ဝတ္တုထဲက စိတ်ကူးယဉ်ဆန်ဆန် အရာတွေဟာ အပြင်လောကမှာလည်း တကယ် ရှိပါတယ်။ ဥပမာ သိန်းထီ ခဏခဏပေါက်တာ၊ ဗီဒိုအဟောင်းထဲကနေ ရွှေဒင်္ဂါးတွေ ရှာတွေ့တတ်တာမျိုးပါ။

ဒီအဖြစ်အပျက်လေးကတော့ ထူးဆန်းပါတယ်။ သုံးပြီးသား ပစ္စည်းတွေ ပြန်ရောင်းတဲ့ ဈေးရောင်းပွဲကို အိမ်ဝန်းတစ်ဝန်းထဲမှာ ကျင်းပပါတယ်။ နယူးယောက်ကမိသားစုတစ်စုက သုံးပြီးသား မီးဖိုချောင်ပစ္စည်းတွေကို ရှာဖို့ရောက်သွားကြပါတယ်။

အဲဒီမှာ ပန်းကန်လုံးလေး တစ်လုံးကို သဘောကျသွားပြီး ၃ ဒေါ်လာနဲ့ ဝယ်လာကြပါတယ်။ ပြီးတော့ အဲဒီပန်းကန်လုံးက်ု စင်ပေါ်မှာ နှစ်ပေါင်းများစွာကြာ ဒီတိုင်းပဲ ထားထားခဲ့ပါတယ်။ အဲဒီမိသားစုက ပန်းကန်လုံးရဲ့ မူရင်းဇာစ်မြစ်ကို သိချင်တာကြောင့် ရှာဖွေဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။

ကျွမ်းကျင်သူတွေနဲ့ စုံစမ်းကြည့်တဲ့အခါ ပန်းကန်လုံးရဲ့ သက်တမ်းက နှစ်ပေါင်း တစ်ထောင်ကျော်နေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပန်းကန်လုံးကို တရုတ် Song မင်းဆက် လက်ထက်ကတည်းက ပြုလုပ်ခဲ့တာပါ။ Dingware လို့လည်းခေါ်ကြပါတယ်။

မြေထည်ကောင်းမွန်မှု၊ စဉ့်သုတ်ထားတာလှပမှု၊ အတွင်းဘက်မှာ ကြာပုံရဲ့ ကျက်သရေရှိမှုတွေကို Sotheby's က မှတ်ချက်ပေးထားပါတယ်။ ဒီပန်းကန်လုံးနဲ့ တစ်လုံးတည်းသော ပုံစံတူ ပန်းကန်လုံးက လန်ဒန်ပြတိုက်မှာ ရှိပါတယ်။

ဒီပန်းကန်လုံးကို သူတို့က ဒေါ်လာ ၂ သန်းကနေ ၃ သန်းအထိ တန်ဖိုးဖြတ်ကြပါတယ်။ နောက်ဆုံးမှာတော့ အနုပညာပစ္စည်း ကုန်သည်တစ်ယောက်ဆီကို ဒေါ်လာ ၂၂၂၅၀၀၀ နဲ့ ရောင်းချလိုက်ပါတယ်။

ပန်းကန်လုံးကို ၃ ဒေါ်လာနဲ့ ဝယ်ပြီး ဒေါ်လာ ၂ သန်းကျော် ပြန်ရလိုက်လို့ ထီပေါက်သလို ကံကောင်းခဲ့တာပါ။

Zombie (lovemedia)

for zawgyi

သုံးၿပီးသားပန္းကန္လုံးကို ၃ ေဒၚလာနဲ႔ ဝယ္ခဲ့ေပမယ့္ ေလလံတင္ေရာင္းတဲ့အခါ ေဒၚလာ ၂ သန္းေက်ာ္ ရသြားတဲ့မိသားစု

ဝတၱဳထဲက စိတ္ကူးယဥ္ဆန္ဆန္ အရာေတြဟာ အျပင္ေလာကမွာလည္း တကယ္ ရွိပါတယ္။ ဥပမာ သိန္းထီ ခဏခဏေပါက္တာ၊ ဗီဒိုအေဟာင္းထဲကေန ေ႐ႊဒဂၤါးေတြ ရွာေတြ႕တတ္တာမ်ိဳးပါ။

ဒီအျဖစ္အပ်က္ေလးကေတာ့ ထူးဆန္းပါတယ္။ သုံးၿပီးသား ပစၥည္းေတြ ျပန္ေရာင္းတဲ့ ေဈးေရာင္းပြဲကို အိမ္ဝန္းတစ္ဝန္းထဲမွာ က်င္းပပါတယ္။ နယူးေယာက္ကမိသားစုတစ္စုက သုံးၿပီးသား မီးဖိုေခ်ာင္ပစၥည္းေတြကို ရွာဖို႔ေရာက္သြားၾကပါတယ္။

အဲဒီမွာ ပန္းကန္လုံးေလး တစ္လုံးကို သေဘာက်သြားၿပီး ၃ ေဒၚလာနဲ႔ ဝယ္လာၾကပါတယ္။ ၿပီးေတာ့ အဲဒီပန္းကန္လုံးက္ု စင္ေပၚမွာ ႏွစ္ေပါင္းမ်ားစြာၾကာ ဒီတိုင္းပဲ ထားထားခဲ့ပါတယ္။ အဲဒီမိသားစုက ပန္းကန္လုံးရဲ႕ မူရင္းဇာစ္ျမစ္ကို သိခ်င္တာေၾကာင့္ ရွာေဖြဖို႔ ဆုံးျဖတ္လိုက္ ၾကပါတယ္။

ကြၽမ္းက်င္သူေတြနဲ႔ စုံစမ္းၾကည့္တဲ့အခါ ပန္းကန္လုံးရဲ႕ သက္တမ္းက ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ေနၿပီျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ ပန္းကန္လုံးကို တ႐ုတ္ Song မင္းဆက္ လက္ထက္ကတည္းက ျပဳလုပ္ခဲ့တာပါ။ Dingware လို႔လည္းေခၚၾကပါတယ္။

ေျမထည္ေကာင္းမြန္မႈ၊ စဥ့္သုတ္ထားတာလွပမႈ၊ အတြင္းဘက္မွာ ၾကာပုံရဲ႕ က်က္သေရရွိမႈေတြကို Sotheby's က မွတ္ခ်က္ေပးထားပါတယ္။ ဒီပန္းကန္လုံးနဲ႔ တစ္လုံးတည္းေသာ ပုံစံတူ ပန္းကန္လုံးက လန္ဒန္ျပတိုက္မွာ ရွိပါတယ္။

ဒီပန္းကန္လုံးကို သူတို႔က ေဒၚလာ ၂ သန္းကေန ၃ သန္းအထိ တန္ဖိုးျဖတ္ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ အႏုပညာပစၥည္း ကုန္သည္တစ္ေယာက္ဆီကို ေဒၚလာ ၂၂၂၅၀၀၀ နဲ႔ ေရာင္းခ်လိုက္ပါတယ္။ ပန္းကန္လုံးကို ၃ ေဒၚလာနဲ႔ ဝယ္ၿပီး ေဒၚလာ ၂ သန္းေက်ာ္ ျပန္ရလိုက္လို႔ ထီေပါက္သလို ကံေကာင္းခဲ့တာပါ။

Zombie (lovemedia)