တခါတုန်းက ရွာတရွာတွင် အဘွားအိုတယောက် ရှိလေသည်။ တနေ့သောအခါ အဘွားအိုသည် ပဲစေ့များကို ကောက်လာပြီးလျှင် ချက်မည်ပြုလေသည်။ သူသည် ပဲစေ့များကို ချက်ရန် အိုးထဲသို့ လောင်းချလိုက်သောအခါ ပဲစေ့တစေ့သည် အပြင်ဘက်သို့ စင်ထွက် သွားလေသည်။

အဘွားအိုသည် အိုးကို မီးဖိုတွင် တည်ပြီးလျှင် မီးတောက်လာစေရန် ကောက်ရိုးတစုကို ယူ၍ မီးဖိုထဲသို့ ထည့်လိုက်လေသည်။ ထိုအခါ ကောက်ရိုးဆုပ်ထဲမှ ကောက်ရိုးတချောင်းသည် မီးဖိုထဲသို့ မကျဘဲ အပြင်ဘက်သို့ လွင့်တက်လာလေသည်။ ထို့နောက် မီးဖိုထဲသို့ ထည့်ထားသော ကျောက်မီးသွေး တတုံးကလည်း မီးဖိုအပြင် ဘက်သို့ လွင့်ထွက်လာလေသည်။

ပဲစေ့၊ ကောက်ရိုးနှင့် ကျောက်မီးသွေးခဲ တို့သည် မီးဖိုအပြင်ဘက်၌ ဆုံကြ၍ ပဲစေ့က "မိတ်ဆွေတို့ရေ၊ ကျုပ်တော့ ဘွားအိုရဲ့ အိုးပူထဲမှာ အပူမခံရတော့ဘူး။ ကျုပ်မိတ်ဆွေ ပဲစေ့များကတော့ မီးအပူခံရလို့ သူတို့ အရေခွံတွေ အားလုံး အက်ကွဲပြီး သေကုန်ကြတော့ မှာပဲ။ ကျုပ်သာ ကံကောင်းလို့ လွင့်ထွက်လာရတာ" ဟု ပြောလေသည်။

ကျောက်မီးသွေးကလည်း "ကျုပ်လည်း ခင်ဗျားလိုပါပဲ၊ မီးဖိုထဲမှာသာ နေရရင် တခါတည်း ပြာကျပြီး သေမှာ။ အခုတော့ ကံကောင်း သွားတာပေါ့" ဟု ပြောလေသည်။

ထိုအခါ ကောက်ရိုးကလည်း "ဟုတ်တာပေါ့၊ ကျုပ်လည်း အဘွားအိုရဲ့ မီးဖိုထဲမှာ မီးအမြိုက် မခံရတော့ဘဲ လွတ်ထွက်လာခဲ့တယ်။ ကဲ ကျုပ်တို့သုံးယောက် ကုသိုလ်ကံတူ အကျိုးပေး ဖြစ်ကြလို့ စုပေါင်းပြီး သွားကြရင် ကောင်းမယ်။ လာ သွားကြစို့" ဟုဆိုကာ ခရီးထွက် လာခဲ့ကြလေသည်။

သူတို့မိတ်ဆွေ ၃ ယောက်တို့ လမ်းလျှောက်လာကြရာ မကြာမီ တွင် လမ်းကိုဖြတ်၍ စီးဆင်းနေသော ချောင်းကလေးတခုကို မြင်ကြရလေသည်။ ထိုအခါ သူတို့သည် ချောင်းကို ဘယ်လိုဖြတ်ကူးရမယ် ဆိုတာကို မသိသောကြောင့် တိုင်ပင်ကြလေသည်။

ကောက်ရိုးသည် သူ့မိတ်ဆွေများအား "မိတ်ဆွေတို့အတွက် ကျုပ်ကပဲ ချောင်းကို ဖြတ်ပြီး တံတားအဖြစ် လုပ်ပေးပါ့မယ်" ဟု ဆိုကာ သူ့ကိုယ်ကို ချောင်းတဖက်ကမ်းမှ တဖက်ကမ်းသို့ ဖြတ်၍ တံတားအဖြစ် လှဲပေးလိုက် လေသည်။

