတွက်တော့ အရေးပါတဲ့ ပြိုင်ပွဲ ဖြစ်လို့နေပါတယ်။ ပြိုင်ပွဲလည်း စရော၊ နှစ်ယောက်စလုံးအတွက် ပြေးလမ်းဟာ အကြပ်အတည်း ဖြစ်လို့နေပါတယ်။

ဒီအတိုင်းသာ ဆိုရင် ဘယ်သူမှ ပန်းတိုင်ရောက်ဖို့ အလား၊ အလာ မရှိပါဘူး။ အဲ့ကြောင့်၊ ၅ ကြိမ်မြောက် ပြိုင်ပွဲမှာတော့ တယောက်ကို တယောက် ဖေ့မရင်း၊ ကူညီရင်းနဲ့ ပန်းတိုင်ကို အတူတူ ရောက်သွားပါတော့တယ်။ နှစ်ယောက်စလုံးလည်း မောကြလို့။ ရင်မှာ ပိတိကိုယ်စီနဲ့ အတူတကွ ချန်ပီယံ ဖြစ်သွားပါတယ်။

လူတိုင်း လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်။ တယောက်ကို တယောက် သူသာတယ်၊ ကိုယ်သာတယ် မတွေးပဲ ပူးပေါင်းဆောင်ရွက်ခြင်းဟာ လုပ်ငန်းကို ပိုမို အောင်မြင်စေတယ်လို့ မြင်မိပါတယ်။

phoomyatchal

ဦးအောင်ကိုဦး၏ အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ စာအုပ်မှ ကောက်နုတ်ထားပါသည်။

Zawgyi

ယုန္ႏွင့္လိပ္ရဲ႕ ေနာက္ဆုံးၿပိဳင္ပြဲ

ယုန္နဲ႔လိပ္ရဲ႕ ပထမဆုံးၿပိဳင္ပြဲမွာ ယုန္က ရႈံးနိမ့္သြားတဲ့ အတြက္ ေနာင္တရၿပီး ေနာက္တႀကိမ္ ထပ္ၿပိဳင္ဖို႔ လိပ္ကို ကမ္းလွမ္းလိုက္ ပါတယ္။ လိပ္ကလည္း ခ်န္ပီယံဆုကို ကာကြယ္ဖို႔အတြက္ ေသာ္လည္းေကာင္း၊ အႏိုင္နဲ႔ မပိုင္းခ်င္တဲ့အတြက္ ယုန္ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ပါတယ္။

ဒုတိယအႀကိမ္ ၿပိဳင္ပြဲမွာ ယုန္က သူ႔အမွားကို သင္ခန္းစာ ယူၿပီး၊ အပ်င္းမႀကီးပဲ၊ မရပ္မနား ေျပးဖို႔ရယ္၊ တဖက္သားကို အထင္မေသး လိုက္ဖို႔ရယ္၊ ျပင္ဆင္လာခဲ့ၿပီး၊ ဒုတိယအႀကိမ္ ၿပိဳင္ပြဲမွာ ယုန္က ႏိုင္လိုက္ပါေတာ့သည္။ ဒါေပမယ့္၊ ၿပိဳင္ပြဲက အဆုံးမသတ္ေသးပါဘူး။

ဒုတိယအႀကိမ္မွာ လိပ္က ခ်န္ပီယံဆုႀကီးကို ယုန္ကို လြဲေပးလိုက္ရတဲ့ အတြက္ တတိယအႀကိမ္ ထပ္ၿပိဳင္ဖို႔ ယုန္ကို ကမ္းလွမ္းလိုက္ ပါတယ္။ ဒီတခါ လိပ္က ေျပးလမ္းေၾကာင္းကို သူကိုယ္တိုင္ ေ႐ြးခ်ယ္လိုက္ပါတယ္။ ယုန္ကလည္း ခ်န္ပီယံဆုကို ကာကြယ္ဖို႔ စိတ္လႈပ္ရွားေန ပါတယ္။ မရပ္မနား၊အပ်င္းမႀကီးပဲ ေျပးရင္ သူႏိုင္ျပန္ႏိုင္မယ္လို႔ ယုန္က သူ႔ကိုယ္သူ ယုံၾကည္ေနပါတယ္။

