ဝက်ထီးလေးနဲ့ဝက်မလေး

၅ ပေ ပတ်လည်ရှိတဲ့ ခြံဝင်းလေးထဲမှာ ဝက်ထီးနဲ့ ဝက်မ နှစ်ကောင် ရှိတယ်။ သူတို့နှစ်ကောင်ဟာ တကောင်နဲ့တကောင် အရမ်း ချစ်ကြတယ်။ ဝက်မလေးက အမ ပီပီ ဝက်ထီးလေးကို အမြဲတမ်း အနိုင်ကျင့်တယ်။

သခင် အစာကျွေးရင် သူအရင်ဆုံး ဝ အောင် စားတယ်။ ပြီးမှ ကျန်တာ ဝက်ထီးလေးကို ပေးတယ်။ ဝက်ထီးလေးကတော့ အပြုံးမပျက် စွာနဲ့ အလိုလိုက်တာပေါ့။ အနိုင်ကျင့်တာတွေလည်း သည်းခံပေးတယ်။

အမြဲတမ်း ဝဝလင်လင် စားရတဲ့ ဝက်မလေးဟာ တနေ့တခြား ဝ ဝ လို့ လာတယ်။ ဝက်ထီးလေးကတော့ ပိန်ညှောင်ညှောင်နဲ့ပေါ့။

တနေ့တော့ သခင်က အစာကျွေးနေရင်း "❝ဒီဝက်မလေး တော်တော် ဝ တာပဲ၊ ရှေ့လဆို သတ်ပြီး ရောင်းစားလို့ ရပြီ" လို့ သူ့မိန်းမကို ပြောလိုက်တယ်။ ဒီစကားကို ဝက်ထီးက ကြားမိသွားတယ်။

အဲဒီနောက်ပိုင်း ဝက်ထီးလေးဟာ ဝက်မလေးအပေါ် ဆက်ဆံရေးတွေ စပြီးပြောင်းလဲ သွားတာပေါ့။ အစာစားရင် ဝက်မလေးနဲ့ လုစားတယ်၊ အရင်လို ဝက်မလေးကို အဝအလင် ပေးမစားတော့ဘူး။ သူပဲ ဝအောင် စားလိုက်တယ်။ ညဆိုလည်း ဝက်မလေးကို မပေးအိပ်ဘူး၊ အိပ်ရေးပျက်အောင် လုပ်တယ်။

ဝက်မလေးလည်း ဝမ်းနည်းတာပေါ့။ ဇဝေဇဝါလည်း ဖြစ်မိတာပေါ့။ ဘာ့ကြောင့် သူ့အပေါ် ရုတ်တရက် ပြောင်းလဲသွားလဲပေါ့။ သူ့ကို အရင်လို မချစ်တော့ဘူးလို့ တွေးမိတာပေါ့။

ဒီလိုနဲ့ တလကြာတဲ့ အခါ ဝက်ထီးလေးဟာ အဆီတဝင့်ဝင့်နဲ့ ဝဖြိုးလို့ နေတာပေါ့။ သခင်က ဝက်ကို သတ်ပြီး ရောင်းစားဖို့ အချိန် ကျလာတော့ ဝက်မလေးက ပိန်နေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ ဝဖြိုးနေတဲ့ ဝက်ထီးလေးကို ဆွဲသွားတာပေါ့။

အဲဒီ အခိုက်တန့်လေးမှာပဲ ဝက်ထီးလေးက အပြုံးလေးနဲ့ "❝နောက်ဆို လျှော့စားနော်" ❞လို့ ဝက်မလေးကို လှမ်းပြောလိုက်တယ်။ ဝက်မလေးကလည်း အဲချိန်ကျမှ ဝက်ထီးလေးက ဘာ့ကြောင့် သူ့ပေါ် ဒီလို ပြုမူလဲ ဆိုတာကို သိလိုက်ရတော့တယ်။

