အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ဒီလက္ခဏာ (၇) မျိုး ပြနေရင် တိရစ္ဆာန်ဆရာဝန်နဲ့ ပြသဖို့ လိုနေပါပြီ

အိမ်မွေးတိရစ္ဆာန်လေးတွေက သူတို့ နေမကောင်းတဲ့အခါ သခင်တွေကို မပြောပြတတ်တာကြောင့် အမူအရာလေးတွေကနေပဲ သူတို့နေမကောင်းတာကို သိနိုင်ပါတယ်။ သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိရင် သူတို့ရဲ့ အမူအရာလေးတွေကို သတိထား ကြည့်သင့်ပါတယ်။

၁။ ချောင်းဆိုးခြင်း

တစ်ခါတလေ ခွေးလေးတွေ၊ ကြောင်လေးတွေ ချောင်းဆိုးရင် ဆေးခန်းသွားစရာ မလိုသေးပါဘူး။ ၂ ပတ်လောက်ကြာရင် ချောင်းဆိုး ပျောက်သွားပါတယ်။ ဒါပေမယ့် ၃ ပတ်ထက်ပိုပြီး ချောင်းဆိုးရင်တော့ ပုံမှန် မဟုတ်ပါဘူး။ ဆက်တိုက် ချောင်းဆိုးတာက နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရင်ကျပ်နာ၊ နမိုးနီးယား၊ လေပြွန်ရောဂါတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။

၂။ အန်ခြင်း

ခွေးတွေ၊ ကြောင်တွေ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ပေမယ့်လည်း အန်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတရံ အစာအိမ် အူလမ်းကြောင်းရောဂါ၊ ပန်ကရိယရောဂါ၊ ကျောက်ကပ်ရောဂါတို့ကြောင့် အန်တာလည်း ဖြစ်နိုင်ပါတယ်။

- ကြောင်လေးတွေ မကြာခဏ အမွေးကျွတ်ပြီး တစ်လတစ်ကြိမ်ထက် ပိုအန်နေရင် တိရစ္ဆာန်ဆရာဝန်ထံ ပြသသင့်ပါတယ်။

- ခွေးလေးတွေ မြက်တွေ၊ အမှိုက်တွေ စားပြီးရင်လည်း အန်တတ်ပါတယ်။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အန်နေရင်တော့ သတိထား ကြည့်သင့်ပါတယ်။ အန်တဲ့အခါ သွေးတွေပါလာရင် ဗိုက်ထဲမှာ စူးရှတဲ့ အရာတစ်ခုကို မျိုချထားမိတာလည်း ဖြစ်နိုင်ပါတယ်။

၃။ ဗိုက်ရောင်ခြင်း

ခွေးလေးတွေက အစားတွေ အများကြီး စားပြီးရင်လည်း ဗိုက်ဖောင်းလာပါတယ်။; အစာအိမ်ထဲမှာ သွေးယိုတဲ့အခါ၊ ဟော်မုန်းမညီမျှတဲ့အခါ၊ ဝမ်းတွင်းမြှေးရောင်တဲ့ အခါတွေမှာလည်း ဗိုက်က ရောင်နိုင်ပါတယ်။ ဗိုက်မှာ ရောင်တာက ရင်ဘတ်မှာ ဖိအားတွေ ဖြစ်စေပြီး ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် အသက်ရှူ ဝစေမှာမဟုတ်ပါဘူး။

၄။ နုံးချည့်ခြင်း

အရမ်းဆော့တတ်တဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေက ရုတ်တရက်ကြီး နုံးချည့်ပြီး မဆော့ချင်တော့ရင်၊ အားနည်းနေတဲ့ပုံပေါ်ရင် ဂရုစိုက်သင့်ပါတယ်။ ကူးစက်ရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးအားနည်း ရောဂါဖြစ်တဲ့အခါ ခွေးလေးတွေ၊ ကြောင်လေးတွေက အားနည်းလာပါတယ်။

၅။ ပုံမှန်အမူအရာ မဟုတ်ခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေက အကြောင်းပြချက်မရှိ ကြောက်ရွံ့ပြီး ညည်းညူနေမယ် ဆိုရင်၊ အငြိမ်မနေဘဲ လှုပ်နေမယ်ဆိုရင် ဝဲနာ၊ ခွေးရူးပြန်ရောဂါ၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။

