ပိုးအိမ်ထဲက ပိုးတုံးလုံး

တခါတုန်းက လူငယ်လေး တယောက်ဟာ သူ့အိမ်ရဲ့ ပြတင်းပေါက် နားက အပင်ပေါ်မှာ ပိုးအိမ်တခုကို တွေ့ခဲ့တယ်။ သူက အဲဒီပိုးအိမ်ကို နေ့တိုင်းလိုလို မြင်နေရတာမို့ ပိုးအိမ်ထဲက လှုပ်ရှားမှုကို အမြဲ ကြည့်ဖြစ်ခဲ့တယ်။

အဲ့ပိုးအိမ်ထဲက ပိုးတုံးလုံးလေးဟာ အမြဲတမ်း ပိုးအိမ်ထဲက ထွက်ဖို့အရေး ကြိုးစားနေ ပါတယ်။ အပေါက်ငယ်လေး ဖောက်ပြီး ပိုးအိမ်ထဲက ထွက်ဖို့ ပိုးတုံးလုံးက အမြဲ ရုန်းကန်နေတာကို သူ တွေ့နေရတယ်။

အဲဒါနဲ့ လူငယ်လေးဟာ တနေ့ပြီး တနေ့ ပိုးအိမ်ထဲက မထွက်နိုင်တဲ့ ပိုးတုံးလုံးကို ကြည့်ပြီး ပိုးတုံးလုံးကို ပိုးအိမ်ထဲက ထွက်နိုင်ဖို့ ကူညီပေးမယ်လို့ အကြံရသွား ပါတော့တယ်။

အဲဒါနဲ့ပဲ လူငယ်လေးဟာ ကတ်ကြေးကို ယူပြီး ပိုးအိမ် အပေါက်ကို ချဲ့ပေးလိုက် ပါတယ်။ ပိုးတုံးလုံးလေး ကိုလည်း အပြင်ကို ထုတ်ပေးလိုက် ပါတော့တယ်။

ပိုးတုံးလုံးလေးဟာ အပြင်ကို လွယ်လွယ်ကူကူ ရောက်သွား ပေမယ့်လည်း လိပ်ပြာအဖြစ် ပျံသန်းဖို့ အတောင်တွေ မစုံသေးသလို လိပ်ပြာ ဘဝကို မကူးပြောင်းနိုင် တော့ပါဘူး။

လူငယ်လေးဟာ ပိုးတုံးလုံးလေးကို လိပ်ပြာဘဝ ပြောင်းလာမလားလို့ ထိုင်စောင့်ကြည့်ခဲ့ ပေမယ့် ပိုးတုံးလုံးလေးဟာ သေဆုံးသွား ပါတော့တယ်။

ကျွန်တော်တို့ရဲ့ ဘဝမှာလည်း အဲ့ဒီလိုပါပဲ။ ဘဝမှာ ရှင်သန်ရတာ မလွယ်ကူ ပါဘူး။ ဒါပေမယ့် အဲဒီ အခက်အခဲတွေ ကပဲ ကျွန်တော်တို့ရဲ့ ဘဝအတွက် လိုအပ်တဲ့ စွမ်းရည်တွေ တိုးလာစေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘဝမှာ အခက်အခဲတွေ ကြုံရလေလေ ကိုယ့်ရဲ့ ဖြေရှင်းနိုင်စွမ်းတွေ တိုးလာလေလေ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ ရတဲ့ ဘဝဟာ အားကျစရာ ကောင်းပေမယ့် တကယ်တမ်း အခက်အခဲနဲ့ ကြုံလာခဲ့မယ် ဆိုရင် ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိမှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ကိုယ့်ဘဝမှာ ဘာအခက်အခဲပဲ တွေ့တွေ့ ကိုယ့်ရဲ့ စွမ်းရည် တိုးလာစေခြင်း လို့သာ တွေးပြီး အားတင်းကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

crd

Zawgyi

ပိုးအိမ္ထဲက ပိုးတုံးလုံး

တခါတုန္းက လူငယ္ေလး တေယာက္ဟာ သူ႔အိမ္ရဲ႕ ျပတင္းေပါက္ နားက အပင္ေပၚမွာ ပိုးအိမ္တခုကို ေတြ႕ခဲ့တယ္။ သူက အဲဒီပိုးအိမ္ကို ေန႔တိုင္းလိုလို ျမင္ေနရတာမို႔ ပိုးအိမ္ထဲက လႈပ္ရွားမႈကို အၿမဲ ၾကည့္ျဖစ္ခဲ့တယ္။