ဒါပေမယ့် အချိန်ဟာ နှောင်းသွားခဲ့ပြီလေ။

ညဟာ တိတ်ဆိတ်လို့နေတယ်။ သခင်နဲ့ မိသားစုတွေ ဝက်ထီးလေးကို မြိန်ရေရှက်ရေနဲ့ စားသုံးနေတာကို ဝက်မလေးက ဝမ်းနည်း ကြေကွဲစွာနဲ့ လှမ်းမြင်နေရတယ်။ ဝက်ထီးလေး မရှိတော့ သူ့ရင်ထဲမှာ ဟာတာတာ နဲ့ပေါ့။

ဝက်ထီးလေး အိပ်နေကျ နေရာလေးကို အမှုမဲ့ အမှတ်မဲ့ လှမ်းကြည့်မိလိုက်တယ်။ ဝက်ထီးလေး ရေးထားခဲ့တဲ့ စာကြောင်းလေး တကြောင်းတွေ့မိတယ်။

"တကယ်လို့ နင့်ကို ချစ်တယ်ဆိုတာ အပြောနဲ့ သက်သေပြလို့ မလုံလောက်တဲ့အခါ ငါ့ အသက်လေးနဲ့ပဲ သက်သေပြလိုက်ပါတယ်"

ဝက်မလေးဟာ ယူကြုံးမရ ထစ်ချုန်းချ ငိုချလိုက်ပါတော့တယ်။

တချို့တွေက အထင်လွဲ အပြစ် မြင်နေကြပေမယ့် တချို့တွေကတော့ ပေးဆပ်နေကြတယ်။

crd

phoomyatchal

Zawgyi

ဝက္ထီးေလးနဲ႔ဝက္မေလး

၅ ေပ ပတ္လည္ရွိတဲ့ ၿခံဝင္းေလးထဲမွာ ဝက္ထီးနဲ႔ ဝက္မ ႏွစ္ေကာင္ ရွိတယ္။ သူတို႔ႏွစ္ေကာင္ဟာ တေကာင္နဲ႔တေကာင္ အရမ္း ခ်စ္ၾကတယ္။ ဝက္မေလးက အမ ပီပီ ဝက္ထီးေလးကို အၿမဲတမ္း အႏိုင္က်င့္တယ္။

သခင္ အစာေကြၽးရင္ သူအရင္ဆုံး ဝ ေအာင္ စားတယ္။ ၿပီးမွ က်န္တာ ဝက္ထီးေလးကို ေပးတယ္။ ဝက္ထီးေလးကေတာ့ အၿပဳံးမပ်က္ စြာနဲ႔ အလိုလိုက္တာေပါ့။ အႏိုင္က်င့္တာေတြလည္း သည္းခံေပးတယ္။

အၿမဲတမ္း ဝဝလင္လင္ စားရတဲ့ ဝက္မေလးဟာ တေန႔တျခား ဝ ဝ လို႔ လာတယ္။ ဝက္ထီးေလးကေတာ့ ပိန္ေညႇာင္ေညႇာင္နဲ႔ေပါ့။

တေန႔ေတာ့ သခင္က အစာေကြၽးေနရင္း "❝ဒီဝက္မေလး ေတာ္ေတာ္ ဝ တာပဲ၊ ေရွ႕လဆို သတ္ၿပီး ေရာင္းစားလို႔ ရၿပီ" လို႔ သူ႔မိန္းမကို ေျပာလိုက္တယ္။ ဒီစကားကို ဝက္ထီးက ၾကားမိသြားတယ္။

အဲဒီေနာက္ပိုင္း ဝက္ထီးေလးဟာ ဝက္မေလးအေပၚ ဆက္ဆံေရးေတြ စၿပီးေျပာင္းလဲ သြားတာေပါ့။ အစာစားရင္ ဝက္မေလးနဲ႔ လုစားတယ္၊ အရင္လို ဝက္မေလးကို အဝအလင္ ေပးမစားေတာ့ဘူး။ သူပဲ ဝေအာင္ စားလိုက္တယ္။ ညဆိုလည္း ဝက္မေလးကို မေပးအိပ္ဘူး၊ အိပ္ေရးပ်က္ေအာင္ လုပ္တယ္။