၆။ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားခြင်း

သင့်ခွေးလေးက ကောင်းကောင်းစားပြီး ကိုယ်အလေးချိန် နည်းနည်းလေး ကျသွားရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် သင့်ခွေးလေး၊ ကြောင်လေးက ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း ရုတ်တရက် ကျသွားရင် မပေါ့ဆသင့်ပါဘူး။ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ ဖြစ်တဲ့အခါ ကိုယ်အလေးချိန် ကျသွားပါတယ်။

၇။ မကြာခဏ လျက်ခြင်း

သင့်ခွေးလေး၊ ကြောင်လေးက တစ်နေရာတည်းကို မကြာခဏ လျက်နေရင် သန်းနဲ့ ဓါတ်မတည့်မှုကြောင့် နာကျင်နေတာ၊ ယားယံတာ ဖြစ်နိုင်ပါတယ်။

ခွေးက ဗိုက်နေရာကို မကြာခဏ လျက်နေရင် အစာအိမ် အူလမ်းကြောင်းမှာ ပြဿနာ ရှိနေနိုင်ပါတယ်။ ကြောင်လေးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေရင်လည်း မကြာခဏ လျက်တတ်ပါတယ်။

Zombie (Lovemedia)

for zawgyi

အိမ္ေမြးတိရစာၦန္ေလးေတြမွာ ဒီလကၡဏာ (၇) မ်ိဳး ျပေနရင္ တိရစာၦန္ဆရာဝန္နဲ႔ ျပသဖို႔ လိုေနပါၿပီ

အိမ္ေမြးတိရစာၦန္ေလးေတြက သူတို႔ ေနမေကာင္းတဲ့အခါ သခင္ေတြကို မေျပာျပတတ္တာေၾကာင့္ အမူအရာေလးေတြကေနပဲ သူတို႔ေနမေကာင္းတာကို သိႏိုင္ပါတယ္။ သင့္အိမ္မွာ အိမ္ေမြးတိရစာၦန္ေလးေတြရွိရင္ သူတို႔ရဲ႕ အမူအရာေလးေတြကို သတိထား ၾကည့္သင့္ပါတယ္။

၁။ ေခ်ာင္းဆိုးျခင္း

တစ္ခါတေလ ေခြးေလးေတြ၊ ေၾကာင္ေလးေတြ ေခ်ာင္းဆိုးရင္ ေဆးခန္းသြားစရာ မလိုေသးပါဘူး။ ၂ ပတ္ေလာက္ၾကာရင္ ေခ်ာင္းဆိုး ေပ်ာက္သြားပါတယ္။ ဒါေပမယ့္ ၃ ပတ္ထက္ပိုၿပီး ေခ်ာင္းဆိုးရင္ေတာ့ ပုံမွန္ မဟုတ္ပါဘူး။ ဆက္တိုက္ ေခ်ာင္းဆိုးတာက ႏွလုံးေရာဂါ၊ အဆုတ္ေရာဂါ၊ ေခ်ာင္းဆိုးရင္က်ပ္နာ၊ နမိုးနီးယား၊ ေလႁပြန္ေရာဂါတို႔နဲ႔ ဆက္စပ္ေနႏိုင္ပါတယ္။

၂။ အန္ျခင္း

ေခြးေတြ၊ ေၾကာင္ေတြ ျပင္းျပင္းထန္ထန္ ေနမေကာင္း ျဖစ္ေပမယ့္လည္း အန္တတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ခါတရံ အစာအိမ္ အူလမ္းေၾကာင္းေရာဂါ၊ ပန္ကရိယေရာဂါ၊ ေက်ာက္ကပ္ေရာဂါတို႔ေၾကာင့္ အန္တာလည္း ျဖစ္ႏိုင္ပါတယ္။

- ေၾကာင္ေလးေတြ မၾကာခဏ အေမြးကြၽတ္ၿပီး တစ္လတစ္ႀကိမ္ထက္ ပိုအန္ေနရင္ တိရစာၦန္ဆရာဝန္ထံ ျပသသင့္ပါတယ္။