အဲ့ပိုးအိမ္ထဲက ပိုးတုံးလုံးေလးဟာ အၿမဲတမ္း ပိုးအိမ္ထဲက ထြက္ဖို႔အေရး ႀကိဳးစားေန ပါတယ္။ အေပါက္ငယ္ေလး ေဖာက္ၿပီး ပိုးအိမ္ထဲက ထြက္ဖို႔ ပိုးတုံးလုံးက အၿမဲ ႐ုန္းကန္ေနတာကို သူ ေတြ႕ေနရတယ္။

အဲဒါနဲ႔ လူငယ္ေလးဟာ တေန႔ၿပီး တေန႔ ပိုးအိမ္ထဲက မထြက္ႏိုင္တဲ့ ပိုးတုံးလုံးကို ၾကည့္ၿပီး ပိုးတုံးလုံးကို ပိုးအိမ္ထဲက ထြက္ႏိုင္ဖို႔ ကူညီေပးမယ္လို႔ အႀကံရသြား ပါေတာ့တယ္။

အဲဒါနဲ႔ပဲ လူငယ္ေလးဟာ ကတ္ေၾကးကို ယူၿပီး ပိုးအိမ္ အေပါက္ကို ခ်ဲ႕ေပးလိုက္ ပါတယ္။ ပိုးတုံးလုံးေလး ကိုလည္း အျပင္ကို ထုတ္ေပးလိုက္ ပါေတာ့တယ္။

ပိုးတုံးလုံးေလးဟာ အျပင္ကို လြယ္လြယ္ကူကူ ေရာက္သြား ေပမယ့္လည္း လိပ္ျပာအျဖစ္ ပ်ံသန္းဖို႔ အေတာင္ေတြ မစုံေသးသလို လိပ္ျပာ ဘဝကို မကူးေျပာင္းႏိုင္ ေတာ့ပါဘူး။

လူငယ္ေလးဟာ ပိုးတုံးလုံးေလးကို လိပ္ျပာဘဝ ေျပာင္းလာမလားလို႔ ထိုင္ေစာင့္ၾကည့္ခဲ့ ေပမယ့္ ပိုးတုံးလုံးေလးဟာ ေသဆုံးသြား ပါေတာ့တယ္။

ကြၽန္ေတာ္တို႔ရဲ႕ ဘဝမွာလည္း အဲ့ဒီလိုပါပဲ။ ဘဝမွာ ရွင္သန္ရတာ မလြယ္ကူ ပါဘူး။ ဒါေပမယ့္ အဲဒီ အခက္အခဲေတြ ကပဲ ကြၽန္ေတာ္တို႔ရဲ႕ ဘဝအတြက္ လိုအပ္တဲ့ စြမ္းရည္ေတြ တိုးလာေစတာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဘဝမွာ အခက္အခဲေတြ ႀကဳံရေလေလ ကိုယ့္ရဲ႕ ေျဖရွင္းႏိုင္စြမ္းေတြ တိုးလာေလေလ ျဖစ္ပါတယ္။ အလြယ္တကူနဲ႔ ရတဲ့ ဘဝဟာ အားက်စရာ ေကာင္းေပမယ့္ တကယ္တမ္း အခက္အခဲနဲ႔ ႀကဳံလာခဲ့မယ္ ဆိုရင္ ကိုယ္တိုင္ ေျဖရွင္းႏိုင္တဲ့ စြမ္းရည္ရွိမွာ မဟုတ္ပါဘူး။

အဲဒါေၾကာင့္ ကိုယ့္ဘဝမွာ ဘာအခက္အခဲပဲ ေတြ႕ေတြ႕ ကိုယ့္ရဲ႕ စြမ္းရည္ တိုးလာေစျခင္း လို႔သာ ေတြးၿပီး အားတင္းၾကပါလို႔ တိုက္တြန္း လိုက္ပါတယ္။

crd

Post a Comment

0 Comments