ထိုသို့ ပြုလုပ်ပေးသဖြင့် ရှေးဦးစွာ မီးသွေးခဲသည် အလောတကြီးဖြင့် ကောက်ရိုး ပြုလုပ်ပေးသော တံတားပေါ်သို့ နင်းဖြတ်၍ လမ်းလျှောက်လာခဲ့ရာ အလယ်သို့ ရောက်လာခဲ့သည်။ ကျောက်မီးသွေး တံတားအလယ်သို့ ရောက်သောအခါ တံတားအောက် ၌ စီးဆင်းနေသော ရေစီးကို တွေ့မြင်ရလေသည်။

သူသည် ရေစီးဆင်းနေသည်ကို မြင်ရ၍ ကြောက်လန့်လာပြီးလျှင် ကောက်ရိုးတံတားပေါ်မှ အောက်သို့ လိမ့်ကျသွားလေသည်။ ထိုအခါ ကောက်ရိုးကလည်း ကျောက်မီးသွေးနှင့် အတူပင် ရေထဲသို့ ထိုး၍ကျကာ ရေစီးထဲတွင် မျောပါသွားလေသည်။

ထိုသို့ မိတ်ဆွေ ၂ ဦး ရေထဲသို့ ရုတ်တရက် လိမ့်ကျသွားသည်ကို တဖက်ကမ်းမှ တွေ့မြင်လိုက်ရသော ပဲစေ့သည် သူတို့ကဲ့သို့ ကြောက်လန့်ခြင်း မဖြစ်လာဘဲ ရယ်ချင်စိတ် ဖြစ်လာသောကြောင့် ပြင်းထန်စွာ ရယ်လိုက်လေသည်။ ထိုသို့ မရပ်မနားဘဲ ဆက်တိုက်ဆက်၍ ရယ်နေရာ မကြာမီတွင် သူ၏ ခန္ဓာကိုယ်မှ အရေခွံတို့သည် အက်ကွဲလာ ခဲ့လေသည်။

ထိုသို့ ပဲစေ့ကလေး ရယ်မော၍ အခွံ အက်ကွဲနေသည်ကို လမ်းလျှောက်လာသော လူတဦးက မြင်လေသည်။ ထိုလူသည်လည်း ပဲစေ့ကလေးအနီးသို့ ရောက်လာ၍ သေချာစွာ ကြည့်လိုက်ရာ အရေခွံ အက်ကွဲနေသည်ကို သိရလေသည်။

သူသည် အပ်ချုပ်သမားတယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ အဖာကလေးထဲမှ အပ်ချည်နှင့် အပ်ကို ထုတ်လိုက်ပြီးလျှင် အက်နေသော ပဲစေ့၏ အရေခွံ ကို ပြန်၍စေ့ကာ ချုပ်ပေးလိုက်လေသည်။

ထိုနေ့မှ စတင်၍ ယနေ့ချိန်အထိ ပဲစေ့များတွင် အပ်ချုပ်သည် ချုပ်ပေးလိုက်သော အကြောင်းအစင်းကလေးများ ပါနေရခြင်း ပုံစံသာ ဖြစ်လေသတည်း။

phoomyatchal

Zawgyi

ေကာက္႐ိုး မီးေသြးခဲ ပဲေစ့

တခါတုန္းက ႐ြာတ႐ြာတြင္ အဘြားအိုတေယာက္ ရွိေလသည္။ တေန႔ေသာအခါ အဘြားအိုသည္ ပဲေစ့မ်ားကို ေကာက္လာၿပီးလွ်င္ ခ်က္မည္ျပဳေလသည္။ သူသည္ ပဲေစ့မ်ားကို ခ်က္ရန္ အိုးထဲသို႔ ေလာင္းခ်လိုက္ေသာအခါ ပဲေစ့တေစ့သည္ အျပင္ဘက္သို႔ စင္ထြက္ သြားေလသည္။

အဘြားအိုသည္ အိုးကို မီးဖိုတြင္ တည္ၿပီးလွ်င္ မီးေတာက္လာေစရန္ ေကာက္႐ိုးတစုကို ယူ၍ မီးဖိုထဲသို႔ ထည့္လိုက္ေလသည္။ ထိုအခါ ေကာက္႐ိုးဆုပ္ထဲမွ ေကာက္႐ိုးတေခ်ာင္းသည္ မီးဖိုထဲသို႔ မက်ဘဲ အျပင္ဘက္သို႔ လြင့္တက္လာေလသည္။ ထို႔ေနာက္ မီးဖိုထဲသို႔ ထည့္ထားေသာ ေက်ာက္မီးေသြး တတုံးကလည္း မီးဖိုအျပင္ ဘက္သို႔ လြင့္ထြက္လာေလသည္။

ပဲေစ့၊ ေကာက္႐ိုးႏွင့္ ေက်ာက္မီးေသြးခဲ တို႔သည္ မီးဖိုအျပင္ဘက္၌ ဆုံၾက၍ ပဲေစ့က "မိတ္ေဆြတို႔ေရ၊ က်ဳပ္ေတာ့ ဘြားအိုရဲ႕ အိုးပူထဲမွာ အပူမခံရေတာ့ဘူး။ က်ဳပ္မိတ္ေဆြ ပဲေစ့မ်ားကေတာ့ မီးအပူခံရလို႔ သူတို႔ အေရခြံေတြ အားလုံး အက္ကြဲၿပီး ေသကုန္ၾကေတာ့ မွာပဲ။ က်ဳပ္သာ ကံေကာင္းလို႔ လြင့္ထြက္လာရတာ" ဟု ေျပာေလသည္။

ေက်ာက္မီးေသြးကလည္း "က်ဳပ္လည္း ခင္ဗ်ားလိုပါပဲ၊ မီးဖိုထဲမွာသာ ေနရရင္ တခါတည္း ျပာက်ၿပီး ေသမွာ။ အခုေတာ့ ကံေကာင္း သြားတာေပါ့" ဟု ေျပာေလသည္။

ထိုအခါ ေကာက္႐ိုးကလည္း "ဟုတ္တာေပါ့၊ က်ဳပ္လည္း အဘြားအိုရဲ႕ မီးဖိုထဲမွာ မီးအၿမိဳက္ မခံရေတာ့ဘဲ လြတ္ထြက္လာခဲ့တယ္။ ကဲ က်ဳပ္တို႔သုံးေယာက္ ကုသိုလ္ကံတူ အက်ိဳးေပး ျဖစ္ၾကလို႔ စုေပါင္းၿပီး သြားၾကရင္ ေကာင္းမယ္။ လာ သြားၾကစို႔" ဟုဆိုကာ ခရီးထြက္ လာခဲ့ၾကေလသည္။

သူတို႔မိတ္ေဆြ ၃ ေယာက္တို႔ လမ္းေလွ်ာက္လာၾကရာ မၾကာမီ တြင္ လမ္းကိုျဖတ္၍ စီးဆင္းေနေသာ ေခ်ာင္းကေလးတခုကို ျမင္ၾကရေလသည္။ ထိုအခါ သူတို႔သည္ ေခ်ာင္းကို ဘယ္လိုျဖတ္ကူးရမယ္ ဆိုတာကို မသိေသာေၾကာင့္ တိုင္ပင္ၾကေလသည္။

ေကာက္႐ိုးသည္ သူ႔မိတ္ေဆြမ်ားအား "မိတ္ေဆြတို႔အတြက္ က်ဳပ္ကပဲ ေခ်ာင္းကို ျဖတ္ၿပီး တံတားအျဖစ္ လုပ္ေပးပါ့မယ္" ဟု ဆိုကာ သူ႔ကိုယ္ကို ေခ်ာင္းတဖက္ကမ္းမွ တဖက္ကမ္းသို႔ ျဖတ္၍ တံတားအျဖစ္ လွဲေပးလိုက္ ေလသည္။

ထိုသို႔ ျပဳလုပ္ေပးသျဖင့္ ေရွးဦးစြာ မီးေသြးခဲသည္ အေလာတႀကီးျဖင့္ ေကာက္႐ိုး ျပဳလုပ္ေပးေသာ တံတားေပၚသို႔ နင္းျဖတ္၍ လမ္းေလွ်ာက္လာခဲ့ရာ အလယ္သို႔ ေရာက္လာခဲ့သည္။ ေက်ာက္မီးေသြး တံတားအလယ္သို႔ ေရာက္ေသာအခါ တံတားေအာက္ ၌ စီးဆင္းေနေသာ ေရစီးကို ေတြ႕ျမင္ရေလသည္။

သူသည္ ေရစီးဆင္းေနသည္ကို ျမင္ရ၍ ေၾကာက္လန႔္လာၿပီးလွ်င္ ေကာက္႐ိုးတံတားေပၚမွ ေအာက္သို႔ လိမ့္က်သြားေလသည္။ ထိုအခါ ေကာက္႐ိုးကလည္း ေက်ာက္မီးေသြးႏွင့္ အတူပင္ ေရထဲသို႔ ထိုး၍က်ကာ ေရစီးထဲတြင္ ေမ်ာပါသြားေလသည္။

ထိုသို႔ မိတ္ေဆြ ၂ ဦး ေရထဲသို႔ ႐ုတ္တရက္ လိမ့္က်သြားသည္ကို တဖက္ကမ္းမွ ေတြ႕ျမင္လိုက္ရေသာ ပဲေစ့သည္ သူတို႔ကဲ့သို႔ ေၾကာက္လန႔္ျခင္း မျဖစ္လာဘဲ ရယ္ခ်င္စိတ္ ျဖစ္လာေသာေၾကာင့္ ျပင္းထန္စြာ ရယ္လိုက္ေလသည္။ ထိုသို႔ မရပ္မနားဘဲ ဆက္တိုက္ဆက္၍ ရယ္ေနရာ မၾကာမီတြင္ သူ၏ ခႏၶာကိုယ္မွ အေရခြံတို႔သည္ အက္ကြဲလာ ခဲ့ေလသည္။

ထိုသို႔ ပဲေစ့ကေလး ရယ္ေမာ၍ အခြံ အက္ကြဲေနသည္ကို လမ္းေလွ်ာက္လာေသာ လူတဦးက ျမင္ေလသည္။ ထိုလူသည္လည္း ပဲေစ့ကေလးအနီးသို႔ ေရာက္လာ၍ ေသခ်ာစြာ ၾကည့္လိုက္ရာ အေရခြံ အက္ကြဲေနသည္ကို သိရေလသည္။

သူသည္ အပ္ခ်ဳပ္သမားတေယာက္ ျဖစ္ေလသည္။ ထို႔ေၾကာင့္ သူ၏ အဖာကေလးထဲမွ အပ္ခ်ည္ႏွင့္ အပ္ကို ထုတ္လိုက္ၿပီးလွ်င္ အက္ေနေသာ ပဲေစ့၏ အေရခြံ ကို ျပန္၍ေစ့ကာ ခ်ဳပ္ေပးလိုက္ေလသည္။

ထိုေန႔မွ စတင္၍ ယေန႔ခ်ိန္အထိ ပဲေစ့မ်ားတြင္ အပ္ခ်ဳပ္သည္ ခ်ဳပ္ေပးလိုက္ေသာ အေၾကာင္းအစင္းကေလးမ်ား ပါေနရျခင္း ပုံစံသာ ျဖစ္ေလသတည္း။

phoomyatchal