- ေခြးေလးေတြ ျမက္ေတြ၊ အမႈိက္ေတြ စားၿပီးရင္လည္း အန္တတ္ပါတယ္။ တစ္ေန႔ကို အႀကိမ္ေပါင္းမ်ားစြာ အန္ေနရင္ေတာ့ သတိထား ၾကည့္သင့္ပါတယ္။ အန္တဲ့အခါ ေသြးေတြပါလာရင္ ဗိုက္ထဲမွာ စူးရွတဲ့ အရာတစ္ခုကို မ်ိဳခ်ထားမိတာလည္း ျဖစ္ႏိုင္ပါတယ္။

၃။ ဗိုက္ေရာင္ျခင္း

ေခြးေလးေတြက အစားေတြ အမ်ားႀကီး စားၿပီးရင္လည္း ဗိုက္ေဖာင္းလာပါတယ္။ အစာအိမ္ထဲမွာ ေသြးယိုတဲ့အခါ၊ ေဟာ္မုန္းမညီမွ်တဲ့အခါ၊ ဝမ္းတြင္းေျမႇးေရာင္တဲ့ အခါေတြမွာလည္း ဗိုက္က ေရာင္ႏိုင္ပါတယ္။ ဗိုက္မွာ ေရာင္တာက ရင္ဘတ္မွာ ဖိအားေတြ ျဖစ္ေစၿပီး ေခြးေလးေတြ၊ ေၾကာင္ေလးေတြအတြက္ အသက္ရႉ ဝေစမွာမဟုတ္ပါဘူး။

၄။ ႏုံးခ်ည့္ျခင္း

အရမ္းေဆာ့တတ္တဲ့ ေခြးေလးေတြ၊ ေၾကာင္ေလးေတြက ႐ုတ္တရက္ႀကီး ႏုံးခ်ည့္ၿပီး မေဆာ့ခ်င္ေတာ့ရင္၊ အားနည္းေနတဲ့ပုံေပၚရင္ ဂ႐ုစိုက္သင့္ပါတယ္။ ကူးစက္ေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ ေသြးအားနည္း ေရာဂါျဖစ္တဲ့အခါ ေခြးေလးေတြ၊ ေၾကာင္ေလးေတြက အားနည္းလာပါတယ္။

၅။ ပုံမွန္အမူအရာ မဟုတ္ျခင္း

အိမ္ေမြးတိရစာၦန္ေလးေတြက အေၾကာင္းျပခ်က္မရွိ ေၾကာက္႐ြံ႕ၿပီး ညည္းညဴေနမယ္ ဆိုရင္၊ အၿငိမ္မေနဘဲ လႈပ္ေနမယ္ဆိုရင္ ဝဲနာ၊ ေခြး႐ူးျပန္ေရာဂါ၊ ႏွလုံးေရာဂါတို႔နဲ႔ ဆက္စပ္ေနႏိုင္ပါတယ္။

၆။ ႐ုတ္တရက္ ကိုယ္အေလးခ်ိန္က်သြားျခင္း

သင့္ေခြးေလးက ေကာင္းေကာင္းစားၿပီး ကိုယ္အေလးခ်ိန္ နည္းနည္းေလး က်သြားရင္ေတာ့ ျပႆနာမရွိပါဘူး။ ဒါေပမယ့္ သင့္ေခြးေလး၊ ေၾကာင္ေလးက ကိုယ္အေလးခ်ိန္ရဲ႕ ၁၀ ရာခိုင္ႏႈန္း ႐ုတ္တရက္ က်သြားရင္ မေပါ့ဆသင့္ပါဘူး။ အဆုတ္ေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ ကင္ဆာေရာဂါ ျဖစ္တဲ့အခါ ကိုယ္အေလးခ်ိန္ က်သြားပါတယ္။

၇။ မၾကာခဏ လ်က္ျခင္း

သင့္ေခြးေလး၊ ေၾကာင္ေလးက တစ္ေနရာတည္းကို မၾကာခဏ လ်က္ေနရင္ သန္းနဲ႔ ဓါတ္မတည့္မႈေၾကာင့္ နာက်င္ေနတာ၊ ယားယံတာ ျဖစ္ႏိုင္ပါတယ္။

ေခြးက ဗိုက္ေနရာကို မၾကာခဏ လ်က္ေနရင္ အစာအိမ္ အူလမ္းေၾကာင္းမွာ ျပႆနာ ရွိေနႏိုင္ပါတယ္။ ေၾကာင္ေလးမွာ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ရွိေနရင္လည္း မၾကာခဏ လ်က္တတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments