ခန္ဓာကိုယ်မှာ ရေမွှေးမဆွတ်သင့်တဲ့ နေရာ (၅) နေရာ

ရေမွှေးဆွတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ တချို့တွေက ရေမွှေး မဆွတ်ရရင် မနေနိုင်အောင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ရေမွှေးမဆွတ်သင့်တဲ့ နေရာတွေလည်း ရှိပါသေးတယ်နော်။

၁။ မျက်လုံး

မျက်လုံးကိုတော့ ဘယ်သူမှ ရေမွှေးဆွတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်လုံးနားမှာ ရေမွှေး ဖျန်းမိရင် မျက်လုံး တစ်ဝိုက်စပ်တာ၊ နာကျင်တာ၊ ဓါတ်မတည့်တာတွေ ဖြစ်စေမှာပါ။ သင့်လက်မှာ ရေမွှေးဆွတ်ထားရင် မျက်နှာကို မကိုင်ခင် လက်ကို သေချာရေဆေး သင့်ပါတယ်။

၂။ ဆံပင်

ဆံပင်က အနံ့တွေကို စုပ်ယူနိုင်ပါတယ်။ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ရေမွှေးတွေက သင့်ဆံပင်ကို ခြောက်သွေ့စေပါတယ်။ ဆံပင်ကို ရေမွှေးဆွတ်ချင်ရင် ခေါင်းဖြီးမှာသာ ဆွတ်ပါ။

၃။ လက်ကောက်ဝတ်

လူအများစုက လက်ကောက်ဝတ်မှာ ရေမွှေး ဆွတ်တတ်ကြပါတယ်။ ရေမွှေးမှာပါတဲ့ အယ်လ်ကိုဟောကြောင့် လက်ကောက်ဝတ် အသားအရေ ခြောက်သွေ့တာ ဖြစ်လာမှာပါ။

၄။ ချိုင်း

ချိုင်းအသားအရေက ထိလွယ်ရှလွယ်တဲ့ အသားအရေပါ။ ရေမွှေးမှာ ပါဝင်တဲ့ ပစ္စည်းတွေကြောင့် ဂျိုင်းမှာ ပွန်းတာ၊ အပူလောင်တာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အဝတ်အစားပေါ်ကနေ ဆွတ်ရင်တော့ အဆင်ပြေပါတယ်။

၅။ မျိုးပွားအင်္ဂါ

မျိုးပွားအင်္ဂါတွေမှာ ရေမွှေးဆွတ်ရင် အသားအရေ နီမြန်းလာတာ၊ ရောင်ရမ်းတာတွေ ကြုံတွေ့လာ ရနိုင်ပါတယ်။ ရေမွှေးအစား အနံ့မွှေးတဲ့ ဆပ်ပြာကိုသာ သုံးသင့်ပါတယ်။

ရေမွှေးကို လည်ပင်း၊ လက်ကောက်ဝတ်၊ ဒူးကောက်ကွေး စတဲ့ သွေးခုန်နှုန်းရှိတဲ့ နေရာတွေမှာ ဆွတ်ကြပါတယ်။ ရေမွှေးနံ့က ခန္ဓာကိုယ်မှာ ကြာကြာ ရနံ့စွဲဖို့အတွက် ရေချိုးပြီးတဲ့အခါ ရေမွှေးဆွတ်ပါ။ အစိုဓါတ်က ရနံ့ကို ကြာကြာထိန်းပေးပါတယ်။


တစ်ခါတရံမှာ သင်ဆွတ်ထားတဲ့ ရေမွှေးနံ့ကို သင်ကိုယ်တိုင် ပြန်မရတတ်ပါဘူး။ ရေမွှေး အမျိုးအစား တစ်ခုတည်းပေမယ့် ရနံ့ချင်း မတူတတ်ပါဘူး။ ရေမွှေးက ကိုယ်သင်းနံ့နဲ့ ရောသွားတတ်လို့ပါ။


ရေမွှေးတွေကို စမ်းပြီး ဆွတ်ကြည့်တဲ့အခါ တစ်ချိန်တည်းမှာ ရေမွှေးနှစ်မျိုးကို စမ်းမဆွတ်သင့်ပါဘူး။ အဲဒီအခါ ဦးနှောက်ကို ရွေးရခက်စေပါတယ်။

ရေမွှေးဆိုင်တွေက အနံ့တွေကို ခွဲခြားနိုင်ဖို့ ကော်ဖီအိုးတွေ ထားတတ်ကြပါတယ်။ ဒါပေမယ့် ကော်ဖီနဲ့ကြောင့် ဦးနှောက်က ပိုရွေးရခက်စေပါတယ်။ အဲဒါကြောင့် ဒီနည်းကိုလည်း မသုံးသင့်ပါဘူး။

ရေမွှေးကို အမှောင်ထဲမှာ သိမ်းဆည်းပါ။ အပူချိန်၊ စိုထိုင်းဆ၊ အလင်းရောင်တွေက ရေမွှေးရဲ့ ပါဝင်ပစ္စည်းတွေကို အရည်အသွေးလျော့ စေပါတယ်။ ရေခဲသေတ္တာတံခါး၊ ဗီရိုအံဆွဲတွေထဲမှာ ရေမွှေးကို သိမ်းထားလို့ ရပါတယ်။

Zombie (Lovemedia)

for zawgyi

ခႏၶာကိုယ္မွာ ေရေမႊးမဆြတ္သင့္တဲ့ ေနရာ (၅) ေနရာ

ေရေမႊးဆြတ္တာက ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးေစပါတယ္။ တခ်ိဳ႕ေတြက ေရေမႊး မဆြတ္ရရင္ မေနႏိုင္ေအာင္ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္မွာ ေရေမႊးမဆြတ္သင့္တဲ့ ေနရာေတြလည္း ရွိပါေသးတယ္ေနာ္။