တတိယအႀကိမ္ ၿပိဳင္ပြဲလည္း လုပ္ေရာ၊ ယုန္က မထင္မွတ္ပဲ ရႈံးပြဲနဲ႔ ႀကဳံေတြ႕လိုက္ရ ပါေတာ့တယ္။ အေၾကာင္းက လိပ္ေ႐ြးခ်ယ္ထားတဲ့ ေျပးလမ္းမွာ ျမစ္တခု ပါေနလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီ ျမစ္ကို လိပ္က ကူးခတ္ႏိုင္ေပမယ့္ ယုန္က မကူးႏိုင္ခဲ့ ပါဘူး။ အဲ့ေၾကာင့္၊ ယုန္က ရႈံးခဲ့ရတာျဖစ္ပါတယ္။ လိပ္ေ႐ြးခ်ယ္တဲ့ ေျပးလမ္းဟာ သူနဲ႔ မကိုက္ညီတဲ့ အတြက္ သူရႈံးရတယ္လို႔ ယုန္က မေက်နပ္ျပန္ပါဘူး။

ဒါနဲ႔ပဲ ၄ ႀကိမ္ေျမာက္ ထပ္ၿပိဳင္ဖို႔ လိပ္ကို ထပ္စိန္ေခၚလိုက္ ျပန္ပါတယ္။ ဒီတခါေတာ့ ေျပးလမ္းကို ယုန္ပဲ ေ႐ြးခ်ယ္လိုက္ပါတယ္။ ၄ ႀကိမ္ေျမာက္ ၿပိဳင္ပြဲမွာ က်ျပန္ေတာ့လည္း လိပ္က ထပ္ရႈံးျပန္ပါတယ္။ ယုန္ေ႐ြးခ်ယ္တဲ့ ေျပးလမ္းမွာ ေက်ာက္ေတာင္ကုန္း တခု ပါလာလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္၊ လိပ္အတြက္ ရႈံးကိန္းဆိုက္တဲ့ ေျပးလမ္း ျဖစ္ခဲ့ပါတယ္။

ၿပိဳင္ပြဲက မၿပီးေသးပါဘူး။ ေနာက္ဆုံး ခ်န္ပီယံ အစစ္ကို အဆုံးအျဖတ္ေပးမယ့္ ၅ ႀကိမ္ေျမာက္ ၿပိဳင္ပြဲကို စီစဥ္လိုက္ပါတယ္။ ၅ ႀကိမ္ေျမာက္ၿပိဳင္ပြဲမွာေတာ့ ေျပးလမ္းေၾကာင္းဟာ မွ်မွ်တတ ျဖစ္သြားေအာင္၊ ျမစ္တခုရယ္၊ ေက်ာက္ေတာင္ကုန္းတခုရယ္၊ ပါလာပါတယ္။ ႏွစ္ဦးစလုံးအတြက္ေတာ့ အေရးပါတဲ့ ၿပိဳင္ပြဲ ျဖစ္လို႔ေနပါတယ္။

ၿပိဳင္ပြဲလည္း စေရာ၊ ႏွစ္ေယာက္စလုံးအတြက္ ေျပးလမ္းဟာ အၾကပ္အတည္း ျဖစ္လို႔ေနပါတယ္။ ဒီအတိုင္းသာ ဆိုရင္ ဘယ္သူမွ ပန္းတိုင္ေရာက္ဖို႔ အလား၊ အလာ မရွိပါဘူး။ အဲ့ေၾကာင့္၊ ၅ ႀကိမ္ေျမာက္ ၿပိဳင္ပြဲမွာေတာ့ တေယာက္ကို တေယာက္ ေဖ့မရင္း၊ ကူညီရင္းနဲ႔ ပန္းတိုင္ကို အတူတူ ေရာက္သြားပါေတာ့တယ္။ ႏွစ္ေယာက္စလုံးလည္း ေမာၾကလို႔။ ရင္မွာ ပိတိကိုယ္စီနဲ႔ အတူတကြ ခ်န္ပီယံ ျဖစ္သြားပါတယ္။

လူတိုင္း လူတိုင္းမွာ အားနည္းခ်က္ အားသာခ်က္ေတြ ကိုယ္စီ ရွိၾကပါတယ္။ တေယာက္ကို တေယာက္ သူသာတယ္၊ ကိုယ္သာတယ္ မေတြးပဲ ပူးေပါင္းေဆာင္႐ြက္ျခင္းဟာ လုပ္ငန္းကို ပိုမို ေအာင္ျမင္ေစတယ္လို႔ ျမင္မိပါတယ္။

phoomyatchal

ဦးေအာင္ကိုဦး၏ အားရွိတဲ့အခ်ိန္မွာ ခုန္လိုက္ပါ စာအုပ္မွ ေကာက္ႏုတ္ထားပါသည္။

Post a Comment

0 Comments