ဝက္မေလးလည္း ဝမ္းနည္းတာေပါ့။ ဇေဝဇဝါလည္း ျဖစ္မိတာေပါ့။ ဘာ့ေၾကာင့္ သူ႔အေပၚ ႐ုတ္တရက္ ေျပာင္းလဲသြားလဲေပါ့။ သူ႔ကို အရင္လို မခ်စ္ေတာ့ဘူးလို႔ ေတြးမိတာေပါ့။

ဒီလိုနဲ႔ တလၾကာတဲ့ အခါ ဝက္ထီးေလးဟာ အဆီတဝင့္ဝင့္နဲ႔ ဝၿဖိဳးလို႔ ေနတာေပါ့။ သခင္က ဝက္ကို သတ္ၿပီး ေရာင္းစားဖို႔ အခ်ိန္ က်လာေတာ့ ဝက္မေလးက ပိန္ေနတာကို ေတြ႕လိုက္ရတယ္။ ဒါနဲ႔ပဲ ဝၿဖိဳးေနတဲ့ ဝက္ထီးေလးကို ဆြဲသြားတာေပါ့။

အဲဒီ အခိုက္တန႔္ေလးမွာပဲ ဝက္ထီးေလးက အၿပဳံးေလးနဲ႔ "❝ေနာက္ဆို ေလွ်ာ့စားေနာ္" ❞လို႔ ဝက္မေလးကို လွမ္းေျပာလိုက္တယ္။ ဝက္မေလးကလည္း အဲခ်ိန္က်မွ ဝက္ထီးေလးက ဘာ့ေၾကာင့္ သူ႔ေပၚ ဒီလို ျပဳမူလဲ ဆိုတာကို သိလိုက္ရေတာ့တယ္။

ဒါေပမယ့္ အခ်ိန္ဟာ ေႏွာင္းသြားခဲ့ၿပီေလ။

ညဟာ တိတ္ဆိတ္လို႔ေနတယ္။ သခင္နဲ႔ မိသားစုေတြ ဝက္ထီးေလးကို ၿမိန္ေရရွက္ေရနဲ႔ စားသုံးေနတာကို ဝက္မေလးက ဝမ္းနည္း ေၾကကြဲစြာနဲ႔ လွမ္းျမင္ေနရတယ္။ ဝက္ထီးေလး မရွိေတာ့ သူ႔ရင္ထဲမွာ ဟာတာတာ နဲ႔ေပါ့။

ဝက္ထီးေလး အိပ္ေနက် ေနရာေလးကို အမႈမဲ့ အမွတ္မဲ့ လွမ္းၾကည့္မိလိုက္တယ္။ ဝက္ထီးေလး ေရးထားခဲ့တဲ့ စာေၾကာင္းေလး တေၾကာင္းေတြ႕မိတယ္။

"တကယ္လို႔ နင့္ကို ခ်စ္တယ္ဆိုတာ အေျပာနဲ႔ သက္ေသျပလို႔ မလုံေလာက္တဲ့အခါ ငါ့ အသက္ေလးနဲ႔ပဲ သက္ေသျပလိုက္ပါတယ္"

ဝက္မေလးဟာ ယူႀကဳံးမရ ထစ္ခ်ဳန္းခ် ငိုခ်လိုက္ပါေတာ့တယ္။

တခ်ိဳ႕ေတြက အထင္လြဲ အျပစ္ ျမင္ေနၾကေပမယ့္ တခ်ိဳ႕ေတြကေတာ့ ေပးဆပ္ေနၾကတယ္။

crd

phoomyatchal

Post a Comment

0 Comments