၁။ မ်က္လုံး

မ်က္လုံးကိုေတာ့ ဘယ္သူမွ ေရေမႊးဆြတ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ မ်က္လုံးနားမွာ ေရေမႊး ဖ်န္းမိရင္ မ်က္လုံး တစ္ဝိုက္စပ္တာ၊ နာက်င္တာ၊ ဓါတ္မတည့္တာေတြ ျဖစ္ေစမွာပါ။ သင့္လက္မွာ ေရေမႊးဆြတ္ထားရင္ မ်က္ႏွာကို မကိုင္ခင္ လက္ကို ေသခ်ာေရေဆး သင့္ပါတယ္။

၂။ ဆံပင္

ဆံပင္က အနံ႔ေတြကို စုပ္ယူႏိုင္ပါတယ္။ အယ္လ္ကိုေဟာကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ ေရေမႊးေတြက သင့္ဆံပင္ကို ေျခာက္ေသြ႕ေစပါတယ္။ ဆံပင္ကို ေရေမႊးဆြတ္ခ်င္ရင္ ေခါင္းၿဖီးမွာသာ ဆြတ္ပါ။

၃။ လက္ေကာက္ဝတ္

လူအမ်ားစုက လက္ေကာက္ဝတ္မွာ ေရေမႊး ဆြတ္တတ္ၾကပါတယ္။ ေရေမႊးမွာပါတဲ့ အယ္လ္ကိုေဟာေၾကာင့္ လက္ေကာက္ဝတ္ အသားအေရ ေျခာက္ေသြ႕တာ ျဖစ္လာမွာပါ။

၄။ ခ်ိဳင္း

ခ်ိဳင္းအသားအေရက ထိလြယ္ရွလြယ္တဲ့ အသားအေရပါ။ ေရေမႊးမွာ ပါဝင္တဲ့ ပစၥည္းေတြေၾကာင့္ ဂ်ိဳင္းမွာ ပြန္းတာ၊ အပူေလာင္တာ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ အဝတ္အစားေပၚကေန ဆြတ္ရင္ေတာ့ အဆင္ေျပပါတယ္။

၅။ မ်ိဳးပြားအဂၤါ

မ်ိဳးပြားအဂၤါေတြမွာ ေရေမႊးဆြတ္ရင္ အသားအေရ နီျမန္းလာတာ၊ ေရာင္ရမ္းတာေတြ ႀကဳံေတြ႕လာ ရႏိုင္ပါတယ္။ ေရေမႊးအစား အနံ႔ေမႊးတဲ့ ဆပ္ျပာကိုသာ သုံးသင့္ပါတယ္။

ေရေမႊးကို လည္ပင္း၊ လက္ေကာက္ဝတ္၊ ဒူးေကာက္ေကြး စတဲ့ ေသြးခုန္ႏႈန္းရွိတဲ့ ေနရာေတြမွာ ဆြတ္ၾကပါတယ္။ ေရေမႊးနံ႔က ခႏၶာကိုယ္မွာ ၾကာၾကာ ရနံ႔စြဲဖို႔အတြက္ ေရခ်ိဳးၿပီးတဲ့အခါ ေရေမႊးဆြတ္ပါ။ အစိုဓါတ္က ရနံ႔ကို ၾကာၾကာထိန္းေပးပါတယ္။

တစ္ခါတရံမွာ သင္ဆြတ္ထားတဲ့ ေရေမႊးနံ႔ကို သင္ကိုယ္တိုင္ ျပန္မရတတ္ပါဘူး။ ေရေမႊး အမ်ိဳးအစား တစ္ခုတည္းေပမယ့္ ရနံ႔ခ်င္း မတူတတ္ပါဘူး။ ေရေမႊးက ကိုယ္သင္းနံ႔နဲ႔ ေရာသြားတတ္လို႔ပါ။

ေရေမႊးေတြကို စမ္းၿပီး ဆြတ္ၾကည့္တဲ့အခါ တစ္ခ်ိန္တည္းမွာ ေရေမႊးႏွစ္မ်ိဳးကို စမ္းမဆြတ္သင့္ပါဘူး။ အဲဒီအခါ ဦးေႏွာက္ကို ေ႐ြးရခက္ေစပါတယ္။ ေရေမႊးဆိုင္ေတြက အနံ႔ေတြကို ခြဲျခားႏိုင္ဖို႔ ေကာ္ဖီအိုးေတြ ထားတတ္ၾကပါတယ္။ ဒါေပမယ့္ ေကာ္ဖီနဲ႔ေၾကာင့္ ဦးေႏွာက္က ပိုေ႐ြးရခက္ေစပါတယ္။ အဲဒါေၾကာင့္ ဒီနည္းကိုလည္း မသုံးသင့္ပါဘူး။

ေရေမႊးကို အေမွာင္ထဲမွာ သိမ္းဆည္းပါ။ အပူခ်ိန္၊ စိုထိုင္းဆ၊ အလင္းေရာင္ေတြက ေရေမႊးရဲ႕ ပါဝင္ပစၥည္းေတြကို အရည္အေသြးေလ်ာ့ ေစပါတယ္။ ေရခဲေသတၱာတံခါး၊ ဗီ႐ိုအံဆြဲေတြထဲမွာ ေရေမႊးကို သိမ္းထားလို႔ ရပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments