အမြန်လမ်းပေါ်မှာ billboard ထောင်ပြီး လက်ထပ်ခွင့် တောင်းခဲ့တဲ့ အမျိုးသား

ကမ္ဘာပေါ်မှာ နည်းအမျိုးမျိုးနဲ့ မိမိတို့ရဲ့ လက်တွဲဖော်ကို လက်ထပ်ခွင့် တောင်းကြပါတယ်။ အဲဒီထဲမှာမှ မလေးရှားနိုင်ငံက အမျိုးသား တစ်ယောက်ဖြစ်တဲ့ Shawn ကတော့ သူ့ချစ်သူမိန်းကလေး Vivian Koon ကို DUKE အမြန်လမ်းမကြီးပေါ်မှာ Billboard ထောင်ပြီး လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။

Vivian ကလည်း သူ့ရဲ့လက်ထပ်ခွင့် တောင်းတာကို လက်ခံခဲ့ပါတယ်။ Shawn က Vivian ကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ဓါတ်ပုံတွေကို Facebook ပေါ် တင်ခဲ့တဲ့အခါ လူကြိုက်များ သွားခဲ့ပါတယ်။


Billboard ပေါ်မှာ QR code တစ်ခုလည်း ပါပါတယ်။ အဲဒီ QR codedကို scan ဖတ်လိုက်ရင် Shawn က Vivian အတွက် ဖန်တီးပေးထားတဲ့ NFT gallery ထဲကို ရောက်သွားပါတယ်။ အဲဒီမှာ သူတို့ရဲ့ဓါတ်ပုံလေးတွေကို မြင်တွေ့ရမှာပါ။

Shawn က Vivian ကို အမြန်လမ်းမကြီးပေါ်မှာ လက်ထပ်ခွင့် တောင်းခဲ့တဲ့အပြင် ပျော်ပွဲစားခရီးတစ်ခု ခေါ်သွားပြီး မိသားစုနဲ့ သူငယ်ချင်းတွေ ရှေ့မှာလည်း နောက်တစ်ခေါက် လက်ထပ်ခွင့် တောင်းခဲ့ပါသေးတယ်။


Vivian က ဈေးကြီးတဲ့ စိန်လက်စွပ်ကို နေ့စဉ် မဝတ်ရဲလို့ စိန်လက်စွပ် မလိုဘူးလို့ Shawn ကို ပြောဖူးပါတယ်။ အဲဒါကြောင့် Shawn က Vivian ကို digital wallet တစ်ခုဖြစ်တဲ့ NFT နဲ့ လက်ထပ်ခွင့် တောင်းတာပါ။ အဲဒီ NFT wallet က 12 Ethereum တန်ကြေးရှိပါတယ်။

စိန်လက်စွပ်ကို ပြန်ရောင်းတဲ့အခါ အများကြီး ရှုံးနိုင်တာတစ်ကြောင်း၊ NFT wallet က ကြာလေ တန်ကြေးကြီးလာလေ ဖြစ်တာတစ်ကြောင်းကြောင့် NFT wallet နဲ့ လက်ထပ်ခွင့် တောင်းခဲ့တာပါ။

တကယ်တော့ အမြန်လမ်းမကြီးမှာ billborad ထောင်ပြီး လက်ထပ်ခွင့်တောင်းတာက တကယ်ကို အန္တရာယ်များပါတယ်။ အဲဒါကြောင့် တခြားသူတွေကိုလည်း သူ့လို လိုက်မလုပ်ဖို့ Shawn က သတိပေးထားပါတယ်။

Zombie (lovemedia)

for zawgyi

အျမန္လမ္းေပၚမွာ billboard ေထာင္ၿပီး လက္ထပ္ခြင့္ ေတာင္းခဲ့တဲ့ အမ်ိဳးသား

ကမာၻေပၚမွာ နည္းအမ်ိဳးမ်ိဳးနဲ႔ မိမိတို႔ရဲ႕ လက္တြဲေဖာ္ကို လက္ထပ္ခြင့္ ေတာင္းၾကပါတယ္။ အဲဒီထဲမွာမွ မေလးရွားႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ျဖစ္တဲ့ Shawn ကေတာ့ သူ႔ခ်စ္သူမိန္းကေလး Vivian Koon ကို DUKE အျမန္လမ္းမႀကီးေပၚမွာ Billboard ေထာင္ၿပီး လက္ထပ္ခြင့္ ေတာင္းခဲ့ပါတယ္။ Vivian ကလည္း သူ႔ရဲ႕လက္ထပ္ခြင့္ ေတာင္းတာကို လက္ခံခဲ့ပါတယ္။

Shawn က Vivian ကို လက္ထပ္ခြင့္ ေတာင္းခဲ့တဲ့ ဓါတ္ပုံေတြကို Facebook ေပၚ တင္ခဲ့တဲ့အခါ လူႀကိဳက္မ်ား သြားခဲ့ပါတယ္။ Billboard ေပၚမွာ QR code တစ္ခုလည္း ပါပါတယ္။ အဲဒီ QR codedကို scan ဖတ္လိုက္ရင္ Shawn က Vivian အတြက္ ဖန္တီးေပးထားတဲ့ NFT gallery ထဲကို ေရာက္သြားပါတယ္။ အဲဒီမွာ သူတို႔ရဲ႕ဓါတ္ပုံေလးေတြကို ျမင္ေတြ႕ရမွာပါ။

Shawn က Vivian ကို အျမန္လမ္းမႀကီးေပၚမွာ လက္ထပ္ခြင့္ ေတာင္းခဲ့တဲ့အျပင္ ေပ်ာ္ပြဲစားခရီးတစ္ခု ေခၚသြားၿပီး မိသားစုနဲ႔ သူငယ္ခ်င္းေတြ ေရွ႕မွာလည္း ေနာက္တစ္ေခါက္ လက္ထပ္ခြင့္ ေတာင္းခဲ့ပါေသးတယ္။

Vivian က ေဈးႀကီးတဲ့ စိန္လက္စြပ္ကို ေန႔စဥ္ မဝတ္ရဲလို႔ စိန္လက္စြပ္ မလိုဘူးလို႔ Shawn ကို ေျပာဖူးပါတယ္။ အဲဒါေၾကာင့္ Shawn က Vivian ကို digital wallet တစ္ခုျဖစ္တဲ့ NFT နဲ႔ လက္ထပ္ခြင့္ ေတာင္းတာပါ။ အဲဒီ NFT wallet က 12 Ethereum တန္ေၾကးရွိပါတယ္။

စိန္လက္စြပ္ကို ျပန္ေရာင္းတဲ့အခါ အမ်ားႀကီး ရႈံးႏိုင္တာတစ္ေၾကာင္း၊ NFT wallet က ၾကာေလ တန္ေၾကးႀကီးလာေလ ျဖစ္တာတစ္ေၾကာင္းေၾကာင့္ NFT wallet နဲ႔ လက္ထပ္ခြင့္ ေတာင္းခဲ့တာပါ။

တကယ္ေတာ့ အျမန္လမ္းမႀကီးမွာ billborad ေထာင္ၿပီး လက္ထပ္ခြင့္ေတာင္းတာက တကယ္ကို အႏၲရာယ္မ်ားပါတယ္။ အဲဒါေၾကာင့္ တျခားသူေတြကိုလည္း သူ႔လို လိုက္မလုပ္ဖို႔ Shawn က သတိေပးထားပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments